ရာဇဝင္အဆက္ဆက္ မည္သည့္မင္းလက္ထက္ကမွ မႀကဳံဖူးေသာေ႐ႊတိဂုံမွာ ေလာင္တဲ့မီး ျဖစ္ရပ္မွန္

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ရာဇဝင္အဆက္ဆက္ မည္သည့္မင္းလက္ထက္ကမွ မႀကဳံဖူးေသာ ျဖစ္ရပ္မွန္

ေ႐ႊတိဂုံမွာ ေလာင္တဲ့မီး

ဒီျဖစ္ရပ္ႀကီးသည္ ရာဇဝင္အဆက္ဆက္ မည္သည့္မင္းလက္ထက္ကမွ မႀကဳံဖူးေသာ ျဖစ္ရပ္ ပင္ျဖစ္သည္။ ထိုအေၾကာင္းကို မွတ္မိေသးသူ

တခ်ိဳ႕ ရွိႏိုင္ေသာ္လည္း ေနာက္ပိုင္းလူ အမ်ားစု သိရွိေတာ့မွာမဟုတ္ေခ်။ေ႐ႊတိဂုံေစတီႀကီး မီးခခံခဲ့ရျခင္းကို ေနာက္ပိုင္းလူမ်ား သိရွိေစရန္ဗဟုသုတအေနနဲ႔ ျပန္လည္ တင္ျပလိုက္ပါသည္။

အရင္တုန္းကေတာ့ ေ႐ႊတိဂုံေစာင္းတန္းမ်ားတြင္ မီးေလာင္သည့္ပုံမ်ားကို ခ်ိတ္ဆြဲထားခဲ့ဖူးပါသည္။မီးစေလာင္သည့္အခ်ိန္မွာ ၁၉၃၁ ခုႏွစ္

မတ္လ ၆ ရက္ (ျမန္မာသကၠရာဇ္ ၁၃၉၂ခု ၊ တေပါင္း လဆုတ္ ၄ ရက္ေန႔) ေသာၾကာေန႔ မြန္းလြဲ ၃ နာရီတြင္ စတင္ေလာင္ကြၽမ္းခဲ့ျခင္း

ျဖစ္သည္။

မီးေလာင္ျခင္း၏ အစမွာကား “အမႈိက္ကစ ျပသာဒ္မီးေလာင္” ဟူေသာ စကားလို အမႈိက္ပုံ မီးရႈိ႕ရာမွ စတင္ေလာင္ကြၽမ္းခဲ့သည္ ဟု သိရ

သည္။အမႈိက္ပုံမွ မီးသည္ ပထမအစတြင္ ဘုရားေစာင့္ျပာတာ၏ တဲကေလးကို ကူးစက္ေလာင္ ကြၽမ္းခဲ့သည္။

ဒုတိယ ၎တဲကေလးမွ သီလရွင္တဲမ်ား ၊ လက္ဘက္ရည္ဆိုင္မ်ား ၊ ဦးနာဂိႏၵ မ႑ပ္ မ်ားေလာင္ကြၽမ္းကုန္သည္။

ထိုအခ်ိန္တြင္ အ

ေနာက္ေလကလည္း ပင့္ေပးသျဖင့္ မီးပြားမီးၫြန႔္တို႔သည္ အနီးရွိ အပင္မ်ားကို မီးေလာင္၍ အေနာက္ဘက္ရင္ျပင္ေပၚမွ ဇရပ္မ်ားကို

စတင္ေလာင္ကြၽမ္းခဲ့သည္။

ပထမဆုံး ေလာင္ကြၽမ္းခံခဲ့ရသည့္ တန္ေဆာင္းမွာ သိမ္ႀကီးေဈး ၂ျပား တန္ေဆာင္းျဖစ္သည္။ ၂ျပား တန္ေဆာင္းဟု ေခၚရျခင္းမွာ သိမ္

ႀကီးေဈး ေဈးသူ ေဈးသားမ်ား တစ္ေန႔ ၂ျပားစီ စုေစာင္း ေကာက္ခံကာ တည္ေဆာက္ထားခဲ့ျခင္းေၾကာင့္ ျဖစ္သည္။

