ျမန္မာ နိုင္ငံ သား မွတ္ပုံတင္ ကို နိုင္ငံ တကာ ႏွင့္ တန္းတူ အဆင့္ မွီ ေအာင္ ေျပာင္း လဲ ေတာ့ မည္ …။
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
ျမန္မာ နိုင္ငံ သား မွတ္ပုံတင္ ကို နိုင္ငံ တကာ ႏွင့္ တန္းတူ အဆင့္ မွီ ေအာင္ ေျပာင္း လဲ ေတာ့ မည္ …။
နိုင္ငံသားကဒ္ မ်ားကို e-ID စနစ္သို႔ ေျပာင္းလဲနိုင္ ရန္ ၾသစႀတီးယား
UniCredit ဘဏ္မွ ယူရို ၃၃ သန္း ကို အတိုးမဲ့ကာလ ၁၃ ႏွစ္ခြဲအပါ ၂၇ ႏွစ္ခြဲၾကာေခ်းမည္။ ျမန္မာနိုင္ငံတြင္
နိုင္ငံသားကဒ္မ်ားကို electronic identification (eID)စနစ္သို႔ေျပာင္းလဲနိုင္ေရး အတြက္ ၾသစႀတီးယား၏ UniCredit ဘဏ္မွ ျမန္မာနိုင္ငံ သို႔အတိုးမဲ့ေခ်းေငြ ယူရို ၃၃သန္းေခ်းေပးသြားမည္။
ျဖစ္ေၾကာင္း အလုပ္သမား၊ လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔ အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြ ၏ ေျပာၾကားမႈအရ သိရသည္။ ယခုကဲ့သို႔ၾသစႀတီးယားဘဏ္၏
အတိုးမဲ့ေခ်းေငြျဖင့္ေခ်းေပးမႈသည္ ၂၀၁၉ ခုႏွစ္အတြင္းက နိုင္ငံေတာ္၏
အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ၾသစႀတီးယား၏ အဓိပတိ Sebastian Kurz တို႔ အၾကား
ပထမဆုံးအႀကိမ္ေဆြးေႏြးခဲ့ၾကၿပီးေနာက္ ျဖစ္ေပၚလာသည့္ နိုင္ငံတကာ အသိုင္းအဝန္း၏ ကူညီမႈ ျဖစ္သည္။
ၾသစႀတီးယားဘဏ္၏ ယူရို ၃၃ သန္းေခ်းေငြ ကာလသည္ ၂၇ ႏွစ္ခြဲသက္တမ္း ရွိမည္ျဖစ္ၿပီး ၁၃ ႏွစ္ခြဲၾကာ အတိုးမဲ့ကာလလည္း ပါဝင္မည္ဟု သိရသည္။
ျမန္မာနိုင္ငံ တြင္
နိုင္ငံသားကဒ္မ်ားကို e-IDအျဖစ္သို႔ေျပာင္းလဲမည့္စီမံကိန္းကို ၂ ႏွစ္အတြင္းအေကာင္ အထည္ေဖာ္မည္ ျဖစ္ကာ အဆင့္သုံးဆင့္ ပါဝင္ေၾကာင္းလည္း သိရသည္။ နိုင္ငံသားကဒ္ မ်ားကို e-ID
မ်ားအျဖစ္ ေျပာင္းလဲရသည့္ရည္ရြယ္ခ်က္မွာ နိုင္ငံသားမ်ား၏သတင္းအခ်က္ အလက္မ်ားကို အြန္လိုင္းေဒတာေဘ့စ္အျဖစ္
သိမ္းဆည္းထိန္းသိမ္းထားနိုင္ရန္ႏွင့္ အမ်ိဳးသားမွတ္ပုံတင္
ကဒ္ျပား/နိုင္ငံသားကဒ္မ်ား (NRC) ကို e-ID သို႔မဟုတ္ စမတ္ကဒ္မ်ားျဖင့္ အစားထိုးနိုင္ ရန္ျဖစ္ေၾကာင္း သိရသည္။
စီမံကိန္း၏ ပထမအဆင့္အေနျဖင့္ လူဦးေရ စာရင္းသြင္း စနစ္ကို ဒစ္ဂ်စ္တယ္စနစ္ျဖင့္လုပ္ေဆာင္သြားမည္ျဖစ္ သည္။ထို႔ေနာက္ နိုင္ငံသားတစ္ဦးခ်င္းစီ၏
အမ်ိဳးသားမွတ္ပုံတင္ကဒ္ျပား/နိုင္ငံသားကဒ္မ်ား (NRC)အား ဇီဝေဗဒဆိုင္ရာအခ်က္အလက္မ်ားပါဝင္မည့္ e-ID မ်ားအျဖစ္
သို႔႐ုပ္ပိုင္းဆိုင္ရာမွတ္ပုံတင္နံပါတ္မ်ားျဖင့္အစားထိုးမည္ျဖစ္သည္။
အသက္ ၁၀ ႏွစ္ႏွင့္အထက္ရွိ နိုင္ငံသားအားလုံးထံမွေကာက္ခံေျပာင္းလဲသြားမည္ျဖစ္ၿပီး
