ေရာဂါစံုေပ်ာက္သည္ဟု ေရပန္းစားလာေသာ ေရေႏြး….

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ေရာဂါစုံေပ်ာက္သည္ဟု ေရပန္းစားလာေသာ ေရေႏြး

ကင္ဆာေရာဂါ (ျမစ္ပြားနာ)ႏွင့္ ပတ္သက္၍ ကာကြယ္ကုသႏိုင္ေသာ ေဆးဖက္ဝင္အပင္၊ အသီး၊ အ႐ြက္မ်ား အေၾကာင္း ေရးသားေနရာမွ အေၾကာင္းတိုက္ဆိုင္သျဖင့္ “ေရေႏြး” အေၾကာင္း ၾကားျဖတ္အေန ျဖင့္ တင္ျပလိုပါသည္။

မိတ္ေဆြတစ္ဦးက ဖုန္းဆက္၍ ေမးလာပါသည္။

“ခုတေလာ ေဖ့စ္ဘုတ္ကတစ္ဆင့္ လူေျပာမ်ား လာတဲ့ မနက္အိပ္ယာထခ်ိန္မွာ ေရေႏြးအျဖဴ ပူပူေလးေသာက္ေပးရင္ အစာအိမ္ကသန႔္ရွင္းၿပီး ေရာဂါႀကီး ေတြေတာင္ ေပ်ာက္ကင္းႏိုင္တယ္ဆိုတာ ဟုတ္ပါသလား…” ဟု ေမးလားသည္။

ထိုမိတ္ေဆြ၏ မိခင္ႀကီးသည္ လြန္ခဲ့ေသာႏွစ္ကပင္ အစာအိမ္ကင္ဆာေရာဂါျဖင့္ ကြယ္လြန္သြား သည္ကို အမွတ္ရေနမိသည္။

ထိုမိတ္ေဆြသည္ မ်ိဳး႐ိုးတြင္ တစ္ဦးကင္ဆာျဖစ္လွ်င္ သားစဥ္ေျမးဆက္ ျဖစ္ တတ္သည္ဟု စိတ္စြဲလန္းေနသူ ျဖစ္သည္။ အစားအေသာက္ကို အထူးဆင္ျခင္စားေသာက္သည္။

အရက္ ဆိုလွ်င္ ေဝလာေဝး … ကင္ဆာတြင္ အထူးသျဖင့္ အစားအေသာက္ စားမဝင္ေတာ့သည့္ အစာေရမ်ိဳႏွင့္ အစာအိမ္ကင္ဆာကို အေၾကာက္ဆုံးျဖစ္ေၾကာင္း သူကေျပာဖူးပါသည္။

ယခု သူေမးသည့္ ေမးခြန္းမွာလည္း နံနက္ေစာေစာ ေရေႏြးအျဖဴ ေသာက္ေပးလွ်င္ ေရာဂါႀကီးမ်ား ေပ်ာက္ကင္းႏိုင္သည္ တစ္နည္း ကာကြယ္ႏိုင္သည္ဆိုျခင္းမွာ အဓိကအားျဖင့္ သူ႔မိခင္ႀကီးျဖစ္ခဲ့သည့္ အစာ အိမ္ကင္ဆာေရာဂါကို ရည္႐ြယ္ေျပာဆိုေၾကာင္း စာေရးသူက ရိပ္မိပါသည္။

ယခုတစ္ေလာတြင္ မည္သူက စ၍ေရးသားၿပီး တင္လိုက္သည္မသိ။ ေဖစ့္ဘုတ္ေပၚမွ အေၾကာင္း အရာအခ်ိဳ႕သည္ ကူးစက္ျပန႔္ႏွံ႔လြယ္သည္ကို ေတြ႕ရသည္။ လူတိုင္းလူတိုင္း ထုံးစံအားျဖင့္ နံနက္အိပ္ယာ ထ မ်က္ႏွာသစ္ၿပီးလွ်င္ ေရေအးတစ္ခြက္ ေသာက္ေလ့ရွိၾကသည္။

