၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၃)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကံကြမ္မာဟောစာတမ်း
Zaw Gyi
အောက်တွင်
Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
တနင်္ဂနွေသား/သမီးများအတွက်
ဒီရက်ပိုင်းအတွင်းအဖက်ဖက်ကအခြေနေကောင်းတွေကြုံတွေ့လာမည်။
စီးပွားရေးလုပ်ငန်းတွေအထူးတိုးချဲ့သင့်တဲ့အချိန်ပါအလွန်ကောင်းနေပါသည်။
မိတ်ဆွေကောင်း၊ဆရာကောင်းတွေလည်းကြုံတွေ့ရမည်။
စပ်တူလုပ်ငန်းတွေလည်းအောင်မြင်ပါလိမ့်မည်။
ပြည်တွင်းပြည်ပခရီးတွေလည်းအကျိုးပေးပါလိမ့်မည်။
ပညာရေးကိစ္စတွေကြိုးစားရင်ဒီအချိန်မှာအထူးအောင်မြင်ပါလိမ့်မည်။
ဆန်၊ဆီ၊ဆေး၊ဆား၊ စက်ပစ္စည်းအရောင်းအဝယ်လုပ်ငန်းတွေအောင်မြင်ပါလိမ့်မည်။
အလှူမင်္ဂလာဆောင်ပွဲများနှင့်ကြုံတွေ့ရလျှင်သင့်ထံသို့ကံကောင်းခြင်းတွေရောက်ရှိလာပါလိမ့်မည်။
ဆွေမျိုးသားချင်းနှင့်အနည်းငယ်ပြဿနာလေးတွေဖြေရှင်းရတတ်သည်။သတိထားပါ။
အောက်လက်ငယ်သားအတွက်ခေါင်းရှုပ်ရတတ်သည်။
ငွေကိစ္စတွေကတော့အဆင်ပြေချော မွေ့ပါလိမ့်မည်။
သင့်ကျန်းမာရေးကတော့ဘာတစ်ခုမှစိုးရိမ်စရာမရှိပါ။
အိမ်ထောင်ရှင်များအိမ်ထောင်ရေးအညံ့များနေမည်။ ငယ်ရွယ်သူများအချစ်ရေးဆုံဖြတ်ရခက်ခဲရတတ်သည်။
သင့်အတွက်ကံကောင်းစေသောအရောင်မှာအညိုရောင်ဖြစ်ပါသည်။
သင်ထီထိုးမယ်ဆိုရင်ကံကောင်းစေမည့်ဂဏန်း(၃၅)အတွဲဟာသင့်အတွက်ကံကောင်းစေပါသည်။
ကံကောင်းစေရန်ယတြာ-အိမ်ဘုရားတွင်စမူဆာ(၈)ခုလှူဒါန်းပြီးမိမိလိုရာဆုတောင်းပါ။
တနင်္လာသား/သမီးများအတွက်
ဒီရက်ပိုင်းအတွင်းထွက်နေတာတွေဆုံးရှုံးနေတာတွေပြန်လည်ရရှိလိမ့်မည်။
အလုပ်ဟောင်းနေရာဟောင်းပြဿနာဟောင်းတွေနဲ့ပြန်ပြီးပတ်သက်ရတတ်သည်။
ရောဂါဟောင်းတွေလည်းပေါ်လာတတ်ပါတယ်။
ဒီအချိန်မှာ မနာလိုသူတွေလည်းပေါများနေတတ်သည်။
အပြိုင်အဆိုင်တွေဖြစ်ပြီးမှအောင်မြင်မှုတွေလည်းရရှိတတ်သည်။
ရွှေနှင့်ရတနာပစ္စည်းတွေလည်းဝင်လာမည်။
အလှကုန်ကျောက်၊ကားလုပ်ငန်းတွေအထူးအကျိုးပေးပါလိမ့်မည်။
