ကုတင္အိုေပၚက ဖုတ္ဝင္တဲ့ လူနာ ႏွင့္ ခံစားခ်က္မဲ့ လမ္းေပ်ာက္ေနေသာ ဆရာဝန္တို႔ ေတြ ့ၾကေသာအခါ ( ျဖစ္ရပ္မွန္ )

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ကုတင္အုိေပၚက ဖုတ္ဝင္တဲ့ လူနာ နွင့္

ခံစားခ်က္မဲ့ လမ္းေပ်ာက္ေနေသာ ဆရာဝန္တုိ့ ေတြ ့ၾကေသာအခါ ( ျဖစ္ရပ္မွန္ )

မေန႔ညေနက စိတ္ေျပ လက္ေပ်ာက္ ကားဦး တည့္ရာ တစ္ေယာက္ထဲ စိတ္ညစ္ညစ္နဲ႔ ထြက္ ခဲ့တာ။ တစ္နာရီေလာက္ ၾကာ ေတာ့ လမ္း မေကာင္း လို႔ ဆက္ မေမာင္းပဲ ဘယ္ရြာလဲ ေမးေတာ့ “ပန္းတေနာ္ပိုင္ တူးေခ်ာင္းရြာ” တဲ့။

ကရင္လူမ်ိဳး ရြာငယ္ေလး ပါတဲ့။ ဆက္သြားလို႔ မရလို႔ ေနာက္ဆုတ္ဖို႔ ၾကည့္တုန္း တဲအိမ္ေလးေရွ႕မွာ လူတစ္သိုက္ တိုးတိုး စကားေျပာရင္း အခ်ိဳ႕ အမ်ိဳးသမီးေတြက မ်က္ရည္ သုတ္ေန ၾကတာ ျမင္ေတာ့ မေနနိုင္ တာနဲ႔ ဝင္စပ္စုတဲ့ အခါ

ဦးဝင္းတစ္ေယာက္ ေနမေကာင္း ျဖစ္ၿပီး ဖုတ္ဝင္ေနတာ ေလးလေလာက္ ရိွျပၤ။ အခုေတာ့ အသက္ ငင္ ေနလို႔ မိသားစုေတြ စုၿပီး အသက္ထြက္တာေစာင့္ေနၾကတာတဲ့။

ဒါနဲ႔ စိတ္ဝင္စားၿပီး ကြ်န္ေတာ္ ခနၾကည့္ ပါရေစ ဆိုေတာ့ ရွင္က ဘယ္ကတုန္း။ ဘာလုပ္မွာလဲတဲ့။ေမးမွာေပါ့ေလ။

ဆရာဝန္ရုပ္မွမေပါက္ပဲ။ အက်ိဳးအေၾကာင္း ရွင္းျပ ေတာ့ သိပ္လက္မခံခ်င္ဘူး။ ဖုတ္ဝင္တယ္လို႔ ယူဆၾကေတာ့ ေၾကာက္ ၿပီး ျမန္ျမန္ ေသေစခ်င္ပံုရတယ္။

ဒါနဲ႔ ဆရာဝန္ဆိုေပမဲ့ ဖုတ္လဲသြင္းတတ္ပါတယ္။ ဖုတ္လဲထုတ္ တတ္ ပါတယ္။ ၾသဇာ ရြက္ ခုနွစ္ရြက္ ဖင္ေအာက္မွာထား။

ကုလားဖဲ သံုးခ်ပ္ ကို ေက်ာေအာက္ ခု။

ခံုဖိနပ္ တစ္စံုကို ေက်ာခ်င္း ကပ္ပီး လူနာေခါင္း ေအာက္မွာ ထားရင္ ဖုတ္ခ်က္ခ်င္း ထြက္တယ္လို႔ ေျပာေတာ့ နည္းနည္း ယံုသြားပံု ရၿပီး ၾကည့္ခ်င္ ၾကည့္ေလ ဆိုေတာ့မွ

နတ္စင္ သာသာ တဲေလးေပၚ ေလးဖက္ ေထာက္ၿပီး ၾကည့္လိုက္ေတာ့ မလွဲနိုင္လို႔ အိမ္တုိင္ဖက္ကာ အသက္လု႐ွဴ ျပီး အသက္ငင္ ေနတဲ့ အသက္ေျခာက္ဆယ္ခန္႔ လူနာကို စိတ္မေကာင္းစြာ ေတြ႕ရတယ္။