ယခုကဲ့သို႔လုပ္ ေဆာင္ျခင္းျဖင့္ အာဏာပိုင္မ်ားထံသို႔နိုင္ငံသားမ်ား၏ လိုအပ္သည့္ အခ်က္အလက္မ်ား
အလြယ္တကူေရာက္ရွိနိုင္မည္ျဖစ္ေၾကာင္း သိရသည္။
Crd The Lady Nwes
Unicode
မြန်မာ နိုင်ငံ သား မှတ်ပုံတင် ကို နိုင်ငံ တကာ နှင့် တန်းတူ အဆင့် မှီ အောင် ပြောင်း လဲ တော့ မည် …။
နိုင်ငံသားကဒ် များကို e-ID စနစ်သို့ ပြောင်းလဲနိုင် ရန် သြစတြီးယား UniCredit ဘဏ်မှ ယူရို ၃၃ သန်း ကို အတိုးမဲ့ကာလ ၁၃ နှစ်ခွဲအပါ ၂၇ နှစ်ခွဲကြာချေးမည်။ မြန်မာနိုင်ငံတွင်
နိုင်ငံသားကဒ်များကို electronic identification (eID)စနစ်သို့ပြောင်းလဲနိုင်ရေး အတွက် သြစတြီးယား၏ UniCredit ဘဏ်မှ မြန်မာနိုင်ငံ သို့အတိုးမဲ့ချေးငွေ ယူရို ၃၃
သန်းချေးပေးသွားမည်။
ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ၏ ပြောကြားမှုအရ သိရသည်။ ယခုကဲ့သို့သြစတြီးယားဘဏ်၏
အတိုးမဲ့ချေးငွေဖြင့်ချေးပေးမှုသည် ၂၀၁၉ ခုနှစ်အတွင်းက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သြစတြီးယား၏ အဓိပတိ Sebastian Kurz တို့ အကြား
ပထမဆုံးအကြိမ်ဆွေးနွေးခဲ့ကြပြီးနောက် ဖြစ်ပေါ်လာသည့် နိုင်ငံတကာ အသိုင်းအဝန်း၏ ကူညီမှု ဖြစ်သည်။
သြစတြီးယားဘဏ်၏ ယူရို ၃၃ သန်းချေးငွေ ကာလသည် ၂၇ နှစ်ခွဲသက်တမ်း ရှိမည်ဖြစ်ပြီး ၁၃ နှစ်ခွဲကြာ အတိုးမဲ့ကာလလည်း ပါဝင်မည်ဟု သိရသည်။ မြန်မာနိုင်ငံ တွင်
နိုင်ငံသားကဒ်များကို e-IDအဖြစ်သို့ပြောင်းလဲမည့်စီမံကိန်းကို ၂ နှစ်အတွင်းအကောင် အထည်ဖော်မည် ဖြစ်ကာ အဆင့်သုံးဆင့် ပါဝင်ကြောင်းလည်း သိရသည်။ နိုင်ငံသားကဒ် များကို e-ID
များအဖြစ် ပြောင်းလဲရသည့်ရည်ရွယ်ချက်မှာ နိုင်ငံသားများ၏သတင်းအချက် အလက်များကို အွန်လိုင်းဒေတာဘေ့စ်အဖြစ် သိမ်းဆည်းထိန်းသိမ်းထားနိုင်ရန်နှင့် အမျိုးသားမှတ်ပုံတင်
ကဒ်ပြား/နိုင်ငံသားကဒ်များ (NRC) ကို e-ID သို့မဟုတ် စမတ်ကဒ်များဖြင့် အစားထိုးနိုင် ရန်ဖြစ်ကြောင်း သိရသည်။
စီမံကိန်း၏ ပထမအဆင့်အနေဖြင့် လူဦးရေ စာရင်းသွင်း စနစ်ကို ဒစ်ဂျစ်တယ်စနစ်ဖြင့်လုပ်ဆောင်သွားမည်ဖြစ် သည်။ထို့နောက် နိုင်ငံသားတစ်ဦးချင်းစီ၏
အမျိုးသားမှတ်ပုံတင်ကဒ်ပြား/နိုင်ငံသားကဒ်များ (NRC)အား ဇီဝဗေဒဆိုင်ရာအချက်အလက်များပါဝင်မည့် e-ID များအဖြစ် သို့ရုပ်ပိုင်းဆိုင်ရာမှတ်ပုံတင်နံပါတ်များဖြင့်အစားထိုးမည်ဖြစ်သည်။
အသက် ၁၀ နှစ်နှင့်အထက်ရှိ နိုင်ငံသားအားလုံးထံမှကောက်ခံပြောင်းလဲသွားမည်ဖြစ်ပြီး ယခုကဲ့သို့လုပ် ဆောင်ခြင်းဖြင့် အာဏာပိုင်များထံသို့နိုင်ငံသားများ၏ လိုအပ်သည့် အချက်အလက်များ
အလွယ်တကူရောက်ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
The Ladies Nwes