ဒီေနရာ (၇)ခု မွာ တစ္ေနရာေလာက္ မွဲ႔ပါတဲ့သူဆို လံုး၀ လက္လႊတ္မခံပါနဲ
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
ဒီေနရာ (၇)ခု မွာ တစ္ေနရာေလာက္ မွဲ႔ပါတဲ့သူဆို လံုး၀ လက္လႊတ္မခံပါနဲ
မွဲ႔ နဲ႔ပတ္သက္ျပီး အယူအဆ အမ်ဳိးမ်ဳိး ရွိၾကပါတယ္။ မွဲ႔တစ္ခုစီတုိင္းမွာ ဘဝနဲ႔ ပတ္သက္ျပီး ဖုံးကြယ္ထားတဲ့ မက္ေဆ့ခ်္ တစ္ခုစီ ရွိပါတယ္လို႔ မွဲ႔ပညာရွင္ေတြက ဆုိၾကပါတယ္ ။
ခႏၶာကိုယ္ရဲ႕ ေနရာအမ်ဳိးမ်ိဳးမွာ မွဲ႔ေတြရွိႏုိင္ျပီး အခုေဖာ္ျပမယ့္ ေနရာေတြမွာ ရွိတဲ့မွဲ႔ေတြကေတာ့ ကံေကာင္းျခင္းနဲ႔ စည္း စိမ္ဥစၥာၾကြယ္ဝျခင္းကို ေပးႏုိင္ပါတယ္တဲ့ ။
-ႏႈတ္ခမ္း အေပၚဘက္မွာရွိတဲ့ မွဲ႔
အရမ္းကို ေကာင္းတဲ့ မွဲ႔တစ္မ်ဳိးျဖစ္ျပီး ရြယ္တူ တန္းတူေတြထက္ ေငြေၾကး၊ ေအာင္ျမင္မႈ ပိုမိုရရွိတတ္တဲ့မွဲ႔လို႔ ဆုိႏုိင္ပါတယ္ ။
ဒီလိုမွဲ႔ပိုင္ရွင္ေတြက ေခါင္းနည္းနည္းမာတဲ့ သဘာဝရွိေပမဲ့ ဘာပဲလုပ္လုပ္အရမ္း ကို ျမန္ျမန္ ဆန္ဆန္ေ အာင္ျမင္တတ္ တဲ့သူေတြ ျဖစ္ပါတယ္ ။
-ႏွာေခါင္းေပၚမွာရွိတဲ့ မွဲ႔
ႏွာေခါင္းရဲ႕တစ္ဘက္တစ္ခ်က္မွာ မွဲ႔ရွိေနမယ္ ဆိုရင္ ေသခ်ာေပါက္ ခ်မ္းသာမယ္ဆုိတဲ့ လကၡဏာျဖစ္ပါတယ္ ။
ဒါေပမဲ့ ေအာ င္ျမင္မႈနဲ႔ ေငြေၾကးႏွစ္ခုစလုံးက အသက္ ၃၀ ေနာက္ပိုင္း ဒါမွမဟုတ္ အိမ္ေထာင္က်ျပီးမွ ရရွိတတ္ပါတယ္ ။
-ညာဘက္ပါးျပင္ေပၚက မွဲ႔
ညာဘက္ပါးေပၚမွာ ထင္ရွားျပီး ျပတ္သားတိက်တဲ့ မွဲ႔တစ္လုံးရွိမယ္ဆုိရင္ အိမ္ ေထာင္ျပဳျပီးေနာက္မွာ အရမ္းကို ခ်မ္းသာၾကြယ္ဝလာမယ္လုိ႔ သိႏုိင္ပါတယ္ ။
-မ်က္ခုံး/မ်က္လုံးႏွစ္ခုၾကားကမွဲ႔
မ်က္ခုံးႏွစ္ခုၾကားမွာျဖစ္ျဖစ္၊ မ်က္လုံးႏွစ္လုံးၾကားမွာျဖစ္ျဖစ္ မွဲ႔တစ္လုံး ရွိမယ္ဆိုရင္ ခ်မ္းသာျပီး ဘဝတစ္ခုကို သာသာ ယာယာနဲ႔ အေျခခ်ႏုိင္မယ့္ သူတစ္ဦးျဖစ္ပါလိမ့္မယ္ ။
ဘဝမွာ ေတာင့္တစရာမလုိ ဘဲ ေငြေၾကးျပည့္ျပည့္ စုံစုံနဲ႔ ေနရ တတ္ပါတယ္ ။
-ခါး
ခါးရဲ႕ေဘးတစ္ဖက္တစ္ခ်က္မွာရွိတဲ့ မွဲ႔က ကံေကာင္းျခင္းေရာ ကံဆုိးျခင္းေရာ ႏွစ္မ်ဳိးစလုံးျဖစ္ေစနုိင္ ပါတယ္ ။