ဒါနဲ႔ ခဏ စမ္းသပ္ခြင့္ ေတာင္းေတာ့ ခြင့္ျပဳတာနဲ႔ ကားဆီေျပးျပီး အသက္ကယ္အိတ္ နဲ႔ တယ္လီေဗးရွင္း ဓါတ္မွန္စက္ ေျပးယူျပီး ၾကည့္ လိုက္ေတာ့ ညာဖက္ရင္ေခါင္း တစ္ခုလံုး ေရေတြ ျပည့္ေနတာ ေတြ႕ေရာ။

ဒီေတာ့ လူနာရွင္နဲ႔ အနားမွာရိွတဲ့ ရြာလူၾကီးေတြကို ေခၚျပီး ဒီလူနာဟာ ဖုတ္ဝင္တာ မဟုတ္၊ အဆုပ္ထဲ ေရဝင္တာ။

ေဖါက္ထုတ္ရင္ အသက္ရွင္နိုင္ေၾကာင္း။

ဒီအတိုင္း ထားရင္ မၾကာခင္ ေသေတာ့မည္ ျဖစ္ေၾကာင္း ရွင္းျပ ေတာ့ အားလံုး သေဘာတူတာနဲ႔ လက္မွတ္ထိုး ခိုင္းျပီး ပါလာတဲ့ ေသြးခံအိတ္က ပိုက္ကို ျဖတ္ပီး ေဖါက္ထုတ္ လိုက္ တာ တစ္လီတာ ေရသန္႔ဘူး သံုးဘူး ခြဲ ရတယ္။

လူနာလဲ အသက္ျပန္ရွဴ လာျပီး သတိျပန္ရ လာတယ္။ အသက္ကယ္ ေဆး ပါ ထိုးလိုက္ေတာ့ နာရီဝက္ေလာက္ အၾကာမွာ စကားျပန္ ေျပာနိုင္ ၿပီ။

ဒီေတာ့မွ ဘာျဖစ္လို႔ ဒီေလာက္ အထိ အျဖစ္ခံ ရလဲလို႔ ေမးေတာ့မွ “ေဆးကုဖို႔ ပိုက္ဆံမရိွတာက တစ္ေၾကာင္း၊ ေဝဒနာ ၾကာ လာေတာ့ ေဆးပညာ အသိနည္း ေတာ့ သူမ်ားျပဳစားတယ္။

ဖုတ္ဝင္ တယ္ ဆိုၿပီး ေရမတိုက္။ အစာမေကြ်း အနားမွာ ဘယ္သူမွ မကပ္ၾက ေတာ့ပဲ ပစ္ထားတယ္” ဆိုျပီး ရိႈက္ၾကီး တငင္ ငိုတာနဲ႔ “အားမငယ္နဲ႔။

အဘရဲ႕ အသက္ကို ကြ်န္ေတာ္ တာဝန္ ယူတယ္။ ေပ်ာက္သည္ အထိ အခမဲ႔ ကုေပးမယ္” လို႔ ကတိေပးခဲ့တယ္။

ျပီးေတာ့ အဟာရ အတြက္ ကၽြန္ေတာ့္ဆီ ပါလာတဲ့ ေငြနွစ္ေသာင္းနဲ႔ PSI ကေပးတဲ့ ကိုကာဥ တို႔ကို ထုတ္ေပးခဲ့ျပီး လူနာရွင္ေတြကိုလဲ

ေရွးရိုးစဥ္လာ အစြဲအလန္းေတြ မထားဖို႔ အေသးစိတ္ ရွင္းျပခဲ့ရင္း ေနာက္ေန႔ လူနာကို ဓါတ္မွန္ရိုက္ဖို႔ လာေခၚမည္ျဖစ္ေၾကာင္း မွာၾကား လို႔ လူနာ စိတ္ခ်ရမွ ျပန္လာရင္း ဆံုးျဖတ္ခ်က္ တစ္ခုခိုင္ခိုင္မာမာ ခ်လိုက္ပါတယ္။

ေနာင္ဆိုရင္ အဲယားကြန္း ခန္းထဲမွာထိုင္ျပီး လြမ္းေဆြးေနမယ့္ အစား ဆင္းရဲတြင္း နက္ျပီး ေဝဒနာ ခံစားရင္း ဆရာဝန္ ငံ့လင့္ေနတဲ့ ေရာဂါရွင္ ေတြ ဆီသြား ျပီး အသက္ ကယ္ေတာ့မယ္လို႔။

