တစ္ေန႔ကို မိနစ္ႏွစ္ဆယ္ခန္႔ နံရံမွာ ေျခေထာက္ ေျမာက္တင္ထားရံုနဲ႔ ရရွိလာမယ့္ အက်ဳိးေက်းဇူး ၅ ခ်က္

လူအမ်ားစု က်န္းမာေရးအတြက္ ေလ့က်င္ခန္းေတြကို အားေတြ ၊ အခ်ိန္ေတြ အမ်ားႀကီးေပးၿပီး ျပဳလုပ္ၾကပါတယ္။ အခ်ိန္ေတြ အမ်ားႀကီး မေပးႏုိုင္တဲ့ သူေတြအတြက္

တစ္ေန႔ကို မိနစ္ 20 ခန္႔ အခ်ိန္ေပးရံုနဲ႔ က်န္းမာေရးကို အေထာက္အကူျပဳတဲ့ ေလ့က်င့္ခန္းတစ္ခုရွိပါတယ္။ ေလ့က်င့္ခန္းတစ္ခုရွိပါတယ္။

1. နံရံတစ္ခုမွာ ေျခေထာက္ကို သက္ေတာင့္သက္သာ ျဖစ္မယ့္အေနအထားနဲ႔ ေျမာက္လုိက္ပါ။ ေက်ာေအာက္မွာ ေခါင္းအံုးတစ္လံုး ထားဖို႔ေတာ့ မေမ့ပါနဲ႔ေနာ္။

2. ေျခေထာက္ကို နံရံေပၚမွာ ေျမာက္ထားတဲ့အခ်ိန္မွာ လက္ႏွစ္ဖက္ကို ခႏၶာကိုယ္နဲ႔ အၿပိဳင္အေနအထားမွာ ခ်ထားေပးရံုပါပဲ။

3. ဒီပံုစံအတိုင္း 15 မိနစ္ကေန မိနစ္ 20 ၾကာေအာင္ ေနပါ။

ဒီေလ့က်င့္ခန္းကို လုပ္တဲ့အခါ အဝတ္အစားေတြက အရမ္းမၾကပ္ေနဖို႔ လိုပါတယ္။ အဝတ္အစားေတြ အရမ္းၾကပ္ေနတဲ့အခါ ေသြးလည္ပတ္မႈကို အေႏွာင့္အယွက္ျဖစ္ေစပါတယ္။

ပြပြေခ်ာင္ေခ်ာင္အဝတ္အစားက သင့္ေတာ္ပါတယ္။ မလႈပ္မယွက္ဘဲ မိနစ္ 20 ခန္႔ ေျခေထာက္ေျမာက္ထားျခင္းက ပံုမွန္ ေလ့က်င့္ခန္းေတြနဲ႔ မတူဘဲ ေယာဂေလ့က်င့္ခန္းနဲ႔ ပိုၿပီးတူပါတယ္။ အဓိက အက်ိဳးေက်းဇူးကေတာ့ ေသြးလည္ပတ္မႈစနစ္ ေကာင္းလာတာပါပဲ။

ေျခေထာက္နဲ႔ ေက်ာရိုးမွာ မၾကာေသးခင္ကမွ ထိခိုက္ထားသူေတြ ၊ ေျခေထာက္နဲ႔ေက်ာရိုးမွာ နာတာရွည္ ထိခိုက္ဒဏ္ရာ ရွိသူေတြကေတာ့ ဒီေလ့က်င့္ခန္းကို မျပဳလုပ္သင့္ပါဘူး။

နံရံေပၚမွာ ေျခေထာက္ ေျမာက္ထားတဲ့အခါ ေျခေထာက္က နံရံနဲ႔ အရမ္းမေဝးသင့္သလုိ အရမ္းလည္း မနီးေစရပါဘူး။ နံရံနဲ႔ အရမ္းနီး ၊အရမ္းေဝးတဲ့အခါ ႂကြက္သားေတြ တင္းမာလာတတ္ၿပီး ေက်ာရိုးလည္း နာလာမွာပါ။ ဒီေလ့က်င့္ခန္းကို တစ္ေန႔ မိနစ္ 20 ခန္႔ အခ်ိန္ေပးတဲ့အခါ

