ကိုဗစ်ကာလအတွင်း သားသမီးအတွက်မုန့်ဝယ်မကျွေးနိုင်သဖြင့် ဘဝကိုအရှုံးပေးကာ မိမိကိုယ်မိမိအဆုံးစီရင်မှုဖြစ်ပွား
Unicode
ထိုင်းနိုင်ငံ မဟာဆန်လခမ်း ခရိုင် ဘောလမူးမြို့ ကမ်းဖိကျေးရွာအုပ်စုတွင်နေထိုင်သော အိမ်တစ်အိမ်တွင် အသက် ၂၆ နှစ်အရွယ်
အမျိုသမီးတစ်ဦးသည် ဧပြီလ ၂၀ ရက်နေ့ ၁၄:၀၀ ချိန်နေအိမ်ရဲ့ ရေချိုးခန်းတွင် မိမိကိုယ်မိမိကြိုးဆွဲချကာ အဆုံးစီရင်မှုဖြစ်ပွားပြီး
မိနစ်ပိုင်းတွင် မိသားစုဝင်များမှ ချက်ချင်းဝင်ရောက်ကယ်တင်ကာ အသက်မသေဘဲ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း သေဆုံး
သွားခဲ့တယ်လို့ ဒုရဲမှူး ပရီချာ စလဘုတ်မှ အတည်ပြုပြောကြားထားကြောင်းသိရ။ စစ်ဆေးချက်အရ သေဆုံးသူသည် Mrs.Aiya Lada
ဖြစ်ပြီးသားသမီး ၂ ယောက်အတွက် Covid-19 ကာလအတွင်း စီးပွားရေးအကျပ်အတည်းကြောင့် သားသာမီးများအတွက် မုန့်ဘိုး မတတ်
နိုင်တော့ကြောင်း၊ မီတာခမဆောင်နိုင်၍ လျှပ်စစ်ဖြတ်တောက်ခံထားရကြောင်းနှင့်စားဝတ်နေရေးအခက်အခဲများကြောင့် ယခုလို
အဆုံးစီရင်သွားတာဖြစ်ကြောင်း မိခင်ဖြစ်သူ Mr. Sompaung တာဝန်ရှိသူများအားပြောပြခဲ့ကြောင်းသိရှိရသည်။ ခရက်ဒစ်