စည္းစိမ္ခ်မ္းသာမက္တဲ့ ခ်စ္သူကို သင္ခန္းစာေပးၿပီး လွလွပပလမ္းခြဲလိုက္တဲ့ အမ်ိဳးသား

ဘဝမွာကို ခ်စ္တဲ့သူကကိုယ့္ထက္စာရင္း ဥစၥာပစၥည္းေတြကို ပိုၿပီးခ်စ္ျမတ္ႏိုးသူတစ္ေယာက္ဆိုရင္ သင့္အေနနဲ႔ ဘယ္လို ခံစားမလဲ။ အခ်စ္ဆိုတာတစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္ေနက်ရင္ ၿပီးေရာဆိုေပမဲ့ အခ်ိဳ႕သူေတြအတြက္ကေတာ့ ဟုတ္ခ်င္မွဟုတ္ပါလိမ့္မယ္။

ဒါ့ေၾကာင့္ဒီအေၾကာင္းနဲ႔ပတ္သတ္ၿပီး David ဆိုတဲ့လူတစ္ဦးဟာ သူ႔ရဲ႕ရည္းစားေဟာင္းအေၾကာင္းကို Dcard အြန္လိုင္း စာမ်က္ႏွာမွာ မွ်ေဝခဲ့ပါတယ္။ David ဟာသူ႔ရဲ႕ရည္းစားေဟာင္းနဲ႔ တြဲစဥ္အခါကအရာအားလုံးအစဥ္ေျပၿပီး ရန္ျဖစ္တယ္ဆိုတာလဲ မရွိသေလာက္ပါပဲ

ဒါေပမဲ့ေနာက္ပိုင္းမွာေတာ့ David ရဲ႕ ရည္းစားဟာဥစၥာပစၥည္းေတြအေပၚမွာ အား႐ုံစိုက္လာၿပီး သူ႔ကိုလည္းအျခားေယာက်္ားေတြနဲ႔ ႏႈိင္းႏႈိင္းၿပီး ေျပာဆိုလာပါတယ္။ ဒီအျပဳအမူေတြက္သူတို႔ ၂ ဦးလမ္းခြဲအေၾကာင္းဖန္လာခဲ့ပါတယ္။

David ဟာမိမိရဲ႕ခ်စ္သူကို ဥစၥာပစၥည္းမမက္ေမာတဲ့သူလို႔ ထင္ထားခဲ့ေပမဲ့ အခ်ိန္ၾကာလာတဲ့ အခါမွာေတာ့သူ႔ခ်စ္သူက သူ႔ထက္ ဥစၥာပစၥည္းကိုပိုၿပီး မက္ေမာလာတယ္ဆိုတာ သိခဲ့ရပါတယ္။ ရည္းစားျဖစ္ခါစတုန္းက လမ္းေဘးဆိုင္ေလးေတြမွာအတူတူထိုင္၊ တခါတေလ႐ုပ္ရွင္သြားၾကည့္တာမ်ိဳးေတြ ရွိပါတယ္။

ဒါေပမဲ့ ေနာက္ပိုင္းမွာေတာ့ ေကာင္မေလးဘက္က လမ္းေဘးဆိုင္ဆို မထိုင္ႏိုင္ေတာ့ဘူးျဖစ္လာပါတယ္။ David ဟာ သူ႔နဲ႔ ရည္းစားျဖစ္ကတည္းက ႐ိုး႐ိုးရွင္းရွင္းပဲေနထိုင္ခဲ့သူ တစ္ေယာက္ပါ။ သူလိုခ်င္တဲ့ပုံစံဟာ ပကာသနေတြ၊ ေငြေၾကးစည္းစိမ္ေတြကို မမက္ေမာဘဲသူနဲ႔အတူရွိေနရင္ ေပ်ာ္႐ႊင္ေနတာမ်ိဳးကိုပဲ လိုခ်င္သူတစ္ေယာက္ပါ။

ဒါ့အျပင္ David ဟာအေနအထိုင္ ႐ိုးေအးတာေၾကာင့္သူ႔ကို သူေဌးသားလို႔ ဘယ္သူမွသတိမထားမိပါဘူး။ သူ႔လက္ထပ္မဲ့ေကာင္မေလးကိုလည္း သူ႔ရဲ႕စည္းစိမ္းခ်မ္းသာကိုလိုခ်င္တာလား သူ႔ကိုတကယ္ခ်စ္တာလားဆိုတာ သိရဖို႔အတြက္ သူ႔အေၾကာင္းကိုဘာမွဖြင့္မေျပာဘဲ အခ်ိန္တစ္ခုကိုေစာင့္ေနခဲ့တာပဲ ျဖစ္ပါတယ္။