အိပ္ယာဝင္ အိပ္ယာထ ေရေအးတစ္ ဖန္ခြက္ေသာက္ပါဟု က်န္းမာေရးအတြက္ ေရွးဆရာအဆက္ဆက္ကလည္း လမ္းၫႊန္ခဲ့ပါသည္။

ယခု မည္ သည့္ အေၾကာင္းကို သက္ေသျပဳၿပီး ေကာင္းေၾကာင္း ၫႊန္းလိုက္သည္မသိ။ အိပ္ယာထခ်ိန္တြင္ အစာမ စားမီ ေရေႏြးတစ္ခြက္ ပူပူေႏြးေႏြး ေသာက္သုံးေပးျခင္းသည္

က်န္းမာေရးအတြက္ အေထာက္အကူျပဳ႐ုံ သာမက အစာအိမ္၊ ေသြးတိုး၊ ႏွလုံး၊ ေက်ာက္ကပ္စသည္တို႔မွ အဆိပ္အေတာက္မ်ားကို ဖယ္ရွားၿပီးကင္ ဆာ ကဲ့သို႔ ေရာဂါဆိုးကိုပင္ မျပန႔္ပြားေအာင္ ရပ္တန႔္သြားေအာင္ ျပဳလုပ္ႏိုင္သည္ဟု ရည္ၫႊန္းေျပာဆိုေရး သားထားေၾကာင္း ဖတ္ရႈရပါသည္။

နံနက္အိပ္ယာထ စိတ္လက္ၾကည္သာ ေအးခ်မ္းေနခ်ိန္တြင္ အစာမစားမီ ေရေႏြးပူပူတစ္ခြက္ ေသာက္ရမည္ဆိုသည္မွာ အရသာအားျဖင့္ေတာ့ မေကာင္းလွပါ။ သို႔ေသာ္ အမွန္တစ္ကယ္ ထူးျခားေသာ အက်ိဳးအာနိသင္ ရွိသည္ဆိုလွ်င္ေတာ့ ေသာက္သင့္လွ်င္ ေသာက္ရပါလိမ့္မည္။

ထိုကဲ့သို႔ ေသာက္သုံးသူ အေတာ္မ်ားမ်ားမွာ မည္ကဲ့သို႔ ထူးျခားခ်က္ ရွိသည္ကို ႏွစ္ႏွင့္ခ်ီၿပီးေစာင့္ၾကည့္ သုေတသနျပဳဖို႔ လိုအပ္ပါ လိမ့္မည္။

စာေရးသူသည္ လြန္ခဲ့ေသာ ႏွစ္အနည္းငယ္က “ေရေႏြးညသိပ္ အဆိပ္ထက္ျပင္း” ဟု စာတစ္အုပ္ ေရးသားဖူးပါသည္။

ထိုစာအုပ္မွာ ညကတည္ထားၿပီး ဓာတ္ဘူးတြင္ ထည့္သိမ္းထားသည့္ ေရေႏြး(သို႔မ ဟုတ္)လက္ဖက္ေျခာက္ခပ္ထားသည့္ ေရေႏြးၾကမ္းကို နံနက္စာစား လက္ဖက္ရည္၊ ေကာ္ဖီေသာက္သည့္ အခါ

ထိုေရေႏြးျဖင့္ ေဖ်ာ္ျခင္း၊ ညကႏွပ္ထားေသာ ေရေႏြးၾကမ္းအဖန္ရည္ကို ေသာက္ျခင္းတို႔ေၾကာင့္ အစာ အိမ္ေဖာက္ျပန္ရာမွ အဆိပ္သင့္ေသာေရာဂါမ်ား ျဖစ္လာႏိုင္ျခင္းကို ေရးသားထားေသာစာအုပ္ျဖစ္ပါ သည္။

ထိုစာအုပ္သည္ စိတ္ဝင္စားသူမ်ားသျဖင့္ အုပ္ေရ ေသာင္းေက်ာ္အထိ အႀကိမ္ႀကိမ္ ႐ိုက္ႏွိပ္ထုတ္ေဝခဲ့ရပါ သည္။

