၂၆ ႏွစ္အတြင္း” တစ္ႀကိမ္မွ်လွဲေလ်ာင္း အိပ္စက္ျခင္းမရွိခဲ့တဲ့” ေက်ာက္ဂူဆရာေတာ္ဘုရားႀကီး

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ေက်ာက္ဂူဆရာေတာ္ႀကီးအေၾကာင္း မသိလို႔ အြန္လိုင္းေပၚရွာၾကည့္ေတာ့

မနက္ျဖန္ ေက်ာက္ဂူဆရာေတာ္ မႏၲေလးက သူငယ္ခ်င္းအိမ္ႂကြမွာမို႔လာဖူးဖို႔ လွမ္းဖိတ္တယ္။

ကိုယ္ကလည္း ဆရာေတာ္အေၾကာင္း မသိလို႔ အြန္လိုင္းေပၚရွာၾကည့္ေတာ့ ဒီလိုေရးထားတာ ဖတ္ရပါတယ္။

ကြၽန္ေတာ္သိရွိထားသာ ေက်ာက္ဂူဆရာေတာ္ႀကီး အေၾကာင္းမ်ားစြာထဲမွ ကုသိုလ္တိုးရန္ အနည္းငယ္ ေရးသားတင္ျပအပ္ပါသည္ ဘုရား။

ကြၽန္ေနာ္ႏွင့္ ဆရာေတာ္ႀကီး ရင္းႏွီကြၽမ္းဝင္ေနခဲ့သည္မွာ (၂၆) ႏွစ္ေက်ာ္ရွိခဲ့ပါၿပီ။

ဖားကန႔္ေက်ာက္တြင္းေလာပန္သေဌးႀကီး ဘဝမွ အားလုံး စြန႔္ႀကဲ၍ (ဝ) ထိ ခဝါခ်၍ ရဟန္းတစ္ဝါရသည္မွစ၍ အကြၽမ္းတဝင္ ရွိခဲ့ၾကပါသည္ ။

ကြၽန္ေတာ့ဘဝ အခ်ိန္မ်ားစြာကို ဆရာေတာ္ႀကီးႏွင့္ အနီးကပ္ ရွိေနခဲ့ပါသည္။

(၁) ေက်ာက္ဂူဆရာေတာ္ႀကီးသည္ အနားယူ လွဲေလွ်ာင္းအိပ္စက္ျခင္းမရွိပါဘုရား(ကြၽန္ေတာ္သိရွိထားေသာ ၂၆ ႏွစ္အတြင္း တစ္ႀကိမ္တစ္ခါမွ် လွဲေလ်ာင္း အိပ္စက္ အနားယူတာ မျမင္ခဲ့ဖူးပါ)

(၂) ေက်ာက္ဂူဆရာေတာ္ႀကီးတြင္ ေခြၽးနံ႔ကိုယ္နံ႔နံျခင္းမရွိပါ ဘုရား (တစ္ခါေသာအခ်ိန္က ဆရာေတာ္ႀကီးသည္ ဝိပႆနာတရားမ်ား တ႐ြာလွ်င္ ၃ ရက္ခန႔္ျဖင့္ မိုးလင္းမိုးခ်ဳပ္သင္ျပ၍ ၁၀ ႐ြာခန႔္ တစ္လေလာက္ေရမခ်ိဳးသကၤန္းမလဲျဖစ္ခဲ့ပါ

။ေန႔တြင္ခႏၶညဏ္ေရာက္ ႐ုပ္နမ္ခြဲးျခားတရားမ်ားျပ၍ ညတြင္သုႆံဓုဒင္ ေဆာက္တည္ေနခဲ့ပါသည္ ရက္၃၀ခန႔္မွ ေရခ်ိဳးျဖစ္ပါသည္ ။

အဆိုပါသကၤန္းအား တပည့္ေတာ္ ေလွ်ာ္ဖြတ္ခဲ့ပါသည္ ေခြၽးနံ႔ကိုယ္နံ႔ လုံးဝမရွိသည္အျပင္ သစ္ေခါက္နံ႔ပင္ႀကိဳင္သင္းေနပါသည္)

(၃)ေက်ာက္ဂူဆရာေတာ္ႀကီးသည္ အခ်ိန္တိုင္း အလုပ္လုပ္ေနေသာသူ ျဖစ္ပါသည္ ဘုရား (၂၄နာရီလုံး တစ္လလုံး တစ္ႏွစ္လုံး ၂၆ႏွစ္လုံးလုံး တရားေဟာျခင္း စာေရးျခင္း ေမတၱာဘာဝနာပြားျခင္း သမထဘာဝနာပြားျခင္း ဝိပသာနာဘာဝနာပြားျခင္း မ်ားတစ္ခုမဟုတ္တစ္ခု ျပဳလုပ္ေနပါသည္။

ခႏၶာကိုယ္စြမ္းအင္ကုန္ဆုံး၍ ခဏတျဖဳတ္ ငိုက္ျမည္းသြားသည္မွအပ က်န္အခ်ိန္မ်ားတြင္ သာသနာေတာ္ႀကီးအတြက္ အလုပ္လုပ္ေနပါသည္)

(၄) ေက်ာက္ဂူဆရာေတာ္ႀကီး ေမတၱာဂ႐ုဏာႀကီးစြာျဖင့္ အားထဲ့ ပရိတ္႐ြတ္ဖတ္တိုင္းတြင္ အၿမဲတမ္းပင္ ပရိတ္ေရမ်ားဆူပြက္ပါသည္ဘုရား

(႐ြာႀကီးတ႐ြာတြင္ ဆရာေတာ္အား ပင့္ဖိတ္၍ ဝိပသာနာ တရားစခန္းဖြင့္ရန္ ျပင္ဆင္ၾကစဥ္ ႐ြာဦးေက်ာင္းဆရာေတာ္ႀကီးႏွင့္ ႐ြာသားတခ်ိဳ႕မွ တရားစခန္းမဖြင့္ရန္ တရားတစ္ပြဲသာလုပ္၍ ျပန္ႂကြရန္ ေက်ာက္ဂူဆရာေတာ္ႀကီးအား ေလွ်ာက္ထား အေရးဆိုလာပါသည္ ။

ဤသို႔ျဖစ္၍ ႐ြာလယ္တြင္ မဏၭပ္ထိုး၍ ပရိတ္တရားပြဲသာျပဳလုပ္ၾကပါသည္ ပရိတ္တရားပြဲစသည္ႏွင့္ တ႐ြာလုံးတြင္ရွိေသာ ေရတြင္းထဲ့မွေရ ေရကန္ထဲ့မွေရ ေရအိုးထဲ့မွေရ ေရခြက္ထဲ့မွေရ ေရဘူးထဲ့မွေရ မ်ား ဆူပြက္လ်ံထြတ္ေနၾကပါေတာ့သည္။

အက်ိဳးအေနႏွင့္ ဤ႐ြာႀကီးတြင္ ဝိပသာနာ တရားစခန္းဖြင့္ခြင့္ ရရွိခဲ့ပါသည္)(ေနာက္တင္ျပမည့္ တခ်ိဳ႕ေသာ အျဖစ္အပ်က္မ်ားသည္ တခ်ိဳ႕ေသာလူမ်ား လက္မခံမယုံၾကည္ႏိုင္စရာမ်ား ရွိႏိုင္ပါသည္ ။

အကုသိုလ္မျဖစ္ၾကရန္ ေတာင္းပန္အပ္ပါသည္ ေက်ာက္ဂူဆရာေတာ္ႀကီးလည္း သာသနာအတြက္ ပင့္ဖိတ္ေသာေနရာမ်ားကို မည့္သည့္ေနရာမဆိုႂကြေနဆဲပါ ။

ကြၽန္ေတာ္လည္း ယေန႔ထိေတာ့မေသေသးဘဲ ရွိေနပါေသးသည္ ဆရာေတာ္ႀကီးအား ၾကည္ညိဳ၍ ေမးျမန္မည္ဆိုပါက႐ို႐ိုေသေသ ေလးေလးစားစား ေျဖၾကားေပးပါမည္ ။

ကုသိုလ္ပြားရန္ရည္႐ြယ္၍တင္ပါေသာေၾကာင့္ အကုသိုလ္ေတာ့ မပြားၾကေစရန္ ေတာင္းပန္အပ္ပါသည္)

(၅) ေက်ာက္ဂူဆရာေတာ္ႀကီးသည္ သကၤန္း၃ထည္ သပိတ္တစ္လုံး တစ္ပါးေန ေက်ာင္းသခၤန္းျဖင့္သာ ေရာင့္ရဲေနထိုင္ေတာ္မူပါသည္ဘုရား (ဆရာေတာ္ႀကီးတြင္ ႀကီးက်ယ္ ခန္းနားလွေသာ ေက်ာင္းတိုက္ႀကီး ၄ တိုက္ရွိပါသည္။

(က)ဂန္ေဂါၿမိဳ႕နယ္ ကန္ရ႐ြာ ဘိုးဘြားရိပ္သာ ေက်ာက္ဂူေက်ာင္း(ဧက ၃၀၀ က်ယ္ဝန္းပါသည္)

( ခ)သုံးဆယ္ၿမိဳ႕ဓမၼသုခ ေက်ာက္ဂူေက်ာင္း(ဧက ၃၀ ခန႔္က်ယ္ဝန္းပါသည္)

( ဂ)ကေလးၿမိဳ႕စက္မူဇုံ ေက်ာက္ဂူေက်ာင္း(ဧက ၁၀ က်ယ္ဝန္းပါသည္

(ဃ)ေပါင္းေလာင္းၿမိဳ႕ မူလပထမ ေက်ာက္ဂူေက်ာင္း(ဧက ၁၀ ေက်ာ္က်ယ္ဝန္းပါသည္)

ထိုေက်ာင္းတိုက္ႀကီးမ်ားတြင္

အေဆာက္အဦးေပါင္းမ်ားစြာ သာသနာ့ဝန္ထမ္း သံဃာ သီလရွင္ေပာင္းမ်ားစြာ ရွိၾကပါသည္။ ေ

န႔စဥ္ေန႔တိုင္း ပိတ္ရက္မရွိ ဝိပသာနာတရားမ်ား ေဟာၾကားနားၾကား ပြားမ်ားအားထုတ္ေနၾကပါသည္ ။ ရန္ကုန္ မႏၲေလး ျပင္ဦးလြင္ ေတာင္ႀကီး မိုးကုတ္ ၿမိဳ႕မ်ားတြင္လည္း ေက်ာက္ဂူ ေက်ာင္းတိုက္မ်ား ေဖာ္ေဆာင္ရန္ ျပင္ဆင္ေနၾကပါသည္။

ဆရာေတာ္ႀကီးအတြက္ အဆင့္ျမင့္ေကာင္းမြန္ေသာ ေက်ာင္းေဆာင္မ်ားကို ဒကာဒကာမ ေစတနာရွင္ ကုသိုလ္ရွင္မ်ားက ေဆာက္လုပ္လႉဒါန္းၾကေသာ္လည္း ကုသိုလ္တိုးၾကေစရန္ ၃ ရက္ခန႔္သာ အသုံးျပဳ သီတင္းသုံး၍ မူလတစ္ပါးေက်ာင္း တဲေက်ာင္းတြင္သာ သီတင္းသုံး ေနေတာ္မူပါသည္)

(၆)ေက်ာက္ဂူဆရာေတာ္ႀကီးအား နတ္မ်ား နဂါးမ်ား လာေရာက္ဖူးေမ်ာ္ ၾကပါသည္ ဘုရား (ဆရာေတာ္ႀကီးကိုနတ္မ်ား နဂါးမ်ား လာေရာက္ဖူးေတြ႕ၾကသည္ကို အႀကိမ္ႀကိမ္ ခဏခဏ ေတြ႕ျမင္ဖူးပါသည္။

