Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
Credit
Unicode
ဝတုတ်လာတဲ့သူ ၊ ဗိုက်ခေါက်ထွက်သူ၊ အဆီကျချင်သူများအတွက် ပိုက်ဆံမကုန်ဘဲ အကောင်းဆုံး ပြန်ဝိတ်ကျလာမယ့် နည်းလမ်း
ဝတုတ်လာတဲ့သူဗိုက်ခေါက်ထွက်သူ၊ အဆီကျချင်သူများအတွက် ပိုက်ဆံမကုန်ဘဲအကောင်းဆုံး ပြန်ဝိတ်ကျလာမယ့် နည်းလမ်း
အစ်မတစ်ယောက်က ရှားစောင်းလက်ပတ်ယိုလေးတင်ထားတာတွေ့လို့ ညီမလည်း ပြန်ရှယ်ပါရစေနော်။
ဝတဲ့သူတွေဒါမှမဟုတ် ဗိုက်ပူတဲ့သူတွေအတွက်အရမ်းအဆင်ပြေတယ်။အိမ်ရှင်မ တော်တော်များများရဲ့ဒုက္ခကဗိုက်ပူတာပါပဲ။
ညီမလေအဲ့ယိုလုပ်နည်းကို မေမေကတဆင့်သိတာပါ။
စားကြည့်တော့တကယ် ဗိုက်ကျတယ်ရှင့်။
ရှားစောင်းလက်ပတ် ငါးတက်လောက်ကို ဘေးကစူးသွားတွေကို ဓားနဲ့ခွာပီး လက်တစ်ဆစ်လောက်လေး တွေကိုလှီးပါ။
အခွံမနွှာတော့ထုပ်ထုပ်ထုပ်နဲ့စားလို့ကောင်းသလိုပိုဆေးဖက်ဝင်တာပေါ့။ ထန်းလျက်(အညို)ငါးကျပ်သားလောက်ကိုဆီ၅ကျပ်သားလောက်ထဲကို ထည့်ပီး အရည်ပျော်အောင်မွှေပါ။
ထန်းလျက် အရည်ပျော်သွားရင် ရှားစောင်းလက်ပတ်ထည့်ပါ။
ရှားစောင်းလတ်ပတ်က အရည်ထွက်တဲ့အတွက်ခနခန မွှေပေးပါရှားစောင်းလက်ပတ် အရည်ခမ်းသွားပီး နည်းနည်းခပ်ပျစ်ပျစ် ဖြစ်လာရင် ငှက်ပျောသီးဖီးကြမ်း နှစ်လုံးကို ပါးပါးလှီးထည့်ပါ။
(ငှက်ပျောသီးက များလျှင် ချဉ်တတ်လို့ နှစ်လုံးဆိုလုံလောက်ပါပြ။ီ
ကြက်ဥနှစ်လုံးကိုမွှေပီးမှထည့်ပါ။
ဇွန်းနဲ့အဆက်မပြတ်မွှေပေးပါကပ်သွားနိုင်တဲ့အတွက် ကြောင့်ပါ။
ပြီးရင်တကယ်ကိုအရသာရှိတဲ့ရှားစောင်းလတ်ပတ်ယိုလေးရပါပြီရှင်အဖုံးလုံတဲ့ပုလင်းလေးထဲကိုထည့်သိမ်းပြီးစားလို့ရပါပြီ။
ညီမအစကထင်ထားတာတာကဆီတွေလည်းများတယ်။
ကြက်ဥငှက်ပျောသီးရောဆိုတော့ဝိတ်တက်မှာပဲလို့ထင်ထားတာ။
ဒါပေမယ့်တကယ်စားကြည့်တော့ဝမ်းလည်းမှန်သလိုမိန်းကလေးတွေနဲ့ပတ်သတ်တဲ့ ရောဂါတွေကိုလည်းကာကွယ်ပေးတယ်ဆိုတော့စားရကျိုးနပ်ပီပေါ့နော်။
Credit