သမီးေလးရဲ႕ေရာဂါကိုကုသႏိုင္ဖို႔မိုင္(၇၀၀)ခရီးကို ဖိနပ္မပါဘဲ လမ္းေလွ်ာက္အလႉခံခဲ့တဲ့ဖခင္
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
ၿဗိတိန္စစ္တပ္ရဲ႕ဗိုလ္မႉးတစ္ဦးျဖစ္တဲ့ Chris Brannigan ဟာ သူ႔ရဲ႕သမီးေလး ခံစားေနရတဲ့ေရာဂါကို ကုသႏိုင္ဖို႔အတြက္
အလႉေငြေကာက္ခံႏိုင္ဖို႔ မိုင္(၇၀၀)ေက်ာ္ခရီးကို ဖိနပ္မပါဘဲ လမ္းေလွ်ာက္အလႉခံခဲ့ပါတယ္။
Chris ရဲ႕အသက္(၈)ႏွစ္အ႐ြယ္သမီးေလးေဟတီဟာ ေမြးရာပါ Cornelia de Lange syndrome ဆိုတဲ့ေရာဂါကို ခံစားေနရတာပဲ ျဖစ္ပါတယ္။
အဆိုပါေရာဂါဟာ လက္တေလာမွာေတာ့ ကုသႏိုင္ရန္ ေဆးလည္းမရွိေသးတာေၾကာင့္ Chris ဟာ CdLS Hope For Hasti ဆိုတဲ့ပရဟိတအဖြဲ႕ေလးတစ္ခုကို တည္ေထာင္ထားခဲ့ပါတယ္။
အဆိုပါပရဟိတအဖြဲ႕ကေန ရရွိလာတဲ့ ရန္ပုံေငြေတြနဲ႔ CdLS ေရာဂါ ခံစားေနရတဲ့ကေလးမ်ားအတြက္ ကုသႏိုင္တဲ့ေဆးကို ေဖာ္ထုတ္ႏိုင္္ရန္ ႀကိဳးပမ္းသြားမွာပဲ ျဖစ္ပါတယ္။
ေဆးေဖာ္ထုတ္ႏိုင္ရန္ သုေတသန လုပ္ငန္းမ်ားအတြက္ စုစုေပါင္းကုန္က်စရိတ္ဟာ စတာလင္ေပါင္(၄)သိန္းခန္႔ ကုန္က်မွာျဖစ္တယ္လို႔ Chris က သူ႔ရဲ႕ လူမႈကြန္ယက္ေပၚမွာ ေရးသားခဲ့ပါတယ္။
ဒါေၾကာင့္ Chris ဟာ သူ႔ရဲ႕ ပရဟိတလုပ္ငန္းမွာ အလႉေငြေတြရရွိႏိုင္ဖို႔အတြက္ မိုင္(၇၀၀)ကြာေဝးတဲ့ခရီးကို ေျခဗလာနဲ႔ လမ္းေလွ်ာက္ခဲ့တာ ျဖစ္ပါတယ္။
Chris ေလွ်ာက္ခဲ့တဲ့ လမ္းခရီးတေလွ်ာက္ ၿမိဳ႕တိုင္းရွိၿမိဳ႕ခံေတြကလည္း လက္ခုပ္တီးၿပီး အားေပးခဲ့ၾကပါတယ္။
Chris ဟာ သူ႔ရဲ႕ေျခေထာက္ေတြမွာ ရည္ၾကည္ဖုေတြ ေပါက္လာေပမယ့္လည္း ႏိုင္ငံအႏွံ႔လမ္းေလွ်ာက္ကာအလႈေငြေကာက္ခံတာကိုေတာ့ ၿပီးေျမာက္ေအာင္လုပ္ေဆာင္ခဲ့ပါတယ္။
ခရီးစဥ္အတြင္းမွာ Chris ရဲ႕ေျခေထာက္ဟာ ေရာဂါပိုးဝင္ေရာက္တာေၾကာင့္ ေဆး႐ုံသုံးရက္တက္ခဲ့ရၿပီး ထိုအေျခအေနကိုေရာက္ေနတာေတာင္မွ Chris ဟာ ဇြဲမေလ်ာ့ဘဲဆက္လက္ကာ လမ္းေလွ်ာက္ခဲ့ပါတယ္။