တခ်ိဳ႕က တရားေမးေလွ်ာက္ၾကပါသည္ တခ်ိဳ႕က ဝိပသာနာတရားမျပရန္ေတာင္းပန္ၾကေသာနတ္မ်ားလည္းရွိပာသည္ တခ်ိဳ႕က ဆရာေတာ္ႀကီး ပ်ံလြန္ေတာ္မူရန္ နတ္႐ြာစံရန္ ေလွ်ာက္ထားၾကေသာ နတ္မ်ားလည္း ေတြ႕ရပါသည္)

(၇) ေက်ာက္ဂူဆရာေတာ္ႀကီးသည္ ဓူတင္(၁၃)ပားေဆာင္ ဆရာေတာ္ႀကီးျဖစ္ပါသည္ဘုရား (ဓူတင္မ်ားထဲ့မွ ဆရာေတာ္ႀကီး၏ သုႆန္ဓုတင္ေဆာင္ပုံအေၾကာင္းကို အနည္းငယ္တင္ျပပါမည္။

ဆရာေတာ္ႀကီး သုႆန္သခ်ႋဳင္းတြင္ ညဘက္ ဓူတင္ေဆါင္ရန္ႂကြေသာအခါ ကြၽန္ေတာ္လိုက္ပါ တတ္ပါသည္ ကြၽန္ေတာ္လိုက္ပါ၍ အိပ္ခဲ့ဖူးေသာ သခ်ႋဳင္းမ်ားပင္ တစ္ရာေက်ာ္မည္ထင္ပါသည္။

တစ္ျခားႏိုင္ငံမ်ားႏွင့္ ၿမိဳ႕ႀကီးမ်ားတြင္ ညဘက္သုႆန္ႂကြရန္ ခက္ခဲပါ၍ ေန႔ခင္းဘက္မ်ားတြင္သာ ေမတၱာပို႔ ကုသိုလ္အမွ်ေဝ ႂကြေရာက္တတ္ပါသည္ နယ္ၿမိဳ႕မ်ား ေက်း႐ြာမ်ားတြင္ အၿမဲတမ္းပင္ ညဘက္သုႆန္ဓူတင္ေဆာင္ပါသည္။

ဆရာေတာ္ႀကီး၏ သုႆန္ဓူတင္ေဆာင္ပုံမွာ ည၉နာရီေက်ာ္ လူသူေလးပါး အိပ္ၿပီးခ်ိန္တြင္ သုႆန္သို႔ တိတ္ဆိတ္စြာ ေမတၱာပို႔ရင္း ဝင္ရပါသည္။

သခ်ႋဳင္းသို႔ေရာက္လွ်င္ လူေသေကာင္ ေျမျမဳပ္ေသာေနရာ မီးရႈိ႕ေသာေနရာ ဂူသြင္းေသာ ေနရာမ်ား၌ တေနရာစီ ကြၽန္ေတာ္တို႔တရားထိုင္ရပါသည္။

တစ္နာရီခန႔္တရားထိုင္ၿပီးပါက တရားျဖဳတ္ အမွ်ေဝပီး အနားယူရန္ မနက္၃နာရီေက်ာ္ လာပင့္ရန္ မိန႔္ပါသည္ ဤတြင္ဆရာေတာ္ႀကီးႏွင့္ မ်က္တစ္ကြယ္ မလွမ္းမကမ္း ေပ၃၀၀ခန႔္အကြာ သခ်ႋဳင္းဇရပ္ အုတ္ဂူေပာ္တို႔တြင္ အိပ္ရပါသည္။

ကြၽန္ေတာ္က သုႆန္ဓူတင္ေဆာင္ျခင္းမဟုတ္ပါ ဆရာေတာ္ႀကီးအား ပို႔ေဆာင္ရန္ ပင့္ေဆာင္ရန္ လိုက္ပါ၍သခ်ႋဳင္းတြင္လိုက္အိပ္ ျခင္းသာျဖစ္ပါသည္။

ဆရာေတာ္ႀကီးမွာ တစ္ညတာလုံး ေမတၱာဘာဝနာ သာမထဘာဝနာ ဝိပသာနာဘာဝနာ ကုသိုလ္တရားမ်ားအားထုတ္ရင္း ျမင္အပ္ မျမင္အပ္မ်ားႏွင့္ရင္းႏွီးကြၽမ္းဝင္ ေစရန္ ညအခ်ိန္ကို ကုန္ဆုံးေစပါသည္။

မနက္၃နာရီေက်ာ္တြင္

ဆရာေတာ္ႀကီးထံခ်ည္းကပ္ ပင့္ေလွ်ာက္ရပါသည္။ တစ္ညလုံးျပဳျပဳသမွ် ဘာဝနာကုသိုလ္မ်ားကို ျမင္အပ္မျမင္အပ္ရွိရွိသမွ်တို႔အား ကုသိုလ္အမွ်ေပးေဝၾကရပါသည္။

ဆရာေတာ္ႀကီးႏွင့္ တစ္ညတာအတူေနရ၍ ရင္းႏွီးကြၽမ္းဝင္ၾက၍ သာဓုေခၚျဖစ္ၾကမည္ ထင္ပါသည္ ။

အမွ် ကုသိုလ္ေတြရ၍ ကြၽတ္လြတ္သြားျခင္း အဆင့္ျမင့္သြားျခင္းမ်ား ျဖစ္ၾကသည္ဟု သိရွိရပါသည္ ။ မနက္၄နာရီမထိုးခင္ လူသူေလးပါးမထခင္ သုႆန္မွ ေမတၱာပို႔ရင္း တိတ္ဆိတ္စြာထြက္ခြာရပါသည္။

တခ်ိဳ႕သခ်ႋဳင္းမ်ားတြင္ တစ္ညသာႂကြ၍ တခ်ိဳ႕သခ်ႋဳင္းမ်ားကို ႏွစ္ည သုံးညႂကြတတ္ပါသည္။ႂကြေရာက္ရႏ္ု ႀကိဳတင္မိန႔္ထားေလ့မရွိပါ ည ၉ နာရီေက်ာ္ ဆရာေတာ္ႀကီးသကၤန္း႐ုံသည္ကိုၾကည့္၍ သာသိရွိရတတ္ပါသည္။

ကြၽန္ေတာ္တို႔အၿမဲတမ္း အဆင္သင့္ျဖစ္ရန္ႀကိဳးစားေနရပါသည္ အဆင္သင့္မျဖစ္ပါက ဆရာေတာ္ႀကီး တစ္ပါးတည္းသာႂကြ သြားပါေတာ့သည္ ေနာက္မွအျမန္ေျပးလိုက္ရပါသည္)

(၈) ေက်ာက္ဂူဆရာေတာ္ႀကီး၏ ဦးေခာင္းကို ေခါင္းရိတ္ျခင္း ကိစၥအား မိမိကိုယ္တိုင္လည္း မရိတ္ တပည့္မ်ားအားလည္းအရိတ္ ခိုင္တား မေတြ႕ဘူးပါဘုရား

(ထို႔ေၾကာင့္ ဆရာေတာ္ႀကီး၏ ဆံေတာ္မ်ားအား လိုျခင္သူ ေပာမ်ားလွေသာ္လည္း တစ္ေယာက္မွ် မရရွိၾကပါ)

(၉) ေက်ာက္ဂူဆရာေတာ္ႀကီး ညသီတင္းသုံးေသာ ဝါး႐ုံပုတ္ႀကီးမွ အလင္းေရာင္မ်ားထြက္ေပၚလာ၍ တစ္ေတာလုံးလင္းထိန္သြားခဲ့ပါသည္ဘုရား (လြန္ခဲ့ေသာ ၇ ႏွစ့္ခန႔္က ႐ြာႀကီးတစ္႐ြာ၏ သုႆန္သခ်ႋဳင္းတြင္ ဆရာေတာ္ ႏွစ္ညတာ ဓူတင္ေဆာင္ခဲ့ပါသည္

အထက္ပါျဖစ္ရပ္သည္ ဒုတိယညတြင္ ေတြ႕ျမင္ခဲ့ရပါသည္။

၎သခ်ႋဳင္းသည္ လူအစိမ္းေသမ်ားကို ေျမျမဳတ္ေသာ ေနရာျဖစ္ပါသည္ ည၉နာရီေက်ာ္ခန႔္တြင္ ဆရာေတာ္အား သုႆန္အလယ္လာက္ တြင္ရွိေသာ ဝါး႐ုံပုတ္ႀကီးေအာက္တြင္ ေနရာခ်၍ ကြၽန္ေတာ္တို႔က သခ်ႋဳင္းဇရပ္ေပၚတြင္ အိပ္ၾကပါသည္။

ည၁၂နာရီခန႔္တြင္ ႐ြာသား ၁၀ ေယာက္ခန႔္အေျပးအလႊားေရာက္လာ၍ ဆရာေတာ္ႀကီး သီတင္းသုံးေသာ ဝါး႐ုံပုတ္ႀကီး မီးအႀကီးအက်ယ္ေလာင္ေနၿပီဆိုၿပီးေအာ္ၿပီး ေျပးလာၾကပါသည္။

ထိုအခ်ိန္တြင္ ထိုထဲမွလူတစ္ေယာက္က ေတာမီးေလာင္တာမဟုတ္ဘူး ေတာမီးေလာင္ရင္ အသံျမည္တယ္ ခုကဘာအသံမွမၾကားရဘူးဟု ခပ္က်ယ္က်ယ္ေအာ္လိုက္ရာ အားလုံးတိတ္ဆိတ္ၿငိမ္သက္ သြားၾကသည္။

ဆရာေတာ္ႀကီး သီတင္းသုံးေသာ ဝါး႐ုံပင္ႀကီးမွ အလင္းေရာင္သည္ တစ္ေတာလုံးလင္းထိန္သြားခဲ့ပါသည္ ၃မိနစ္ခန႔္ၾကာမည္ ထင္ပါသည္။

ထို႔ေနာက္ တျဖည္းျဖည္းမွိန္သြား၍ အေမွာင္အတိ ဖုံးလႊမ္းသြားပါေတာ့သည္။ ထို႔ေနာက္ ႐ြာသားမ်ားလည္း ျပန္သြားၾက၍

ကြၽန္ေတာ္လည္း အေျဖမသိေသာ အေတြးမ်ားျဖင့္ သခ်ႋဳင္းဇရပ္ေပၚတြင္ က်န္ေနခဲ့ပါေတာ့သည္။

(၁၀) ေက်ာက္ဂူဆရာေတာ္ႀကီး၏ ေမတၱာေတာ္ေၾကာင့္ အႀကီးအက်ယ္ ပစ္ခတ္ေနၾကေသာ တိုက္ပြဲႀကီး ရပ္သြားခဲ့ပါသည္ဘုရား (လြန္ခဲ့ေသာ ၆ ႏွစ္ခန႔္ကျဖစ္ပါသည္ ဆရာေတာ္ႀကီးအား တရားေဟာ တရားျပ ပင့္ဖိတ္ၾက၍ နယ္စပ္ေဒသသို႔ ကြၽန္ေတာ္ကားျဖင့္ပင့္ေဆာင္ခြင့္ရခဲ့ပါသည္

။ေတာလမ္း ခရီးတြင္

ဆရာေတာ္ ခ်ေပးေသာ ေမတၱာပို႔ စာသားမ်ားကို က်ယ္ႏိုင္သမွ် က်ယ္က်ယ္ လိုက္ဆို၍ ကားမွန္တံခါးမ်ား ပိတ္ကာ ေမာင္းႏွင္လာခဲ့ပါသည္။

ပတ္ဝန္းက်င္မွ႔ အသံမ်ားကို မၾကားရဘဲ ကားကိုအျမန္ေမာင္းလာရာ ေတာလမ္းတေနရာ ေတာင္ကုန္းေကြ႕ အေရာက္ တြင္ အႀကီးအက်ယ္ တိုက္ပြဲျဖစ္ေနၾကေသာ လက္နက္ကိုင္ တပ္ဖြဲ႕ ႏွစ္ခုၾကားသို႔ ဘြားခနဲ႔ ေရာက္သြားခဲ့ပါသည္ ။

