“ဆံပင္ျဖဴေတြ” ကို တစ္ခါျပန္နက္ေစမယ့္ ေၾကာင္လွ်ာသီး အစြမ္း
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
ဆံပင္ျဖဴေတြ” ကို တစ္ခါျပန္နက္ေစမယ့္
ေၾကာင္လွ်ာသီး အစြမ္း
ဆံပင္ျဖဴကိုဆိုးေဆးမသုံးပဲျပန္မနက္ႏိုင္ဟုထင္ၾကသည္။ေၾကာင္လွ်ာသီးကို ေပၚေသာ
ရာသီတြင္ႏွစ္လခန႔္ ေန႔စဥ္ျပဳပ္၍အတို႔အျမႇဳပ္လုပ္၍၎
။ေၾကာ္ခ်က္အျဖစ္ ၎။
မီးဖုတ္ၿပီးၾကက္ဥႏွင့္ေရာေၾကာ္၍၎တစ္နည္း နည္းျဖင့္ ေန႔စဥ္စားသုံးေပးလွ်င္ဆံပင္ျဖဴမ်ားျပန္နက္လာေစႏိုင္သည္။
ေၾကာင္လွ်ာပြင့္ေျခာက္မ်ားကိုေပါေသာရာသီတြင္ ဝယ္ယူစုေဆာင္းၿပီးစဥ့္အိုးငယ္တြင္သိပ္၍ တစ္ႏွစ္လုံးသိမ္းဆည္းထားႏိုင္သည္ ။
အပြင့္ကိုေရေႏြးေဖ်ာ၍သုပ္စားလွ်င္ေလဆက္ေစသည္ဟုေရွးလူႀကီးမ်ားေျပာသည္။ေလအားေကာင္းေစသည္။
နားေလထြက္ျခင္း။နားပင္းျခင္း။
အသက္ႀကီး၍နားေလးျခင္းမ်ားအတြက္ေကာင္းပါသည္။
(ေသြးတိုးရွိသူမ်ားကေတာ့ သတိထားစား)
က်မ္းမ်ားမွ(အဆို)
၁။ ေၾကာင္လွ်ာသီးကိုၾကက္သားႏွင့္ခ်က္စားပါကပန္း နာ(ရင္ၾကပ္)ေရာဂါေပ်ာက္သည္။
၂။ ငါးရံ႕ျဖင့္ခ်က္စားပါက ကာလဝမ္းေရာဂါေပ်ာက္ဧ။္
အားကိုျဖစ္ေစၿပီးအစာမေၾကဝမ္းပ်က္ေပ်ာက္ဧ။္။
၃။ ပုဇြန္ျဖင့္ခ်က္စားပါကႏွလုံးေလ႐ိုက္ေရာဂါ။ ႏွလုံး တုန္ရင္တုန္ေရာဂါေပ်ာက္ဧ။္။
၄။ ငါးသေလာက္ျဖင့္ခ်က္စားပါကအေဖာေရာဂါက်ေစ ၍ႏွလုံးေရာဂါကိုသက္သာေစသည္။
၅။ ငါးေႁမြတိုးႏွင့္ခ်က္စားကဒူလာေသြးဝမ္း။မီးယပ္ေသြးဝမ္
း။ျမင္းသ႐ိုက္(လိပ္ေခါင္း) ေရာဂါတို႔ေပ်ာက္ကင္းေစနိင္ပါသည္။
ေသြးတိုးႏွင့္တည့္မတည့္ေမးသူမ်ားအတြက္
၁။အပူေသြးတိုး ႏွင့္
၂။အေအးေသြးတိုး ဟုႏွစ္မ်ိဳးရွိသည္။
အလြယ္ေျပာရလွ်င္ လူပိန္၊မဲမ်ားသည္ အပူေသြးတိုးရွိတတ္သည္။ သြက္လက္သည္။ေဒါသႀကီးသည္..
လူျဖဴ၊ဝ၊စို၊အသားအေရေအးသူမ်ား၊ဇိမ္ခံသူမ်ားတြင္ အေအးေသြးတိုးရွိတတ္သည္။ အေအးေသြးတိုးသည္ ဆီးခ်ိဳႏွင့္တြဲျဖစ္တတ္သည္။
ေသြးတိုးသည္. ေလတိုးဟုလည္းယူဆသျဖင့္.
