“တင်းတိတ် ပျောက်ချင်လား သံပုရာသီးနဲ့ အုန်းမုတ်ခွက် သွေးလိမ်းပါ လက်တွေ့ပါ”’

Zaw Gyi

အောက်တွင် Unicode နှင့်

ဖတ်ရှု့နိုင်ပါသည်

အုန်းမုတ် ခွက်သာ သက်သေကြည့်တော့။

သံပုရာသီးမသုံးပဲ အုန်းမုတ်ခွက်ပဲသွေးလူးပါက သုံးခါလောက်လူးပြီး

မျက်နာပြင်ချောမွေ့လာမည်ကိုလက်တွေ့သိရပါလိမ့်မည်

လူသိနည်းသော “အုန်းမှုတ်ခွက်ဆေးနည်းများ”

အခုပြောပြမယ့်ခွက်ကလေးက အုန်းမှုတ်ခွက်လေးအကြောင်းပါ ။

ဖတ်ဘူးသမျှနဲ့ကိုယ်တွေ့ဆေးဖက်ဝင်

တဲ့အုန်းမှုတ်ခွက်အကြောင်းလေးပါ ။

အညာဒေသရဲ့ရွာတွင်းရွာပြင် ပြယုဒ်တစ်ခုဖြစ်တဲ့ချစ့်စရာ့ဓလေ့တွေ ဟာ

…ပျောက်ကွယ်လုနီးပါးဖြစ်နေပါပြီ

။ရေချမ်းစင်မှာ သောက်ရေခွက်အဖြစ် အများအားဖြင့် အသုံးပြု ကြတာကတော့ အုန်းမှုတ်ခွက် ပါ ။

အိုးမှုတ်ခွက် ကို အသေချာ အချော ကိုင် ၊ ခွက်နားစွန်း တဖက်တချက် မှာ

အပေါက်ပြီး လက်ကိုင်ရိုးကို တတ်ထားပါ တယ်။အခွံမပါ၊အမွှေးမပါ

ခွဲထားပြီး၊အသား၊အဆန်ထုတ်ထားပြီး၊လွှင့်ပစ်ထားသောအုန်းမှုတ်ခွက် အခွံကိုဆိုလိုပါသည်။

“ဆေးနည်းတစ်မျိုးကတော့”

အုန်းမှုတ်ခွက်တစ်ခုကို ရေဆေး နေလှမ်းပြီး ပါက မီးရှို့ပါ။

ထွက်လာသောအငွေ့ကို သန့်သော ဒန်၊သတ္ထု အဖုံးတစ်ခုခုဖြင့်မှိုင်းခံပါ။( တစ်ချို့ကတော့ဓါးမကြီးတစ်ချောင်းပေါ်မှာတင်ပြီးလုပ်ပါတယ် မြန်မာနည်းပေါ့ )

အညိုရောင် အဆီများကပ်လာပါမည်။ပွေးကိုသန့်သော ပစ္စည်းတစ်ခုဖြင့်ခြစ်ပါ။

အပေါ်ယံအရေပြား ပွန်းသွားပါက၊အုန်းမှုတ်ခွက် အဆီကို ခြစ်ယူပြီးသုတ်ပေးပါ။အနည်းငယ်စပ်ပြီး ပျောက်ပါသည်။( ပွေးရောဂါ လက်တွေ့ပျောက်ပါသည် )

“နောက်တစ်နည်းကတော့ ”

“တကယ်အသုံးဝင်တဲ့မိတ်ကပ်တစ်မျိုးပေါ့ ”

အပျိုဖော်ဝင်ကာစ လူပျိုအပျိုလေးတွေနဲ့ မျက်နှာမှာအဖုအထစ်တွေနဲ့လကမ္ဘာအလား အစက်အပြောက်တွေထူလပြစ်နဲ့

နဂိုရုပ်ခံကိုပျက်စီးစေတဲ့ ဝက်ခြံ တင်းတိတ် နေလောင်နာတွေအတွက်

ရက်တိုတိုအတွင်း ပျောက်ကင်းချောမွတ်နေစေဖို့ အုန်းမှုတ်ခွက် အရင့်တစ်လုံးကို သွေးပြီးသနပ်ခါးလိမ်းသလို ညတိုင်းလိမ်းအိပ်ပေးရမှာဖြစ်ပါတယ်

အုန်းမှုတ်ခွက် ဆိုပြီးလျှော့တော့မတွက်လိုက်ပါနဲ့ လိမ်းထားလို့ခြောက်သွားရင်

သနပ်ခါးနဲ့မခြားပါဘူး လက်လေးနဲ့အသာပွတ်ကြည့်လိုက် ချောမွတ်နေတဲ့အထိအတွေ့က ဆက်မပြောတော့ဘူး လိမ်းဘူးတဲ့သူတွေသာမေးကြည့်ပါတော့

Credit – Aung Myo ကိုးကား ‘ ရွှေအိမ်စည် Warazein Min နန်း နီ လာ ထွန်း

Unicode