ကားကိုဆက္မေမာင္းရဲဘဲ အျမန္ရပ္လိုက္ရပါသည္ လက္နက္ႀကီး က်ေရာက္ ေပါက္ကြဲသံမ်ားကို ဆက္တိုက္ၾကားရပါသည္ ေသနတ္ ဂတ္လိုက္ဆြဲသံမ်ား က်ည္ဆံသံမ်ား တဒိုင္းဒိုင္း တ႐ြီး႐ြီးအဆတ္မျပတ္ ၾကားေနရပါ သည္။

ကြၽန္ေတာ္ႏွင့္ သူရဲေကာင္းႀကီး ကိုဖိုးအိတို႔ လန႔္ဖ်တ္၍ ကားေအာက္သို႔ ေျပးဝင္၍ဝပ္ ေနရန္ႀကံၾကပါသည္ ဆရာေတာ္အားၾကည့္လိုက္ရာ ေမတၱာပို႔မပ်က္ တည္ၿငိမ္စြာ ဆက္ လက္၍ေမတၱာဘာဝနာပြားေနပါသည္။

မည္သည္အခ်ိန္မွ စ၍တိုက္ပြဲျဖစ္ေနသည္ကိုမသိပါ ဆရာေတာ္ကားရပ္ၿပီး မၾကာမွီ တိုက္ပြဲရပ္၍ အားလုံးတိတ္ဆိပ္သြားပါသည္။

ကြၽန္ေတာ္တို႔ကား၏ ညာဖက္ေတာင္ကုန္းေပၚမွ လက္နက္ကိုင္တပ္ဖြဲ႕မ်ား ဆုတ္ခြာသြားပါသည္

။ကြၽန္ေတာ္တို႔ကား၏ဘယ္ဖက္ ေခ်ာက္ထဲ့မွ လက္နက္ကိုင္တပ္ဖြဲ႕ ၃၀ ခန႔္ လက္နက္ကိုယ္စီကိုင္၍ ကားလမ္းေပၚတက္လာၾကပါသည္ ႏွစ္ဖက္စလုံး အက်အဆုံးမရွိ တပ္ဆုတ္သြားၾကသည္ ထင္ပါသည္။

ကြၽန္ေတာ္တို႔လည္း တရားပြဲမွီရန္ ဆရာေတာ္ခ်ေပးေသာ ေမတၱာပို႔ကို လိုက္ဆိုရင္း ခရီးဆက္ခဲ့ၾကပါသည္) ( မဟာၿမိဳင္ေတာႀကီး၏ အထက္ပိုင္းတြင္ နတ္ေဒဝါမ်ား ဖန္ဆင္းေသာ ေက်ာင္းတြင္ ေက်ာက္ဂူဆရာေတာ္ တစ္ညတာ သီတင္းသုံးျဖစ္ခဲ့ ပုံကို)

(၁၁) ေက်ာက္ဂူဆရာေတာ္ႀကီးသည္ ေတာေစာင့္နတ္ ေတာင္ေစာင့္နတ္မ်ား ဖန္ဆင္းလႉဒါန္းေသာ ေက်ာင္းတြင္ တစ္ညတာ သီတင္းသုံး ျဖစ္ခဲ့ပါသည္ဘုရား

(လြန္ခဲ့ေသာ ၇ နစ္ခန႔္ေလာက္ကျဖစ္ပါသည္ ဆရာေတာ္ႀကီးအား ခန ၱီးေက်ာက္စိမ္းေမွာ္မွ တရားေဟာ တရားျပ ပင့္ဖိတ္၍ ကြၽန္ေတာ္ကားျဖင့္ ပင့္ခြင့္ရရွိခဲ့ပါသည္။

မဟာၿမိဳင္ေတာႀကီးကို အလွ်ားလိုက္ ကားျဖင့္ျဖတ္၍ ပင့္ခဲ့ပါ သည္။ ထိုအခ်ိန္တုန္းက ကားလမ္းသည္ အင္မတန္ပင္ဆိုး႐ြား ၾကမ္းတမ္းလွပါသည္ ယခုလည္းသိပ္မေကာင္းေသးပါ။

အဆိုပါေဒသသည္ ေရလမ္းကိုသာ အသုံးမ်ားပါသည္ တစ္ေန႔လုံး တစ္ညလုံး ကားေမာင္းခရီးတြင္ ကားတစ္စီးမွ် မေတြ႕ မေရွာင္ရပါ လူေနအိမ္ ႐ြာမ်ားလည္း မရွိၾကပါ။

ျမစ္ေၾကာင္းတေလွ်ာက္တြင္သာ ေနထိုင္ၾကသည္ဟုသိရပါသည္။ ပင့္ဖိတ္ထားေသာေနရာ ဘုန္ႀကီးေက်ာင္းကိုအေရာက္တြင္ အဆိုပါေက်ာင္းထိုင္ဆရာေတာ္ႀကီးမွ ေက်ာင္းေပာ္မွ တအံတၾသ ဆင္း၍

ကြၽန္ေတာ္ကားႏွင့္ ကြၽန္ေတာ္ကို ႏွစ္ပတ္ေလာက္ပတ္ၾကည့္ကာ ကားလည္းေကာင္းလြန္း၍ လူလည္းေတာ္၍ သာေရာက္လာသည္ မည္သူမွ် ဤခရီးကို ကားႏွင့္မလာၾကဖူးဘူးဟု မိန႔္ခံရပါသည္။

လမ္းခရီးတြင္ လမ္းၾကမ္းလြန္း၍ ကားအျမန္ေမာင္း၍မရပါ ေျဖးေျဖးမွန္မွန္ ေမာင္းလာရပါသည္ တေန႔လုံးေမာင္းလာပါသည္ ညေရာက္လာခဲ့ပါသည္ လမ္းမွာ က်ဥ္းေျမာင္းလွ၍ လွည္းလမ္းသာ ျဖစ္ေသာ္လည္း ကားေရွာင္စရာ ကားမေတြ႕ ၍ အဆင္ေျပပါသည္။

လမ္းေဘး နံရံတိုက္မိ့လိုက္ သစ္ပင္ တိုက္မိ့လိုက္ ေအာက္က တိုက္လိုက္ အေပၚက တိုက္လိုက္ ျဖင့္ပင္ေနာက္ေန႔ တရားပြဲ မွီရန္ မွန္မွန္ေမာင္းလာပါသည္။

ည ၁၁ နာရီေက်ာ္လာပါသည္ ၁၂ နာရီထိုးရန္ ၁၀ မီနစ္ခန႔္အလိုတြင္ ဆရာေတာ္ႀကီးမွ လမ္းတေလွ်ာက္ပို႔လာေသာ ေမတၱာပို႔ကို ခဏရပ္၍ ကြၽန္ေတာ္ဘက္ကိုလွည့္၍

တစ္ေန႔လုံး တစ္ညလုံး ဆိုေတာ့ ကားေကာလူေကာ ပင္ပန္းေနေလာက္ပီ ေရွ႕နားမွာ ေကာက္႐ိုးပုံ ျဖစ္ျဖစ္ သစ္ပင္ေအာက္ ျဖစ္ျဖစ္ ေတြ႕ရင္ နား ၾကမယ္ လို႔မိန႔္ပါသည္။

ခဏခန႔္ေမာင္းလာပီးခ်ိန္တြင္ ကားမီေရာင္ေအာက္ လမ္းေဘးတြင္ ရာဇမတ္ကြက္မ်ားကာရံထားေသာ ၿခံႀကီးကိုေတြ႕ရပါသည္ ၿခံတံခါး ဖြင့္ထား၍ ကားကိုၿခံထဲ့ေမာင္းဝင္လိုက္ပါသည္ ။

ကြၽန္ေတာ္လည္းကားေပၚမွ အျမန္ဆင္း၍လူရွိလား လူရွိလား ေအာ္ေခၚရင္း လူလိုက္ရွာပါသည္ မည္သူမွ မေတြ႕ရပါ ၿခံေထာင့္တြင္ ဝါးျဖင့္သပ္ရပ္စြာ ေဆာက္ထားေသာ တဲ့ေလးတစ္လုံး ေတြ႕ရပါသည္။

သုံးဖက္ကိုဝါးျဖင့္ကာရံထား၍ အခင္း ကိုလည္း ဝါးၾကမ္း ေလး တဆင့္ခံ ခင္းထားပါသည္ သံဃာစင္ကဲသို႔ ျဖစ္ပါသည္။

ကြၽန္ေတာ္လည္း ကားေပၚတြင္ ပါလာေသာ ထိုင္ခုံအားအျမန္ခ်၍ ဆရာေတာ္အား ပိုင္ရွင္မေတြ႕ေၾကာင္း တစ္ညတာ ဝါးတဲေက်ာင္းအသစ္ေလးေပၚတြင္ သီတင္းသုံးဖို႔ ပင့္ေလွ်ာက္ခဲ့ပါသည္။

ဆရာေတာ္အား ေနရာခ်ေပးၿပီး

ကြၽန္ေတာ္လည္း ကားထားရွိရာ ၿခံေထာင့္သို႔ျပန္လာပါသည္ ကားေဘးမနီးမေဝးကြင္းျပင္တြင္ မီးေမြးရန္အသင့္ျဖစ္ေနေသာ မီးဖိုကိုေတြ႕ရ၍ မီးေမြး၍ မီးလႈံျဖစ္ပါေသးသည္ အသင့္ေတြ႕ရေသာ ပန္းသီးတစ္လုံးကိုလည္း

ကြၽန္ေတာ္၏ညစာအျဖစ္ စားခဲ့ပါေသးသည္။

ညတစ္နာရီခန႔္တြင္ ကြၽန္ေတာ္ကားထဲ့တြင္ဝင္အိပ္ျဖစ္ပါသည္ မနက္ ၃ နာရီခန႔္တြင္ ဆရာေတာ္မွ ကားတံခါးလာေခါက္ႏိုး၍ ခရီးဆက္ရန္ အခ်ိန္တန္ၿပီလို႔မိန႔္၍ ခရီးဆက္ခဲ့ၾကပါသည္

မနက္ ၈ နာရီခန႔္တြင္ပင့္ဖိတ္ထားေသာ ေနရာသို႔ေရာက္ခဲ့ပါသည္ ဆရာေတာ္ႀကီးမွ တရာေဟာ တရားျပ ႏွစ္ရက္ျပဳလုပ္ျဖစ္ပါသည္။

အျပန္ေန႔တြင္ အား႐ုံဆြမ္းကပ္ ေန႔ဆြမ္းအားသပိတ္အတြင္းေလာင္းလွႉ ကပ္လိုက္၍ ပင့္ေဆာင္လာခဲ့ပါသည္ အလာတုံးက ညအိပ္ခဲ့ေသာ ဝါးေက်ာင္းတဲ့တြင္ ေန႔ဆြမ္းကပ္မည္ဟု စိတ္ကူးလာခဲ့ပါသည္။

သို႔ေသာ္ ထိုၿခံတဲေနရာသည္ သစ္ႀကီးဝါးႀကီးအပင္မ်ားသာ ေတြ႕ရပါေတာ့သည္ ထို႔ေနရာတြင္ပင့္ ဆရာေတာ္ႀကီးအား အသင့္ပါလာေသာ ေန႔ဆြမ္းအား ကပ္ျဖစ္ခဲ့ပၚသည္ )

(၁၂) ေက်ာက္ဂူဆရာေတာ္ႀကီး၏ တရားတစ္ပြဲ အေၾကာင္းျပဳ၍ တစ္႐ြာလုံး ဗုဒၶဘာသာဝင္ ျဖစ္ခဲ့ရပါသည္ဘုရား

(အိမ္ေျခ တစ္ရာေက်ာ္ရွိေသာ ေတာင္ေပၚ႐ြာေလး တစ္႐ြာသည္ ဘာသာျခားတစ္ခုမွ စည္း႐ုံး၍ တစ္႐ြာလုံးကြၽတ္ ဘာသာဝင္ပြဲႀကီး စည္ကားစြာက်င္းပရန္ ျပင္ဆင္ေနေသာ ေန႔ျဖစ္ပါသည္။

