အကြက္႐ိုက္ေရာင္းတဲ့ေျမကို ဝယ္လိုသူမ်ား အထူးသတိျပဳစရာ
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
အကြက္႐ိုက္ေရာင္းတဲ့ေျမကို ဝယ္လိုသူမ်ား အထူးသတိျပဳစရာ…
ယခုဆိုရင္ လယ္ေျမေတြကိုလည္းအကြက္႐ိုက္ၿပီး တခ်ိဳ႕ေရာင္းခ်ေနသည္ကိုေတြရွိရပါသည္ ။ ေဈးအရမ္းေပါတယ္ဆိုၿပီး မဝယ္ၾကပါနဲ႔ ။
၁။ ပုံစံ ၁၀၅ ဆိုတာ ပိုင္ဆိုင္မႈ အာမခံခ်က္ လုံးဝ မဟုတ္ပါေၾကာင္း၊ တည္ေနရာ ေဖာ္ျပရန္၊ ေျမအမ်ိဳးအစား ေဖာ္ျပရန္၊ အိမ္ေဆာက္လုပ္ခြင့္ ေလွ်ာက္ထားရာတြင္
တည္ေနရာ ၫြန္းဆိုရန္၊ ၿမိဳ႕ေျမျဖစ္ပါက ဂရံ ေလွ်ာက္ထားရာတြင္ တည္ေနရာ ၫြန္းဆိုရန္၊ စသည္တို႔အတြက္ ျဖစ္ၿပီး
ေျမစာရင္း ဌာနမွ ထုတ္ေပးၿပီး တစ္ႏွစ္အတြင္းသာ အက်ဳံးဝင္ပါေၾကာင္း။
၂။ လယ္ေျမ ျဖစ္ေစ၊ ယာေျမျဖစ္ေစ၊ သက္ဆိုင္ရာ ဌာနမွ ပယ္ဖ်က္ျခင္း မျပဳေသးသ၍ စိုက္ပ်ိဳးရန္မွလြဲ၍ အျခားနည္းလမ္းျဖင့္ အသုံးျပဳခြင့္ လုံးဝ မရွိေၾကာင္း။
၃။ လယ္ေျမ ျဖစ္ေစ၊ ယာေျမျဖစ္ေစ အျခားနည္းလမ္းျဖင့္ အသုံးျပဳလိုပါက (ဥပမာ အိမ္ေဆာက္ရန္၊ ငါးကန္တူးရန္၊ အုတ္စက္တည္ရန္ စသည္ျဖင့္) သီးျခား ေလွ်ာက္ထားၿပီးမွ အသုံးျပဳႏိုင္မည္ ျဖစ္ေၾကာင္း။
၄။ လယ္ယာေျမ ျဖစ္ပါက ယခင္ ဥပေဒ အရ ႏိုင္ငံပိုင္သာ ျဖစ္ၿပီး ယခု ဥပေဒမ်ားအရ ပိုင္ဆိုင္ခြင့္သာ ရရွိႏိုင္မည္ ျဖစ္ေၾကာင္း။
၅။ တရားဝင္ အစိုးရ၏ ၿမိဳ႕သစ္ တိုးခ်ဲ႕ စီမံကိန္းမွ လြဲ၍ လယ္ေျမ၊ ယာေျမကို လူေနအိမ္ေျခအျဖစ္ အကြက္႐ိုက္ ေရာင္းခ်ျခင္းသည္ တရားမဝင္ေၾကာင္း။
မျဖစ္ေသးခင္ေတာ့ ေအးေဆးပါ၊ စာလာဖတ္ေနတာ၊ အကုန္ဒီလိုနဲ႔ပဲ ၿပီးသြားတာပါ ဆိုၾကေပမဲ့ ျဖစ္လာတဲ့အခါ ဥပေဒေၾကာင္းအရ အတိအက် ေဆာင္႐ြက္လာပါက ဝယ္ယူသူမ်ား မိမိတို႔ရဲ႕ ေခြၽးနည္းစာမ်ားသာ ဆုံးရႈံးမွာ ျဖစ္ပါေၾကာင္း။
လယ္ယာေျမ မွာ ခြင့္ျပဳခ်က္ မရွိဘဲ အိမ္ေဆာက္၊ ဆိုင္ေဆာက္၊ အကြက္႐ိုက္ ေရာင္း စသည္ျဖင့္ အျခားနည္းသုံးသူမ်ားအား အေရးယူႏိုင္ျခင္း၊ ပုံစံ ၇ မရရွိပါက က်ဴးေက်ာ္အျဖစ္ အေရးယူႏိုင္ျခင္းမ်ား ပါဝင္လာသည့္ လယ္ယာေျမဥပေဒျပင္ဆင္ခ်က္ ျပဌာန္းလိုက္ၿပီ ျဖစ္ပါသည္။
