“ျဖစ္ရာဘဝတိုင္းမွာ သူမတူေအာင္လႉဒါန္းခဲ့သည့္ ေဂါတမဘုရားေလာင္း”

ေကာ႑ညျမတ္စြာဘုရားလက္ထက္ေတာ္တြင္ အေလာင္းေတာ္သည္ဝိဇီတာဝီအမည္ရွိစၾကဝေတးမင္း ျဖစ္ခဲ့၏။ဘုရားအမႈးရွိသည့္ သံဃာေတာ္ကုေဋတစ္သိန္း အား ခုႏွစ္ရက္တိုင္တိုင္အလႉေပးခဲ့၏။

ဘုရားအေလာင္းေတာ္သည္ ဘဝတစ္ခုတြင္ ဗာရာဏသီျပည္၌ ကုေဋရွစ္ဆယ္ႂကြယ္ဝသည့္ ျဗဟၼဏ မဟာသာလမ်ိဳးတြင္ျဖစ္ခဲ့၏။”အကိတၱိ”ဟုအမည္ေခၚ၏။

မိဘမ်ားကြယ္လြန္သြားေသာအခါ ပစၥည္းဥစၥာမ်ား အားစြန႔္လြတ္လႉဒါန္းၿပီး ေတာထြက္သြား၏။ရေသ့ဘဝ ႏွင့္ေတာထဲတြင္ ကံျပင္း႐ြက္ကိုသာျပဳတ္စားေန၏။

တစ္ေန႔တြင္ သိၾကားမင္းသည္ အေလာင္းေတာ္ စိတ္ဓါတ္အား စမ္းၾကည့္ခ်င္၍ ပုဏၰားေယာင္ေဆာင္ၿပီး ကံျပင္း႐ြက္ျပဳတ္ကိုအလႉလာခံ၏။

ဝမ္းေျမာက္ဝမ္းသာ လႉဒါန္းလိုက္ၿပီး တေန႔လုံးဘာမွ်မစားဘဲ ပီတိခ်မ္းသာ ျဖင့္သာေန၏။ဘုရားေလာင္း၏ စိတ္ဓါတ္ကားၾကည္ညိဳ ဖြယ္ျဖစ္၏။

သခၤဇာတ္ေတာ္တြင္ အေလာင္းေတာ္သခၤပုဏၰားႀကီးသည္ ဗာရာဏသီျပည္တြင္ အလႉဇရပ္ ေျခာက္ခုေဆာက္ၿပီးေန႔စဥ္အသျပာေငြေျခာက္သိန္းအကုန္အက်ခံၿပီး လာလာသမွ်အလႉခံမ်ားအား စားေသာက္ဖြယ္ရာမ်ားအျပင္အဝတ္အစားပါမက်န္ပစၥည္းမ်ိဳးစုံကိုလႉဒါန္း၏။

ထိုအလႉႀကီးမ်ိဳး ဆက္တိုက္လႉဒါန္းႏိုင္ရန္အတြက္ကုန္ေရာင္းကုန္ဝယ္လုပ္ရန္ ေရေၾကာင္းခရီးျဖင့္ထြက္ရန္ျပင္ဆင္ေန၏။

အိမ္မွ ထြက္အလာ သေဘၤာဆိပ္အနီး ျခစ္ျခစ္ေတာက္ပူေနသည့္ ,သဲေသာင္ျပင္တြင္ ဖိနပ္မပါဘဲ ႂကြလာသည့္ ပေစၥကဗုဒၶါကိုျမင္သည့္အခါ သခၤပုဏၰား သည္ သူစီးလာသည့္ ဖိနပ္အား ခြၽတ္လႉလိုက္၏။

ဤေကာင္းမႈကုသိုလ္အက်ိဳးေၾကာင့္ သမုဒၵရာတြင္ သေဘၤာပ်က္၍ လူအမ်ားေသၾကေသာ္လည္း သခၤပုဏၰားႀကီးမွာ မဏိေမခလာနတ္သမီး၏ ကူညီ ေစာင့္ေရွာက္မႈေၾကာင့္ ေသေဘးမွလြတ္ၿပီး ပစၥည္းဥစၥာေျမာက္ျမားစြာျဖင့္အိမ္ကိုေခ်ာေမာစြာျပန္ေရာက္သြား၏။

