အဆုပ်မကောင်းခြင်း အတွက် ကြိတ်မှန်ရွက် တစ်ခွက်

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်


























Unicode

( ကြိတ်မှန်ပင်+ပျားရည် =ဆေးစွမ်းတခွက်

ကြိတ်မှန်ပင်ကို အမျိုးသမီးရောဂါဖြစ်တဲ့ မီးယပ်ရောဂါများတွင် အသုံးပြုခဲ့ကျတာ ခုထိပါဘဲ ဆရာဖြစ်သူရဲ့အတွေး သုတေသနများဖြင့်လည်း တိုးချဲ့ အသုံးပြုနေကျပါတယ်

လွန်ခဲ့သော လပိုင်းကပေါ့

ထွန်းမင်းအောင်ရေ ထွန်းမင်းအောင် …ဗျာ သြော် အမ လာလေ ဘာဖြစ်လို့လည်း

အမနီ နင်နဲ့လာတိုင်ပင်တာ ဟ အင်းဘာဖြစ်လို့လည်း ?

အိမ်က ကိုဇော် TBဖြစ်လို့ ဆေးသောက်နေတာ၂ လကြာပြီ ခု ဗိုက်ကြီးလည်းပူဖေါင်းလာသလို ခြေထောက်တွေလည်း ပြည့်ပြီးထမင်းလည်းစားမရဘူး လူလည်းသေးသေးဘဲကျန်တယ် ပြီးတော့ တအားလည်းမောတယ်

အဲ့ဒါ နဲ့ ဆေးခန်းတွေ လိုက်ပြနေတာ လည်း မထူးခြားဘူးအဲ့ဒါ တိုင်းရင်းဆေးနဲ့ကုမယ်လို့စိတ်ကူးမိပြီး နင့်ဆီလာအကူအညီ တောင်းတာဟ … … …

ဒါနဲ့ လူနာအကြောင်းကို ပြည့်စုံအောင်မေးပြီးတော့ သုံးသပ်ပေါ့ ကျနော် အကြံပြုပါဆိုရင် အဲ့ဒီဆေးခန်းကိုသွားပြပါ ။

အဲ့ဒီဆရာဝန်ကTBရောဂါကုတာ အတော်ကောင်းတယ် TBဆေးသောက်နေချိန်မှာ အခြားဆေးတွေမသုံးပါနဲ့ ပြီးတော့သူညွှန်ကြားတာကို တသွေမတိမ်းလုပ်ပါ ဒါဆို သက်သာပါလိမ့်မယ်ဆိုပြီး အကြံပြုပေးလိုက်တယ် ။

ဒီလိုနဲ့ ၁၀ရက်လောက်ကြာတော့ …ထွန်းမင်းအောင်ရေနင့်ကိုငါ ကျေးဇူးအထူးကိုတင်တာ

အင် ဘာဖြစ်လို့ !! စွတ်ပြီးကျေးဇူးတင်ရတာလည်းပြောပါဦးဗျ …

နင်ပေးတဲ့ အကြံအတိုင်းငါ လုပ်လိုက်တာ ခု ကိုဇော် ကျန်းမာလို့ အလုပ်တောင်ပြန်ဆင်းနေပြီဟ

ကောင်းတာပေါ့အမနီရယ် ဒါပေမဲ့ လည်းပြောပါဦး ဘယ်လိုကောင်းတယ် ဆိုတာကိုလည်းသိချင်တယ်လေ …

နင့်ဆီကပြန်တဲ့ ညနေကစပြီး ဆေးခန်းပြဆေးထိုးတယ် သောက်တယ် တရက်ခြား ဆေးထိုးတယ် ၃ကြိမ်ထိုးတယ် သိပ်မထူးခြားတော့ဆရာဝန်ကကပြောတယ်

ကြိတ်မှန်ရွက်ပြုတ်ရေနဲ့ပျားရည်ကိုရောပြီး တနေ့ ၃ကြိမ်သောက်ပေးပါတဲ့ အရင်လူနာတွေကိုလည်း ညွှန်ပေးခဲ့တာ သက်သာပါတယ်တဲ့

ဒါကြောင့် သောက်ပေးပါတဲ့ ငါလည်း ပျားရည်ရယ် ကြိတ်မှန်ရွက်ရယ် ရှာပြီးပြုတ်ရည်တနေ့တိုက်လိုက်တာ ညဖက်ရောက်တော့ တကိုယ်လုံးပူလာတယ်

မနက်မိုးလင်းတော့ ဝမ်းတွေတ အားသွားတယ် ၅//၆ကြိမ်ပေါ့ ဝမ်းအရောင်ကမည်းမည်းကြီးတွေ နောက်နေ့လည်းအဲ့လိုဘဲ နောက်နေ့ကျတော့ မသွားတော့ဘူး …

ဗိုက်ပူနေတာ မောနေတာ မရှိတော့ သလို ထမင်းတွေလည်း တအားစားပြီး အသားအရည်လည်း အေးလာ ကြည်လာတယ်

ဒါနဲ့ဆရာဝန်ကို ပြတဲ့ရက်ရောက်တော့ပြန်ပြတယ် ဆရာလည်းဝမ်းသာတယ် TBဆေးကိုလည်းဆက်သောက်ပါ ကြိတ်မှန်ရွက်ပြုတ် ကိုလည်း ဆက်သောက်ပါတဲ့

ခုတော့ ကျန်းမာစွာနဲ့အလုပ်ဆင်းနေပါပြီတဲ့ဗျားးးးး

ဆိုလိုချင်တာက ကျနော်တင်ပြပေးနေတဲ့ ဆေးဘက် ဝင်အပင်များနှင့် ဆေးအသုံးတွေက ရောဂါတွေကို မုချပျောက်ကင်းပါမယ်လို့ မဆိုလိုပါဘူး

တချို့သောရောဂါတွေမှာ အင်္ဂလိပ်ဆေးဆရာဝန်များ တိုင်းရင်းဆေးသမားတော်များနှင့်ကုသနေပေမဲ့အနာနဲ့ဆေး မတွေ့ဘဲ မပျောက်ကင်း မသက်သာဘဲရှိနေတဲ့ ရောဂါ ဝေဒနာရှင်တွေ ဒုနဲ့ဒေး များစွာရှိနေပါတယ်

အဲ့အထဲကမှ ကျနော်တင်ပြပေးတဲ့ဆေးပင်တပင်နှင့် အသုံးတဲ့ရင် ကျေနပ်ပါပြီဝေဒနာရှင် အားလုံး အနာနှင့် ဆေးတည့်ပြီးကျန်းမာချင်းကိုလျှင်မြန်စွာရ ရှိကျပါစေ … … …

ကျန်းမာစေသောဆန္ဒများဖြင့်သာ

Htunminaung Htunminaung