ဥပေဒ ျပင္ဆင္ခ်က္…
လယ္ယာေျမ ဥပေဒ၏ ပုဒ္မ ၁၃ ကို ေအာက္ပါအတိုင္း ျပင္ဆင္အစားထိုးရမည္-
၁၃။ လယ္ယာေျမႏွင့္ စပ္လွ်ဥ္း၍ သက္ဆိုင္သူ မည္သူမဆို သက္ဆိုင္ရာ လယ္ယာေျမ စီမံခန္႔ခြဲမႈအဖြဲ႕ အဆင့္ဆင့္ က ဥပေဒႏွင့္အညီ ခ်မွတ္ေသာ အမိန္႔ကို လိုက္နာရမည္။
ဥပေဒ ျပင္ဆင္ခ်က္…
လယ္ယာေျမဥပေဒ ပုဒ္မ ၃၇ ၏ ေနာက္တြင္ ပုဒ္မ ၃၇-က အျဖစ္ ေအာက္ပါအတိုင္း ျဖည့္စြက္ရမည္-
၃၇-က။ မည္သူမဆို ဤဥပေဒအရ လယ္ယာေျမလုပ္ပိုင္ခြင့္မရွိဘဲ လယ္ယာေျမကို က်ဴးေက်ာ္လုပ္ကိုင္ေၾကာင္း ျပစ္မႈထင္ရွားစီရင္ျခင္းခံရလွ်င္ေသာ္လည္းေကာင္း၊ အျခားသူ တစ္ဦးဦး သို႔မဟုတ္
အဖြဲ႕စည္းတစ္ခုခုက ဤဥပေဒႏွင့္အညီ တရားဝင္လုပ္ကိုင္ခြင့္ ရရွိထားသည့္ လယ္ယာေျမအေပၚ က်ဴးေက်ာ္လုပ္ကိုင္ေၾကာင္း ျပစ္မႈထင္ရွား စီရင္ျခင္းခံရလွ်င္ ေသာ္လည္းေကာင္း
ထိုသူကို အနည္းဆုံး ေျခာက္လမွ အမ်ားဆုံး ႏွစ္ႏွစ္အထိ ေထာင္ဒဏ္ျဖစ္ေစ၊ အနည္းဆုံး က်ပ္သုံးသိန္းမွ အမ်ားဆုံး က်ပ္ ငါးသိန္း အထိ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမည္။
ထို႔ေၾကာင့္ လယ္ယာေျမ လုပ္ပိုင္ခြင့္ျပဳ လက္မွတ္ (ပုံစံ-၇) မရွိသည့္ ေျမကို မည္သူမွ် လက္ဝယ္ထားခြင့္၊ အသုံးျပဳခြင့္ မရွိေၾကာင္း ဥပေဒက တားျမစ္လိုက္ၿပီ ျဖစ္ၿပီး၊ ခြင့္ျပဳခ်က္မရွိဘဲ
အျခားနည္း အသုံးျပဳမႈမ်ားအားလည္း အေရးယူႏိုင္ေတာ့မည္ျဖစ္ကာ လယ္ယာေျမအတြက္ သက္ဆိုင္ရာ လယ္ယာေျမ စီမံခန္႔ခြဲမႈအဖြဲ႕ အဆင့္ဆင့္က ဥပေဒႏွင့္အညီ ခ်မွတ္ေသာ အမိန္႔ကို လိုက္နာရမည္ျဖစ္ပါသည္။
မလိုက္နာပါက ဥပေဒႏွင့္အညီ အေရးယူျခင္း ခံရမည္ျဖစ္ပါေၾကာင္း…။
ပိုသတိထားရမွာ က လယ္ယာေျမဥပေဒပုဒ္မ ( ၃၇) ႏွင့္ ပုဒ္မ (၃၇-က)တို႔အရ တရားစြဲဆိုေသာ ျပစ္မႈမ်ားကို #ရဲအေရးပိုင္ ေသာျပစ္မႈ အျဖစ္ သတ္မွတ္လိုက္တာပဲ။
ညီအစ္ကို ေမာင္ႏွမေတြ အားလုံး အသိတရားနဲ႔ အၿမဲသတိ ရွိႏိုင္ၾကပါေစ။ Crd (PNO – ဥေပေဒေရးရာဌာန)