အေလာင္းေတာ္ယုန္မင္းဘဝတြင္ သူ႔မိတ္ေဆြ မ်ားအား လျပည့္ဥပုသ္ေန႔ေရာက္သည့္အခါ “မိတ္ေဆြတို႔ ဒီေန႔ဟာ လျပည့္ဥပုသ္ေန႔ျဖစ္တယ္။ ဒါေၾကာင့္ သူေတာ္ေကာင္းအလႉခံေတြလာသည့္အခါ လႉရေအာင္ လႉဖြယ္ဝတၳဳေတြရွာထားၾက”ဟု ေဆာ္ၾသ၏။

မိတ္ေဆြအသီးသီးသည္စားဖြယ္မ်ိဳးစုံအားရွာထား ေလ၏။တိုက္တိုက္ဆိုင္ဆိုင္ထိုေန႔မွာပင္အလႉခံပုဏၰား အိုႀကီး ေရာက္လာ၍ အသီးသီးလႉဒါန္းၾက၏။

ထိုအခ်ိန္ တြင္ ယုန္မင္းသည္ မည္သည့္စားဖြယ္မွ ရွာမရေခ်။ ပုဏၰားႀကီးက “အသင္ယုန္မင္း လႉဖြယ္ဝတၳဳမရွိဘူးလား”ဒါဆို ကြၽန္ုပ္ျပန္ေတာ့မယ္” “မျပန္ပါနဲ႔ ပုဏၰားႀကီး။လႉစရာရွိပါတယ္။မီးပုံတစ္ခု ျပဳလုပ္ေပးပါ”ဟု ေတာင္းဆို၏။

ပုဏၰားႀကီးမွ မီးပုံတခုျပဳလုပ္ေပးၿပီးသည့္အခါ ယုန္မင္းသည္ ခႏၶာကိုယ္သန႔္ရွင္းစင္ၾကယ္ေအာင္ သန္းမ်ားအား ခါထုတ္ပစ္ၿပီး မီးပုံထဲခုန္ဆင္းလိုက္၏။

ယုန္မင္းခုန္ဆင္းလိုက္သည္ႏွင့္ မီးမ်ားသည္ ခ်က္ခ်င္းၿငိမ္းသြား၏။အလႉခံပုဂၢိဳလ္မွာလည္း အျခားသူမဟုတ္ သိၾကားမင္းျဖစ္၏။သိၾကားမင္းသည္ ဘုရားအေလာင္းဒါနပါရမီျပည့္ရန္ပုဏၰားေယာင္ေဆာင္လာေရာက္ အလႉခံျခင္းပင္ျဖစ္ေပသည္။

လူ႔ဘဝ လူအေပါင္းသည္ မဂ္ဉာဏ္ ဖိုလ္ဉာဏ္ မရရွိေသးပါက သံသရာရွည္ႀကီးအား ခရီးဆက္ရေပဦး မည္။ဤသို႔ ခရီးဆက္ရာတြင္ ျဖစ္ရာဘဝ၌ ေအာက္က် ေနာက္က်မျဖစ္ရန္

စည္းစိမ္အျပည့္ျဖင့္ခံစားရန္ ဒါနျပဳရမည္ျဖစ္ေပသည္။ဒါနမျပဳခဲ့၍ ဆင္းရဲျခင္းသည္ မိမိ ေၾကာင့္သာျဖစ္၏။မည္သူ႔ကိုမွ် အျပစ္မတင္သင့္ေပ။

ဘုရားေလာင္းဇာတ္ေတာ္မ်ားအား ေလ့လာၾကည့္ပါက ဘုရားေလာင္းသည္ ဘုရားမျဖစ္မီ သံသရာရွည္ ၾကီးအား ျဖတ္သန္းရာတြင္ဒါနပါရမီအားအေလးအနက္ ေရွ႕ဆုံးမွထားသည္ကိုေတြ႕ရ၏။

ဒါနျပဳမွသာ ျဖစ္ရာ ဘဝတြင္ ေအးခ်မ္းစြာေနထိုင္ရၿပီး ကုသိုလ္မ်ား ဆက္လက္ျပဳႏိုင္မည္ျဖစ္၏။ဘုရားေလာင္းဘဝတြင္ပင္ၾကည္ညိဳစရာ အတုယူစရာ မ်ားစြာအားေတြ႕ရွိရေပသည္။