အျဖစ္အပ်က္မွာ

မိနစ္ပိုင္းမွ် ပင္ၾကာသည္။

ထိုအခ်ိန္တြင္ ဘုရားလူႀကီးမ်ား ႏွင့္ လူငယ္မ်ားေရာက္ရွိလာကာ မီးကိုၿငိမ္းသတ္ၾကေလသည္။ ထိုအခ်ိန္ထိ ရန္ကုန္ျမဴနီစီပယ္ မီးသတ္

သမားတို႔မွာ ေရာက္မလာၾကေသး။ လူအားႏွင့္ မီးအား ၿငိမ္းရန္ ႀကိဳးစားေသာ္လည္း အျမင့္တြင္စြဲေသာမီးျဖစ္ေသာေၾကာင့္လည္ေကာင္း၊

တက္ေရာက္ ရန္လည္း ခဲယဥ္းသျဖင့္ လည္ေကာင္း ၊ ေလကလည္းပင့္ေနေသာေၾကာင့္လည္ေကာင္း မီးအား မျငႇိမ္းႏိုင္ခဲ့ပါေပ။

မီးသည္ ၂ျပား တန္ေဆာင္းမွ တဆင့္ မ်က္ႏွာခ်င္းဆိုင္မွ ဦးေအာင္ႀကီး အာ႐ုဏ္ခံတန္ေဆာင္းသို႔ ကူးစက္ၿပီးသည့္ေနာက္ ကိုဇေမာင္တန္

ေဆာင္း၊ေဒၚဖြားတန္ေဆာင္း ၊ ဦးဘိုးေက်ာ္တန္ ေဆာင္း မ်ားလည္း ေလာင္ကြၽမ္းခံခဲ့ရသည္။

ထိုမွ တဖန္ ေလအားကလည္း ပိုမိုျပင္းလာေပရာ ေစတီေတာ္ႀကီးလုံးပတ္ရွိ ေ႐ႊခ်ရန္ကာရံ ထား ေသာ ျငမ္းမ်ားကို မီးကူးစက္ေလာင္ကြၽမ္း

ျပန္သည္။ ေစတီေတာ္ႀကီးလုံးပတ္ မီးဟပ္ ေသာအခါ မၾကည့္ရက္ၾကေသာ လူငယ္လူ႐ြယ္မ်ားကအသက္ကိုပင္ အသက္မမွတ္ ၊တက္

ေရာက္ၿငိမ္း သတ္ၾကသျဖင့္ ဘုရားႀကီးတစ္ခုလုံးေဘးမွ ျငမ္းမ်ား မီးမေလာင္ခဲ့ ျခင္းျဖစ္သည္။

ထိုမွတဖန္ အေရွ႕ဘက္တန္ေဆာင္းမ်ား ၊ ေျမာက္ဘက္တန္ေဆာင္းမ်ား အသီးသီးေလာင္ ကြၽမ္း ရျပန္သည္။ ကုန္းေတာ္ေပၚတြင္ ေရသည္

မရွိ၊ အေနာက္ဘက္မုဒ္ရွိကန္မွ ေရကို ခဲရာခဲဆစ္ တင္ရ သျဖင့္ မီးၿငိမ္းရသည္မွာ အေတာ္ပင္ ခက္ခဲခဲ့ေၾကာင္း သိရသည္။

မီးသတ္သမားမ်ား ၊ လူပဂၢိဳလ္မ်ား ႏွင့္ ရဟန္းမ်ားသည္ ဝိုင္းဝန္းပူးေပါင္းကာ အသက္စြန႔္၍ မီးအား ၿငိမ္းသတ္ရန္ႀကိဳးစားခဲ့ၾကသည္။ တ

ခ်ိဳ႕ကိုယ္ေတာ္မ်ား ႏွင့္လူငယ္မ်ားသည္မီးေလာင္ ေန႔သည့္ ေနရာမ်ားသို႔ အတင္းတက္၍ ပက္ခဲ့သည္အထိဘုရားႀကီးအားကာကြယ္ လိုစိတ္

ျပင္း ထန္ခဲ့သည္။

အေရွ႕ဘက္သို႔ မီးကူးၿပီဟု ၾကားသည့္အခါ စိန္ဖူး ၊ ငွက္ျမတ္နား ႏွင့္ အဘိုးထိုက္ ဘ႑ာမ်ား ထားရာ ပရိေဘာဂတိုက္ႀကီးအတြက္

