“ဘဲဥ ပို့တဲ့ ကောင်လေး နှင့် ပညာရှိသူဌေး”

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ေကာင္ေလးတစ္ေယာက္ဘဲဥကဒ္ေတြတင္ၿပီး စက္ဘီးနဲ႔သြားေနတဲ့အခ်ိန္မွာ ႐ုတ္တရက္ေျခေခ်ာ္ၿပီး စက္ဘီးေမွာက္သြားတယ္။

စက္ဘီးေမွာက္ေတာ့ဘဲဥေတြ ကြဲကုန္တာေပါ့။

အဲဒီအခ်ိန္မွာ ပုံမွန္လိုပဲ လူစုလူေဝးျဖစ္ၿပီးေကာင္ေလးကို”မင္း စက္ဘီးကို ေသခ်ာမနင္းဘူး ဘာညာ”ဆိုၿပီး ေဝဖန္ေျပာဆိုၾကတာေပါ့။

အဲဒီအခ်ိန္မွာလူစုထဲက အသက္ႀကီးႀကီးနဲ႔လူတစ္ေယာက္က ေကာင္ေလးရဲ႕ဘဲဥေတြကြဲသြားေတာ့ သူ႔ကို

“မင္းကေတာ့ သူေဌး အဆူခံရေတာ့မွာပဲ”ဆိုၿပီး သူ႔အိတ္ကပ္ထဲကေငြ တစ္ေထာင္ ေပးလိုက္ပါတယ္။

ၿပီးေတာ့ ေကာင္ေလးကိုသူကေျပာတယ္

“ဒီကလူေတြက ေဝဖန္႐ုံ သက္သက္မဟုတ္ဘူးတဲ့၊သူတို႔လည္းမင္းကို တတ္ႏိုင္သေလာက္ကူညီၾကမွာပါကြာ” လို႔

အားလုံးၾကားေအာင္ အသံျမႇင့္ ေျပာၿပီးထြက္သြားလိုက္တယ္။

ဒီလိုေျပာေတာ့ လူစုထဲကလူေတြလည္း ေကာင္ေလးကိုသနားၿပီးသူတို႔ တတ္ႏိုင္သေလာက္ ကူညီၾကတယ္ကြဲသြားတဲ့ ဘဲဥတန္ဖိုးထက္ ေကာင္ေလးကပိုက္ဆံ ႏွစ္ဆ၊ သုံးဆ ပိုရသြားတယ္။

ေကာင္ေလးလည္း ေပ်ာ္သြားတာေပါ့။

အဲခ်ိန္မွာ လူတစ္ေယာက္ကေကာင္ေလးကို

“အဲဒီအသက္ႀကီးႀကီး လူကမင္းနဲ႔အသိလား။သူသာ မင္းကိုမကူညီဘူးဆိုရင္မင္းေတာ့ မင္းသူေဌးဆီမွာေတာ္ေတာ္ေလး အဆူခံရမွာပဲ” ဆိုၿပီး ေျပာေတာ့

ေကာင္ေလးကၿပဳံးၿပီး

“အဲဒီ အသက္ႀကီးႀကီးလူကကြၽန္ေတာ့္သူေဌးပဲ” ဆိုၿပီးေတာ့ျပန္ေျပာလိုက္ပါေတာ့တယ္။

Credit

Unicode

ကောင်လေးတစ်ယောက်ဘဲဥကဒ်တွေတင်ပြီး စက်ဘီးနဲ့သွားနေတဲ့အချိန်မှာ ရုတ်တရက်ခြေချော်ပြီး စက်ဘီးမှောက်သွားတယ်။

စက်ဘီးမှောက်တော့ဘဲဥတွေ ကွဲကုန်တာပေါ့။အဲဒီအချိန်မှာ ပုံမှန်လိုပဲ လူစုလူဝေးဖြစ်ပြီးကောင်လေးကို”မင်း စက်ဘီးကို သေချာမနင်းဘူး ဘာညာ”ဆိုပြီး ဝေဖန်ပြောဆိုကြတာပေါ့။

အဲဒီအချိန်မှာလူစုထဲက အသက်ကြီးကြီးနဲ့လူတစ်ယောက်က ကောင်လေးရဲ့ဘဲဥတွေကွဲသွားတော့ သူ့ကို

“မင်းကတော့ သူဌေး အဆူခံရတော့မှာပဲ”ဆိုပြီး သူ့အိတ်ကပ်ထဲကငွေ တစ်ထောင် ပေးလိုက်ပါတယ်။

ပြီးတော့ ကောင်လေးကိုသူကပြောတယ်

“ဒီကလူတွေက ဝေဖန်ရုံ သက်သက်မဟုတ်ဘူးတဲ့၊သူတို့လည်းမင်းကို တတ်နိုင်သလောက်ကူညီကြမှာပါကွာ” လို့

အားလုံးကြားအောင် အသံမြှင့် ပြောပြီးထွက်သွားလိုက်တယ်။

ဒီလိုပြောတော့ လူစုထဲကလူတွေလည်း ကောင်လေးကိုသနားပြီးသူတို့ တတ်နိုင်သလောက် ကူညီကြတယ်ကွဲသွားတဲ့ ဘဲဥတန်ဖိုးထက် ကောင်လေးကပိုက်ဆံ နှစ်ဆ၊ သုံးဆ ပိုရသွားတယ်။

ကောင်လေးလည်း ပျော်သွားတာပေါ့။

အဲချိန်မှာ လူတစ်ယောက်ကကောင်လေးကို

“အဲဒီအသက်ကြီးကြီး လူကမင်းနဲ့အသိလား။သူသာ မင်းကိုမကူညီဘူးဆိုရင်မင်းတော့ မင်းသူဌေးဆီမှာတော်တော်လေး အဆူခံရမှာပဲ” ဆိုပြီး ပြောတော့

ကောင်လေးကပြုံးပြီး

“အဲဒီ အသက်ကြီးကြီးလူကကျွန်တော့်သူဌေးပဲ” ဆိုပြီးတော့ပြန်ပြောလိုက်ပါတော့တယ်။

Credit