Unicode
အကွက်ရိုက်ရောင်းတဲ့မြေကို ဝယ်လိုသူများ အထူးသတိပြုစရာ…
ယခုဆိုရင် လယ်မြေတွေကိုလည်းအကွက်ရိုက်ပြီး တချို့ရောင်းချနေသည်ကိုတွေရှိရပါသည် ။ ဈေးအရမ်းပေါတယ်ဆိုပြီး မဝယ်ကြပါနဲ့ ။
၁။ ပုံစံ ၁၀၅ ဆိုတာ ပိုင်ဆိုင်မှု အာမခံချက် လုံးဝ မဟုတ်ပါကြောင်း၊ တည်နေရာ ဖော်ပြရန်၊ မြေအမျိုးအစား ဖော်ပြရန်၊ အိမ်ဆောက်လုပ်ခွင့် လျှောက်ထားရာတွင်
တည်နေရာ ညွန်းဆိုရန်၊ မြို့မြေဖြစ်ပါက ဂရံ လျှောက်ထားရာတွင် တည်နေရာ ညွန်းဆိုရန်၊ စသည်တို့အတွက် ဖြစ်ပြီး မြေစာရင်း ဌာနမှ ထုတ်ပေးပြီး တစ်နှစ်အတွင်းသာ အကျုံးဝင်ပါကြောင်း။
၂။ လယ်မြေ ဖြစ်စေ၊ ယာမြေဖြစ်စေ၊ သက်ဆိုင်ရာ ဌာနမှ ပယ်ဖျက်ခြင်း မပြုသေးသ၍ စိုက်ပျိုးရန်မှလွဲ၍ အခြားနည်းလမ်းဖြင့် အသုံးပြုခွင့် လုံးဝ မရှိကြောင်း။
၃။ လယ်မြေ ဖြစ်စေ၊ ယာမြေဖြစ်စေ အခြားနည်းလမ်းဖြင့် အသုံးပြုလိုပါက (ဥပမာ အိမ်ဆောက်ရန်၊ ငါးကန်တူးရန်၊ အုတ်စက်တည်ရန် စသည်ဖြင့်) သီးခြား လျှောက်ထားပြီးမှ အသုံးပြုနိုင်မည် ဖြစ်ကြောင်း။
၄။ လယ်ယာမြေ ဖြစ်ပါက ယခင် ဥပဒေ အရ နိုင်ငံပိုင်သာ ဖြစ်ပြီး ယခု ဥပဒေများအရ ပိုင်ဆိုင်ခွင့်သာ ရရှိနိုင်မည် ဖြစ်ကြောင်း။
၅။ တရားဝင် အစိုးရ၏ မြို့သစ် တိုးချဲ့ စီမံကိန်းမှ လွဲ၍ လယ်မြေ၊ ယာမြေကို လူနေအိမ်ခြေအဖြစ် အကွက်ရိုက် ရောင်းချခြင်းသည် တရားမဝင်ကြောင်း။
မဖြစ်သေးခင်တော့ အေးဆေးပါ၊ စာလာဖတ်နေတာ၊ အကုန်ဒီလိုနဲ့ပဲ ပြီးသွားတာပါ ဆိုကြပေမဲ့ ဖြစ်လာတဲ့အခါ ဥပဒေကြောင်းအရ အတိအကျ ဆောင်ရွက်လာပါက ဝယ်ယူသူများ မိမိတို့ရဲ့ ချွေးနည်းစာများသာ ဆုံးရှုံးမှာ ဖြစ်ပါကြောင်း။
လယ်ယာမြေ မှာ ခွင့်ပြုချက် မရှိဘဲ အိမ်ဆောက်၊ ဆိုင်ဆောက်၊ အကွက်ရိုက် ရောင်း စသည်ဖြင့် အခြားနည်းသုံးသူများအား အရေးယူနိုင်ခြင်း၊ ပုံစံ ၇ မရရှိပါက ကျူးကျော်အဖြစ် အရေးယူနိုင်ခြင်းများ ပါဝင်လာသည့် လယ်ယာမြေဥပဒေပြင်ဆင်ချက် ပြဌာန်းလိုက်ပြီ ဖြစ်ပါသည်။