ပြည်တွင်း ပြည်ပခရီးတွေကတော့မရေရာဘူးဖြစ်နေတတ်သည်။
ရှယ်ယာအလုပ်၊စာချုပ်ရမည့်အလုပ်တွေကိုတော့သတိထား ပြီး လုပ်ပါပြဿနာပေါ်တတ်သည်။
အိမ်ထောင်ရှင်များအိမ်ထောင်နှင့်ခတ္တခဏခွဲ ခွာ ရတတ်သည်။ကောင်းသောခွဲ ခွာ ခြင်းဖြစ်သည်။ ငယ်ရွယ်သူများအချစ်ရေးမင်္ဂလာ ကိစ္စအထိတောင်အောင်မြင်ပါလိမ့်မည်။
သင့်ကျန်းမာရေးကတော့အစာအိမ်ရောဂါဖြစ်တတ်ပါတယ်။
သင့်အတွက်ကံ ကောင်း စေသောအရောင်မှာဆင်စွယ်ရောင်ဖြစ်ပါသည်။
သင်ထီထိုးမယ်ဆိုရင်ကံကောင်းစေမည့်ဂဏန်း(၂၇)အတွဲဟာသင့်အတွက်ကံကောင်းစေပါသည်။
ကံကောင်းစေရန်ယတြာ
-မိမိအိမ်ဘုရားတွင်ငွေထီး(၉)လက်လှူဒါန်းပြီးမိမိလိုရာဆုတောင်းပါ။
အင်္ဂါ သား/သမီးများအတွက်
ဒီရက်ပိုင်းအတွင်းအိမ်၊စက်၊အသုံးအဆောင်ပစ္စည်းတွေတစ်ခုပြီးတစ်ခုဝင်လာတတ်ပါတယ်။
ရှိပြီးသားပစ္စည်းတွေကတော့ထွက်တာပျက်တာတွေများနေတတ်ပါသည်။
ဒီအချိန်မှာငွေများများမကိုင်ထားသင့်ပါ။အဲ့ဒီငွေဟာဆေးဖိုးဖြစ်သွားတတ်ပါတ ယ်။
အိမ်အဆောက်ဦး ကိစ္စတွေ အောင်မြင်ပါလိမ့်မည်။
စက်ပစ္စည်းအရောင်းဝယ်တွေလည်းအောင်မြင်ပါလိမ့်မည်။
ခရီးသွားလာရေးကိစ္စမှာတော့အလွဲလွဲအချော်ချော်တွေဖြစ်နေတတ်ပါသည်။
နိုင်ငံခြားကိစ္စတွေကတော့မထင်မှတ်ပဲအခွင့်လမ်းကောင်းတွေရရှိတတ်ပါသည်။
မိတ်ရင်း၊ဆရာအရင်း တွေကြောင့်သင်ခေါင်းရှုပ်ရတတ်ပါသည်။ဘာမဆိုမတင်မကျ၊မရေရာဖြစ်တာလေးတော့သတိထားပါ။
အိမ်ထောင်ရှင်များအထစ်အငေါ့လေးတွေကြုံတွေ့ရတတ်သည်။
ငယ်ရွယ်သူများအချစ်ရေးကံနိမ့်နေတဲ့အချိန်ဖြစ်ပါသည်။
သင့်ကျန်းမာရေးကတော့သွေးအားနည်းသောရောဂါဖြစ်တတ်ပါတယ်။
သင့်အတွက် ကံကောင်း စေသောအရောင်မှာလိမ္မော်ရောင်ဖြစ်ပါသည်။
သင်ထီထိုးမယ်ဆိုရင် ကံကောင်း စေမည့်ဂဏန်း(၁၃)အတွဲဟာသင့်အတွက်ကံကောင်းစေပါသည်။
ကံကောင်းစေရန်ယတြာ
မိမိအိမ်ဘုရားတွင်ကောက်ညှင်းပေါင်း(၃)ပန်းကန်လှူဒါန်းပြီးမိမိလိုရာဆုတောင်းပါ။
ဗုဒ္ဓဟူးသား/သမီးများအတွက်
ဒီရက်ပိုင်းအတွင်းအဘက်ဘက်ကကံဇာတာအညံ့လေးတွေများနေလိမ့်မယ်။
အဘက်ဘက်ကအနှောက်အယှက်လေးတွေဖြစ်ပေါ်တတ်ပါသည်။