သို႔ပါ၍ သံသရာတြင္ က်င္လည္ရမည္ဆိုပါက ဒါနလည္းျပဳသင့္ပါေၾကာင္း ေလ့လာေရးသားလိုက္ရေပသည္။

Unicode

ကောဏ္ဍညမြတ်စွာဘုရားလက်ထက်တော်တွင် အလောင်းတော်သည်ဝိဇီတာဝီအမည်ရှိစကြဝတေးမင်း ဖြစ်ခဲ့၏။ဘုရားအမှုးရှိသည့် သံဃာတော်ကုဋေတစ်သိန်း အား ခုနှစ်ရက်တိုင်တိုင်အလှူပေးခဲ့၏။

ဘုရားအလောင်းတော်သည် ဘဝတစ်ခုတွင် ဗာရာဏသီပြည်၌ ကုဋေရှစ်ဆယ်ကြွယ်ဝသည့် ဗြဟ္မဏ မဟာသာလမျိုးတွင်ဖြစ်ခဲ့၏။”အကိတ္တိ”ဟုအမည်ခေါ်၏။

မိဘများကွယ်လွန်သွားသောအခါ ပစ္စည်းဥစ္စာများ အားစွန့်လွတ်လှူဒါန်းပြီး တောထွက်သွား၏။ရသေ့ဘဝ နှင့်တောထဲတွင် ကံပြင်းရွက်ကိုသာပြုတ်စားနေ၏။

တစ်နေ့တွင် သိကြားမင်းသည် အလောင်းတော် စိတ်ဓါတ်အား စမ်းကြည့်ချင်၍ ပုဏ္ဏားယောင်ဆောင်ပြီး ကံပြင်းရွက်ပြုတ်ကိုအလှူလာခံ၏။

ဝမ်းမြောက်ဝမ်းသာ လှူဒါန်းလိုက်ပြီး တနေ့လုံးဘာမျှမစားဘဲ ပီတိချမ်းသာ ဖြင့်သာနေ၏။ဘုရားလောင်း၏ စိတ်ဓါတ်ကားကြည်ညို ဖွယ်ဖြစ်၏။

သင်္ခဇာတ်တော်တွင် အလောင်းတော်သင်္ခပုဏ္ဏားကြီးသည် ဗာရာဏသီပြည်တွင် အလှူဇရပ် ခြောက်ခုဆောက်ပြီးနေ့စဉ်အသပြာငွေခြောက်သိန်းအကုန်အကျခံပြီး လာလာသမျှအလှူခံများအား စားသောက်ဖွယ်ရာများအပြင်အဝတ်အစားပါမကျန်ပစ္စည်းမျိုးစုံကိုလှူဒါန်း၏။

ထိုအလှူကြီးမျိုး ဆက်တိုက်လှူဒါန်းနိုင်ရန်အတွက်ကုန်ရောင်းကုန်ဝယ်လုပ်ရန် ရေကြောင်းခရီးဖြင့်ထွက်ရန်ပြင်ဆင်နေ၏။

အိမ်မှ ထွက်အလာ သင်္ဘောဆိပ်အနီး ခြစ်ခြစ်တောက်ပူနေသည့် ,သဲသောင်ပြင်တွင် ဖိနပ်မပါဘဲ ကြွလာသည့် ပစ္စေကဗုဒ္ဓါကိုမြင်သည့်အခါ သင်္ခပုဏ္ဏား သည် သူစီးလာသည့် ဖိနပ်အား ချွတ်လှူလိုက်၏။

ဤကောင်းမှုကုသိုလ်အကျိုးကြောင့် သမုဒ္ဒရာတွင် သင်္ဘောပျက်၍ လူအများသေကြသော်လည်း သင်္ခပုဏ္ဏားကြီးမှာ မဏိမေခလာနတ်သမီး၏ ကူညီ စောင့်ရှောက်မှုကြောင့် သေဘေးမှလွတ်ပြီး ပစ္စည်းဥစ္စာမြောက်မြားစွာဖြင့်အိမ်ကိုချောမောစွာပြန်ရောက်သွား၏။