ရည္းစားျဖစ္ၿပီး လအနည္းငယ္ၾကာတဲ့အခါမွာေတာ့ ေကာင္းမေလးဘက္က ေစာဒကေတြတက္ၿပီး David ကို ျငဴစူလာခဲ့ ပါတယ္။

သူမ်ားရည္းစားေတြကို သူတို႔ေကာင္မေလးကို ေစ်းႀကီးတဲ့ စမတ္ဖုန္းေတြ၊ နာမည္ႀကီးတဲ့ branded လက္ကိုင္အိတ္ေတြ အဝတ္အစားေတြ ဝယ္ေပးေပမဲ့ သူ႔ရည္းစားကေတာ့ လမ္းေဘးဆိုင္ထိုင္၊ ညေစ်းမွာေရာင္းတဲ့ပစၥည္းေတြေလာက္နဲ႔ပဲ ေက်နပ္ေနရတယ္ဆိုၿပီး အျခားအတြဲေတြနဲ႔ ႏႈိင္းယွဥ္ၿပီး ေျပာဆိုလာပါတယ္။

အဲ့ဒီေနာက္မွာပဲ ေကာင္မေလးဘက္က David ကို လမ္းခြဲဖို႔ စတင္ခဲ့ ပါတယ္။ စိတ္မေကာင္းစြာနဲ႔ဘဲ David က သူနဲ႔ အတူ ေနာက္ဆုံးအေနနဲ႔ ညစာလိုက္စားဖို႔ ေတာင္းဆိုခဲ့ပါတယ္။

ေကာင္မေလးဘက္က သူ႔ကိုလမ္းေဘးဆိုင္ကို ေခၚသြားဦးမယ္ လို႔ စိတ္ကထင္ေနေပမဲ့ ေနာက္ဆုံးအႀကိမ္ဆိုေတာ့ David ရဲ႕ေတာင္းဆိုမႈကိုလက္ခံလိုက္ပါတယ္။ ခ်ိန္းတဲ့ေန႔ ေရာက္တဲ့အခါမွာေတာ့ David ဟာေကာင္မေလးကို BMW ကားနဲ႔ လာေခၚခဲ့ပါတယ္။ ကားအေကာင္းစားႀကီးကို ျမင္လဲ ျမင္ေရာ ေကာင္မေလးဟာ အရမ္းကိုအံ့အားသင့္သြားပါတယ္။

အဲ့ဒီေနာက္ David ဟာ ေကာင္မေလးကို ကားေပၚတင္ၿပီး သူ႔အိမ္ကို ေခၚလာခဲ့ ပါတယ္။ David အိမ္ကိုေရာက္တဲ့ အခါမွာေတာ့ တခမ္းတနားနဲ႔ အိမ္ေဖာ္ေတြ အေစခံေတြက တန္းစီၿပီး ႏႈတ္ဆက္ၾကပါတယ္။ အိမ္ထဲကို ေရာက္တဲ့ အခါ David က သူ႔ရဲ႕ မိဘတြကို “ဒါ ကြၽန္ေတာ့္ရဲ႕အေကာင္းဆုံး မိန္းကေလး မိတ္ေဆြပါ” ဆိုၿပီး မိတ္ဆက္ေပး ပါတယ္။

ရည္းစားျဖစ္ေပမဲ့ မိဘေတြကို မိတ္ဆက္ေပးတဲ့အခါ “မိတ္ေဆြ” ပါလို႔ David ႏႈတ္က ေျပာခဲ့ေပမဲ့ ေကာင္မေလး ဘက္က ခပ္ၿပဳံးၿပဳံးပါပဲ။ စားေသာက္ဖြယ္ရာ စုံစုံလင္လင္နဲ႔ တခမ္းတနား ဧည့္ခံၿပီးေနာက္ သူ႔မကို အျပန္လိုက္ပို႔တဲ့ အခါမွာေတာ့

ေကာင္မေလးဘက္က ယခင္ သူမ ေျပာဆို ဆက္ဆံခဲ့မိတာေတြအတြက္ စိတ္မေကာင္းဘူးလို႔ ဝမ္းနည္းစြာ ေျပာခဲ့ပါတယ္။ David ကလည္း ရပါတယ္ ကိစၥမရွိဘူးလို႔ ဆိုခဲ့ ပါတယ္ ။