ခရီးသွားခြင်းဟာသင့်အတွက်အကောင်းဆုံးဖြစ်ပါလိမ့်မည်။
နေရာသစ်အိမ်သစ်အလုပ်သစ်အထူးကောင်းမွန်ပါသည်။
ရပ်ဝေးပြည်ပခရီးကိစ္စတွေအထူးဦးစားပေးစီစဉ်သင့်ပါသည်။
ကွဲကွာနေသူများနှင့်ပြန်လည်ဆုံရခြင်းရပ်ဝေးအကူညီတောင်းခံရခြင်များကြုံတွေ့ရတတ်သည်။
ငွေကြေးကိစ္စကတော့ဝင်တော့မလိုလိုနှင့်အထွက်များနေတတ်ပါသည်။
မထင်မှတ်တဲ့ဘာသာရေး၊ပညာရေးအခွင့်လမ်းကောင်းတွေတော့ကြုံတွေ့ရတတ်သည်။
အိမ်တွင်သူခိုးခိုးခံရတတ်ပါသည်။
သတိထားပါ။
ရာထူးနေရာကိစ္စတွေကတော့အနှောက်အယှက်ကြားကအောင်မြင်ပါလိမ့်မည်။
စပ်တူလုပ်ငန်းလုံးဝမလုပ်ပါနှင့်ညံ့ပါသည်။
အိမ်ထောင်ရှင်များအိမ်ထောင်ရေးအဆင်ပြေမည်။
ငယ်ရွယ်သူများအချစ်ရေးခွဲခွာနေထိုင်ရတတ်သည်။
သင့်ကျန်းမာရေးကတော့အကြောတတ်သောရောဂါဖြစ်တတ်သည်။
သင့်အတွက်ကံကောင်းစေသောအရောင်မှာအဝါရောင်ဖြစ်ပါသည်။
သင်ထီထိုးမယ်ဆိုရင်ကံကောင်းစေမည့်ဂဏန်း(၁၄)အတွဲဟာသင့်အတွက်ကံကောင်းစေပါသည်။
ကံကောင်းစေရန်ယတြာ
-မေတ္တာသုတ်(၁၄)ခေါက်ရွတ်ပြီးလိုရာဆုတောင်းပါ။
ကြာသပတေးသား/သမီးများအတွက်
ဒီရက်ပိုင်းအတွင်းမိတ်ဆွေကောင်းတွေကြုံတွေ့ရတတ်သည်။
ပညာရေးကိစ္စ၊သင်တန်းကိစ္စ၊စားမေးပွဲကိစ္စတွေအထူးအောင်မြင်ပါလိမ့်မည်။
စပ်တူလုပ်ငန်းကိစ္စစာချုပ်စာတမ်းကိစ္စတွေလည်းအောင်မြင်ပါလိမ့်မည်။
ပြည်တွင်းပြည်ပခရီးကောင်းများကြုံတွေ့ရတတ်ပါသည်။
ဘာသာရေးကိစ္စဘုရာဖူးကိစ္စတွေလည်းပေါ်လာမည်။ကောင်းပါသည်။
အောက်လက်ငယ်သားကိစ္စ၊အိုးအိမ်ကိစ္စတွေမှာလည်းဆန္ဒမစောသင့်ပါ။
အိမ်ထောင်ရှင်များအိမ်ထောင်ရေးစကားခဏခဏများရတတ်သည်။
ငယ်ရွယ်သူများအချစ်ရေးညံ့နေတတ်ပါသည်။လမ်းခွဲရမတတ်ဖြစ်ရတတ်သည်။
သင့်ကျန်းမာရေးကတော့လေထိုးလေအောင့်နှင့်ပတ်သက်သောရောဂါဖြစ်တတ်ပါတယ်။
သင့်အတွက်ကံကောင်းစေသောအရောင်မှာခရမ်းရောင်ဖြစ်ပါသည်။
သင်ထီထိုးမယ်ဆိုရင်ကံကောင်းစေမည့်ဂဏန်း(၅၇)အတွဲဟာသင့်အတွက်ကံကောင်းစေပါသည်။
ကံကောင်းစေရန်ယတြာ-
ပိတောက်ညွန့်(၁၂)ညွန့်လှုပြီးမိမိလိုရာဆုတောင်းပါ။
သောကြာသား/သမီးများအတွက်
ဒီရက်ပိုင်းအတွင်းလာဘ်အထူးရွှင်နေလိမ့်မည်။