ထိုေန႔သည္ မိုးမ်ားလည္း ႐ြာေနပါသည္ ေတာင္က်ေရမ်ားလည္းက်ေနပါသည္ ေခ်ာင္းေရမ်ားလည္းလွ်ံေနပါသည္ ေတာင္ေပၚ႐ြာ ျဖစ္သျဖင့္ လမ္းမ်ားလည္း ႐ႊံေစးမ်ားျဖင့္ သြားလာရန္ အင္မတန္ ခက္ခဲ့ေနပါသည္။

ထိုအခ်ိန္တြင္ ဆရာေတာ္ႀကီးသည္ ႐ြာလယ္လမ္းမွ တစ္လွမ္းျခင္း တစ္လွမ္းျခင္း လမ္းေလွ်ာက္၍ ႐ြာထဲသို႔ ဝင္လာပါသည္။

ထူးျခားမူ႔ အေနျဖင့္ မိုး႐ြာေနေသာ္လည္း သကၤန္းမ်ား ေရမစိုပါ လမ္းမွာ ဗြက္ထေနေသာ္လည္း ေျခေထာက္တို႔တြင္ ႐ႊံမ်ားမေပက်ံပါဘာသာျခားသို႔ ကူေျပာင္းပြဲလုပ္ေနေသာ လူအုပ္ႀကီးသည္ ဆရာေတာ္ အနီးတြင္ ဝိုင္းအုံလာၾကပါသည္။

ဆရာေတာ္ႀကီးမွ တစ္နာရီခန႔္ တရားေဟာခဲ့ပါသည္ ဘာသာျခားသို႔ မဝင္ျဖစ္ေတာ့ဘဲ ဗုဒၶဘာသာသို႔သာ တစ္႐ြာလုံး ျဖစ္သြား ခဲ့ပါသည္။

ထို႐ြာေလးသည္ ယခုအခ်ိန္ထိ ဆရာေတာ္ႀကီးအား မၾကာခဏ ပင့္ဖိတ္၍ ဝိပသာနာ တရားစခန္းမ်ား ျပဳလုပ္ျဖစ္ဆဲ ျဖစ္ပါသည္) (၁၃) ေက်ာက္ဂူ ဆရာေတာ္ႀကီး၏ အစြမ္းထက္၍ အင္မတန္မွ အသုံးဝင္လွေသာ ဂါထာ ေတာ္တစ္ပုဒ္အား ကြၽန္ေတာ္ ရရွိခဲ့ပါသည္ဘုရား။

( ထိုဂါထာအား ဆရာေတာ္ႀကီးမွ ေရွ႕ကခ်ေပး၍ ကြၽန္ေတာ္တို႔မွ ေနာက္ကလိုက္ဆိုရင္း အသဲႏွစ္လုံးထဲ့ စြဲေနခဲ့ရပါသည္။

ဆရာေတာ္ႀကီးကို အနယ္နယ္ အရပ္ရပ္မွ ပင့္ဖိတ္ၾက၍ ဓမၼ ခရီး သြားလာ ေနထိုင္ရင္း အခက္အခဲမ်ားရွိလွ်င္ေသာ္လည္းေကာင္း/ျပႆနာမ်ား/ပင္ပန္းမူ႔မ်ား/ဆင္းရဲမူ႔မ်ား/အေႏွာင့္အယွက္မ်ား/ငတ္မြတ္ဆာေလာင္မူ႔မ်ား/အိပ္ျခင္မူ႔မ်ား/ဖ်ားနာမူ႔မ်ား/…..

စသျဖင့္ စသည္ျဖင့္ အဆင္မေျပမူ႔မ်ား ႀကဳံလာတိုင္း ၎ဂါထာ ေတာ္ကို ဆရာေတာ္ႀကီးမွ က်ယ္က်ယ္လိုက္ဆိုၾကရန္ မိန႔္ၾကား၍ ေရွ႕မွ ခ်ေပးပါသည္

ကြၽန္ေတာ္တို႔လည္း လိုက္ဆိုၾကရပါသည္ ကြၽန္ေတာ့ အတြက္ေတာ မည့္သည့္ ျပႆနာ မ်ားမဆို၎ဂါထာ အတိုင္း ႐ြတ္ဆို ႏွလုံးသြင္း က်င့္သုံးလိုက္ပါက မေျပလည္စရာ အေၾကာင္း မရွိ အားလုံး အဆင္ ေျပသြားပါသည္

ဆရာေတာ္ႀကီး၏ ဂါထာေတာ္အား လိုက္နာက်င့္သုံးႏိုင္ၾကပါေစ။

ဘုရားတပည့္ေတာ္တို႔သည္ ျမတ္စြာဘုရား သာသနာေတာ္ႀကီး အတြက္ဆိုရင္ႏြားကဲ့သို႔ ဆြဲပါမည္ ကြၽဲကဲ့သို႔ ႐ုန္းပါမည္ ျမင္းကဲ့သို႔ ေျပးပါမည္ ျမည္းကဲ့သို႔ ပိုးပါမည္ ေျခသၤကဲ့သို႔ ရဲရင့္ပါမည္ သိုးကဲ့သို႔ ႐ိုးသားပါမည္ ။

ဆင္ကဲ့သို႔ ေအါင္းပါမည္ ေရကဲ့သို႔ ေပးဆပ္ပါမည္ ေလကဲ့သို႔ အက်ိဳးျပဳပါမည္ ေျမႀကီးကဲ့သို႔ သီးခံ သည္းခံ ပါေတာ့မည္ ဘုရား သာဓု သာဓု သာဓု ႐ြတ္ဆို က်င့္သုံးႏိုင္ၾကပါေစ )

(၁၅) ေက်ာက္ဂူ ဆရာေတာ္ႀကီးသည္ တစ္ခ်ိန္တည္း တြင္ ႏွစ္ေနရာ၌ ေတြ႕ျမင့္ ေရာက္ရွိေနတတ္ပါသည္ဘုရား (ဆရာေတာ္ႀကီး ကိုယ္ပြား ႏွစ္ပါးစီျဖစ္ ေနတတ္ပုံမ်ားကို မၾကာခဏ ဆိုသလိုေတြ႕ရတတ္ပါသည္ ။

၎မ်ားထဲ့မွ႔ ေလးငါးခုေလာက္ကို ကြၽန္ေတာ္ တတ္သေလာက္ ေရးသားတင္ျပပါမည္ စာအေရးအသား မကြၽမ္းက်င္၍ နားမလည္ပါက သည္းခံ၍ ႏွစ္ေခါက္ သုံးေခါက္ဖတ္ေပးၾကပါရန္ ေတာင္းပန္အပ္ပါသည္။

တစ္ခါေသာအခ်ိန္က ဆရာေတာ္ႀကီးအား တရားပြဲမ်ားပင့္ဖိတ္ၾက၍ ကရင္ျပည္နယ္ဖက္ကို ကြၽန္ေတာ့္ကားျဖင့္ပင့္ေဆာင္ခြင့္ရခဲ့ပါသည္။

ဆရာေတာ္ႀကီးအား ေဘးမွတင္ေဆာင္၍ ကားေမာင္းေနစဥ္ ကေလးၿမိဳ႕မွ ဖုန္းဝင္လာပါသည္

။ေက်ာက္ဂူဆရာေတာ္ႀကီး ဆြမ္းဆန္စိမ္းေလာင္းပြဲၿပီးရင္ ကေလးၿမိဳ႕ထဲ ႂကြအုံးမလားတဲ့ ကြၽန္ေတာ္က ဘာျဖစ္လို႔လဲလို႔ ျပန္ေမးမိ့ပါသည္ တမူးဖက္က႐ြာ တ႐ြာမွာ ႐ြာလုံးကြၽတ္ ဆြမ္းဆန္စိမ္း ေလာင္းေနတယ္

အဲဒါပိးရင္ ကေလးၿမိဳ႕ထဲ့ကိုပင့္ျခင္လို႔ ဟုေျပာပါသည္။ ကြၽန္ေတာ္လည္း ခ်က္ျခင္းပင္ ကားေမာင္းရင္း ေက်ာက္ဂူ ဆရာေတာ္အား ေလွ်ာက္လိုက္ပါသည္ တမူးဖက္က႐ြာတ႐ြာမွာ ေက်ာက္ဂူဆရာေတာ္တစ္ပါး ေရာက္ေနတယ္တဲ့ဘုရား။

ဆရာေတာ္ကလည္း ခ်က္ျခင္းပင္ ႐ုကၡစိုးနတ္ေတြက ခ်စ္ၾကလို႔ အဲလိုဘဲ ခဏခဏျဖစ္တယ္ ဟုမိန႔္ပါသည္ (၁၆) တစ္ခုေသာ ဘုရားထီးတင္ပြဲတြင္ တရားပြဲပင့္ဖိတ္၍ ေက်ာက္ဂူဆရာေတာ္ႀကီး ႂကြေရာက္ခဲ့ပါသည္။

ဘုရားထီးတင္ရာ၌လည္း ဆရာေတာ္ႀကီးကိုယ္တိုင္ ပါဝင္ကုသိုလ္ယူခဲ့ပါသည္

ထီးတင္ရာတြင္ ေအာက္ဖက္ကထီးေတာ္ကို ရထားေပၚသို႔ တင္ရာေနရာတြင္လည္း

ဆရာေတာ္ႀကီးရွိေန၍ ေစတီထိပ္ေပၚတြင္ ထီးေတာ္အား ရထားေပၚမွခ်၍ ေစတီတြင္ တပ္ဆင္ပူေဇာ္ေသာ ေနရာတြင္လည္း ဆရာေတာ္ႀကီး ရွိေန႔ခဲ့ပါသည္)

(၁၇) လြန္ခဲ့ေသာ သုံးေလးႏွစ္ခန႔္က ဆရာေတာ္ႀကီး ပဲခူးတိုင္း သုံးဆယ္ၿမိဳ႕ ေက်ာက္ဂူေက်ာင္းတြင္ ဝါဆိုဝါကပ္ ေသာ အခ်ိန္ကျဖစ္ပါသည္။

ကြၽန္ေတာ္လည္း ဆရာေတာ္ႀကီးနားတြင္ ေက်ာင္းအိပ္ေက်ာင္းစားျဖင့္ အခ်ိန္ ေတာ္ေတာ္ မ်ားမ်ားရွိေနျဖစ္ပါသည္။

တစ္ေန႔တြင္ ဆရာေတာ္ႀကီးမွ ကြၽန္ေတာ့္အား ေခၚ၍ ကန္ (၇) ႐ြာကို တစ္႐ြာတစ္စီး နာေရးကူညီမူ႔ ကားမ်ားလႉဒါန္းလိုသည္ စီစဥ္ ေဆာင္႐ြက္ရန္ ကုသိုလ္ ေပးပါ သည္ ကားမ်ားဝယ္ယူ ပို႔ေဆာင္ရင္း ကန္(၇)႐ြာ ေက်ာက္ဂူေက်ာင္းသို႔ ေရာက္ခဲ့ပါသည္။

ရန္ကုန္ျပန္ရန္ လိုင္းကားေစာင့္ရင္း ေက်ာင္းေပၚတြင္ ႏွစ္ရက္သုံးရက္ ေနျဖစ္ခဲ့ပါသည္။

ေက်ာင္းေပၚတြင္ ဘုရားဖူးဧည့္သည္ ဆယ္ေယာက္ခန႔္ အဖြဲ႕တစ္ဖြဲံ ေတြ႕၍ ထမင္းမ်ားစားသြားၾကရန္ အဆင္သင့္ျပင္ထားေၾကာင္း ညအိပ္နားၾကမည္ဆိုပါကလည္း အဆင္ေျပပါေၾကာင္း