(အခါးဟူသမွ်၊ေလဓာတ္ႂကြ) အယူအဆအရ ..
အခါးအရသာရွိေသာအစာမွန္သမွ်ေသြးတိုးႏိုင္သည္။ေၾကာင္လွ်ာသီးသည္ပူခါး ျဖစ္သျဖင့္ အပူေသြးတိုးရွိသူမ်ားမသင့္ပါ။
မသင့္ေသာ္လည္းေဆးဘက္ဝင္အျဖစ္အနည္းငယ္ သင့္႐ုံစားႏိုင္ပါသည္။ မသကၤာလွ်င္ေဆးႀကိဳေသာက္ထားပါ။
စာေရးသူကိုယ္တိုင္ေသြးတိုးရွိပါသည္။ေၾကာင္လွ်ာပြင့္သုပ္စားၿပီးေခါင္းမၾကည္လွ်င္
ေရွာက္ရည္ႏွင့္ပ်ားရည္ ေဖ်ာ္ေသာက္ပါသည္။
အေအးေသြးတိုးႏွင့္ဆီးခ်ိဳရွိသူမ်ားမွာ ေၾကာင္လွ်ာႏွင့္တည့္ပါသည္။ အခါးအရသာ ျဖစ္၍
ဆီးခ်ိဳေသြးခ်ိဳသမားဓာတ္စာေပးသည္ကို ေတြ႕ဖူးပါသည္။
ကံ၊စိတ္၊ဥတု၊အာဟာရ .. မွ်တစြာေနထိုင္ စားေသာက္ က်င့္ႀကံ၍ က်န္းမာခ်မ္းသာ ၾကပါေစ။
မွီျငမ္း။ ။ ေဒၚေမေမပြင့္(တိုင္းရင္းေမ)ဓာတ္စာကုထုံး။
ျမန္မာ့ေဆးဝါးပင္မ်ား(ျမန္မာ့စိုက္ပ်ိဳးေရး လုပ္ငန္း)လယ္.စိုက္.ရွင္း ၁၅.၅.၁၉၈၀ထုတ္။
ၾကည္လြင္ျမင့္(မုျဒာ)ရတနာပုံသတင္းစာ။
Credit:ၾကည္လြင္ျမင့္(မုျဒာ)
Sharing is caring!
Unicode
ဆံပင်ဖြူတွေ” ကို တစ်ခါပြန်နက်စေမယ့် ကြောင်လျှာသီး အစွမ်း
ဆံပင်ဖြူကိုဆိုးဆေးမသုံးပဲပြန်မနက်နိုင်ဟုထင်ကြသည်။ကြောင်လျှာသီးကို ပေါ်သောရာသီတွင်နှစ်လခန့် နေ့စဉ်ပြုပ်၍အတို့အမြှုပ်လုပ်၍၎င်း
။ကြော်ချက်အဖြစ် ၎င်း။မီးဖုတ်ပြီးကြက်ဥနှင့်ရောကြော်၍၎င်းတစ်နည်း
နည်းဖြင့် နေ့စဉ်စားသုံးပေးလျှင်ဆံပင်ဖြူများပြန်နက်လာစေနိုင်သည်။
ကြောင်လျှာပွင့်ခြောက်များကိုပေါသောရာသီတွင် ဝယ်ယူစုဆောင်းပြီးစဉ့်အိုးငယ်တွင်သိပ်၍ တစ်နှစ်လုံးသိမ်းဆည်းထားနိုင်သည် ။
အပွင့်ကိုရေနွေးဖျော၍သုပ်စားလျှင်လေဆက်စေသည်ဟု
ရှေးလူကြီးများပြောသည်။လေအားကောင်းစေသည်။
နားလေထွက်ခြင်း။နားပင်းခြင်း။အသက်ကြီး၍နားလေးခြင်းများအတွက်ကောင်းပါသည်။
(သွေးတိုးရှိသူများကတော့ သတိထားစား)
ကျမ်းများမှ(အဆို)
၁။ ကြောင်လျှာသီးကိုကြက်သားနှင့်ချက်စားပါကပန်း နာ(ရင်ကြပ်)ရောဂါပျောက်သည်။