ဒါေပမဲ့ သူမလိုခ်င္တဲ့ဘဝမ်ိဳးလည္း သူ႔ဘက္ကမေပးႏိုင္ဘူးလို႔ျငင္းဆန္ၿပီး အလိမၼာနဲ႔ပဲလမ္းခဲ့လိုက္ၾကပါတယ္။ ဒီလိုနဲ႔ David ဟာ႐ုပ္ဝတၳဳေတြေပၚမွာ အေျခခံၿပီးတည္ေဆာက္ထားတဲ့အခ်စ္က ေရရွည္တည္ၿမဲမႈမရွိေၾကာင္း သူ႔အျဖစ္ေလးကသက္ေသပဲဆိုတာ ျပန္ေျပာရင္းတကယ့္အခ်စ္စစ္ဆိုတာလည္း ေတြ႕ရခဲတယ္လို႔ ေျပာသြားပါတယ္။ခရက္ဒစ္

Unicode

ဘဝမှာကို ချစ်တဲ့သူကကိုယ့်ထက်စာရင်း ဥစ္စာပစ္စည်းတွေကို ပိုပြီးချစ်မြတ်နိုးသူတစ်ယောက်ဆိုရင် သင့်အနေနဲ့ ဘယ်လို ခံစားမလဲ။ အချစ်ဆိုတာတစ်ယောက်နဲ့ တစ်ယောက် ချစ်နေကျရင် ပြီးရောဆိုပေမဲ့ အချို့သူတွေအတွက်ကတော့ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။

ဒါ့ကြောင့်ဒီအကြောင်းနဲ့ပတ်သတ်ပြီး David ဆိုတဲ့လူတစ်ဦးဟာ သူ့ရဲ့ရည်းစားဟောင်းအကြောင်းကို Dcard အွန်လိုင်း စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။ David ဟာသူ့ရဲ့ရည်းစားဟောင်းနဲ့ တွဲစဉ်အခါကအရာအားလုံးအစဉ်ပြေပြီး ရန်ဖြစ်တယ်ဆိုတာလဲ မရှိသလောက်ပါပဲ

ဒါပေမဲ့နောက်ပိုင်းမှာတော့ David ရဲ့ ရည်းစားဟာဥစ္စာပစ္စည်းတွေအပေါ်မှာ အားရုံစိုက်လာပြီး သူ့ကိုလည်းအခြားယောကျ်ားတွေနဲ့ နှိုင်းနှိုင်းပြီး ပြောဆိုလာပါတယ်။ ဒီအပြုအမူတွေက်သူတို့ ၂ ဦးလမ်းခွဲအကြောင်းဖန်လာခဲ့ပါတယ်။

David ဟာမိမိရဲ့ချစ်သူကို ဥစ္စာပစ္စည်းမမက်မောတဲ့သူလို့ ထင်ထားခဲ့ပေမဲ့ အချိန်ကြာလာတဲ့ အခါမှာတော့သူ့ချစ်သူက သူ့ထက် ဥစ္စာပစ္စည်းကိုပိုပြီး မက်မောလာတယ်ဆိုတာ သိခဲ့ရပါတယ်။ ရည်းစားဖြစ်ခါစတုန်းက လမ်းဘေးဆိုင်လေးတွေမှာအတူတူထိုင်၊ တခါတလေရုပ်ရှင်သွားကြည့်တာမျိုးတွေ ရှိပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ ကောင်မလေးဘက်က လမ်းဘေးဆိုင်ဆို မထိုင်နိုင်တော့ဘူးဖြစ်လာပါတယ်။ David ဟာ သူ့နဲ့ ရည်းစားဖြစ်ကတည်းက ရိုးရိုးရှင်းရှင်းပဲနေထိုင်ခဲ့သူ တစ်ယောက်ပါ။ သူလိုချင်တဲ့ပုံစံဟာ ပကာသနတွေ၊ ငွေကြေးစည်းစိမ်တွေကို မမက်မောဘဲသူနဲ့အတူရှိနေရင် ပျော်ရွှင်နေတာမျိုးကိုပဲ လိုချင်သူတစ်ယောက်ပါ။

ဒါ့အပြင် David ဟာအနေအထိုင် ရိုးအေးတာကြောင့်သူ့ကို သူဌေးသားလို့ ဘယ်သူမှသတိမထားမိပါဘူး။ သူ့လက်ထပ်မဲ့ကောင်မလေးကိုလည်း သူ့ရဲ့စည်းစိမ်းချမ်းသာကိုလိုချင်တာလား သူ့ကိုတကယ်ချစ်တာလားဆိုတာ သိရဖို့အတွက် သူ့အကြောင်းကိုဘာမှဖွင့်မပြောဘဲ အချိန်တစ်ခုကိုစောင့်နေခဲ့တာပဲ ဖြစ်ပါတယ်။

ရည်းစားဖြစ်ပြီး လအနည်းငယ်ကြာတဲ့အခါမှာတော့ ကောင်းမလေးဘက်က စောဒကတွေတက်ပြီး David ကို ငြူစူလာခဲ့ ပါတယ်။