ဥပဒေ ပြင်ဆင်ချက်…
လယ်ယာမြေ ဥပဒေ၏ ပုဒ်မ ၁၃ ကို အောက်ပါအတိုင်း ပြင်ဆင်အစားထိုးရမည်-
၁၃။ လယ်ယာမြေနှင့် စပ်လျှဉ်း၍ သက်ဆိုင်သူ မည်သူမဆို သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့် က ဥပဒေနှင့်အညီ ချမှတ်သော အမိန့်ကို လိုက်နာရမည်။
ဥပဒေ ပြင်ဆင်ချက်…
လယ်ယာမြေဥပဒေ ပုဒ်မ ၃၇ ၏ နောက်တွင် ပုဒ်မ ၃၇-က အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
၃၇-က။ မည်သူမဆို ဤဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့်မရှိဘဲ လယ်ယာမြေကို ကျူးကျော်လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်သော်လည်းကောင်း၊ အခြားသူ တစ်ဦးဦး သို့မဟုတ်
အဖွဲ့စည်းတစ်ခုခုက ဤဥပဒေနှင့်အညီ တရားဝင်လုပ်ကိုင်ခွင့် ရရှိထားသည့် လယ်ယာမြေအပေါ် ကျူးကျော်လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် သော်လည်းကောင်း
ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ် ငါးသိန်း အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ထို့ကြောင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) မရှိသည့် မြေကို မည်သူမျှ လက်ဝယ်ထားခွင့်၊ အသုံးပြုခွင့် မရှိကြောင်း ဥပဒေက တားမြစ်လိုက်ပြီ ဖြစ်ပြီး၊ ခွင့်ပြုချက်မရှိဘဲ
အခြားနည်း အသုံးပြုမှုများအားလည်း အရေးယူနိုင်တော့မည်ဖြစ်ကာ လယ်ယာမြေအတွက် သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က ဥပဒေနှင့်အညီ ချမှတ်သော အမိန့်ကို လိုက်နာရမည်ဖြစ်ပါသည်။
မလိုက်နာပါက ဥပဒေနှင့်အညီ အရေးယူခြင်း ခံရမည်ဖြစ်ပါကြောင်း…။
ပိုသတိထားရမှာ က လယ်ယာမြေဥပဒေပုဒ်မ ( ၃၇) နှင့် ပုဒ်မ (၃၇-က)တို့အရ တရားစွဲဆိုသော ပြစ်မှုများကို #ရဲအရေးပိုင် သောပြစ်မှု အဖြစ် သတ်မှတ်လိုက်တာပဲ။
ညီအစ်ကို မောင်နှမတွေ အားလုံး အသိတရားနဲ့ အမြဲသတိ ရှိနိုင်ကြပါစေ။ Crd (PNO – ဥပေဒေရေးရာဌာန)