ဥစၥာပစၥည္း ျပည့္စုံၾကြယ္ဝျပီး ၾကီးပြားတုိးတက္မွာ ျဖစ္ေပမဲ့ ဘဝရဲ႕အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ဝမ္းနည္းစရာ၊ စိတ္မခ်မ္းေျမ့စရာေတြၾကဳံရမွာ ျဖစ္ပါတယ္ ။
-ညာဘက္လက္ဝါးျပင္ကမွဲ႔
ညာဘက္လက္ဝါးျပင္မွာ မွဲ႔ရွိရင္ ဘဝမွာ ေအာင္ျမင္မႈနဲ႔ ၾကြယ္ဝမႈႏွစ္မ်ဳိးလုံး ရႏုိင္ပါတယ္။ ဒါေပမဲ့ ကံေကာင္းမယ့္အခ်ိန္ က လက္ဝါးျပင္ေပၚက မွဲ႔ရဲ႕ တည္ေနရာအေပၚမွာမူတည္ပါတယ္ ။
မွဲ႔က လက္ဝါးရဲ႕ အေပၚပိုင္းမွာ ရွိမယ္ဆုိရင္ ငယ္ ရြယ္ တဲ့ အခ်ိန္ကစျပီး ေအာင္ျမင္ျပည့္စုံမွာျဖစ္ျပီး လက္ဝါးရဲ႕ ေအာက္ပိုင္းမွာ ရွိမယ္ဆုိရင္ အသက္ရလာတဲ့အခ်ိ္န္မွာမွ စည္းစိမ္ ဥစၥာနဲ႔ ေအာင္ျမင္မႈေတြရရွိႏုိင္မွာပါ ။
-ရင္ဘတ္ေပၚမွာ ရွိတဲ့ မွဲ႔
ရင္ဘတ္ရဲ႕ ညာဘက္အျခမ္းမွာရွိတဲ့မွဲ႔က စည္းစိမ္ဥစၥာ အမ်ားအျပားပိုင္ဆုိင္ေစျပီး ဘဝကို ေအးေအးခ်မ္းခ်မ္း ေပ်ာ္ေပ်ာ္ ရႊင္ရႊင္ ျဖတ္သန္းႏုိင္ျခင္းကုိ ျပတဲ့မွဲ႔ျဖစ္ပါတယ္ ။
-ေမးေစ့ေပၚမွာရွိတဲ့မွဲ႔
ေမးေစ့ေပၚမွာ ရွိတဲ့မွဲ႔က စည္းစိမ္ဥစၥာနဲ႔ ပတ္သက္ရင္ ကံေကာင္းျခင္းကို ျပေပမဲ့ လူမႈဆက္ဆံေရးနဲ႔ ပတ္သက္ရင္ အား နည္းျပီး အထီးက်န္ေနရတတ္တဲ့သူေတြျဖစ္ပါတယ္ ။
Crd
Unicode
ဒီနေရာ (၇)ခု မှာ တစ်နေရာလောက် မှဲ့ပါတဲ့သူဆို လုံး၀ လက်လွှတ်မခံပါနဲ
မှဲ့ နဲ့ပတ်သက်ပြီး အယူအဆ အမျိုးမျိုး ရှိကြပါတယ်။ မှဲ့တစ်ခုစီတိုင်းမှာ ဘဝနဲ့ ပတ်သက်ပြီး ဖုံးကွယ်ထားတဲ့ မက်ဆေ့ချ် တစ်ခုစီ ရှိပါတယ်လို့ မှဲ့ပညာရှင်တွေက ဆိုကြပါတယ် ။
ခန္ဓာကိုယ်ရဲ့ နေရာအမျိုးမျိုးမှာ မှဲ့တွေရှိနိုင်ပြီး အခုဖော်ပြမယ့် နေရာတွေမှာ ရှိတဲ့မှဲ့တွေကတော့ ကံကောင်းခြင်းနဲ့ စည်း စိမ်ဥစ္စာကြွယ်ဝခြင်းကို ပေးနိုင်ပါတယ်တဲ့ ။
-နှုတ်ခမ်း အပေါ်ဘက်မှာရှိတဲ့ မှဲ့
အရမ်းကို ကောင်းတဲ့ မှဲ့တစ်မျိုးဖြစ်ပြီး ရွယ်တူ တန်းတူတွေထက် ငွေကြေး၊ အောင်မြင်မှု ပိုမိုရရှိတတ်တဲ့မှဲ့လို့ ဆိုနိုင်ပါတယ် ။
ဒီလိုမှဲ့ပိုင်ရှင်တွေက ခေါင်းနည်းနည်းမာတဲ့ သဘာဝရှိပေမဲ့ ဘာပဲလုပ်လုပ်အရမ်း ကို မြန်မြန် ဆန်ဆန်ေ အာင်မြင်တတ် တဲ့သူတွေ ဖြစ်ပါတယ် ။
-နှာခေါင်းပေါ်မှာရှိတဲ့ မှဲ့
နှာခေါင်းရဲ့တစ်ဘက်တစ်ချက်မှာ မှဲ့ရှိနေမယ် ဆိုရင် သေချာပေါက် ချမ်းသာမယ်ဆိုတဲ့ လက္ခဏာဖြစ်ပါတယ် ။
