ဇနီးသည္ရဲ႕႐ုပ္အေလာင္းနဲ႔ 16 ႏွစ္ၾကာ ကုတင္တစ္ခုတည္းမွာ အတူတူအိပ္စက္ခဲ့တဲ့အမ်ိဳးသား

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

Mr.Le Van အမည္ရွိတဲ့ ဗီယက္နမ္ႏိုင္ငံမွာေနထိုင္တဲ့အမ်ိဳးသားဟာ သူ႔ရဲ႕အခ်စ္ရဆုံးသူကိုလက္မလြတ္ႏိုင္တဲ့အျဖစ္က ေတာ္ေတာ္ကိုအံ့ၾသစရာပါပဲ ။

Mr.Le Van ရဲ႕အေၾကာင္းဟာ 2009 ခုႏွစ္မွ လူသိမ်ားလာခဲ့တာျဖစ္ၿပီး ယခုအခ်ိန္အထိ အခ်ိဳ႕သူေတြကေတာ့ Mr.Le Van ရဲ႕လုပ္ရက္ကိုနားမလည္ႏိုင္ေအာင္ျဖစ္ခဲ့ပါတယ္ ။

အဲတာကေတာ့ Mr.Le Van ဟာ မိဘေတြရဲ႕အစီအစဥ္အဆုံးအျဖတ္ေၾကာင့္ 1975 ခုႏွစ္မွာ ငယ္ငယ္႐ြယ္႐ြယ္ျဖင့္ ဇနီးျဖစ္သူနဲ႔လက္ထပ္ခဲ့ရပါတယ္

ထိုအခ်ိန္တုန္းက တစ္ေယာက္အေၾကာင္းတစ္ေယာက္လုံးဝမသိဘဲ လက္ထပ္ခဲ့ရတာပါ ။

ေနာက္ပိုင္း Van ဟာ စစ္မႈထမ္းတာဝန္ၿပီးဆုံးၿပီးေနာက္ ေနအိမ္သို႔ျပန္ေရာက္ခဲ့ၿပီးမွ ဇနီးျဖစ္သူႏွင့္ တစ္ေယာက္အေၾကာင္းတစ္ေယာက္နားလည္းခဲ့ၾကလို႔ ၾကင္စဇနီးေမာင္ႏွံလိုခ်စ္ခင္ခဲ့ၾကပါတယ္ ။

၎တို႔စုံတြဲမွာ သားသမီး 7ေယာက္ရွိခဲ့ၿပီး အေပ်ာ္႐ႊင္ဆုံးမိသားစုဘဝကို ပိုင္ဆိုင္ခဲ့ၾကပါတယ္

2003 ခုႏွစ္မွာေတာ့ Van ဟာအိမ္ကေနထြက္ၿပီး အေဝးတစ္ေနရာသို႔သြားေရာက္အလုပ္လုပ္ကိုင္ေနစဥ္ ဇနီးျဖစ္သူ႐ုတ္တရက္ေသဆုံးသြားခဲ့ရတဲ့အေၾကာင္းကိုၾကားသိခဲ့ရပါတယ္ ။

ထိုအခ်ိန္မွာေတာ့ Van ဟာေနအိမ္သို႔ အလ်င္အျမန္ျပန္သြားခဲ့ေပမဲ့လည္း ဇနီးသည္ကိုေျမမျမဳပ္ခင္ မိနစ္အနည္းငယ္သာ ဇနီးရဲ႕မ်က္ႏွာကိုျမင္ေတြ႕ခဲ့ရပါတယ္ ။

အစပိုင္းမွာေတာ့ ဇနီးသည္ကိုမခြဲႏိုင္ ၊ မခြာႏိုင္ျဖစ္ခဲ့တဲ့ Van ဟာ သခ်ႋဳင္မွာသာေနထိုင္ၿပီးဇနီးသည္ရဲ႕ အုတ္ဂူအနားမွာသာအိပ္စက္ခဲ့ပါတယ္ ။

ေနာက္ပိုင္း အခ်ိန္အေတာ္ၾကာလာတာေၾကာင့္ မိုးဒဏ္ ၊ ေလဒဏ္ကိုစိုးရိမ္ၿပီး Van ဟာ ဇနီးသည္ရဲ႕႐ုပ္အေလာင္ကိုအုတ္ဂူကေနျပန္လည္တူးေဖာ္ၿပီး ဇနီးသည္ရဲ႕႐ုပ္အေလာင္းကို

လူခႏၶာကိုယ္အ႐ြယ္အစာရွိတဲ့အ႐ုပ္ထဲသို႔ ထည့္သြင္းၿပီး ဘိလပ္ေျမေတြ ၊ သဲေတြနဲ႔ လူ႐ုပ္ပုံစံျပန္ျပဳလုပ္ခဲ့ပါတယ္ ။ ထို႔ေနာက္ ဇနီးသည္ရဲ႕႐ုပ္အေလာင္းကိုေနအိမ္သို႔ျပန္ယူလာခဲ့ၿပီး အိပ္ယာေပၚတြင္ထားကာ 16ႏွစ္ခန႔္အတူ အိပ္စက္ခဲ့ပါတယ္ ။

အဆိုပါအျဖစ္ကိုၾကားၾကားခ်င္မွာပဲ မိခင္႐ုပ္အေလာင္းကိုအိမ္ျပန္ယူလာတဲ့ Van ကို သားသမီးမ်ားက ေျဖာင္းဖ်ခဲ့ေပမဲ့ Van ကေတာ့ ဇနီးသည္ကိုမစြန္႔လြတ္ေပးႏိုင္ခဲ့ပါဘူး ။