ေက်ာက္ဂူဆရာေတာ္ႀကီးေတာ့ သုံးဆယ္ၿမိဳ႕ မွာဝါဆို၍ မရွိပါေၾကာင္းေျပာေသာအခါ ဒီေက်ာင္းကို ခဏ ခဏလာဖူးပါေၾကာင္း ထမင္းလည္းဆြမ္းတန္းတြင္ စားပီးပါေၾကာင္း

ေက်ာက္ဂူဆရာေတာ္ႀကီးကိုလည္း အခုဘဲတစ္ဖြဲ႕လုံး ဖူးခဲ့ပီးပါေၾကာင္း ဝမ္းသာ ေပ်ာ္႐ြင္စြာေျပာ၍ကားေပၚတက္ကာထြက္ခြာသြားၾကပါသည္ ။

ခဏအၾကာတြင္ ေနာက္ဘုရားဖူးအဖြဲ႕ တစ္ဖြဲ႕ ေတြ႕ျပန္၍ ထမင္းမ်ားစားသြားၾကရန္ ဖိတ္ျဖစ္ပါသည္ ။

ေက်ာက္ဂူဆရာေတာ္ႀကီးကို ဖူးရင္း သကၤန္းလာကပ္တာျဖစ္ေၾကာင္း သကၤန္းလည္းကပ္ခဲ့ၿပီးေၾကာင္း သီလမ်ားလည္ေပးလိုက္ေၾကာင္း မ်ားစြာဝမ္းသာပါေၾကာင္း လႉရန္မ်ားကို ႐ုံးေက်ာင္း ပို႔ဖို႔ မွာလိုက္ေၾကာင္း ေျပာပါသည္ ။

ကြၽန္ေတာ္လည္း ဧည္သည္မ်ားကို ႐ုံးေက်ာင္းပို႔ ေနာက္ ဆြမ္းတန္းပိုၿပီးဆရာေတာ္ႀကီး သီတင္းသုံးရာ တဲေက်ာင္းေလးသို႔ တိတ္ဆိပ္စြာ တစ္ေယာက္တည္ သြားေခ်ာင္းျဖစ္ပါသည္

။ေအးၿငိမ္းဆိတ္ၿငိမ္ လွေသာ တဲ့ေက်ာင္းေလးထဲတြင္ ဆရာေတာ္ ထိုင္ေနၾက ထိုင္ခုံေပၚတြင္ အေနကထိုင္ေလးခင္းထားတာ ေတြ႕ရပါသည္။

ဆရာေတာ္ေတာ့မျမင္ရ မေတြ႕ရပါ မရွိပါ ကြၽန္ေတာ္လည္း ႐ိုေသစြာ ရွိ႕ခိုးဦးခ်၍ ဆရာေတာ္မွ ကားမ်ားပို႔ခိုင္းေသာ ကိစၥ ၿပီးစီးပါေၾကာင္း

ေနာက္ထပ္ ကုသိုလ္ေပးအလုပ္ခိုင္းလိုပါက အဆင္သင့္ျဖစ္ေနၿပီျဖစ္ၾကာင္း သုံးဆယ္ၿမိဳ႕ကိုေရာက္လွ်င္ ဆရာေတာ္ႏွင့္ေတြေသာအခါ ေလွ်ာက္ရန္ရွိသည္မ်ားကို(ရီဟာ့ဇယ္) လုပ္ရင္း ေလွ်ာက္ထားလိုက္ပါသည္။

Writer ; Kwee (Jeeptoolay)

Unicode

ကျောက်ဂူဆရာတော်ကြီးအကြောင်း မသိလို့ အွန်လိုင်းပေါ်ရှာကြည့်တော့ မနက်ဖြန် ကျောက်ဂူဆရာတော် မန္တလေးက သူငယ်ချင်းအိမ်ကြွမှာမို့လာဖူးဖို့ လှမ်းဖိတ်တယ်။

ကိုယ်ကလည်း ဆရာတော်အကြောင်း မသိလို့ အွန်လိုင်းပေါ်ရှာကြည့်တော့ ဒီလိုရေးထားတာ ဖတ်ရပါတယ်။

ကျွန်တော်သိရှိထားသာ ကျောက်ဂူဆရာတော်ကြီး အကြောင်းများစွာထဲမှ ကုသိုလ်တိုးရန် အနည်းငယ် ရေးသားတင်ပြအပ်ပါသည် ဘုရား။

ကျွန်နော်နှင့် ဆရာတော်ကြီး ရင်းနှီကျွမ်းဝင်နေခဲ့သည်မှာ (၂၆) နှစ်ကျော်ရှိခဲ့ပါပြီ။ ဖားကန့်ကျောက်တွင်းလောပန်သဌေးကြီး ဘဝမှ အားလုံး စွန့်ကြဲ၍ (ဝ) ထိ ခဝါချ၍ ရဟန်းတစ်ဝါရသည်မှစ၍ အကျွမ်းတဝင် ရှိခဲ့ကြပါသည် ။

ကျွန်တော့ဘဝ အချိန်များစွာကို ဆရာတော်ကြီးနှင့် အနီးကပ် ရှိနေခဲ့ပါသည်။

(၁) ကျောက်ဂူဆရာတော်ကြီးသည် အနားယူ လှဲလျှောင်းအိပ်စက်ခြင်းမရှိပါဘုရား(ကျွန်တော်သိရှိထားသော ၂၆ နှစ်အတွင်း တစ်ကြိမ်တစ်ခါမျှ လှဲလျောင်း အိပ်စက် အနားယူတာ မမြင်ခဲ့ဖူးပါ)

(၂) ကျောက်ဂူဆရာတော်ကြီးတွင် ချွေးနံ့ကိုယ်နံ့နံခြင်းမရှိပါ ဘုရား (တစ်ခါသောအချိန်က ဆရာတော်ကြီးသည် ဝိပဿနာတရားများ တရွာလျှင် ၃ ရက်ခန့်ဖြင့် မိုးလင်းမိုးချုပ်သင်ပြ၍ ၁၀ ရွာခန့် တစ်လလောက်ရေမချိုးသင်္ကန်းမလဲဖြစ်ခဲ့ပါ

။နေ့တွင်ခန္ဓညဏ်ရောက် ရုပ်နမ်ခွဲးခြားတရားများပြ၍ ညတွင်သုဿံဓုဒင် ဆောက်တည်နေခဲ့ပါသည် ရက်၃၀ခန့်မှ ရေချိုးဖြစ်ပါသည် ။

အဆိုပါသင်္ကန်းအား တပည့်တော် လျှော်ဖွတ်ခဲ့ပါသည် ချွေးနံ့ကိုယ်နံ့ လုံးဝမရှိသည်အပြင် သစ်ခေါက်နံ့ပင်ကြိုင်သင်းနေပါသည်)

(၃)ကျောက်ဂူဆရာတော်ကြီးသည် အချိန်တိုင်း အလုပ်လုပ်နေသောသူ ဖြစ်ပါသည် ဘုရား (၂၄နာရီလုံး တစ်လလုံး တစ်နှစ်လုံး ၂၆နှစ်လုံးလုံး တရားဟောခြင်း စာရေးခြင်း မေတ္တာဘာဝနာပွားခြင်း သမထဘာဝနာပွားခြင်း ဝိပသာနာဘာဝနာပွားခြင်း များတစ်ခုမဟုတ်တစ်ခု ပြုလုပ်နေပါသည်။

ခန္ဓာကိုယ်စွမ်းအင်ကုန်ဆုံး၍ ခဏတဖြုတ် ငိုက်မြည်းသွားသည်မှအပ ကျန်အချိန်များတွင် သာသနာတော်ကြီးအတွက် အလုပ်လုပ်နေပါသည်)

(၄) ကျောက်ဂူဆရာတော်ကြီး မေတ္တာဂရုဏာကြီးစွာဖြင့် အားထဲ့ ပရိတ်ရွတ်ဖတ်တိုင်းတွင် အမြဲတမ်းပင် ပရိတ်ရေများဆူပွက်ပါသည်ဘုရား

(ရွာကြီးတရွာတွင် ဆရာတော်အား ပင့်ဖိတ်၍ ဝိပသာနာ တရားစခန်းဖွင့်ရန် ပြင်ဆင်ကြစဉ် ရွာဦးကျောင်းဆရာတော်ကြီးနှင့် ရွာသားတချို့မှ တရားစခန်းမဖွင့်ရန် တရားတစ်ပွဲသာလုပ်၍ ပြန်ကြွရန် ကျောက်ဂူဆရာတော်ကြီးအား လျှောက်ထား အရေးဆိုလာပါသည် ။

ဤသို့ဖြစ်၍ ရွာလယ်တွင် မဏ္ဌပ်ထိုး၍ ပရိတ်တရားပွဲသာပြုလုပ်ကြပါသည် ပရိတ်တရားပွဲစသည်နှင့် တရွာလုံးတွင်ရှိသော ရေတွင်းထဲ့မှရေ ရေကန်ထဲ့မှရေ ရေအိုးထဲ့မှရေ ရေခွက်ထဲ့မှရေ ရေဘူးထဲ့မှရေ များ ဆူပွက်လျံထွတ်နေကြပါတော့သည်။

အကျိုးအနေနှင့် ဤရွာကြီးတွင် ဝိပသာနာ တရားစခန်းဖွင့်ခွင့် ရရှိခဲ့ပါသည်)(နောက်တင်ပြမည့် တချို့သော အဖြစ်အပျက်များသည် တချို့သောလူများ လက်မခံမယုံကြည်နိုင်စရာများ ရှိနိုင်ပါသည် ။

အကုသိုလ်မဖြစ်ကြရန် တောင်းပန်အပ်ပါသည် ကျောက်ဂူဆရာတော်ကြီးလည်း သာသနာအတွက် ပင့်ဖိတ်သောနေရာများကို မည့်သည့်နေရာမဆိုကြွနေဆဲပါ ။

ကျွန်တော်လည်း ယနေ့ထိတော့မသေသေးဘဲ ရှိနေပါသေးသည်

ဆရာတော်ကြီးအား ကြည်ညို၍ မေးမြန်မည်ဆိုပါကရိုရိုသေသေ လေးလေးစားစား ဖြေကြားပေးပါမည် ။

ကုသိုလ်ပွားရန်ရည်ရွယ်၍တင်ပါသောကြောင့် အကုသိုလ်တော့ မပွားကြစေရန် တောင်းပန်အပ်ပါသည်)

(၅) ကျောက်ဂူဆရာတော်ကြီးသည် သင်္ကန်း၃ထည် သပိတ်တစ်လုံး တစ်ပါးနေ ကျောင်းသင်္ခန်းဖြင့်သာ ရောင့်ရဲနေထိုင်တော်မူပါသည်ဘုရား (ဆရာတော်ကြီးတွင် ကြီးကျယ် ခန်းနားလှသော ကျောင်းတိုက်ကြီး ၄ တိုက်ရှိပါသည်။

(က)ဂန်ဂေါမြို့နယ် ကန်ရရွာ ဘိုးဘွားရိပ်သာ ကျောက်ဂူကျောင်း(ဧက ၃၀၀ ကျယ်ဝန်းပါသည်)

( ခ)သုံးဆယ်မြို့ဓမ္မသုခ ကျောက်ဂူကျောင်း(ဧက ၃၀ ခန့်ကျယ်ဝန်းပါသည်)

( ဂ)ကလေးမြို့စက်မူဇုံ ကျောက်ဂူကျောင်း(ဧက ၁၀ ကျယ်ဝန်းပါသည်

(ဃ)ပေါင်းလောင်းမြို့ မူလပထမ ကျောက်ဂူကျောင်း(ဧက ၁၀ ကျော်ကျယ်ဝန်းပါသည်)

ထိုကျောင်းတိုက်ကြီးများတွင် အဆောက်အဦးပေါင်းများစွာ သာသနာ့ဝန်ထမ်း သံဃာ သီလရှင်ပောင်းများစွာ ရှိကြပါသည်။ ေ

