Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
( ၆ ) ချမ်းသာစွာထိုင်။
( ၇ ) ချမ်းသာစွာ စား။
( ၈ ) ချမ်းသာစွာ အိပ်။
မိမိ လင်ယောက်ျား၊ ယောက္ခမတွေရဲ့ အထက် အရပ်၊ လေညာ အရပ် စသော အပြစ် မလွတ်
မိဘ၊ ယောက္ခမ၊လင်ယောက်ျားတို့ ကို သင့်တင့်သော ဝေယျာဝစ္စ ပြု ပြီးမှာအိပ်ပါ လို့ ပြောတာပါ။
မိမိ လင်ယောက်ျား ကိုအိမ်ဦးနတ် ကဲ့သို့ ဆက်ဆံ ရမယ် လို့ဆိုလို တာပါ။
ဥပဒ်ရန်ဘေး၊
ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ။
အပ္ပမာဒေန သမ္မာဒေထ
Unicode
အလွန်အဖိုးတန်ပြီးလူတိုင်းသိထားသင့်တဲ့
ဝိသာခါကို သူ့အဖေဆုံးမတဲ့စကား (၁၀)မျို း
( ၁ ) အိမ်တွင်းမီး အပြင်မထုတ်ရ။
( ၂ ) အိမ်ပြင်မီး အတွင်းမသွင်းရ။
( ၃ ) ပြန်ပေးမည့်သူကိုသာပေး။
( ၄ ) ပြန် မပေးမဲ့သူကို မပေးနဲ့။
( ၅ ) ပေးသင့်သူကိုလည်း ပေး။
( ၆ ) ချမ်းသာစွာထိုင်။
( ၇ ) ချမ်းသာစွာ စား။
( ၈ ) ချမ်းသာစွာ အိပ်။
( ၉ ) မီးကို ရိုသေစွာလုပ်ကျွေး။
( ၁၀ ) အိမ်တွင်းနတ်ကို ရှိခိုးပူဇော်တို့ဖြစ်ပါသည်။
( ၁ ) အိမ်တွင်း မီး အပြင် မထုတ်ရ ဆိုတာ ..
အိမ်တွင်း မှာရှိတဲ့ အိမ်တွင်းရေး ပြဿ နာ ကိစ္စ အဝဝ ကို အပြင် ဖောက်သည်မချ နဲ့ လို့ ဆိုလို တာပါ။
( ၂ ) အိမ်ပြင် မီး အတွင်း မသွင်းရ ဆိုတာ…
ပြင်ပမှာ ဖြစ်လာတဲ့ ပြဿ နာ တွေ ကိုလည်း အိမ်တွင်း သယ်မလာ နဲ့ လို့ဆိုလိုတာ ပါ။
( ၃ ) ပြန်ပေးမယ့် သူကို ပေးဆိုတာ..
ချေးငှား တဲ့ အခါပြန်တောင်း ရမည့် သူ ကိုသာေ ချးငှား လို့ ဆိုတာပါ။
( ၄ ) ပြန်မပေးမယ့် သူကို မပေးနဲ့ ဆိုတာ…
ပစ္စည်း ဥစ္စာ ချေးငှားတဲ့ အခါ ပြန်တောင်းရမ်း လို့မရမည့် သူ ကို မချေးငှား နဲ့လို့ဆိုလို တာပါ။
( ၅ ) ပေးသင့် သည် ဖြစ်စေ၊ မပေးသင့် သည် ဖြစ်စေ ပေးပါဆိုတာက…
မိမိဆွေမျိုး အသိုင်းအဝိုင်း ထဲမှာ .. ဘဝပေးအရ မပြည့်စုံတဲ့ သူတွေ ကိုတော့ ဘာမှ မျှော်လင့်
တောင့်တ မနေပဲထောက်ပံ့ လိုက်ပါ ဟု ဆိုလိုတာပါ။
( ၆ ) ချမ်းသာစွာ ထိုင်ပါ ဆိုတာ..
မိမိ လင်ယောကျ်ား၊ ယောက္ခမတွေရဲ့ အထက် အရပ်၊ လေညာ အရပ် စသော အပြစ် မလွတ်
သောနေရာ မှာ မထိုင်ဘဲ အပြစ်ကင်း သောေ နရာ မှာ ထိုင်လို့ ပြောတာပါ။
( ၇ ) ချမ်းသာစွာ စားပါ ဆိုတာ…
မိဘ၊ ယောက္ခမ၊ ခင်ပွန်း တို့ကိုရှေးဦးစွာ ကျွေးပြီးနောက်မှ စားပါလို့ ပြော တာပါ။
( ၈ ) ချမ်းသာစွာ အိပ်ပါ ဆိုတာ..
မိဘ၊ ယောက္ခမ၊လင်ယောကျ်ားတို့ ကို သင့်တင့်သော ဝေယျာဝစ္စ ပြု ပြီးမှာအိပ်ပါ လို့ ပြောတာပါ။
( ၉ ) မီးကို ရိုသေစွာ လုပ်ကျွေး ဆိုတာ..
ယောက္ခမ တွေ ကိုကောင်းစွာ စောင့်ရှောက်လို့ပြောတာပါ။
( ၁၀ ) အိမ်ဦးနတ်ကိုရိုသေ ဆိုတာ..
မိမိ လင်ယောကျ်ား ကိုအိမ်ဦးနတ် ကဲ့သို့ ဆက်ဆံ ရမယ် လို့ဆိုလို တာပါ။
လုံးစုံများစွာ၊ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊
ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ။
အပ္ပမာဒေန သမ္မာဒေထ