ဘဝကိုအရႈံးမေပးဘဲႀကိဳးစားခဲ့ေသာ တစ္နိုင္ငံလုံး ဝိဇၨာတြဲ ပထမဆုရွင္ ေမာင္ေဝယံလင္းေက်ာ္၏ တကၠသိုလ္ဆက္တက္မည့္ အခက္အခဲကို ကူညီသူေပၚေပါက္

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ဘဝကိုအရႈံးမေပးဘဲႀကိဳးစားခဲ့ေသာ တစ္နိုင္ငံလုံး ဝိဇၨာတြဲ ပထမဆုရွင္ ေမာင္ေဝယံလင္းေက်ာ္၏ တကၠသိုလ္ဆက္တက္မည့္ အခက္အခဲကို ကူညီသူေပၚေပါက္

စီးပြားေရးတကၠသိုလ္ဆက္တက္ရန္အခက္အခဲျဖစ္ေနေသာ

ျမန္မာတစ္နိုင္ငံလုံး ဝိဇၨာတြဲ ပထမဆုရွင္ ေမာင္ေဝယံ လင္းေက်ာ္ အတြက္အလႈရွင္ ေပၚေပါက္ၿပီ ျဖစ္ေၾကာင္း

ဧရာဝတီတိုင္းေဒသႀကီး၊ ႀကံခင္းၿမိဳ႕နယ္ ေရနံေတာင္ေက်းရြာ

အေျခခံပညာ အထက္တန္းေက်ာင္း၏ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚၾကည္ၾကည္စိန္က ျပည္ျမန္မာကို ေျပာ သည္။

တစ္နိုင္ငံလုံး ဝိဇၨာတြဲ ပထမဆုရွင္ ေမာင္ေဝယံလင္းေက်ာ္၏ ဖခင္မွာ ၎ငယ္စဥ္ကပင္ ကြယ္လြန္သြားသည့္ အတြက္ မိခင္ကပင္ ၾကဳံရာက်ဘန္းအလုပ္လုပ္၍

သားျဖစ္သူ၏ပညာေရးအတြက္ ေထာက္ပံ့ေပးခဲ့ေၾကာင္း၊ ေမာင္ေဝယံလင္းေက်ာ္ကလည္း ဘဝနာကာ ငယ္စဥ္ကပင္ ႀကိဳးစားခဲ့ေၾကာင္း ဆရာမႀကီးက ရွင္းျပသည္။

“အစအဆုံး တာဝန္ယူပါမယ္လို႔ ေျပာပါတယ္။ကေလးရဲ့အေဖက ကေလး မူႀကိဳကတည္းက ဆုံးသြား တာပါ။သူတို႔က ခ်ိဳ႕တဲ့တယ္။

သူ႔အေဖဆုံးသြားေတာ့ သူ႔အေမက ဦးေဆာင္လုပ္ေကၽြး ရတာေပါ့။

လက္လုပ္လက္စား အငွားလိုက္ရတာေပါ့။ၾကဳံရာက်ဘန္းေပါ့။သူတို႔မွာ ေမာင္ႏွစ္မ ၃ ေယာက္ ရွိတယ္။ သူ႔ရဲ့အစ္မက အိမ္ေထာင္က်သြားၿပီ။

ခု ထိုင္းမွာ အလုပ္သြားလုပ္ရတယ္။သူတို႔ကိုပညာသင္ဖို႔ေတာ့ ပံ့ပိုးတာေပါ့။ဒါေပမယ့္ အလုံအေလာက္ေတာ့ ဘယ္ပံ့ပိုးနိုင္မလဲ၊သူ႔အေမကလည္း ႀကံဳရာက်ဘန္းလုပ္ၿပီး ပံ့ပိုးရတာေပါ့။သူ႔ရဲ့ညီမေလးက အခု ၈ တန္းတက္မွာ။