စိုးရိမ္ေနၾကသည္။ ထိုပရိေဘာဂတိုက္ႀကီးေရွ႕တြင္ ေဂၚရာစစ္သား ၁၅ ေယာက္တို႔က လွံစြပ္ေသနတ္မ်ားႏွင့္ ေစာင့္ေရွာက္ဝိုင္းထားၾက

ေၾကာင္း သိရသည္။

ရဟန္းရွင္လူ လူအမ်ားညီၫြတ္မႈေၾကာင့္သာ မီးသည္ ည၁၀ နာရီခန႔္တြင္ ၿငိမ္းသြားခဲ့ရသည္။ သို႔မဟုတ္ပါမႈ ေ႐ႊတိဂုံေစတီတြင္ ဇရပ္တန္

ေဆာင္း မွန္သမွ် မီးထဲတြင္ ပါသြားႏိုင္သည္။

မီးၿငိမ္းၿပီး ေနာက္တစ္ရက္တြင္ကား သတင္းစာ ၊ ဂ်ာနယ္အေစာင္ေစာင္တို႔တြင္ သတင္းဓာတ္ပုံ မ်ား ေဝဝဆာဆာျဖင့္ ေဖာ္ျပၿပီး ဘုရားႀကီး

အား ျပန္လည္ မြမ္းမံျပင္ဆင္ၾကရန္ တိုက္တြန္းမႈ မ်ား ျပဳလုပ္ၾကသည္။

စီးပြားေရးသမားမ်ားကလည္း မိမိတို႔၏ကုန္ပစၥည္းမ်ားတြင္ဘုရားႀကီးမီးေလာင္သည့္အ ေၾကာင္း ကိုစပ္လွ်ဥ္း၍ ထည့္သြင္းေၾကာ္ျငာခဲ့ၿပီး

တတ္ႏိုင္သမွ်အလႉေငြမ်ား ပါဝင္ခဲ့ၾကသည္။

ယေန႔တြင္ေတာ့ ေ႐ႊတိဂုံေစတီေတာ္ႀကီး ႏွင့္ ဝန္းက်င္တဝိုက္သည္ ေ႐ႊေရာင္တဝင္းဝင္း ႏွင့္ သပၸါယ္လွပေနေသာ္လည္း အရင္တခ်ိန္က ဤ

သို႔ ဤႏွယ္ႀကီးႀကီးမားမား မီးေလာင္ကြၽမ္းခဲ့ဖူး ေၾကာင္း ဗဟုသုတအေန ႏွင့္ တင္ျပလိုက္ပါသည္။

Ref; က်ိန္စာသင့္တဲ့ သမိုင္းပုံရိပ္မ်ား – သန္းထြန္း(လွည္းကူး) / ျမန္မာ့စြယ္စုံက်မ္း

Unicode

ရာဇဝင်အဆက်ဆက် မည်သည့်မင်းလက်ထက်ကမှ မကြုံဖူးသော ဖြစ်ရပ်မှန်

ရွှေတိဂုံမှာ လောင်တဲ့မီးဒီဖြစ်ရပ်ကြီးသည် ရာဇဝင်အဆက်ဆက် မည်သည့်မင်းလက်ထက်ကမှ မကြုံဖူးသော ဖြစ်ရပ် ပင်ဖြစ်သည်။ ထိုအကြောင်းကို မှတ်မိသေးသူ

တချို့ ရှိနိုင်သော်လည်း နောက်ပိုင်းလူ အများစု သိရှိတော့မှာမဟုတ်ချေ။ရွှေတိဂုံစေတီကြီး မီးခခံခဲ့ရခြင်းကို နောက်ပိုင်းလူများ သိရှိစေရန်ဗဟုသုတအနေနဲ့ ပြန်လည် တင်ပြလိုက်ပါသည်။

အရင်တုန်းကတော့ ရွှေတိဂုံစောင်းတန်းများတွင် မီးလောင်သည့်ပုံများကို ချိတ်ဆွဲထားခဲ့ဖူးပါသည်။မီးစလောင်သည့်အချိန်မှာ ၁၉၃၁ ခုနှစ်

