သင် ရွေးချယ်တဲ့ လတစ်စင်းက ဖော်ပြမယ့် သင့် အတွေးအမြင်
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
1
ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိနဲ့ အင်တိုက်အားတိုက် လုပ်ဆောင်တယ်၊ ဖော်ဖော် ရွေေ၇ွ ရွှင်ရွှင်ပျပျရှိပြီး အကောင်းမြင်စိတ်ကြီးတယ်။
2
3
4
5
6
Unicode
1
သင်က ဘဝမှာ ရည်မှန်းချက်နဲ့ အောင်မြင်မှုတွေကို ဦးစားပေးတဲ့သူဖြစ်တယ်။ ဘယ်အရာကိုမဆို ကျွမ်းကျင်မှုရှိရှိနဲ့ လုပ်ကိုင်တတ်တဲ့သူဖြစ်တယ်။
ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိနဲ့ အင်တိုက်အားတိုက် လုပ်ဆောင်တယ်၊ ဖော်ဖော် ရွေရွေ ရွှင်ရွှင်ပျပျရှိပြီး အကောင်းမြင်စိတ်ကြီးတယ်။
လုံခြုံမှုနဲ့ ခိုင်မာတည်မြဲမှုတွေကို အချိန်အခါကိုကြည့်ပြီး လှုပ်ရှားတတ်တယ်။
သင်ရှင်သန်နိုင်ဖို့အတွက် ပတ်ဝန်ကျင်ကောင်းတစ်ခုကို အပြင်းအထန်ကြိုးစားပြီး ဖန်တီးတည်ဆောက်တတ်တဲ့ သူဖြစ်တယ်။
2
သင့် ပတ်ဝန်းကျင်က အလှရသတွေပြည့်ဝပြီး လုပ်ဆုပ်လုပ်ကိုင်ပြနိုင်တယ်၊ စိတ်ခံစားမှုဆိုင်ရာတွေပေါ်မှာ အခြေတည်တယ်။
သင့်ရဲ့ လျင်တဲ့၊ ကြင်နာသနားတတ်ပြီး ခံစားမှုပြင်းတဲ့ စိတ်က သင့်ကို အလွန်သတိရှိစေတယ်။
သင့်ရဲ့ အာရုံခံစားမှုတွေက သင့်ကို လက်တွေ့ ကျမှုတွေကို ကျော်လွန်ပြီး ရုပ်ဝတ္ထုပိုင်ဆိုင်းရာ ကြိုးပမ်းအားထုတ်မှုတွေနဲ့ လွန်ကဲမှုတွေဆီ ဦးတည်စေတယ်။
သင်က ဘဝမှာ ကိုယ့်စိတ်ကို အလွန် အလိုလိုက်ပြီး သူများတွေအတွက် ပရဟိတ လုပ်ခြင်တွေမှာတော့ အားနည်းနေတတ်တယ်။
3
သင်က စိတ်ဓာတ်ခိုင်မာပြီး သံပုရာသီးပေးလာရင် ညှစ်ပြီး ဖျော်သောက်ပစ်လိုက်တတ်တဲ့ သူမျိုးဖြစ်တယ်။
သင့်ရဲ့ သည်းခံနိုင်စွမ်းတွေက သင့်ကို မြဲမြံတဲ့ မှီခိုအားထားလို့ရတဲ့ လူတစ်ယောက်ဖြစ်စေတယ်။
ကိုယ့်ရဲ့ ခွန်အားတွေကို ပတ်ဝန်ကျင်းကို ထိန်းသိမ်းဖို့၊ ကိုယ့်ကိုကိုယ် လူကောင်းတစ်ယောက်ဖြစ်ဖို့ ချစ်ရသူတိုင်းအတွက် အသုံးချတယ်။
လူတိုင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးချင်တယ်။ ကိုယ့် အနားက လူတွေအပေါ် သစ္စာရှိပြီး ကိုယ့်ရဲ့ ပတ်သက်ဆက်နွှယ်မှုတွေအပေါ် လေးလေးနက်နက်ရှိတဲ့ သူလည်းဖြစ်တယ်။