ဒါပေမဲ့ အော င်မြင်မှုနဲ့ ငွေကြေးနှစ်ခုစလုံးက အသက် ၃၀ နောက်ပိုင်း ဒါမှမဟုတ် အိမ်ထောင်ကျပြီးမှ ရရှိတတ်ပါတယ် ။
-ညာဘက်ပါးပြင်ပေါ်က မှဲ့
ညာဘက်ပါးပေါ်မှာ ထင်ရှားပြီး ပြတ်သားတိကျတဲ့ မှဲ့တစ်လုံးရှိမယ်ဆိုရင် အိမ် ထောင်ပြုပြီးနောက်မှာ အရမ်းကို ချမ်းသာကြွယ်ဝလာမယ်လို့ သိနိုင်ပါတယ် ။
-မျက်ခုံး/မျက်လုံးနှစ်ခုကြားကမှဲ့
မျက်ခုံးနှစ်ခုကြားမှာဖြစ်ဖြစ်၊ မျက်လုံးနှစ်လုံးကြားမှာဖြစ်ဖြစ် မှဲ့တစ်လုံး ရှိမယ်ဆိုရင် ချမ်းသာပြီး ဘဝတစ်ခုကို သာသာ ယာယာနဲ့ အခြေချနိုင်မယ့် သူတစ်ဦးဖြစ်ပါလိမ့်မယ် ။
ဘဝမှာ တောင့်တစရာမလို ဘဲ ငွေကြေးပြည့်ပြည့် စုံစုံနဲ့ နေရ တတ်ပါတယ် ။
-ခါး
ခါးရဲ့ဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့ မှဲ့က ကံကောင်းခြင်းရော ကံဆိုးခြင်းရော နှစ်မျိုးစလုံးဖြစ်စေနိုင် ပါတယ် ။
ဥစ္စာပစ္စည်း ပြည့်စုံကြွယ်ဝပြီး ကြီးပွားတိုးတက်မှာ ဖြစ်ပေမဲ့ ဘဝရဲ့အချိန်တော်တော်များများမှာ ဝမ်းနည်းစရာ၊ စိတ်မချမ်းမြေ့စရာတွေကြုံရမှာ ဖြစ်ပါတယ် ။
-ညာဘက်လက်ဝါးပြင်ကမှဲ့
ညာဘက်လက်ဝါးပြင်မှာ မှဲ့ရှိရင် ဘဝမှာ အောင်မြင်မှုနဲ့ ကြွယ်ဝမှုနှစ်မျိုးလုံး ရနိုင်ပါတယ်။ ဒါပေမဲ့ ကံကောင်းမယ့်အချိန် က လက်ဝါးပြင်ပေါ်က မှဲ့ရဲ့ တည်နေရာအပေါ်မှာမူတည်ပါတယ် ။
မှဲ့က လက်ဝါးရဲ့ အပေါ်ပိုင်းမှာ ရှိမယ်ဆိုရင် ငယ် ရွယ် တဲ့ အချိန်ကစပြီး အောင်မြင်ပြည့်စုံမှာဖြစ်ပြီး လက်ဝါးရဲ့ အောက်ပိုင်းမှာ ရှိမယ်ဆိုရင် အသက်ရလာတဲ့အချိန်မှာမှ စည်းစိမ် ဥစ္စာနဲ့ အောင်မြင်မှုတွေရရှိနိုင်မှာပါ ။
-ရင်ဘတ်ပေါ်မှာ ရှိတဲ့ မှဲ့
ရင်ဘတ်ရဲ့ ညာဘက်အခြမ်းမှာရှိတဲ့မှဲ့က စည်းစိမ်ဥစ္စာ အများအပြားပိုင်ဆိုင်စေပြီး ဘဝကို အေးအေးချမ်းချမ်း ပျော်ပျော် ရွှင်ရွှင် ဖြတ်သန်းနိုင်ခြင်းကို ပြတဲ့မှဲ့ဖြစ်ပါတယ် ။
-မေးစေ့ပေါ်မှာရှိတဲ့မှဲ့
မေးစေ့ပေါ်မှာ ရှိတဲ့မှဲ့က စည်းစိမ်ဥစ္စာနဲ့ ပတ်သက်ရင် ကံကောင်းခြင်းကို ပြပေမဲ့ လူမှုဆက်ဆံရေးနဲ့ ပတ်သက်ရင် အား နည်းပြီး အထီးကျန်နေရတတ်တဲ့သူတွေဖြစ်ပါတယ် ။
Crd Sunthit