မတ်လ ၆ ရက် (မြန်မာသက္ကရာဇ် ၁၃၉၂ခု ၊ တပေါင်း လဆုတ် ၄ ရက်နေ့) သောကြာနေ့ မွန်းလွဲ ၃ နာရီတွင် စတင်လောင်ကျွမ်းခဲ့ခြင်း

ဖြစ်သည်။

မီးလောင်ခြင်း၏ အစမှာကား “အမှိုက်ကစ ပြသာဒ်မီးလောင်” ဟူသော စကားလို အမှိုက်ပုံ မီးရှို့ရာမှ စတင်လောင်ကျွမ်းခဲ့သည် ဟု သိရ

သည်။အမှိုက်ပုံမှ မီးသည် ပထမအစတွင် ဘုရားစောင့်ပြာတာ၏ တဲကလေးကို ကူးစက်လောင် ကျွမ်းခဲ့သည်။

ဒုတိယ ၎င်းတဲကလေးမှ သီလရှင်တဲများ ၊ လက်ဘက်ရည်ဆိုင်များ ၊ ဦးနာဂိန္ဒ မဏ္ဍပ် များလောင်ကျွမ်းကုန်သည်။ ထိုအချိန်တွင် အ

နောက်လေကလည်း ပင့်ပေးသဖြင့် မီးပွားမီးညွန့်တို့သည် အနီးရှိ အပင်များကို မီးလောင်၍ အနောက်ဘက်ရင်ပြင်ပေါ်မှ ဇရပ်များကို

စတင်လောင်ကျွမ်းခဲ့သည်။

ပထမဆုံး လောင်ကျွမ်းခံခဲ့ရသည့် တန်ဆောင်းမှာ သိမ်ကြီးဈေး ၂ပြား တန်ဆောင်းဖြစ်သည်။ ၂ပြား တန်ဆောင်းဟု ခေါ်ရခြင်းမှာ သိမ်

ကြီးဈေး ဈေးသူ ဈေးသားများ တစ်နေ့ ၂ပြားစီ စုစောင်း ကောက်ခံကာ တည်ဆောက်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။ အဖြစ်အပျက်မှာ

မိနစ်ပိုင်းမျှ ပင်ကြာသည်။

ထိုအချိန်တွင် ဘုရားလူကြီးများ နှင့် လူငယ်များရောက်ရှိလာကာ မီးကိုငြိမ်းသတ်ကြလေသည်။ ထိုအချိန်ထိ ရန်ကုန်မြူနီစီပယ် မီးသတ်

သမားတို့မှာ ရောက်မလာကြသေး။ လူအားနှင့် မီးအား ငြိမ်းရန် ကြိုးစားသော်လည်း အမြင့်တွင်စွဲသောမီးဖြစ်သောကြောင့်လည်ကောင်း၊

တက်ရောက် ရန်လည်း ခဲယဉ်းသဖြင့် လည်ကောင်း ၊ လေကလည်းပင့်နေသောကြောင့်လည်ကောင်း မီးအား မငြှိမ်းနိုင်ခဲ့ပါပေ။

မီးသည် ၂ပြား တန်ဆောင်းမှ တဆင့် မျက်နှာချင်းဆိုင်မှ ဦးအောင်ကြီး အာရုဏ်ခံတန်ဆောင်းသို့ ကူးစက်ပြီးသည့်နောက် ကိုဇမောင်တန်

ဆောင်း၊ဒေါ်ဖွားတန်ဆောင်း ၊ ဦးဘိုးကျော်တန် ဆောင်း များလည်း လောင်ကျွမ်းခံခဲ့ရသည်။

ထိုမှ တဖန် လေအားကလည်း ပိုမိုပြင်းလာပေရာ စေတီတော်ကြီးလုံးပတ်ရှိ ရွှေချရန်ကာရံ ထား သော ငြမ်းများကို မီးကူးစက်လောင်ကျွမ်း

ပြန်သည်။ စေတီတော်ကြီးလုံးပတ် မီးဟပ် သောအခါ မကြည့်ရက်ကြသော လူငယ်လူရွယ်များကအသက်ကိုပင် အသက်မမှတ် ၊တက်