သူများရည်းစားတွေကို သူတို့ကောင်မလေးကို ဈေးကြီးတဲ့ စမတ်ဖုန်းတွေ၊ နာမည်ကြီးတဲ့ branded လက်ကိုင်အိတ်တွေ အဝတ်အစားတွေ ဝယ်ပေးပေမဲ့ သူ့ရည်းစားကတော့ လမ်းဘေးဆိုင်ထိုင်၊ ညဈေးမှာရောင်းတဲ့ပစ္စည်းတွေလောက်နဲ့ပဲ ကျေနပ်နေရတယ်ဆိုပြီး အခြားအတွဲတွေနဲ့ နှိုင်းယှဉ်ပြီး ပြောဆိုလာပါတယ်။

အဲ့ဒီနောက်မှာပဲ ကောင်မလေးဘက်က David ကို လမ်းခွဲဖို့ စတင်ခဲ့ ပါတယ်။ စိတ်မကောင်းစွာနဲ့ဘဲ David က သူနဲ့ အတူ နောက်ဆုံးအနေနဲ့ ညစာလိုက်စားဖို့ တောင်းဆိုခဲ့ပါတယ်။

ကောင်မလေးဘက်က သူ့ကိုလမ်းဘေးဆိုင်ကို ခေါ်သွားဦးမယ် လို့ စိတ်ကထင်နေပေမဲ့ နောက်ဆုံးအကြိမ်ဆိုတော့ David ရဲ့တောင်းဆိုမှုကိုလက်ခံလိုက်ပါတယ်။ ချိန်းတဲ့နေ့ ရောက်တဲ့အခါမှာတော့ David ဟာကောင်မလေးကို BMW ကားနဲ့ လာခေါ်ခဲ့ပါတယ်။ ကားအကောင်းစားကြီးကို မြင်လဲ မြင်ရော ကောင်မလေးဟာ အရမ်းကိုအံ့အားသင့်သွားပါတယ်။

အဲ့ဒီနောက် David ဟာ ကောင်မလေးကို ကားပေါ်တင်ပြီး သူ့အိမ်ကို ခေါ်လာခဲ့ ပါတယ်။ David အိမ်ကိုရောက်တဲ့ အခါမှာတော့ တခမ်းတနားနဲ့ အိမ်ဖော်တွေ အစေခံတွေက တန်းစီပြီး နှုတ်ဆက်ကြပါတယ်။ အိမ်ထဲကို ရောက်တဲ့ အခါ David က သူ့ရဲ့ မိဘတွကို “ဒါ ကျွန်တော့်ရဲ့အကောင်းဆုံး မိန်းကလေး မိတ်ဆွေပါ” ဆိုပြီး မိတ်ဆက်ပေး ပါတယ်။

ရည်းစားဖြစ်ပေမဲ့ မိဘတွေကို မိတ်ဆက်ပေးတဲ့အခါ “မိတ်ဆွေ” ပါလို့ David နှုတ်က ပြောခဲ့ပေမဲ့ ကောင်မလေး ဘက်က ခပ်ပြုံးပြုံးပါပဲ။ စားသောက်ဖွယ်ရာ စုံစုံလင်လင်နဲ့ တခမ်းတနား ဧည့်ခံပြီးနောက် သူ့မကို အပြန်လိုက်ပို့တဲ့ အခါမှာတော့

ကောင်မလေးဘက်က ယခင် သူမ ပြောဆို ဆက်ဆံခဲ့မိတာတွေအတွက် စိတ်မကောင်းဘူးလို့ ဝမ်းနည်းစွာ ပြောခဲ့ပါတယ်။ David ကလည်း ရပါတယ် ကိစ္စမရှိဘူးလို့ ဆိုခဲ့ ပါတယ် ။

ဒါပေမဲ့ သူမလိုချင်တဲ့ဘဝမျိုးလည်း သူ့ဘက်ကမပေးနိုင်ဘူးလို့ငြင်းဆန်ပြီး အလိမ္မာနဲ့ပဲလမ်းခဲ့လိုက်ကြပါတယ်။ ဒီလိုနဲ့ David ဟာရုပ်ဝတ္ထုတွေပေါ်မှာ အခြေခံပြီးတည်ဆောက်ထားတဲ့အချစ်က ရေရှည်တည်မြဲမှုမရှိကြောင်း သူ့အဖြစ်လေးကသက်သေပဲဆိုတာ ပြန်ပြောရင်းတကယ့်အချစ်စစ်ဆိုတာလည်း တွေ့ရခဲတယ်လို့ ပြောသွားပါတယ်။ခရက်ဒစ်