န့စဉ်နေ့တိုင်း ပိတ်ရက်မရှိ ဝိပသာနာတရားများ ဟောကြားနားကြား ပွားများအားထုတ်နေကြပါသည် ။ ရန်ကုန် မန္တလေး ပြင်ဦးလွင် တောင်ကြီး မိုးကုတ် မြို့များတွင်လည်း ကျောက်ဂူ ကျောင်းတိုက်များ ဖော်ဆောင်ရန် ပြင်ဆင်နေကြပါသည်။

ဆရာတော်ကြီးအတွက် အဆင့်မြင့်ကောင်းမွန်သော ကျောင်းဆောင်များကို ဒကာဒကာမ စေတနာရှင် ကုသိုလ်ရှင်များက ဆောက်လုပ်လှူဒါန်းကြသော်လည်း ကုသိုလ်တိုးကြစေရန် ၃ ရက်ခန့်သာ အသုံးပြု သီတင်းသုံး၍ မူလတစ်ပါးကျောင်း တဲကျောင်းတွင်သာ သီတင်းသုံး နေတော်မူပါသည်)

(၆)ကျောက်ဂူဆရာတော်ကြီးအား နတ်များ နဂါးများ လာရောက်ဖူးမျော် ကြပါသည် ဘုရား (ဆရာတော်ကြီးကိုနတ်များ နဂါးများ လာရောက်ဖူးတွေ့ကြသည်ကို အကြိမ်ကြိမ် ခဏခဏ တွေ့မြင်ဖူးပါသည်။

တချို့က တရားမေးလျှောက်ကြပါသည် တချို့က ဝိပသာနာတရားမပြရန်တောင်းပန်ကြသောနတ်များလည်းရှိပာသည် တချို့က ဆရာတော်ကြီး ပျံလွန်တော်မူရန် နတ်ရွာစံရန် လျှောက်ထားကြသော နတ်များလည်း တွေ့ရပါသည်)

(၇) ကျောက်ဂူဆရာတော်ကြီးသည် ဓူတင်(၁၃)ပားဆောင် ဆရာတော်ကြီးဖြစ်ပါသည်ဘုရား (ဓူတင်များထဲ့မှ ဆရာတော်ကြီး၏ သုဿန်ဓုတင်ဆောင်ပုံအကြောင်းကို အနည်းငယ်တင်ပြပါမည်။

ဆရာတော်ကြီး သုဿန်သင်္ချိုင်းတွင် ညဘက် ဓူတင်ဆေါင်ရန်ကြွသောအခါ ကျွန်တော်လိုက်ပါ တတ်ပါသည် ကျွန်တော်လိုက်ပါ၍ အိပ်ခဲ့ဖူးသော သင်္ချိုင်းများပင် တစ်ရာကျော်မည်ထင်ပါသည်။

တစ်ခြားနိုင်ငံများနှင့် မြို့ကြီးများတွင် ညဘက်သုဿန်ကြွရန် ခက်ခဲပါ၍ နေ့ခင်းဘက်များတွင်သာ မေတ္တာပို့ ကုသိုလ်အမျှဝေ ကြွရောက်တတ်ပါသည် နယ်မြို့များ ကျေးရွာများတွင် အမြဲတမ်းပင် ညဘက်သုဿန်ဓူတင်ဆောင်ပါသည်။

ဆရာတော်ကြီး၏ သုဿန်ဓူတင်ဆောင်ပုံမှာ ည၉နာရီကျော် လူသူလေးပါး အိပ်ပြီးချိန်တွင် သုဿန်သို့ တိတ်ဆိတ်စွာ မေတ္တာပို့ရင်း ဝင်ရပါသည်။

သင်္ချိုင်းသို့ရောက်လျှင် လူသေကောင် မြေမြုပ်သောနေရာ မီးရှို့သောနေရာ ဂူသွင်းသော နေရာများ၌ တနေရာစီ ကျွန်တော်တို့တရားထိုင်ရပါသည်။

တစ်နာရီခန့်တရားထိုင်ပြီးပါက တရားဖြုတ် အမျှဝေပီး အနားယူရန် မနက်၃နာရီကျော် လာပင့်ရန် မိန့်ပါသည် ဤတွင်ဆရာတော်ကြီးနှင့် မျက်တစ်ကွယ် မလှမ်းမကမ်း ပေ၃၀၀ခန့်အကွာ သင်္ချိုင်းဇရပ် အုတ်ဂူပော်တို့တွင် အိပ်ရပါသည်။

ကျွန်တော်က သုဿန်ဓူတင်ဆောင်ခြင်းမဟုတ်ပါ

ဆရာတော်ကြီးအား ပို့ဆောင်ရန် ပင့်ဆောင်ရန် လိုက်ပါ၍သင်္ချိုင်းတွင်လိုက်အိပ် ခြင်းသာဖြစ်ပါသည်။

ဆရာတော်ကြီးမှာ တစ်ညတာလုံး မေတ္တာဘာဝနာ သာမထဘာဝနာ ဝိပသာနာဘာဝနာ ကုသိုလ်တရားများအားထုတ်ရင်း မြင်အပ် မမြင်အပ်များနှင့်ရင်းနှီးကျွမ်းဝင် စေရန် ညအချိန်ကို ကုန်ဆုံးစေပါသည်။

မနက်၃နာရီကျော်တွင် ဆရာတော်ကြီးထံချည်းကပ် ပင့်လျှောက်ရပါသည်။ တစ်ညလုံးပြုပြုသမျှ ဘာဝနာကုသိုလ်များကို မြင်အပ်မမြင်အပ်ရှိရှိသမျှတို့အား ကုသိုလ်အမျှပေးဝေကြရပါသည်။

ဆရာတော်ကြီးနှင့် တစ်ညတာအတူနေရ၍ ရင်းနှီးကျွမ်းဝင်ကြ၍ သာဓုခေါ်ဖြစ်ကြမည် ထင်ပါသည် ။

အမျှ ကုသိုလ်တွေရ၍ ကျွတ်လွတ်သွားခြင်း အဆင့်မြင့်သွားခြင်းများ ဖြစ်ကြသည်ဟု သိရှိရပါသည် ။ မနက်၄နာရီမထိုးခင် လူသူလေးပါးမထခင် သုဿန်မှ မေတ္တာပို့ရင်း တိတ်ဆိတ်စွာထွက်ခွာရပါသည်။

တချို့သင်္ချိုင်းများတွင် တစ်ညသာကြွ၍ တချို့သင်္ချိုင်းများကို နှစ်ည သုံးညကြွတတ်ပါသည်။ကြွရောက်ရန်ု ကြိုတင်မိန့်ထားလေ့မရှိပါ ည ၉ နာရီကျော် ဆရာတော်ကြီးသင်္ကန်းရုံသည်ကိုကြည့်၍ သာသိရှိရတတ်ပါသည်။

ကျွန်တော်တို့အမြဲတမ်း အဆင်သင့်ဖြစ်ရန်ကြိုးစားနေရပါသည် အဆင်သင့်မဖြစ်ပါက ဆရာတော်ကြီး တစ်ပါးတည်းသာကြွ သွားပါတော့သည် နောက်မှအမြန်ပြေးလိုက်ရပါသည်)

(၈) ကျောက်ဂူဆရာတော်ကြီး၏ ဦးခောင်းကို ခေါင်းရိတ်ခြင်း ကိစ္စအား မိမိကိုယ်တိုင်လည်း မရိတ် တပည့်များအားလည်းအရိတ် ခိုင်တား မတွေ့ဘူးပါဘုရား

(ထို့ကြောင့် ဆရာတော်ကြီး၏ ဆံတော်များအား လိုခြင်သူ ပောများလှသော်လည်း တစ်ယောက်မျှ မရရှိကြပါ)

(၉) ကျောက်ဂူဆရာတော်ကြီး ညသီတင်းသုံးသော ဝါးရုံပုတ်ကြီးမှ အလင်းရောင်များထွက်ပေါ်လာ၍ တစ်တောလုံးလင်းထိန်သွားခဲ့ပါသည်ဘုရား (လွန်ခဲ့သော ၇ နှစ့်ခန့်က ရွာကြီးတစ်ရွာ၏ သုဿန်သင်္ချိုင်းတွင် ဆရာတော် နှစ်ညတာ ဓူတင်ဆောင်ခဲ့ပါသည်

အထက်ပါဖြစ်ရပ်သည် ဒုတိယညတွင် တွေ့မြင်ခဲ့ရပါသည်။

၎င်းသင်္ချိုင်းသည် လူအစိမ်းသေများကို မြေမြုတ်သော နေရာဖြစ်ပါသည် ည၉နာရီကျော်ခန့်တွင် ဆရာတော်အား သုဿန်အလယ်လာက် တွင်ရှိသော ဝါးရုံပုတ်ကြီးအောက်တွင် နေရာချ၍ ကျွန်တော်တို့က သင်္ချိုင်းဇရပ်ပေါ်တွင် အိပ်ကြပါသည်။

ည၁၂နာရီခန့်တွင် ရွာသား ၁၀ ယောက်ခန့်အပြေးအလွှားရောက်လာ၍ ဆရာတော်ကြီး သီတင်းသုံးသော ဝါးရုံပုတ်ကြီး မီးအကြီးအကျယ်လောင်နေပြီဆိုပြီးအော်ပြီး ပြေးလာကြပါသည်။

ထိုအချိန်တွင် ထိုထဲမှလူတစ်ယောက်က တောမီးလောင်တာမဟုတ်ဘူး တောမီးလောင်ရင် အသံမြည်တယ် ခုကဘာအသံမှမကြားရဘူးဟု ခပ်ကျယ်ကျယ်အော်လိုက်ရာ အားလုံးတိတ်ဆိတ်ငြိမ်သက် သွားကြသည်။

ဆရာတော်ကြီး သီတင်းသုံးသော

ဝါးရုံပင်ကြီးမှ အလင်းရောင်သည် တစ်တောလုံးလင်းထိန်သွားခဲ့ပါသည် ၃မိနစ်ခန့်ကြာမည် ထင်ပါသည်။

ထို့နောက် တဖြည်းဖြည်းမှိန်သွား၍ အမှောင်အတိ ဖုံးလွှမ်းသွားပါတော့သည်။ ထို့နောက် ရွာသားများလည်း ပြန်သွားကြ၍

ကျွန်တော်လည်း အဖြေမသိသော အတွေးများဖြင့် သင်္ချိုင်းဇရပ်ပေါ်တွင် ကျန်နေခဲ့ပါတော့သည်။

(၁၀) ကျောက်ဂူဆရာတော်ကြီး၏ မေတ္တာတော်ကြောင့် အကြီးအကျယ် ပစ်ခတ်နေကြသော တိုက်ပွဲကြီး ရပ်သွားခဲ့ပါသည်ဘုရား (လွန်ခဲ့သော ၆ နှစ်ခန့်ကဖြစ်ပါသည် ဆရာတော်ကြီးအား တရားဟော တရားပြ ပင့်ဖိတ်ကြ၍ နယ်စပ်ဒေသသို့ ကျွန်တော်ကားဖြင့်ပင့်ဆောင်ခွင့်ရခဲ့ပါသည်

။တောလမ်း ခရီးတွင် ဆရာတော် ချပေးသော မေတ္တာပို့ စာသားများကို ကျယ်နိုင်သမျှ ကျယ်ကျယ် လိုက်ဆို၍ ကားမှန်တံခါးများ ပိတ်ကာ မောင်းနှင်လာခဲ့ပါသည်။

ပတ်ဝန်းကျင်မှ့ အသံများကို မကြားရဘဲ ကားကိုအမြန်မောင်းလာရာ တောလမ်းတနေရာ တောင်ကုန်းကွေ့ အရောက် တွင် အကြီးအကျယ် တိုက်ပွဲဖြစ်နေကြသော လက်နက်ကိုင် တပ်ဖွဲ့ နှစ်ခုကြားသို့ ဘွားခနဲ့ ရောက်သွားခဲ့ပါသည် ။