ကေလးက ဘဝနာတယ္လို႔ပဲ ေျပာရမွာေပါ့။ငယ္ငယ္ ကတည္းက ႀကိဳးစားခဲ့တယ္။သူမ်ားလို ေဆးလိပ္ေသာက္တာ၊ကြမ္းစားတာ လုံးဝမလုပ္ခဲ့ဘူး။ဘဝကိုနာ ၿပီးအရမ္းႀကိဳးစားခဲ့တယ္။

ငယ္ငယ္ကတည္းက ေတာ္လာတာဆိုေတာ့ ကၽြန္မတို႔ ဆရာ ဆရာမေတြကလည္း ဝိုင္းဝန္းၿပီးေတာ့ ကူညီၾကတာေပါ့။စာေမးပြဲေျဖတိုင္း A ရတယ္။

အျခားလူနဲ႔ယွဥ္ေတာ့ သူက လူေသးတယ္။

လူေသးေတာ့ အားကစားမွာ သူမ်ားေတြကိုမမီဘူးေပါ့။သခ်ထၤဴးခၽြန္ေတြဘာေတြလည္းရတယ္”ဟု ဆရာမႀကီးက ေျပာသည္။

ေမာင္ေဝယံလင္းေက်ာ္အတြက္ ပညာေရးဆုံးခန္းတိုင္ေအာင္ လႉဒါန္းခဲ့သူမွာ ရန္ကုန္ၿမိဳ႕ေန ABC Telecomm Company Co Ltd, (MIB Group of Companies) ၏

အမႈေဆာင္အရာရွိခ်ဳပ္ ေဒၚျဖဴျဖဴဝင္း ျဖစ္ေၾကာင္း သိရသည္။

“facebook မွာ တင္တာေတြကို ေတြ႕လို႔ အလႉရွင္က သတင္းရၿပီး လာလႉတာ ျဖစ္တယ္ ” ဟု ေက်ာင္းအုပ္ဆရာမႀကီး ေဒၚၾကည္ၾကည္စိန္က ဆိုသည္။

ေမာင္ေဝယံလင္းေက်ာ္သည္ ၂၀၂ဝျပည့္ႏွစ္ တကၠသိုလ္ဝင္တန္းစာေမးပြဲတြင္ ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ ပထဝီဝင္၊ သမိုင္း၊ေဘာဂေဗဒ ဂုဏ္ထူးရရွိခဲ့ၿပီး ရမွတ္ေပါင္း ၅၂ဝ ျဖင့္ ျမန္မာတစ္နိုင္ငံလုံး ဝိဇၨာတြဲ ပထမအဆင့္ ရရွိခဲ့သူ ျဖစ္သည္။

ေမငယ္

crd Pyi Myanmar

Unicode

ဘဝကိုအရှုံးမပေးဘဲကြိုးစားခဲ့သော တစ်နိုင်ငံလုံး ဝိဇ္ဇာတွဲ ပထမဆုရှင် မောင်ဝေယံလင်းကျော်၏ တက္ကသိုလ်ဆက်တက်မည့် အခက်အခဲကို ကူညီသူပေါ်ပေါက်

စီးပွားရေးတက္ကသိုလ်ဆက်တက်ရန်အခက်အခဲဖြစ်နေသော မြန်မာတစ်နိုင်ငံလုံး ဝိဇ္ဇာတွဲ ပထမဆုရှင် မောင်ဝေယံ လင်းကျော် အတွက်အလှုရှင် ပေါ်ပေါက်ပြီ ဖြစ်ကြောင်း

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ရေနံတောင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်စိန်က ပြည်မြန်မာကို ပြော သည်။

တစ်နိုင်ငံလုံး ဝိဇ္ဇာတွဲ ပထမဆုရှင် မောင်ဝေယံလင်းကျော်၏ ဖခင်မှာ ၎င်းငယ်စဉ်ကပင် ကွယ်လွန်သွားသည့် အတွက် မိခင်ကပင် ကြုံရာကျဘန်းအလုပ်လုပ်၍