အလောင်းတော်ယုန်မင်းဘဝတွင် သူ့မိတ်ဆွေ များအား လပြည့်ဥပုသ်နေ့ရောက်သည့်အခါ “မိတ်ဆွေတို့ ဒီနေ့ဟာ လပြည့်ဥပုသ်နေ့ဖြစ်တယ်။ ဒါကြောင့် သူတော်ကောင်းအလှူခံတွေလာသည့်အခါ လှူရအောင် လှူဖွယ်ဝတ္ထုတွေရှာထားကြ”ဟု ဆော်သြ၏။

မိတ်ဆွေအသီးသီးသည်စားဖွယ်မျိုးစုံအားရှာထား လေ၏။တိုက်တိုက်ဆိုင်ဆိုင်ထိုနေ့မှာပင်အလှူခံပုဏ္ဏား အိုကြီး ရောက်လာ၍ အသီးသီးလှူဒါန်းကြ၏။

ထိုအချိန် တွင် ယုန်မင်းသည် မည်သည့်စားဖွယ်မှ ရှာမရချေ။ ပုဏ္ဏားကြီးက “အသင်ယုန်မင်း လှူဖွယ်ဝတ္ထုမရှိဘူးလား”ဒါဆို ကျွန်ုပ်ပြန်တော့မယ်” “မပြန်ပါနဲ့ ပုဏ္ဏားကြီး။လှူစရာရှိပါတယ်။မီးပုံတစ်ခု ပြုလုပ်ပေးပါ”ဟု တောင်းဆို၏။

ပုဏ္ဏားကြီးမှ မီးပုံတခုပြုလုပ်ပေးပြီးသည့်အခါ ယုန်မင်းသည် ခန္ဓာကိုယ်သန့်ရှင်းစင်ကြယ်အောင် သန်းများအား ခါထုတ်ပစ်ပြီး မီးပုံထဲခုန်ဆင်းလိုက်၏။

ယုန်မင်းခုန်ဆင်းလိုက်သည်နှင့် မီးများသည် ချက်ချင်းငြိမ်းသွား၏။အလှူခံပုဂ္ဂိုလ်မှာလည်း အခြားသူမဟုတ် သိကြားမင်းဖြစ်၏။သိကြားမင်းသည် ဘုရားအလောင်းဒါနပါရမီပြည့်ရန်ပုဏ္ဏားယောင်ဆောင်လာရောက် အလှူခံခြင်းပင်ဖြစ်ပေသည်။

လူ့ဘဝ လူအပေါင်းသည် မဂ်ဉာဏ် ဖိုလ်ဉာဏ် မရရှိသေးပါက သံသရာရှည်ကြီးအား ခရီးဆက်ရပေဦး မည်။ဤသို့ ခရီးဆက်ရာတွင် ဖြစ်ရာဘဝ၌ အောက်ကျ နောက်ကျမဖြစ်ရန်

စည်းစိမ်အပြည့်ဖြင့်ခံစားရန် ဒါနပြုရမည်ဖြစ်ပေသည်။ဒါနမပြုခဲ့၍ ဆင်းရဲခြင်းသည် မိမိ ကြောင့်သာဖြစ်၏။မည်သူ့ကိုမျှ အပြစ်မတင်သင့်ပေ။

ဘုရားလောင်းဇာတ်တော်များအား လေ့လာကြည့်ပါက ဘုရားလောင်းသည် ဘုရားမဖြစ်မီ သံသရာရှည် ကြီးအား ဖြတ်သန်းရာတွင်ဒါနပါရမီအားအလေးအနက် ရှေ့ဆုံးမှထားသည်ကိုတွေ့ရ၏။

ဒါနပြုမှသာ ဖြစ်ရာ ဘဝတွင် အေးချမ်းစွာနေထိုင်ရပြီး ကုသိုလ်များ ဆက်လက်ပြုနိုင်မည်ဖြစ်၏။ဘုရားလောင်းဘဝတွင်ပင်ကြည်ညိုစရာ အတုယူစရာ များစွာအားတွေ့ရှိရပေသည်။

သို့ပါ၍ သံသရာတွင် ကျင်လည်ရမည်ဆိုပါက ဒါနလည်းပြုသင့်ပါကြောင်း လေ့လာရေးသားလိုက်ရပေသည်။