ရောက်ငြိမ်း သတ်ကြသဖြင့် ဘုရားကြီးတစ်ခုလုံးဘေးမှ ငြမ်းများ မီးမလောင်ခဲ့ ခြင်းဖြစ်သည်။

ထိုမှတဖန် အရှေ့ဘက်တန်ဆောင်းများ ၊ မြောက်ဘက်တန်ဆောင်းများ အသီးသီးလောင် ကျွမ်း ရပြန်သည်။ ကုန်းတော်ပေါ်တွင် ရေသည်

မရှိ၊ အနောက်ဘက်မုဒ်ရှိကန်မှ ရေကို ခဲရာခဲဆစ် တင်ရ သဖြင့် မီးငြိမ်းရသည်မှာ အတော်ပင် ခက်ခဲခဲ့ကြောင်း သိရသည်။

မီးသတ်သမားများ ၊ လူပဂ္ဂိုလ်များ နှင့် ရဟန်းများသည် ဝိုင်းဝန်းပူးပေါင်းကာ အသက်စွန့်၍ မီးအား ငြိမ်းသတ်ရန်ကြိုးစားခဲ့ကြသည်။ တ

ချို့ကိုယ်တော်များ နှင့်လူငယ်များသည်မီးလောင် နေ့သည့် နေရာများသို့ အတင်းတက်၍ ပက်ခဲ့သည်အထိဘုရားကြီးအားကာကွယ် လိုစိတ်

ပြင်း ထန်ခဲ့သည်။

အရှေ့ဘက်သို့ မီးကူးပြီဟု ကြားသည့်အခါ စိန်ဖူး ၊ ငှက်မြတ်နား နှင့် အဘိုးထိုက် ဘဏ္ဍာများ ထားရာ ပရိဘောဂတိုက်ကြီးအတွက်

စိုးရိမ်နေကြသည်။ ထိုပရိဘောဂတိုက်ကြီးရှေ့တွင် ဂေါ်ရာစစ်သား ၁၅ ယောက်တို့က လှံစွပ်သေနတ်များနှင့် စောင့်ရှောက်ဝိုင်းထားကြ

ကြောင်း သိရသည်။

ရဟန်းရှင်လူ လူအများညီညွတ်မှုကြောင့်သာ မီးသည် ည၁၀ နာရီခန့်တွင် ငြိမ်းသွားခဲ့ရသည်။ သို့မဟုတ်ပါမှု ရွှေတိဂုံစေတီတွင် ဇရပ်တန်

ဆောင်း မှန်သမျှ မီးထဲတွင် ပါသွားနိုင်သည်။

မီးငြိမ်းပြီး နောက်တစ်ရက်တွင်ကား သတင်းစာ ၊ ဂျာနယ်အစောင်စောင်တို့တွင် သတင်းဓာတ်ပုံ များ ဝေဝဆာဆာဖြင့် ဖော်ပြပြီး ဘုရားကြီး

အား ပြန်လည် မွမ်းမံပြင်ဆင်ကြရန် တိုက်တွန်းမှု များ ပြုလုပ်ကြသည်။

စီးပွားရေးသမားများကလည်း မိမိတို့၏ကုန်ပစ္စည်းများတွင်ဘုရားကြီးမီးလောင်သည့်အ ကြောင်း ကိုစပ်လျှဉ်း၍ ထည့်သွင်းကြော်ငြာခဲ့ပြီး

တတ်နိုင်သမျှအလှူငွေများ ပါဝင်ခဲ့ကြသည်။

ယနေ့တွင်တော့ ရွှေတိဂုံစေတီတော်ကြီး နှင့် ဝန်းကျင်တဝိုက်သည် ရွှေရောင်တဝင်းဝင်း နှင့် သပ္ပါယ်လှပနေသော်လည်း အရင်တချိန်က ဤ

သို့ ဤနှယ်ကြီးကြီးမားမား မီးလောင်ကျွမ်းခဲ့ဖူး ကြောင်း ဗဟုသုတအနေ နှင့် တင်ပြလိုက်ပါသည်။

Ref; ကျိန်စာသင့်တဲ့ သမိုင်းပုံရိပ်များ – သန်းထွန်း(လှည်းကူး) / မြန်မာ့စွယ်စုံကျမ်း