သားဖြစ်သူ၏ပညာရေးအတွက် ထောက်ပံ့ပေးခဲ့ကြောင်း၊ မောင်ဝေယံလင်းကျော်ကလည်း ဘဝနာကာ ငယ်စဉ်ကပင် ကြိုးစားခဲ့ကြောင်း ဆရာမကြီးက ရှင်းပြသည်။

“အစအဆုံး တာဝန်ယူပါမယ်လို့ ပြောပါတယ်။ကလေးရဲ့အဖေက ကလေး မူကြိုကတည်းက ဆုံးသွား တာပါ။သူတို့က ချို့တဲ့တယ်။

သူ့အဖေဆုံးသွားတော့ သူ့အမေက ဦးဆောင်လုပ်ကျွေး ရတာပေါ့။ လက်လုပ်လက်စား အငှားလိုက်ရတာပေါ့။ကြုံရာကျဘန်းပေါ့။သူတို့မှာ မောင်နှစ်မ ၃ ယောက် ရှိတယ်။ သူ့ရဲ့အစ်မက အိမ်ထောင်ကျသွားပြီ။

ခု ထိုင်းမှာ အလုပ်သွားလုပ်ရတယ်။သူတို့ကိုပညာသင်ဖို့တော့ ပံ့ပိုးတာပေါ့။ဒါပေမယ့် အလုံအလောက်တော့ ဘယ်ပံ့ပိုးနိုင်မလဲ၊သူ့အမေကလည်း ကြုံရာကျဘန်းလုပ်ပြီး ပံ့ပိုးရတာပေါ့။သူ့ရဲ့ညီမလေးက အခု ၈ တန်းတက်မှာ။

ကလေးက ဘဝနာတယ်လို့ပဲ ပြောရမှာပေါ့။ငယ်ငယ် ကတည်းက ကြိုးစားခဲ့တယ်။သူများလို ဆေးလိပ်သောက်တာ၊ကွမ်းစားတာ လုံးဝမလုပ်ခဲ့ဘူး။ဘဝကိုနာ ပြီးအရမ်းကြိုးစားခဲ့တယ်။

ငယ်ငယ်ကတည်းက တော်လာတာဆိုတော့ ကျွန်မတို့ ဆရာ ဆရာမတွေကလည်း ဝိုင်းဝန်းပြီးတော့ ကူညီကြတာပေါ့။စာမေးပွဲဖြေတိုင်း A ရတယ်။

အခြားလူနဲ့ယှဉ်တော့ သူက လူသေးတယ်။ လူသေးတော့ အားကစားမှာ သူများတွေကိုမမီဘူးပေါ့။သချင်္ထူးချွန်တွေဘာတွေလည်းရတယ်”ဟု ဆရာမကြီးက ပြောသည်။

မောင်ဝေယံလင်းကျော်အတွက် ပညာရေးဆုံးခန်းတိုင်အောင် လှူဒါန်းခဲ့သူမှာ ရန်ကုန်မြို့နေ ABC Telecomm Company Co Ltd, (MIB Group of Companies) ၏

အမှုဆောင်အရာရှိချုပ် ဒေါ်ဖြူဖြူဝင်း ဖြစ်ကြောင်း သိရသည်။

“facebook မှာ တင်တာတွေကို တွေ့လို့ အလှူရှင်က သတင်းရပြီး လာလှူတာ ဖြစ်တယ် ” ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်စိန်က ဆိုသည်။

မောင်ဝေယံလင်းကျော်သည် ၂၀၂ဝပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ဘောဂဗေဒ ဂုဏ်ထူးရရှိခဲ့ပြီး ရမှတ်ပေါင်း ၅၂ဝ ဖြင့် မြန်မာတစ်နိုင်ငံလုံး ဝိဇ္ဇာတွဲ ပထမအဆင့် ရရှိခဲ့သူ ဖြစ်သည်။

မေငယ်

crd Pyi Myanmar