သူရဲ႕ဇာတိၿမိဳ႕ Edinburgh Castle သို႔ ေရာက္လာတဲ့အခါမွာေတာ့ Chris ကို သမီးျဖစ္သူေဟတီက အေျပးဖက္ကာ ႀကိဳဆိုခဲ့ပါတယ္။
ထိုအခိုက္အတန႔္ေလးေတြနဲ႔ပက္သက္ၿပီး Chris ဟာ Facebook ေပၚမွာစာ တစ္ေစာင္ေရးတင္ခဲ့ပါတယ္။ ”
ကြၽန္ေတာ္နာက်င္စြာ လွမ္းခဲ့ရတဲ့ေျခလွမ္းတိုင္းကေျခလွမ္းရက်ိဳးနပ္ေစခဲ့ပါတယ္။
ေတာင္ကုန္းေတြကိုျဖတ္ေက်ာ္လာရတဲ့ပင္ပန္းမႈေတြက သမီးေလး ကြၽန္ေတာ္ကိုေပြ႕ဖက္ၿပီး လာႀကိဳတဲ့အခါမွာ အားလုံးေပ်ာက္ကြယ္သြားပါၿပီ။
(၃၅)ရက္ၾကာတဲ့ ဒီမိုင္(၇၀၀)ခရီးမွာ က်ခဲ့ရတဲ့ေသြး၊ ေခြၽးနဲ႔မ်က္ရည္ေတြက သမီးေလးေဟတီအတြက္ ေမွ်ာ္လင့္ခ်က္ျဖစ္ေစခဲ့လို႔ အားလုံးကိုေက်းဇူးတင္ပါတယ္ “လို႔ ေရးသားခဲ့ပါတယ္။
Chris ရဲ႕ထိုခရီးၾကမ္းကေတာ့ ေဆး႐ုံးတက္ခဲ့ရတဲ့ (၃)ရက္အပါအဝင္ (၃၈)ရက္ၾကာျမင့္ခဲ့ၿပီး ဩဂုတ္လ (၁၃)ရက္ေန႔မွာေတာ့ သူ႔ရဲ႕ဇာတိၿမိဳ႕ Edinburgh ကိုေရာက္လာခဲ့ပါတယ္။
သူဟာ ခရီးစဥ္အတြင္းမွာ သူ႔ရဲ႕ပရဟိတအဖြဲ႕အတြက္ အလႈေငြ စတာလင္ေပါင္ ၃၇၀၀၀၀ ခန္႔ရရွိခဲ့ပါတယ္။
Unicode
ဗြိတိန်စစ်တပ်ရဲ့ဗိုလ်မှူးတစ်ဦးဖြစ်တဲ့ Chris Brannigan ဟာ သူ့ရဲ့သမီးလေး ခံစားနေရတဲ့ရောဂါကို ကုသနိုင်ဖို့အတွက်
အလှူငွေကောက်ခံနိုင်ဖို့ မိုင်(၇၀၀)ကျော်ခရီးကို ဖိနပ်မပါဘဲ လမ်းလျှောက်အလှူခံခဲ့ပါတယ်။
Chris ရဲ့အသက်(၈)နှစ်အရွယ်သမီးလေးဟေတီဟာ မွေးရာပါ Cornelia de Lange syndrome ဆိုတဲ့ရောဂါကို ခံစားနေရတာပဲ ဖြစ်ပါတယ်။
အဆိုပါရောဂါဟာ လက်တလောမှာတော့ ကုသနိုင်ရန် ဆေးလည်းမရှိသေးတာကြောင့် Chris ဟာ CdLS Hope For Hasti ဆိုတဲ့ပရဟိတအဖွဲ့လေးတစ်ခုကို တည်ထောင်ထားခဲ့ပါတယ်။
အဆိုပါပရဟိတအဖွဲ့ကနေ ရရှိလာတဲ့ ရန်ပုံငွေတွေနဲ့ CdLS ရောဂါ ခံစားနေရတဲ့ကလေးများအတွက် ကုသနိုင်တဲ့ဆေးကို ဖော်ထုတ်နိုင်ရန် ကြိုးပမ်းသွားမှာပဲ ဖြစ်ပါတယ်။