(တကယ္လို႔မ်ား လူနာသည္ မိဘျဖစ္ခဲ့ေသာ္သားသၼီးက အစာမေကြၽး ေရမတိုက္ခ်င္းေၾကာင့္ အာဟာရျပတ္ကာ ထိုမိဘေသခဲ့ေသာ္သားသၼီးမွာ

တသက္လုံး မိဘ မျပစ္မွားပဲ ေနခဲ့ပါလ်က္ မိဘေသကာနီးမွ ပဥၥာနႏၲရိယ မိဘသတ္တဲ့ ကံႀကီးထိုက္ၾကပါလိမ့္မယ္အဇာတသတ္လို ကံမ်ိဳးေပါ့)

Unicode

ကုတင်အိုပေါ်က ဖုတ်ဝင်တဲ့ လူနာ နှင့် ခံစားချက်မဲ့ လမ်းပျောက်နေသော ဆရာဝန်တို့ တွေ့ကြသောအခါ ( ဖြစ်ရပ်မှန် )

မနေ့ညနေက စိတ်ပြေ လက်ပျောက် ကားဦး တည့်ရာ တစ်ယောက်ထဲ စိတ်ညစ်ညစ်နဲ့ ထွက် ခဲ့တာ။ တစ်နာရီလောက် ကြာ တော့ လမ်း မကောင်း လို့ ဆက် မမောင်းပဲ ဘယ်ရွာလဲ မေးတော့ “ပန်းတနော်ပိုင် တူးချောင်းရွာ” တဲ့။

ကရင်လူမျိုး ရွာငယ်လေး ပါတဲ့။ ဆက်သွားလို့ မရလို့ နောက်ဆုတ်ဖို့ ကြည့်တုန်း တဲအိမ်လေးရှေ့မှာ လူတစ်သိုက် တိုးတိုး စကားပြောရင်း အချို့ အမျိုးသမီးတွေက မျက်ရည် သုတ်နေ ကြတာ မြင်တော့ မနေနိုင် တာနဲ့ ဝင်စပ်စုတဲ့ အခါ

ဦးဝင်းတစ်ယောက် နေမကောင်း ဖြစ်ပြီး ဖုတ်ဝင်နေတာ လေးလလောက် ရှိင်္ပြ။ အခုတော့ အသက် ငင် နေလို့ မိသားစုတွေ စုပြီး အသက်ထွက်တာစောင့်နေကြတာတဲ့။

ဒါနဲ့ စိတ်ဝင်စားပြီး ကျွန်တော် ခနကြည့် ပါရစေ ဆိုတော့ ရှင်က ဘယ်ကတုန်း။ ဘာလုပ်မှာလဲတဲ့။မေးမှာပေါ့လေ။

ဆရာဝန်ရုပ်မှမပေါက်ပဲ။ အကျိုးအကြောင်း ရှင်းပြ တော့ သိပ်လက်မခံချင်ဘူး။ ဖုတ်ဝင်တယ်လို့ ယူဆကြတော့ ကြောက် ပြီး မြန်မြန် သေစေချင်ပုံရတယ်။

ဒါနဲ့ ဆရာဝန်ဆိုပေမဲ့ ဖုတ်လဲသွင်းတတ်ပါတယ်။ ဖုတ်လဲထုတ် တတ် ပါတယ်။ သြဇာ ရွက် ခုနှစ်ရွက် ဖင်အောက်မှာထား။

ကုလားဖဲ သုံးချပ် ကို ကျောအောက် ခု။

ခုံဖိနပ် တစ်စုံကို ကျောချင်း ကပ်ပီး လူနာခေါင်း အောက်မှာ ထားရင် ဖုတ်ချက်ချင်း ထွက်တယ်လို့ ပြောတော့ နည်းနည်း ယုံသွားပုံ ရပြီး ကြည့်ချင် ကြည့်လေ ဆိုတော့မှ

နတ်စင် သာသာ တဲလေးပေါ် လေးဖက် ထောက်ပြီး ကြည့်လိုက်တော့ မလှဲနိုင်လို့ အိမ်တိုင်ဖက်ကာ အသက်လုရှူ ပြီး အသက်ငင် နေတဲ့ အသက်ခြောက်ဆယ်ခန့် လူနာကို စိတ်မကောင်းစွာ တွေ့ရတယ်။

ဒါနဲ့ ခဏ စမ်းသပ်ခွင့် တောင်းတော့ ခွင့်ပြုတာနဲ့ ကားဆီပြေးပြီး အသက်ကယ်အိတ် နဲ့ တယ်လီဗေးရှင်း ဓါတ်မှန်စက် ပြေးယူပြီး ကြည့် လိုက်တော့ ညာဖက်ရင်ခေါင်း တစ်ခုလုံး ရေတွေ ပြည့်နေတာ တွေ့ရော။

ဒီတော့ လူနာရှင်နဲ့ အနားမှာရှိတဲ့ ရွာလူကြီးတွေကို ခေါ်ပြီး ဒီလူနာဟာ ဖုတ်ဝင်တာ မဟုတ်၊ အဆုပ်ထဲ ရေဝင်တာ။

ဖေါက်ထုတ်ရင် အသက်ရှင်နိုင်ကြောင်း။

ဒီအတိုင်း ထားရင် မကြာခင် သေတော့မည် ဖြစ်ကြောင်း ရှင်းပြ တော့ အားလုံး သဘောတူတာနဲ့ လက်မှတ်ထိုး ခိုင်းပြီး ပါလာတဲ့ သွေးခံအိတ်က ပိုက်ကို ဖြတ်ပီး ဖေါက်ထုတ် လိုက် တာ တစ်လီတာ ရေသန့်ဘူး သုံးဘူး ခွဲ ရတယ်။

လူနာလဲ အသက်ပြန်ရှူ လာပြီး သတိပြန်ရ လာတယ်။ အသက်ကယ် ဆေး ပါ ထိုးလိုက်တော့ နာရီဝက်လောက် အကြာမှာ စကားပြန် ပြောနိုင် ပြီ။

ဒီတော့မှ ဘာဖြစ်လို့ ဒီလောက် အထိ အဖြစ်ခံ ရလဲလို့ မေးတော့မှ “ဆေးကုဖို့ ပိုက်ဆံမရှိတာက တစ်ကြောင်း၊ ဝေဒနာ ကြာ လာတော့ ဆေးပညာ အသိနည်း တော့ သူများပြုစားတယ်။

ဖုတ်ဝင် တယ် ဆိုပြီး ရေမတိုက်။ အစာမကျွေး အနားမှာ ဘယ်သူမှ မကပ်ကြ တော့ပဲ ပစ်ထားတယ်” ဆိုပြီး ရှိုက်ကြီး တငင် ငိုတာနဲ့ “အားမငယ်နဲ့။

အဘရဲ့ အသက်ကို ကျွန်တော် တာဝန် ယူတယ်။ ပျောက်သည် အထိ အခမဲ့ ကုပေးမယ်” လို့ ကတိပေးခဲ့တယ်။

ပြီးတော့ အဟာရ အတွက် ကျွန်တော့်ဆီ ပါလာတဲ့ ငွေနှစ်သောင်းနဲ့ PSI ကပေးတဲ့ ကိုကာဥ တို့ကို ထုတ်ပေးခဲ့ပြီး လူနာရှင်တွေကိုလဲ

ရှေးရိုးစဉ်လာ အစွဲအလန်းတွေ မထားဖို့ အသေးစိတ် ရှင်းပြခဲ့ရင်း နောက်နေ့ လူနာကို ဓါတ်မှန်ရိုက်ဖို့ လာခေါ်မည်ဖြစ်ကြောင်း မှာကြား လို့ လူနာ စိတ်ချရမှ ပြန်လာရင်း ဆုံးဖြတ်ချက် တစ်ခုခိုင်ခိုင်မာမာ ချလိုက်ပါတယ်။

နောင်ဆိုရင် အဲယားကွန်း ခန်းထဲမှာထိုင်ပြီး လွမ်းဆွေးနေမယ့် အစား ဆင်းရဲတွင်း နက်ပြီး ဝေဒနာ ခံစားရင်း ဆရာဝန် ငံ့လင့်နေတဲ့ ရောဂါရှင် တွေ ဆီသွား ပြီး အသက် ကယ်တော့မယ်လို့။

(တကယ်လို့များ လူနာသည် မိဘဖြစ်ခဲ့သော်သားသ္မီးက အစာမကျွေး ရေမတိုက်ချင်းကြောင့် အာဟာရပြတ်ကာ ထိုမိဘသေခဲ့သော်သားသ္မီးမှာ

တသက်လုံး မိဘ မပြစ်မှားပဲ နေခဲ့ပါလျက် မိဘသေကာနီးမှ ပဉ္စာနန္တရိယ မိဘသတ်တဲ့ ကံကြီးထိုက်ကြပါလိမ့်မယ်အဇာတသတ်လို ကံမျိုးပေါ့)