1. ေျခေထာက္မွာ ေလးလံသလို ခံစားေနရတာ ေပ်ာက္ကင္းသြားပါတယ္

ေျခေထာက္မွာ ေသြးလည္ပတ္မႈ မေကာင္းတဲ့အခါ ေျခေထာက္ေရာင္တာနဲ႔ ေလးလံတာ ျဖစ္တတ္ပါတယ္။ ႏွလံုးနဲ႔ ေက်ာက္ကပ္မွာ တစ္ခုခုခၽြတ္ယြင္းတာ၊ ကိုယ္အေလးခ်ိန္မ်ားတာ၊ အစားအေသာက္ မွားတဲ့အခါမွာလည္း ေျခေထာက္ ေလးလံတတ္ပါတယ္။

ဒါေပမယ့္ ဒီေလ့က်င့္ခန္းကို ပံုမွန္လုပ္ေပးေနရင္ေတာ့ ေျခေထာက္ေလးလံတာ၊ ေရာင္တာေတြကို စိတ္ပူစရာ မလုိေတာ့ပါဘူး။

2. ဖိနပ္အျမင့္ေတြ စီးတဲ့အခါ မနာက်င္ေတာ့ပါဘူး

ဖိနပ္အျမင့္ မႀကိဳက္တဲ့ အမ်ိဳုးသမီးဆိုတာ ခပ္ရွားရွားပါပဲ။ ဖိနပ္အျမင့္ကို အျမဲတမ္း စီးတဲ့သူဆိုရင္ က်န္းမာေရးကို ထိခိုက္လာႏိုင္ပါတယ္။ ကိုယ္အေလးအခ်ိန္ မ်ားသူေတြက ဖိနပ္အျမင့္ စီးတဲ့အခါ အခက္ေတြ႕ပါတယ္။

တစ္ေနကုန္ ဖိနပ္အျမင့္ စီးၿပီးတဲ့အခါ မိနစ္ 20 ေလာက္ နံရံမွာ ေျခေထာက္ေျမာက္ထားလိုက္ပါ။ ေျခေထာက္ေျမာက္ၿပီးတဲ့အခါမွာ ေျခေထာက္ကို ႏွိပ္နယ္ေပးၿပီး ေရေႏြးနဲ႔လည္း ေရခ်ိဳးေပးလုိ႔ ရပါတယ္ ။

3. အစာေခ်စနစ္ေကာင္းမြန္လ ပါတယ္

ေျခေထာက္ကို နံရံေပၚမွာ ေျမာက္ထားျခင္းက အစာအိမ္ရဲ႕အလုပ္ေတြကို တိုးတက္ေစပါတယ္။ ကိုယ္တြင္းအဂၤါ အစိတ္အပိုင္းေတြဆီကို ေသြးေတြ ပို႔ေဆာင္ေပးတာလည္း လြယ္ကူသြားပါတယ္။

အစာေခ်ရာမွာ လိုအပ္တဲ့ လႈပ္ရွားမႈ ျပဳေပးရတဲ့ ႂကြက္သားေတြအတြက္လည္း ေကာင္းသြားပါတယ္။ ဒီေလ့က်င့္ခန္းကို လုပ္ေပးတဲ့အခါမွာ စားလိုက္တဲ့ အာဟာရေတြကို ျမန္ျမန္ စုပ္ယူႏုိင္မွာပါ။

4. စိတ္ဖိစီးမႈေတြ နည္းလာပါတယ္

ေျခေထာက္ကို နံရံေပၚမွာ ေျမာက္ထားတဲ့အခ်ိန္မွာ အသက္ရႈတဲ့အခါ ေလပိုၿပီး ရပါတယ္။ ခႏၶာကိုယ္ထဲက တစ္ရႉးေတြက ေအာက္ဆီဂ်င္ေတြ ပိုရၿပီး ေသြးလည္ပတ္မႈလည္း ေကာင္းလာပါတယ္။

အာရံုေၾကာအဖြဲ႕အစည္းအတြက္ အက်ိဳးရွိၿပီး နားထင္နဲ႔ လည္ပင္းက ႂကြက္သြားေတြ တင္းမာမႈကို ေလၽွာ့ၿပီးသားလည္း ျဖစ္ေစပါတယ္။

5. ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစပါတယ္

ေျခေထာက္နာတဲ့အခါ၊ ေျခေထာက္ အပူေလာင္တဲ့အခါ၊ ေျခေထာက္ ေရာင္တဲ့အခါမွာ အိပ္မေပ်ာ္ျခင္းက ေရာက္လာပါတယ္။ ေျခေထာက္ကို ေျမာက္ထားတဲ့အခါ ဦးေႏွာက္က ေအာက္ဆီဂ်င္ကို ပိုရလာပါတယ္။ ေသြးလည္ပတ္မႈလည္း ေကာင္းလာပါတယ္။

ေျခေထာက္ကို နံရံမွာ ေျမာက္ထားၿပီး ၿငိမ္ၿငိမ္ ေနျခင္းကလည္း စိတ္ကို တည္ၿငိမ္ေစပါတယ္။ အဲဒါေၾကာင့္ မအိပ္ခင္မွာလည္း ဒီေလ့က်င့္ခန္းကို ျပဳလုပ္ေပးႏိုင္ပါတယ္။

Unicode

လူအများစု ကျန်းမာရေးအတွက် လေ့ကျင်ခန်းတွေကို အားတွေ ၊ အချိန်တွေ အများကြီးပေးပြီး ပြုလုပ်ကြပါတယ်။ အချိန်တွေ အများကြီး မပေးနိုင်တဲ့ သူတွေအတွက်

တစ်နေ့ကို မိနစ် 20 ခန့် အချိန်ပေးရုံနဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့ လေ့ကျင့်ခန်းတစ်ခုရှိပါတယ်။ လေ့ကျင့်ခန်းတစ်ခုရှိပါတယ်။

1. နံရံတစ်ခုမှာ ခြေထောက်ကို သက်တောင့်သက်သာ ဖြစ်မယ့်အနေအထားနဲ့ မြောက်လိုက်ပါ။ ကျောအောက်မှာ ခေါင်းအုံးတစ်လုံး ထားဖို့တော့ မမေ့ပါနဲ့နော်။

2. ခြေထောက်ကို နံရံပေါ်မှာ မြောက်ထားတဲ့အချိန်မှာ လက်နှစ်ဖက်ကို ခန္ဓာကိုယ်နဲ့ အပြိုင်အနေအထားမှာ ချထားပေးရုံပါပဲ။

3. ဒီပုံစံအတိုင်း 15 မိနစ်ကနေ မိနစ် 20 ကြာအောင် နေပါ။

ဒီလေ့ကျင့်ခန်းကို လုပ်တဲ့အခါ အဝတ်အစားတွေက အရမ်းမကြပ်နေဖို့ လိုပါတယ်။ အဝတ်အစားတွေ အရမ်းကြပ်နေတဲ့အခါ သွေးလည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။

ပွပွချောင်ချောင်အဝတ်အစားက သင့်တော်ပါတယ်။ မလှုပ်မယှက်ဘဲ မိနစ် 20 ခန့် ခြေထောက်မြောက်ထားခြင်းက ပုံမှန် လေ့ကျင့်ခန်းတွေနဲ့ မတူဘဲ ယောဂလေ့ကျင့်ခန်းနဲ့ ပိုပြီးတူပါတယ်။ အဓိက အကျိုးကျေးဇူးကတော့ သွေးလည်ပတ်မှုစနစ် ကောင်းလာတာပါပဲ။

ခြေထောက်နဲ့ ကျောရိုးမှာ မကြာသေးခင်ကမှ ထိခိုက်ထားသူတွေ ၊ ခြေထောက်နဲ့ကျောရိုးမှာ နာတာရှည် ထိခိုက်ဒဏ်ရာ ရှိသူတွေကတော့ ဒီလေ့ကျင့်ခန်းကို မပြုလုပ်သင့်ပါဘူး။

နံရံပေါ်မှာ ခြေထောက် မြောက်ထားတဲ့အခါ ခြေထောက်က နံရံနဲ့ အရမ်းမဝေးသင့်သလို အရမ်းလည်း မနီးစေရပါဘူး။ နံရံနဲ့ အရမ်းနီး ၊အရမ်းဝေးတဲ့အခါ ကြွက်သားတွေ တင်းမာလာတတ်ပြီး ကျောရိုးလည်း နာလာမှာပါ။ ဒီလေ့ကျင့်ခန်းကို တစ်နေ့ မိနစ် 20 ခန့် အချိန်ပေးတဲ့အခါ