အလှူမင်္ဂလာနှင့်ပွဲလမ်းသဘင်တွေနဲ့လည်းကြုံတွေ့ရတတ်သည်။
နိုင်ငံခြားလူမျိုးခြားနှင့်ပတ်သက်သောအလုပ်တွေအကျိုးပေးအောင်မြင်ပါလိမ့်မည်။
ပြည်တွင်းခရီးတွေလည်းကောင်းပါသည်။
ထီး၊ဖိနပ်၊အထည်လိပ်လုပ်ငန်းတွေကတော့တိုချဲ့သင့်သောလုပ်ငန်းတွေဖြစ်ပါသည်။
မိတ်ရင်းဆရာရင်းတွေနှင့်တော့အဆင်မပြေလမ်းခွဲရတတ်သည်။
ပညာရေးကိစ္စသင်တန်းကိစ္စတွေမှာတော့စိတ်ရှုပ်ရတတ်သည်။
ရေလုပ်ငန်းအထူးကောင်းမွန်အကျိုးပေးပါလိမ့်မည်။
အိမ်ထောင်ရှင်များစိတ်ညစ်စရာလေးတွေကြုံတွေ့ရတတ်သည်။
ငယ်ရွယ်သူများအချစ်ရေးကြည်နူးဖွယ်ရာများကြုံတွေ့ရတတ်သည်။
သင့်ကျန်းမာရေးကတော့အနည်းငယ်ဖျားနာတတ်သည်။
သင့်အတွက်ကံကောင်းစေသောအရောင်မှာအနီရောင်ဖြစ်ပါသည်။
သင်ထီထိုးမယ်ဆိုရင်ကံကောင်းစေမည့်ဂဏန်း(၅၆)အတွဲဟာသင့်အတွက်ကံကောင်းစေပါသည်။
ကံကောင်းစေရန်ယတြာ-
အိမ်ဘုရားတွင်နန်းကြီးသုပ်(၂)ပွဲလှူပြီးလိုရာဆုတောင်းပါ။
စနေ သား/သမီးများအတွက်
ဒီရက်ပိုင်းအတွင်းလုပ်ငန်းသစ်စခြင်း၊အလုပ်နေရာပြောင်းလဲခြင်း၊
အခြေနေတွေပြောင်းလဲခြင်းတွေအလွန်ကောင်းပါသည်။
ပြည်တွင်းပြည်ပခရီးတွေလည်းအောင်မြင်ပါလိမ့်မည်။
ထွက်နေတဲ့ငွေကြေးတွေလည်းပြန်ဝင်လာလိမ့်မည်။
ကွဲကွာနေတဲ့သူငယ်ချင်းမိတ်ဆွေတွေနှင့်ပြန်ဆုံရမည်။
သွပ်သံသစ်နှင့်အသီးအနှံလုပ်ငန်းတွေအထူးအကျိုးပေးအောင်မြင်ပါလိမ့်မည်။
ခရီးသွားလုပ်ငန်းတွေလည်းအောင်မြင်ပါလိမ့်မည်။
ငွေကြေးကအဝင်များသလိုအထွက်လည်းများပါလိမ့်မည်။
ဘာမဆိုအထစ်အငေါ့လေးတွေကြုံတွေ့ရပြီးမှအောင်မြင်မှုတွေရရှိတတ်ပါသည်။
အိမ်ထောင်ရှင်များအိမ်ထောင်ဖက်အတွက်စိတ်ပူပင်ရတတ်သည်။
ငယ်ရွယ်သူများအချစ်ရေးစိတ်မတင်မကျဖြစ်တတ်ပါသည်။ ကျန်းမာရေးဝမ်းဗိုက်၊ဦးခေါင်းရောဂါတွေဂရုစိုက်ပါအနည်းငယ်ညံ့နေမည်။
သင့်အတွက်ကံကောင်းစေသောအရောင်မှာအဖြူရောင်ဖြစ်ပါသည်။
သင်ထီထိုးမယ်ဆိုရင်ကံကောင်းစေမည့်ဂဏန်း(၄၆)အတွဲဟာသင့်အတွက်ကံကောင်းစေပါသည်။
ကံကောင်းစေရန်ယတြာ-
အိမ်ဘုရားတွင်ရွက်လှ(၄)ညွန့်သပြေ(၆)ညွန့်လှူပြီးလိုရာဆုတောင်းပါ။