ဆေးဖော်ထုတ်နိုင်ရန် သုတေသန လုပ်ငန်းများအတွက် စုစုပေါင်းကုန်ကျစရိတ်ဟာ စတာလင်ပေါင်(၄)သိန်းခန့် ကုန်ကျမှာဖြစ်တယ်လို့ Chris က သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပါတယ်။
ဒါကြောင့် Chris ဟာ သူ့ရဲ့ ပရဟိတလုပ်ငန်းမှာ အလှူငွေတွေရရှိနိုင်ဖို့အတွက် မိုင်(၇၀၀)ကွာဝေးတဲ့ခရီးကို ခြေဗလာနဲ့ လမ်းလျှောက်ခဲ့တာ ဖြစ်ပါတယ်။
Chris လျှောက်ခဲ့တဲ့ လမ်းခရီးတလျှောက် မြို့တိုင်းရှိမြို့ခံတွေကလည်း လက်ခုပ်တီးပြီး အားပေးခဲ့ကြပါတယ်။
Chris ဟာ သူ့ရဲ့ခြေထောက်တွေမှာ ရည်ကြည်ဖုတွေ ပေါက်လာပေမယ့်လည်း နိုင်ငံအနှံ့လမ်းလျှောက်ကာအလှုငွေကောက်ခံတာကိုတော့ ပြီးမြောက်အောင်လုပ်ဆောင်ခဲ့ပါတယ်။
ခရီးစဉ်အတွင်းမှာ Chris ရဲ့ခြေထောက်ဟာ ရောဂါပိုးဝင်ရောက်တာကြောင့် ဆေးရုံသုံးရက်တက်ခဲ့ရပြီး ထိုအခြေအနေကိုရောက်နေတာတောင်မှ Chris ဟာ ဇွဲမလျော့ဘဲဆက်လက်ကာ လမ်းလျှောက်ခဲ့ပါတယ်။
သူရဲ့ဇာတိမြို့ Edinburgh Castle သို့ ရောက်လာတဲ့အခါမှာတော့ Chris ကို သမီးဖြစ်သူဟေတီက အပြေးဖက်ကာ ကြိုဆိုခဲ့ပါတယ်။
ထိုအခိုက်အတန့်လေးတွေနဲ့ပက်သက်ပြီး Chris ဟာ Facebook ပေါ်မှာစာ တစ်စောင်ရေးတင်ခဲ့ပါတယ်။ ”
ကျွန်တော်နာကျင်စွာ လှမ်းခဲ့ရတဲ့ခြေလှမ်းတိုင်းကခြေလှမ်းရကျိုးနပ်စေခဲ့ပါတယ်။
တောင်ကုန်းတွေကိုဖြတ်ကျော်လာရတဲ့ပင်ပန်းမှုတွေက သမီးလေး ကျွန်တော်ကိုပွေ့ဖက်ပြီး လာကြိုတဲ့အခါမှာ အားလုံးပျောက်ကွယ်သွားပါပြီ။
(၃၅)ရက်ကြာတဲ့ ဒီမိုင်(၇၀၀)ခရီးမှာ ကျခဲ့ရတဲ့သွေး၊ ချွေးနဲ့မျက်ရည်တွေက သမီးလေးဟေတီအတွက် မျှော်လင့်ချက်ဖြစ်စေခဲ့လို့ အားလုံးကိုကျေးဇူးတင်ပါတယ် “လို့ ရေးသားခဲ့ပါတယ်။
Chris ရဲ့ထိုခရီးကြမ်းကတော့ ဆေးရုံးတက်ခဲ့ရတဲ့ (၃)ရက်အပါအဝင် (၃၈)ရက်ကြာမြင့်ခဲ့ပြီး ဩဂုတ်လ (၁၃)ရက်နေ့မှာတော့ သူ့ရဲ့ဇာတိမြို့ Edinburgh ကိုရောက်လာခဲ့ပါတယ်။
သူဟာ ခရီးစဉ်အတွင်းမှာ သူ့ရဲ့ပရဟိတအဖွဲ့အတွက် အလှုငွေ စတာလင်ပေါင် ၃၇၀၀၀၀ ခန့်ရရှိခဲ့ပါတယ်။