4
သင့်ရဲ့ အာရုံခံစားမှုကောင်းတဲ့ အပိုင်းက သင့်ကို အလွန် ကြင်နာတတ်၊ စေတနာကောင်းတဲ့၊ လူမှုအသိုင်းအဝိုင်းမှာ ချစ်စဖွယ်ကောင်းတဲ့ လူတစ်ယောက်ဖြစ်စေတယ်။
တစ်ပါးသူတွေရဲ့ လိုအင်တွေကို ဖြည့်ဆည်းပေးဖို့ထက် ကျန်တာတွေ သိပ်မဝင်စားတဲ့သူဖြစ်တယ်။
ကိုယ့်မှာတောင် မရှိတဲ့ကြားက တစ်ပါးသူရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတတ်တယ်။
သင့်ရဲ့ ကိုယ့်ကျိုးမငဲ့တဲ့ အကျင့်စရိုက်က အထင်အရှားဆုံးနဲ့ တစ်ပါးသူတွေ သင့်အကြောင်း ဖော်ပြရာမှာ အထိမိဆုံးအချက်ဖြစ်တယ်။
5
သင်က စူးစမ်းသိလို စိတ်များတဲ့ သူတစ်ယောက်ဖြစ်တယ်။ သင့်စိတ်က အမြဲတမ်း သိလိုစိတ်တွေနဲ့ ပြည့်နှက်နေပြီး ပျံ့လွင့်နေတတ်တယ်။
ဒါက သင့်ကို ကိစ္စအရာတွေမှာ ထိုးထွင်းပြီး ဆက်စပ် သိမြင်နိုင်စေတယ်။
လေ့လာတယ်၊ စူးစမ်းတယ်၊ ဒါတွေကလည်း သင့်ကို အသိပညာတွေပြည့်ဝပြီး အကျင့်စာရိတ္တကောင်းမွန်တဲ့ သူတစ်ယောက်ဖြစ်လာစေတယ်။
ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ရင်းရင်းနှီးနှီး ဖော်ဖော်ရွေရွေရှိတဲ့ သူဖြစ်နေပေမယ့် သင့်က တစ်ယောက်တည်း (သို့) ကိုယ့် ချစ်ခင်တဲ့ သူတွေနဲ့သာ နီးနီးကပ်ကပ် ပိုရှိနေလိုတဲ့ သူဖြစ်တယ်။
သင့်ကို ကောင်းကောင်းနားမလည်တဲ့ သူတွေ၊ မသိတဲ့သူတွေရဲ့ ခြိမ်းခြောက်မှုတွေ ခံရမှာကို အင်မတန် စိုးထိတ်တဲ့ သူဖြစ်တယ်။
6
သင့်က ဘဝရဲ့ ရိုးရှင်းတဲ့ အရာတွေဆီကနေ ကြီးမားတဲ့ ပျော်ရွှင်ကြည်နူးမှုတွေကို ခံစားတတ်သူဖြစ်ပြီး ပေါင်းရသင်းရလွယ်ကူတဲ့ သူတစ်ယောက်ဖြစ်တယ်။
လိုအင်တွေ သိပ် များများစားစားမရှိတဲ့ သူလည်းဖြစ်တယ်။ သင့်က ငြိမ်ငြိမ်ဆိမ်ဆိမ်နဲ့ ဆူဆူပူပူမရှိတဲ့ ပတ်ဝန်းကျင်တွေကို ပိုနှစ်သက်တယ်။
အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စိတ်သဘောထားညီညွှတ်မှုတွေကိုပဲ တောင့်တပြီး အမုန်းတရားတွေနဲ့ ဝေးရာမှာပဲ နေလိုတယ်။
အချိန်တွေကိုလည်း သင်လုပ်လိုက်ရင် ဘာဖြစ်လာမလဲဆိုတာတွေရဲ့ အကျိုးဆက်တွေကို စဉ်စားပြီး အကျိုးရှိမယ့် အရာတွေအတွက်သာ အချိန်ကုန်ခံလိုတဲ့ သူဖြစ်တယ်။ Crd