ဥတုေဘာဇနသဂၤဟက်မ္းလာ ေရေႏြးႏွင့္ ေရက်က္ေအး

ေရေႏြးႏွင့္ ေရက်က္ေအးဟူ၍ ႏွစ္မ်ိဳးရွိရာ ေရေႏြးဟူသည္မွာ အဘယ္နည္း။ ေရက်က္ေအး ဟူ သည္မွာ အဘယ္နည္း ဟု သိရွိထားရန္လိုပါသည္။ ေရေႏြးဟူသည္မွာ ေရအစိမ္းကို မီးျဖင့္ဆူပြက္ေအာင္ က်က္ ေအာင္ က်ိဳခ်က္ထားေသာ ေရကို ဆိုလိုပါသည္။

ေရက်က္ေအးဆိုသည္မွာ ထိုသို႔ ဆူပြက္ေအာင္ က်ိဳခ်က္ၿပီး ေရေႏြးကိုအေအးခံ၍ ေသာက္သုံးျခင္းျဖစ္ပါသည္။

ဥတုေဘာဇနသဂၤဟက်မ္း အလိုအရ … ေရက်က္ေအးသည္ ေဒါသသုံးပါးလုံးကိုႏိုင္၏။ ေအး၏။ ေသြးေလအရသာေၾကာတို႔ မေလးလံေစတတ္။ ႏြမ္းနယ္ျခင္း၊ ေရငတ္ျခင္း၊ အဖ်ားတို႔ကို ႏိုင္၏။ ေၾကလြယ္ ၏။ ေပါ့၏ ဟု ဆိုထားပါသည္။

ထိုက်မ္း၌ ဆက္၍ ေဖာ္ျပသည္မွာ ေရက်က္ဟူသည္လည္း ေန႔၌ခ်က္ေသာေရကို ေန႔ု၌သာ ေသာက္ေကာင္းသည္။ ညဥ့္၌ ခ်က္ေသာ ေရကို ညဥ့္၌ သာေသာက္ေကာင္းသည္။

ေန႔၌ ခ်က္ေသာေရကို ညဥ့္၊ ညဥ့္၌ ခ်က္ေသာေရကို ေန႔ ဤကဲ့သို႔ေအးေအာင္ထား၍ ေသာက္လွ်င္ ထိုေရ၌ေတေဇာဓာတ္ ညံ့ ေသာေၾကာင့္ ေၾကခဲ၏။ ဝမ္းမီးခ်က္၍ က်က္လွ်င္ခ်ဥ္၏။ ဝမ္းခ်ဳပ္၏။ ေဒါသသုံးပါးလုံးကို ပ်က္ေစတတ္ ၏။

ေရာဂါခပ္သိမ္းတို႔၌ မသင့္။ ေရက်က္ေအးကို တစ္ဖန္ေရေႏြးလုပ္၍ ေသာက္လွ်င္ မသင့္၊ အဆိပ္ႏွင့္ အတူ ျဖစ္၏။ (ဥတုေဘာဇနသဂၤဟက်မ္း- ေရတို႔၏ဂုဏ္ကိုျပျခင္း၊ ဥတုအားေလ်ာ္စြာ ေရေႏြးေသာက္ျခင္း အက်ိဳးမွ ေကာက္ႏုတ္ခ်က္)

သိမ္ျဖဴဆရာေတာ္၏ အျမင္ရႈေထာင့္

ျမန္မာ့အာယုေဗဒ ေဆးသိပၸံဆရာေတာ္ အရွင္နာဂေသနာဘိဝံသ(သိမ္ျဖဴဆရာေတာ္) ျပဳစုေသာ အေျခခံက်န္းမာေရးသင္တန္း စာအုပ္တြင္ ေဖာ္ျပထားသည္မွာ …

ေရေႏြး၏ ဂုဏ္သတၱိ။ ။ ေကာင္းစြာက်ိဳခ်က္ထားေသာ (မပူလြန္းေသာ) ေရေႏြးသည္ ဆီးကို ႐ႊင္ေစ၏။ ဝမ္းမီးကို ေတာက္ေစ၏။ အစာကို ေၾကေစကုန္၏။ လည္ေခ်ာင္း၌ရွိေသာ အျပစ္ေဒါသတို႔ကို သန႔္ရွင္းေစ တတ္၏။ ေပါ့ပါးသြက္လက္ေစ၏။ ဆီးအိမ္အညစ္အေၾကးမ်ားကို သုတ္သင္တတ္၏။