ကားကိုဆက်မမောင်းရဲဘဲ အမြန်ရပ်လိုက်ရပါသည် လက်နက်ကြီး ကျရောက် ပေါက်ကွဲသံများကို ဆက်တိုက်ကြားရပါသည် သေနတ် ဂတ်လိုက်ဆွဲသံများ ကျည်ဆံသံများ တဒိုင်းဒိုင်း တရွီးရွီးအဆတ်မပြတ် ကြားနေရပါ သည်။

ကျွန်တော်နှင့် သူရဲကောင်းကြီး ကိုဖိုးအိတို့ လန့်ဖျတ်၍ ကားအောက်သို့ ပြေးဝင်၍ဝပ် နေရန်ကြံကြပါသည် ဆရာတော်အားကြည့်လိုက်ရာ မေတ္တာပို့မပျက် တည်ငြိမ်စွာ ဆက် လက်၍မေတ္တာဘာဝနာပွားနေပါသည်။

မည်သည်အချိန်မှ စ၍တိုက်ပွဲဖြစ်နေသည်ကိုမသိပါ ဆရာတော်ကားရပ်ပြီး မကြာမှီ တိုက်ပွဲရပ်၍ အားလုံးတိတ်ဆိပ်သွားပါသည်။

ကျွန်တော်တို့ကား၏ ညာဖက်တောင်ကုန်းပေါ်မှ လက်နက်ကိုင်တပ်ဖွဲ့များ ဆုတ်ခွာသွားပါသည်

။ကျွန်တော်တို့ကား၏ဘယ်ဖက် ချောက်ထဲ့မှ လက်နက်ကိုင်တပ်ဖွဲ့ ၃၀ ခန့် လက်နက်ကိုယ်စီကိုင်၍ ကားလမ်းပေါ်တက်လာကြပါသည် နှစ်ဖက်စလုံး အကျအဆုံးမရှိ တပ်ဆုတ်သွားကြသည် ထင်ပါသည်။

ကျွန်တော်တို့လည်း တရားပွဲမှီရန် ဆရာတော်ချပေးသော မေတ္တာပို့ကို လိုက်ဆိုရင်း ခရီးဆက်ခဲ့ကြပါသည်) ( မဟာမြိုင်တောကြီး၏ အထက်ပိုင်းတွင် နတ်ဒေဝါများ ဖန်ဆင်းသော ကျောင်းတွင် ကျောက်ဂူဆရာတော် တစ်ညတာ သီတင်းသုံးဖြစ်ခဲ့ ပုံကို)

(၁၁) ကျောက်ဂူဆရာတော်ကြီးသည် တောစောင့်နတ် တောင်စောင့်နတ်များ ဖန်ဆင်းလှူဒါန်းသော ကျောင်းတွင် တစ်ညတာ သီတင်းသုံး ဖြစ်ခဲ့ပါသည်ဘုရား

(လွန်ခဲ့သော ၇ နစ်ခန့်လောက်ကဖြစ်ပါသည်

ဆရာတော်ကြီးအား ခန ္တီးကျောက်စိမ်းမှော်မှ တရားဟော တရားပြ ပင့်ဖိတ်၍ ကျွန်တော်ကားဖြင့် ပင့်ခွင့်ရရှိခဲ့ပါသည်။

မဟာမြိုင်တောကြီးကို အလျှားလိုက် ကားဖြင့်ဖြတ်၍ ပင့်ခဲ့ပါ သည်။ ထိုအချိန်တုန်းက ကားလမ်းသည် အင်မတန်ပင်ဆိုးရွား ကြမ်းတမ်းလှပါသည် ယခုလည်းသိပ်မကောင်းသေးပါ။

အဆိုပါဒေသသည် ရေလမ်းကိုသာ အသုံးများပါသည် တစ်နေ့လုံး တစ်ညလုံး ကားမောင်းခရီးတွင် ကားတစ်စီးမျှ မတွေ့ မရှောင်ရပါ လူနေအိမ် ရွာများလည်း မရှိကြပါ။

မြစ်ကြောင်းတလျှောက်တွင်သာ နေထိုင်ကြသည်ဟုသိရပါသည်။ ပင့်ဖိတ်ထားသောနေရာ ဘုန်ကြီးကျောင်းကိုအရောက်တွင် အဆိုပါကျောင်းထိုင်ဆရာတော်ကြီးမှ ကျောင်းပော်မှ တအံတသြ ဆင်း၍

ကျွန်တော်ကားနှင့် ကျွန်တော်ကို နှစ်ပတ်လောက်ပတ်ကြည့်ကာ ကားလည်းကောင်းလွန်း၍ လူလည်းတော်၍ သာရောက်လာသည် မည်သူမျှ ဤခရီးကို ကားနှင့်မလာကြဖူးဘူးဟု မိန့်ခံရပါသည်။

လမ်းခရီးတွင် လမ်းကြမ်းလွန်း၍ ကားအမြန်မောင်း၍မရပါ ဖြေးဖြေးမှန်မှန် မောင်းလာရပါသည် တနေ့လုံးမောင်းလာပါသည် ညရောက်လာခဲ့ပါသည် လမ်းမှာ ကျဉ်းမြောင်းလှ၍ လှည်းလမ်းသာ ဖြစ်သော်လည်း ကားရှောင်စရာ ကားမတွေ့ ၍ အဆင်ပြေပါသည်။

လမ်းဘေး နံရံတိုက်မိ့လိုက် သစ်ပင် တိုက်မိ့လိုက် အောက်က တိုက်လိုက် အပေါ်က တိုက်လိုက် ဖြင့်ပင်နောက်နေ့ တရားပွဲ မှီရန် မှန်မှန်မောင်းလာပါသည်။

ည ၁၁ နာရီကျော်လာပါသည် ၁၂ နာရီထိုးရန် ၁၀ မီနစ်ခန့်အလိုတွင် ဆရာတော်ကြီးမှ လမ်းတလျှောက်ပို့လာသော မေတ္တာပို့ကို ခဏရပ်၍ ကျွန်တော်ဘက်ကိုလှည့်၍

တစ်နေ့လုံး တစ်ညလုံး ဆိုတော့ ကားကောလူကော ပင်ပန်းနေလောက်ပီ ရှေ့နားမှာ ကောက်ရိုးပုံ ဖြစ်ဖြစ် သစ်ပင်အောက် ဖြစ်ဖြစ် တွေ့ရင် နား ကြမယ် လို့မိန့်ပါသည်။

ခဏခန့်မောင်းလာပီးချိန်တွင် ကားမီရောင်အောက် လမ်းဘေးတွင် ရာဇမတ်ကွက်များကာရံထားသော ခြံကြီးကိုတွေ့ရပါသည် ခြံတံခါး ဖွင့်ထား၍ ကားကိုခြံထဲ့မောင်းဝင်လိုက်ပါသည် ။

ကျွန်တော်လည်းကားပေါ်မှ အမြန်ဆင်း၍လူရှိလား လူရှိလား အော်ခေါ်ရင်း လူလိုက်ရှာပါသည် မည်သူမှ မတွေ့ရပါ ခြံထောင့်တွင် ဝါးဖြင့်သပ်ရပ်စွာ ဆောက်ထားသော တဲ့လေးတစ်လုံး တွေ့ရပါသည်။

သုံးဖက်ကိုဝါးဖြင့်ကာရံထား၍ အခင်း ကိုလည်း ဝါးကြမ်း လေး တဆင့်ခံ ခင်းထားပါသည် သံဃာစင်ကဲသို့ ဖြစ်ပါသည်။

ကျွန်တော်လည်း ကားပေါ်တွင် ပါလာသော ထိုင်ခုံအားအမြန်ချ၍ ဆရာတော်အား ပိုင်ရှင်မတွေ့ကြောင်း တစ်ညတာ ဝါးတဲကျောင်းအသစ်လေးပေါ်တွင် သီတင်းသုံးဖို့ ပင့်လျှောက်ခဲ့ပါသည်။

ဆရာတော်အား နေရာချပေးပြီး ကျွန်တော်လည်း ကားထားရှိရာ ခြံထောင့်သို့ပြန်လာပါသည် ကားဘေးမနီးမဝေးကွင်းပြင်တွင် မီးမွေးရန်အသင့်ဖြစ်နေသော မီးဖိုကိုတွေ့ရ၍ မီးမွေး၍ မီးလှုံဖြစ်ပါသေးသည် အသင့်တွေ့ရသော ပန်းသီးတစ်လုံးကိုလည်း

ကျွန်တော်၏ညစာအဖြစ် စားခဲ့ပါသေးသည်။

ညတစ်နာရီခန့်တွင် ကျွန်တော်ကားထဲ့တွင်ဝင်အိပ်ဖြစ်ပါသည် မနက် ၃ နာရီခန့်တွင် ဆရာတော်မှ ကားတံခါးလာခေါက်နိုး၍ ခရီးဆက်ရန် အချိန်တန်ပြီလို့မိန့်၍ ခရီးဆက်ခဲ့ကြပါသည်

မနက် ၈ နာရီခန့်တွင်ပင့်ဖိတ်ထားသော နေရာသို့ရောက်ခဲ့ပါသည် ဆရာတော်ကြီးမှ တရာဟော တရားပြ နှစ်ရက်ပြုလုပ်ဖြစ်ပါသည်။

အပြန်နေ့တွင် အားရုံဆွမ်းကပ် နေ့ဆွမ်းအားသပိတ်အတွင်းလောင်းလှှူ ကပ်လိုက်၍ ပင့်ဆောင်လာခဲ့ပါသည် အလာတုံးက ညအိပ်ခဲ့သော ဝါးကျောင်းတဲ့တွင် နေ့ဆွမ်းကပ်မည်ဟု စိတ်ကူးလာခဲ့ပါသည်။

သို့သော် ထိုခြံတဲနေရာသည် သစ်ကြီးဝါးကြီးအပင်များသာ တွေ့ရပါတော့သည် ထို့နေရာတွင်ပင့် ဆရာတော်ကြီးအား အသင့်ပါလာသော နေ့ဆွမ်းအား ကပ်ဖြစ်ခဲ့ပါ်သည် )

(၁၂) ကျောက်ဂူဆရာတော်ကြီး၏ တရားတစ်ပွဲ အကြောင်းပြု၍ တစ်ရွာလုံး ဗုဒ္ဓဘာသာဝင် ဖြစ်ခဲ့ရပါသည်ဘုရား

(အိမ်ခြေ တစ်ရာကျော်ရှိသော တောင်ပေါ်ရွာလေး တစ်ရွာသည် ဘာသာခြားတစ်ခုမှ စည်းရုံး၍ တစ်ရွာလုံးကျွတ် ဘာသာဝင်ပွဲကြီး စည်ကားစွာကျင်းပရန် ပြင်ဆင်နေသော နေ့ဖြစ်ပါသည်။

ထိုနေ့သည် မိုးများလည်း ရွာနေပါသည် တောင်ကျရေများလည်းကျနေပါသည် ချောင်းရေများလည်းလျှံနေပါသည် တောင်ပေါ်ရွာ ဖြစ်သဖြင့် လမ်းများလည်း ရွှံစေးများဖြင့် သွားလာရန် အင်မတန် ခက်ခဲ့နေပါသည်။

ထိုအချိန်တွင် ဆရာတော်ကြီးသည် ရွာလယ်လမ်းမှ တစ်လှမ်းခြင်း တစ်လှမ်းခြင်း လမ်းလျှောက်၍ ရွာထဲသို့ ဝင်လာပါသည်။

ထူးခြားမူ့ အနေဖြင့် မိုးရွာနေသော်လည်း သင်္ကန်းများ ရေမစိုပါ လမ်းမှာ ဗွက်ထနေသော်လည်း ခြေထောက်တို့တွင် ရွှံများမပေကျံပါဘာသာခြားသို့ ကူပြောင်းပွဲလုပ်နေသော လူအုပ်ကြီးသည် ဆရာတော် အနီးတွင် ဝိုင်းအုံလာကြပါသည်။

