
Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်















Unicode

ပြောင်းလဲသွားသည့် မြန်မာ့မီးရထားနှင့် ရထားပေါ် က နိုင်ငံတကာအဆင့်မှီ သန့်ရှင်းသော စားသောက် တွဲ ပုံစံသစ်

“ မမ ” မြန်မာ့ မီးရထားတောင် အများကြီး ပြောင်းလဲ သွား ပါပြီ ။

၂၀၂၀ ပြည့်နှစ် မတ်လ ၂၁ ရက်နေ့မှ စတင်ပြေး ဆွဲ မည့် မန္တလေး-မြစ်ကြီးနား

အဲယားကွန်း တွဲဆိုင်း + စားသောက်တွဲ နှင့် မန္တလေး မှ ရွှေဘို အထိစမ်းသပ်ပြေးဆွဲ ပါသည်။

စားသောက်တွဲ ဝန်ဆောင်မှု အတွက် သတင်းစာ မှ တင်ဒါခေါ်ယူ ရွေးချယ်ခဲ့ရာ

တင်ဒါ အောင်မြင်သော Amazing Hotel ၏အကြိုပြင်ဆင်ဆောင်ရွက်ထားမှု ကိုပါ စစ်ဆေး ခဲ့ ပါသည်။

ယခင်မြင်တွေ့နေကျ စားသောက်တွဲ ရောင်းချမှုမျိုး မဟုတ်တော့ဘဲ

အဆင့်မီ သန့်ရှင်းသော စားသောက် ဖွယ်ရာများဖြင့် ဝန်ဆောင်မှု ပေးသွား မည်ဖြစ် ပါသည်။

လမ်းခရီး တွင် ရွှေဘို၊ ကန့်ဘလူ၊ ကောလင်း၊ နဘား၊ မိုးညှင်း၊ ဟိုပင်၊ မိုးကောင်း ဘူတာများ ၌ ရပ်တန့်ပေးသွားမည်ဖြစ်ပါသည်။

ခရီးစဉ်အစအဆုံး လက်မှတ်ခ မှာ ကျပ် နှစ်သောင်း ဖြစ် ပါသည် ။ တွဲဆိုင်းအသစ် (ကိုရီးယားမိတ်) ၊ ဝန်ဆောင်မှု အသစ်နှင့်

ခရီးသွား ပြည်သူပြည်သားများ ကို မြန်မာ့ မီး ရထားဝန်ထမ်း များက မင်္ဂလာပါ ဟု နှုတ်ခွန်းဆက်သကြို ဆိုလျက် လာရောက် စီးနင်းအသုံးပြုကြပါရန် ဖိတ်ခေါ်အပ် ပါသည်။

ဦးအောင်မြင့်လှိုင် (မြန်မာ့မီးရထား)