1. ခြေထောက်မှာ လေးလံသလို ခံစားနေရတာ ပျောက်ကင်းသွားပါတယ်

ခြေထောက်မှာ သွေးလည်ပတ်မှု မကောင်းတဲ့အခါ ခြေထောက်ရောင်တာနဲ့ လေးလံတာ ဖြစ်တတ်ပါတယ်။ နှလုံးနဲ့ ကျောက်ကပ်မှာ တစ်ခုခုချွတ်ယွင်းတာ၊ ကိုယ်အလေးချိန်များတာ၊ အစားအသောက် မှားတဲ့အခါမှာလည်း ခြေထောက် လေးလံတတ်ပါတယ်။

ဒါပေမယ့် ဒီလေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးနေရင်တော့ ခြေထောက်လေးလံတာ၊ ရောင်တာတွေကို စိတ်ပူစရာ မလိုတော့ပါဘူး။

2. ဖိနပ်အမြင့်တွေ စီးတဲ့အခါ မနာကျင်တော့ပါဘူး

ဖိနပ်အမြင့် မကြိုက်တဲ့ အမျိုုးသမီးဆိုတာ ခပ်ရှားရှားပါပဲ။ ဖိနပ်အမြင့်ကို အမြဲတမ်း စီးတဲ့သူဆိုရင် ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ကိုယ်အလေးအချိန် များသူတွေက ဖိနပ်အမြင့် စီးတဲ့အခါ အခက်တွေ့ပါတယ်။

တစ်နေကုန် ဖိနပ်အမြင့် စီးပြီးတဲ့အခါ မိနစ် 20 လောက် နံရံမှာ ခြေထောက်မြောက်ထားလိုက်ပါ။ ခြေထောက်မြောက်ပြီးတဲ့အခါမှာ ခြေထောက်ကို နှိပ်နယ်ပေးပြီး ရေနွေးနဲ့လည်း ရေချိုးပေးလို့ ရပါတယ် ။

3. အစာချေစနစ်ကောင်းမွန်လ ပါတယ်

ခြေထောက်ကို နံရံပေါ်မှာ မြောက်ထားခြင်းက အစာအိမ်ရဲ့အလုပ်တွေကို တိုးတက်စေပါတယ်။ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေဆီကို သွေးတွေ ပို့ဆောင်ပေးတာလည်း လွယ်ကူသွားပါတယ်။

အစာချေရာမှာ လိုအပ်တဲ့ လှုပ်ရှားမှု ပြုပေးရတဲ့ ကြွက်သားတွေအတွက်လည်း ကောင်းသွားပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်ပေးတဲ့အခါမှာ စားလိုက်တဲ့ အာဟာရတွေကို မြန်မြန် စုပ်ယူနိုင်မှာပါ။

4. စိတ်ဖိစီးမှုတွေ နည်းလာပါတယ်

ခြေထောက်ကို နံရံပေါ်မှာ မြောက်ထားတဲ့အချိန်မှာ အသက်ရှုတဲ့အခါ လေပိုပြီး ရပါတယ်။ ခန္ဓာကိုယ်ထဲက တစ်ရှူးတွေက အောက်ဆီဂျင်တွေ ပိုရပြီး သွေးလည်ပတ်မှုလည်း ကောင်းလာပါတယ်။

အာရုံကြောအဖွဲ့အစည်းအတွက် အကျိုးရှိပြီး နားထင်နဲ့ လည်ပင်းက ကြွက်သွားတွေ တင်းမာမှုကို လျှော့ပြီးသားလည်း ဖြစ်စေပါတယ်။

5. နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်

ခြေထောက်နာတဲ့အခါ၊ ခြေထောက် အပူလောင်တဲ့အခါ၊ ခြေထောက် ရောင်တဲ့အခါမှာ အိပ်မပျော်ခြင်းက ရောက်လာပါတယ်။ ခြေထောက်ကို မြောက်ထားတဲ့အခါ ဦးနှောက်က အောက်ဆီဂျင်ကို ပိုရလာပါတယ်။ သွေးလည်ပတ်မှုလည်း ကောင်းလာပါတယ်။

ခြေထောက်ကို နံရံမှာ မြောက်ထားပြီး ငြိမ်ငြိမ် နေခြင်းကလည်း စိတ်ကို တည်ငြိမ်စေပါတယ်။ အဲဒါကြောင့် မအိပ်ခင်မှာလည်း ဒီလေ့ကျင့်ခန်းကို ပြုလုပ်ပေးနိုင်ပါတယ်။