ရြာသားေတြက တာဝန္႐ွိသူရဲအရာ႐ွိေတြကိုတိုင္ၾကားၿပီး ဝိုင္းဝန္းေျဖာင္းဖ်ခဲ့ေပမဲ့ ေခါင္းမာလြန္းတဲ့ Van ကလက္မခံဘဲ ေသဆံုးသြားတဲ့အခ်ိန္ထိ ဖနီးသည္ႏွင့္အတူအိပ္စက္သြားမည္ျဖစ္ေၾကာင္း ျပန္လည္ေျပာဆိုခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Unicode

Mr.Le Van အမည်ရှိတဲ့ ဗီယက်နမ်နိုင်ငံမှာနေထိုင်တဲ့အမျိုးသားဟာ သူ့ရဲ့အချစ်ရဆုံးသူကိုလက်မလွတ်နိုင်တဲ့အဖြစ်က တော်တော်ကိုအံ့သြစရာပါပဲ ။

Mr.Le Van ရဲ့အကြောင်းဟာ 2009 ခုနှစ်မှ လူသိများလာခဲ့တာဖြစ်ပြီး ယခုအချိန်အထိ အချို့သူတွေကတော့ Mr.Le Van ရဲ့လုပ်ရက်ကိုနားမလည်နိုင်အောင်ဖြစ်ခဲ့ပါတယ် ။

အဲတာကတော့ Mr.Le Van ဟာ မိဘတွေရဲ့အစီအစဉ်အဆုံးအဖြတ်ကြောင့် 1975 ခုနှစ်မှာ ငယ်ငယ်ရွယ်ရွယ်ဖြင့် ဇနီးဖြစ်သူနဲ့လက်ထပ်ခဲ့ရပါတယ်

ထိုအချိန်တုန်းက တစ်ယောက်အကြောင်းတစ်ယောက်လုံးဝမသိဘဲ လက်ထပ်ခဲ့ရတာပါ ။

နောက်ပိုင်း Van ဟာ စစ်မှုထမ်းတာဝန်ပြီးဆုံးပြီးနောက် နေအိမ်သို့ပြန်ရောက်ခဲ့ပြီးမှ ဇနီးဖြစ်သူနှင့် တစ်ယောက်အကြောင်းတစ်ယောက်နားလည်းခဲ့ကြလို့ ကြင်စဇနီးမောင်နှံလိုချစ်ခင်ခဲ့ကြပါတယ် ။

၎င်းတို့စုံတွဲမှာ သားသမီး 7ယောက်ရှိခဲ့ပြီး အပျော်ရွှင်ဆုံးမိသားစုဘဝကို ပိုင်ဆိုင်ခဲ့ကြပါတယ်

2003 ခုနှစ်မှာတော့ Van ဟာအိမ်ကနေထွက်ပြီး အဝေးတစ်နေရာသို့သွားရောက်အလုပ်လုပ်ကိုင်နေစဉ် ဇနီးဖြစ်သူရုတ်တရက်သေဆုံးသွားခဲ့ရတဲ့အကြောင်းကိုကြားသိခဲ့ရပါတယ် ။

ထိုအချိန်မှာတော့ Van ဟာနေအိမ်သို့ အလျင်အမြန်ပြန်သွားခဲ့ပေမဲ့လည်း ဇနီးသည်ကိုမြေမမြုပ်ခင် မိနစ်အနည်းငယ်သာ ဇနီးရဲ့မျက်နှာကိုမြင်တွေ့ခဲ့ရပါတယ် ။

အစပိုင်းမှာတော့ ဇနီးသည်ကိုမခွဲနိုင် ၊ မခွာနိုင်ဖြစ်ခဲ့တဲ့ Van ဟာ သင်္ချိုင်မှာသာနေထိုင်ပြီးဇနီးသည်ရဲ့ အုတ်ဂူအနားမှာသာအိပ်စက်ခဲ့ပါတယ် ။

နောက်ပိုင်း အချိန်အတော်ကြာလာတာကြောင့် မိုးဒဏ် ၊ လေဒဏ်ကိုစိုးရိမ်ပြီး Van ဟာ ဇနီးသည်ရဲ့ရုပ်အလောင်ကိုအုတ်ဂူကနေပြန်လည်တူးဖော်ပြီး ဇနီးသည်ရဲ့ရုပ်အလောင်းကို

လူခန္ဓာကိုယ်အရွယ်အစာရှိတဲ့အရုပ်ထဲသို့ ထည့်သွင်းပြီး ဘိလပ်မြေတွေ ၊ သဲတွေနဲ့ လူရုပ်ပုံစံပြန်ပြုလုပ်ခဲ့ပါတယ် ။ ထို့နောက် ဇနီးသည်ရဲ့ရုပ်အလောင်းကိုနေအိမ်သို့ပြန်ယူလာခဲ့ပြီး အိပ်ယာပေါ်တွင်ထားကာ 16နှစ်ခန့်အတူ အိပ်စက်ခဲ့ပါတယ် ။

အဆိုပါအဖြစ်ကိုကြားကြားချင်မှာပဲ မိခင်ရုပ်အလောင်းကိုအိမ်ပြန်ယူလာတဲ့ Van ကို သားသမီးများက ဖြောင်းဖျခဲ့ပေမဲ့ Van ကတော့ ဇနီးသည်ကိုမစွန့်လွတ်ပေးနိုင်ခဲ့ပါဘူး ။

ရွာသားတွေက တာဝန်ရှိသူရဲအရာရှိတွေကိုတိုင်ကြားပြီး ဝိုင်းဝန်းဖြောင်းဖျခဲ့ပေမဲ့ ခေါင်းမာလွန်းတဲ့ Van ကလက်မခံဘဲ သေဆုံးသွားတဲ့အချိန်ထိ ဖနီးသည်နှင့်အတူအိပ်စက်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ် ။

Jasmine (Mckzone Daily)