ေရာဂါအေနျဖင့္ ေဝဖန္ရေသာ္ သလိပ္ဖ်ား၊ ေလဖ်ား၊ ေခ်ာင္းဆိုး၊ ပန္းနာ၊ ေလနာ၊ အစာမေၾက ေရာဂါ၊ အဆီခဲနာ၊ ႀကိဳ႕ထိုးေရာဂါ၊ ဝမ္းေရာင္၊ ဝမ္းသက္၊ ဝမ္းကိုက္၊ ၾကက္မ်က္သင့္ေရာဂါ၊ ဂူလုံးနာ၊ ႏုတ္မၿမိန္၊ ေဘးထိုးရင္ၾကပ္၊ ႏွာေစးေရာဂါမ်ားအတြက္ ေရေႏြးကို အသုံးျပဳသင့္၏။

ေရေႏြးကို ခ်မ္းဖ်ား၊ တုန္ဖ်ား ဖ်ားေသာအခါ၌သာ ပူေလာင္ေသာေရေႏြးကို ေသာက္သင့္၏။ အျခားေသာေရာဂါ ေဝဒနာတစ္စုံတရာေၾကာင့္ ေသာက္ရာ၌ အပူေလ်ာ့ေသာ ေရေႏြးကိုေသာက္သင့္၏။ ေအးသြားေသာ ေရေႏြးသည္ ေရက်က္ေအးျဖစ္၍ ၎သည္ ေရေႏြးကဲ့သို႔ပင္ အက်ိဳးရွိႏိုင္၏။

သို႔ေသာ္ ညသိပ္ေရေႏြးသည္ အဆိပ္ကဲ့သို႔ အျပစ္ရွိသည္ဟု ေဆးက်မ္းမ်ားတြင္ ဆိုထားျခင္းေၾကာင့္ ညသိပ္ေရေႏြးကို မည္သည့္အခါမွ် မေသာက္သင့္ေခ်။ အလားတူပင္ ည၌ က်ိဳခ်က္ေသာေရေႏြးကို ေန႔မေသာက္သင့္။ အဘယ္ေၾကာင့္နည္းဟူမူ ေန႔ႏွင့္ည ဥတုေျပာင္းလဲ ၿပိဳင္ဆိုင္မႈသည္ ထိုေရေႏြး၌ ပါဝင္ကိန္းေအာင္းလာ ေသာေၾကာင့္တည္း။

အထူးသျဖင့္ မေအးေသာ ေႏြးေႏြးရွိေသာ ေရေႏြးသည္ အသင့္သုံးျဖစ္၏။ ၾကာရွည္ စြာ ေႏြးေႏြးရရန္ ေျမအိုးေႂကြအိုးတို႔ျဖင့္ လုံၿမဲစြာထားျခင္းသည္ အေကာင္းဆုံးျဖစ္၏။ လက္ဖက္ေျခာက္ခပ္ ၿပီးေသာေရေႏြးကို ေႂကြအိုး၌လည္းေကာင္း၊ ဓာတ္ဘူး၌လည္းေကာင္း (၄)နာရီခန႔္ထားၿပီးသည့္ ေနာက္ ထိုေရေႏြးအေရာင္ကို ၾကည့္ျခင္းအားျဖင့္ ကြာျခားမႈကို သိႏိုင္ေပမည္။

ထို႔ေၾကာင့္ ေျမအိုးေႂကြအိုးတို႔ကိုသာ သုံး၍ သတၱဳအိုး၊ ဒန္အိုး၊ ဓာတ္ဘူးတို႔ကို လုံးဝမသုံးသင့္ေပ။ (သိမ္ျဖဴ အေျခခံက်န္းမာေရးသင္တန္း စာ အုပ္၊ ၁၉၆၉ ