Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
Unicode
ချစ်သူကို ‘ဝတုတ်မ’ လေးဖြစ်အောင် အစားအသောက်တွေအဆမတန်ကျွေးပြီး နောက်ဆုံးလက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသား
ရူးရူးမူးမူးချစ်မိနေပြီဆိုရင်တော့ သူများမထင်ထားတဲ့ရူးသွပ်တဲ့လုပ်ရပ်မျိုးကို လုပ်တတ်ကြပါတယ် ။
ဒီတစ်ခေါက်မှာလည်း You Pan အမည်ရှိတဲ့ တရုတ်နိုင်ငံက ကောင်လေးတစ်ယောက်ဟာ မမျှော်လင့်ထားလောက်အောင် လှတဲ့မိန်းကလေးနဲ့ချစ်သူဖြစ်ခွင့်ရခဲ့ပါတယ် ။
လွန်ခဲ့တဲ့ 2နှစ်ခန့် ချစ်သူမိန်းကလေးရဲ့ ကိုယ်အလေးချိန်ဟာ 100 ပေါင် သာရှိခဲ့ပါတယ် ။
သို့ပေမဲ့လည်း ဆွဲဆောင်မှုရှိလွန်းလှတဲ့ချစ်သူကို အခြားသောပြိုင်ဘက်ကောင်လေးတွေကြိုက်နှစ်သက်မှာကြောက်လွန်းတဲ့
You Pan က ချစ်သူကို တစ်ရက် 3နပ်ခန့် အဆမတန်များလွန်းတဲ့ အစားအစာကျွေးမွေးခဲ့ပါတယ် ။
အဲဒါတင်မကသေးပါဘူး ညနက်အချိန်ဆိုရင်လည်း ချစ်သူကို အိပ်ယာကနေနိုးပြီး ညလယ်စာ သရေစာမုန့်တွေထပ်မံကျွေးမွေးပါသေးတယ် ။
အဲတာမှ ချစ်သူမိန်းကလေးကို ဘယ်ကောင်လေးကမှ စိတ်မဝင်စားတော့မှာပါ ။
2နှစ်ခန့်ကြိုးစားခဲ့ပြီးနောက် You Pan ဟာ ချစ်သူမိန်းကလေးကို စီစဉ်ထားတဲ့အတိုင်းလက်ထပ်ခွင့်တောင်းခဲ့ပါတယ် ။
ဓာတ်ပုံထဲကအတိုင်း ချစ်သူကအတော်လေး ဝနေခဲ့ပြီဖြစ်တဲ့အတွက် လက်ထပ်ဖို့ကိုချက်ချင်းခေါင်းငြိမ့်ခဲ့ပါတော့တယ် ။
သဝန်တိုလွန်းတဲ့ You Pan ရဲ့အချစ်ကလည်း အတော်လေးကိုဆန်းကြယ်လွန်းလှပါတယ် ။Crd