၂။ ငါးရံ့ဖြင့်ချက်စားပါက ကာလဝမ်းရောဂါပျောက်ဧ။် အားကိုဖြစ်စေပြီးအစာမကြေဝမ်းပျက်ပျောက်ဧ။်။
၃။ ပုဇွန်ဖြင့်ချက်စားပါကနှလုံးလေရိုက်ရောဂါ။ နှလုံး တုန်ရင်တုန်ရောဂါပျောက်ဧ။်။
၄။ ငါးသလောက်ဖြင့်ချက်စားပါကအဖောရောဂါကျစေ ၍နှလုံးရောဂါကိုသက်သာစေသည်။
၅။ ငါးမြွေတိုးနှင့်ချက်စားကဒူလာသွေးဝမ်း။မီးယပ်သွေးဝမ်း။မြင်းသရိုက်(လိပ်ခေါင်း) ရောဂါတို့ပျောက်ကင်းစေနိင်ပါသည်။
သွေးတိုးနှင့်တည့်မတည့်မေးသူများအတွက်
၁။အပူသွေးတိုး နှင့်
၂။အအေးသွေးတိုး ဟုနှစ်မျိုးရှိသည်။
အလွယ်ပြောရလျှင် လူပိန်၊မဲများသည် အပူသွေးတိုးရှိတတ်သည်။ သွက်လက်သည်။ဒေါသကြီးသည်..လူဖြူ၊ဝ၊စို၊အသားအရေအေးသူများ၊ဇိမ်ခံသူများတွင် အအေးသွေးတိုးရှိတတ်သည်။
အအေးသွေးတိုးသည် ဆီးချိုနှင့်တွဲဖြစ်တတ်သည်။
သွေးတိုးသည်. လေတိုးဟုလည်းယူဆသဖြင့်. (အခါးဟူသမျှ၊လေဓာတ်ကြွ) အယူအဆအရ .. အခါးအရသာရှိသောအစာမှန်သမျှသွေးတိုးနိုင်သည်။ကြောင်လျှာသီးသည်ပူခါး ဖြစ်သဖြင့် အပူသွေးတိုးရှိသူများမသင့်ပါ။
မသင့်သော်လည်းဆေးဘက်ဝင်အဖြစ်အနည်းငယ် သင့်ရုံစားနိုင်ပါသည်။ မသင်္ကာလျှင်ဆေးကြိုသောက်ထားပါ။
စာရေးသူကိုယ်တိုင်သွေးတိုးရှိပါသည်။ကြောင်လျှာပွင့်သုပ်စားပြီးခေါင်းမကြည်လျှင် ရှောက်ရည်နှင့်ပျားရည် ဖျော်သောက်ပါသည်။
အအေးသွေးတိုးနှင့်ဆီးချိုရှိသူများမှာ ကြောင်လျှာနှင့်တည့်ပါသည်။ အခါးအရသာ ဖြစ်၍ဆီးချိုသွေးချိုသမားဓာတ်စာပေးသည်ကို တွေ့ဖူးပါသည်။
ကံ၊စိတ်၊ဥတု၊အာဟာရ .. မျှတစွာနေထိုင် စားသောက် ကျင့်ကြံ၍ ကျန်းမာချမ်းသာ ကြပါစေ။
မှီငြမ်း။ ။ ဒေါ်မေမေပွင့်(တိုင်းရင်းမေ)ဓာတ်စာကုထုံး။
မြန်မာ့ဆေးဝါးပင်များ(မြန်မာ့စိုက်ပျိုးရေး လုပ်ငန်း)လယ်.စိုက်.ရှင်း ၁၅.၅.၁၉၈၀ထုတ်။
ကြည်လွင်မြင့်(မုဒြာ)ရတနာပုံသတင်းစာ။
Credit:ကြည်လွင်မြင့်(မုဒြာ)
Sharing is caring!