ဆရာတော်ကြီးမှ တစ်နာရီခန့် တရားဟောခဲ့ပါသည် ဘာသာခြားသို့ မဝင်ဖြစ်တော့ဘဲ ဗုဒ္ဓဘာသာသို့သာ တစ်ရွာလုံး ဖြစ်သွား ခဲ့ပါသည်။

ထိုရွာလေးသည် ယခုအချိန်ထိ ဆရာတော်ကြီးအား မကြာခဏ ပင့်ဖိတ်၍ ဝိပသာနာ တရားစခန်းများ ပြုလုပ်ဖြစ်ဆဲ ဖြစ်ပါသည်) (၁၃) ကျောက်ဂူ ဆရာတော်ကြီး၏ အစွမ်းထက်၍ အင်မတန်မှ အသုံးဝင်လှသော ဂါထာ တော်တစ်ပုဒ်အား ကျွန်တော် ရရှိခဲ့ပါသည်ဘုရား။

( ထိုဂါထာအား ဆရာတော်ကြီးမှ ရှေ့ကချပေး၍ ကျွန်တော်တို့မှ နောက်ကလိုက်ဆိုရင်း အသဲနှစ်လုံးထဲ့ စွဲနေခဲ့ရပါသည်။

ဆရာတော်ကြီးကို အနယ်နယ် အရပ်ရပ်မှ ပင့်ဖိတ်ကြ၍ ဓမ္မ ခရီး သွားလာ နေထိုင်ရင်း အခက်အခဲများရှိလျှင်သော်လည်းကောင်း/ပြဿနာများ/ပင်ပန်းမူ့များ/ဆင်းရဲမူ့များ/အနှောင့်အယှက်များ/ငတ်မွတ်ဆာလောင်မူ့များ/အိပ်ခြင်မူ့များ/ဖျားနာမူ့များ/…..

စသဖြင့် စသည်ဖြင့် အဆင်မပြေမူ့များ ကြုံလာတိုင်း ၎င်းဂါထာ တော်ကို ဆရာတော်ကြီးမှ ကျယ်ကျယ်လိုက်ဆိုကြရန် မိန့်ကြား၍ ရှေ့မှ ချပေးပါသည်

ကျွန်တော်တို့လည်း လိုက်ဆိုကြရပါသည် ကျွန်တော့ အတွက်တော မည့်သည့် ပြဿနာ များမဆို၎င်းဂါထာ အတိုင်း ရွတ်ဆို နှလုံးသွင်း ကျင့်သုံးလိုက်ပါက မပြေလည်စရာ အကြောင်း မရှိ အားလုံး အဆင် ပြေသွားပါသည်

ဆရာတော်ကြီး၏ ဂါထာတော်အား လိုက်နာကျင့်သုံးနိုင်ကြပါစေ။

ဘုရားတပည့်တော်တို့သည် မြတ်စွာဘုရား သာသနာတော်ကြီး အတွက်ဆိုရင်နွားကဲ့သို့ ဆွဲပါမည် ကျွဲကဲ့သို့ ရုန်းပါမည် မြင်းကဲ့သို့ ပြေးပါမည် မြည်းကဲ့သို့ ပိုးပါမည် ခြေင်္သကဲ့သို့ ရဲရင့်ပါမည် သိုးကဲ့သို့ ရိုးသားပါမည် ။

ဆင်ကဲ့သို့ အေါင်းပါမည် ရေကဲ့သို့ ပေးဆပ်ပါမည် လေကဲ့သို့ အကျိုးပြုပါမည် မြေကြီးကဲ့သို့ သီးခံ သည်းခံ ပါတော့မည် ဘုရား သာဓု သာဓု သာဓု ရွတ်ဆို ကျင့်သုံးနိုင်ကြပါစေ )

(၁၅) ကျောက်ဂူ ဆရာတော်ကြီးသည် တစ်ချိန်တည်း တွင် နှစ်နေရာ၌ တွေ့မြင့် ရောက်ရှိနေတတ်ပါသည်ဘုရား (ဆရာတော်ကြီး ကိုယ်ပွား နှစ်ပါးစီဖြစ် နေတတ်ပုံများကို မကြာခဏ ဆိုသလိုတွေ့ရတတ်ပါသည် ။

၎င်းများထဲ့မှ့ လေးငါးခုလောက်ကို ကျွန်တော် တတ်သလောက် ရေးသားတင်ပြပါမည် စာအရေးအသား မကျွမ်းကျင်၍ နားမလည်ပါက သည်းခံ၍ နှစ်ခေါက် သုံးခေါက်ဖတ်ပေးကြပါရန် တောင်းပန်အပ်ပါသည်။

တစ်ခါသောအချိန်က ဆရာတော်ကြီးအား တရားပွဲများပင့်ဖိတ်ကြ၍ ကရင်ပြည်နယ်ဖက်ကို ကျွန်တော့်ကားဖြင့်ပင့်ဆောင်ခွင့်ရခဲ့ပါသည်။

ဆရာတော်ကြီးအား ဘေးမှတင်ဆောင်၍ ကားမောင်းနေစဉ် ကလေးမြို့မှ ဖုန်းဝင်လာပါသည်

။ကျောက်ဂူဆရာတော်ကြီး ဆွမ်းဆန်စိမ်းလောင်းပွဲပြီးရင် ကလေးမြို့ထဲ ကြွအုံးမလားတဲ့ ကျွန်တော်က ဘာဖြစ်လို့လဲလို့ ပြန်မေးမိ့ပါသည် တမူးဖက်ကရွာ တရွာမှာ ရွာလုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းနေတယ်

အဲဒါပိးရင် ကလေးမြို့ထဲ့ကိုပင့်ခြင်လို့ ဟုပြောပါသည်။ ကျွန်တော်လည်း ချက်ခြင်းပင် ကားမောင်းရင်း ကျောက်ဂူ ဆရာတော်အား လျှောက်လိုက်ပါသည် တမူးဖက်ကရွာတရွာမှာ ကျောက်ဂူဆရာတော်တစ်ပါး ရောက်နေတယ်တဲ့ဘုရား။

ဆရာတော်ကလည်း ချက်ခြင်းပင် ရုက္ခစိုးနတ်တွေက ချစ်ကြလို့ အဲလိုဘဲ ခဏခဏဖြစ်တယ် ဟုမိန့်ပါသည် (၁၆) တစ်ခုသော ဘုရားထီးတင်ပွဲတွင် တရားပွဲပင့်ဖိတ်၍ ကျောက်ဂူဆရာတော်ကြီး ကြွရောက်ခဲ့ပါသည်။

ဘုရားထီးတင်ရာ၌လည်း ဆရာတော်ကြီးကိုယ်တိုင် ပါဝင်ကုသိုလ်ယူခဲ့ပါသည် ထီးတင်ရာတွင် အောက်ဖက်ကထီးတော်ကို ရထားပေါ်သို့ တင်ရာနေရာတွင်လည်း

ဆရာတော်ကြီးရှိနေ၍ စေတီထိပ်ပေါ်တွင် ထီးတော်အား ရထားပေါ်မှချ၍ စေတီတွင် တပ်ဆင်ပူဇော်သော နေရာတွင်လည်း ဆရာတော်ကြီး ရှိနေ့ခဲ့ပါသည်)

(၁၇) လွန်ခဲ့သော သုံးလေးနှစ်ခန့်က ဆရာတော်ကြီး ပဲခူးတိုင်း သုံးဆယ်မြို့ ကျောက်ဂူကျောင်းတွင် ဝါဆိုဝါကပ် သော အချိန်ကဖြစ်ပါသည်။

ကျွန်တော်လည်း ဆရာတော်ကြီးနားတွင် ကျောင်းအိပ်ကျောင်းစားဖြင့် အချိန် တော်တော် များများရှိနေဖြစ်ပါသည်။

တစ်နေ့တွင် ဆရာတော်ကြီးမှ ကျွန်တော့်အား ခေါ်၍ ကန် (၇) ရွာကို တစ်ရွာတစ်စီး နာရေးကူညီမူ့ ကားများလှူဒါန်းလိုသည် စီစဉ် ဆောင်ရွက်ရန် ကုသိုလ် ပေးပါ သည် ကားများဝယ်ယူ ပို့ဆောင်ရင်း ကန်(၇)ရွာ ကျောက်ဂူကျောင်းသို့ ရောက်ခဲ့ပါသည်။

ရန်ကုန်ပြန်ရန် လိုင်းကားစောင့်ရင်း ကျောင်းပေါ်တွင် နှစ်ရက်သုံးရက် နေဖြစ်ခဲ့ပါသည်။

ကျောင်းပေါ်တွင် ဘုရားဖူးဧည့်သည် ဆယ်ယောက်ခန့် အဖွဲ့တစ်ဖွဲံ တွေ့၍ ထမင်းများစားသွားကြရန် အဆင်သင့်ပြင်ထားကြောင်း ညအိပ်နားကြမည်ဆိုပါကလည်း အဆင်ပြေပါကြောင်း

ကျောက်ဂူဆရာတော်ကြီးတော့ သုံးဆယ်မြို့ မှာဝါဆို၍ မရှိပါကြောင်းပြောသောအခါ ဒီကျောင်းကို ခဏ ခဏလာဖူးပါကြောင်း ထမင်းလည်းဆွမ်းတန်းတွင် စားပီးပါကြောင်း

ကျောက်ဂူဆရာတော်ကြီးကိုလည်း အခုဘဲတစ်ဖွဲ့လုံး ဖူးခဲ့ပီးပါကြောင်း ဝမ်းသာ ပျော်ရွင်စွာပြော၍ကားပေါ်တက်ကာထွက်ခွာသွားကြပါသည် ။

ခဏအကြာတွင် နောက်ဘုရားဖူးအဖွဲ့ တစ်ဖွဲ့ တွေ့ပြန်၍ ထမင်းများစားသွားကြရန် ဖိတ်ဖြစ်ပါသည် ။

ကျောက်ဂူဆရာတော်ကြီးကို ဖူးရင်း သင်္ကန်းလာကပ်တာဖြစ်ကြောင်း သင်္ကန်းလည်းကပ်ခဲ့ပြီးကြောင်း သီလများလည်ပေးလိုက်ကြောင်း များစွာဝမ်းသာပါကြောင်း လှူရန်များကို ရုံးကျောင်း ပို့ဖို့ မှာလိုက်ကြောင်း ပြောပါသည် ။

ကျွန်တော်လည်း ဧည်သည်များကို ရုံးကျောင်းပို့ နောက် ဆွမ်းတန်းပိုပြီးဆရာတော်ကြီး သီတင်းသုံးရာ တဲကျောင်းလေးသို့ တိတ်ဆိပ်စွာ တစ်ယောက်တည် သွားချောင်းဖြစ်ပါသည်

။အေးငြိမ်းဆိတ်ငြိမ် လှသော တဲ့ကျောင်းလေးထဲတွင် ဆရာတော် ထိုင်နေကြ ထိုင်ခုံပေါ်တွင် အနေကထိုင်လေးခင်းထားတာ တွေ့ရပါသည်။

ဆရာတော်တော့မမြင်ရ မတွေ့ရပါ မရှိပါ ကျွန်တော်လည်း ရိုသေစွာ ရှိ့ခိုးဦးချ၍ ဆရာတော်မှ ကားများပို့ခိုင်းသော ကိစ္စ ပြီးစီးပါကြောင်း

နောက်ထပ် ကုသိုလ်ပေးအလုပ်ခိုင်းလိုပါက အဆင်သင့်ဖြစ်နေပြီဖြစ်ကြာင်း သုံးဆယ်မြို့ကိုရောက်လျှင် ဆရာတော်နှင့်တွေသောအခါ လျှောက်ရန်ရှိသည်များကို(ရီဟာ့ဇယ်) လုပ်ရင်း လျှောက်ထားလိုက်ပါသည်။

Writer ; Kwee (Jeeptoolay)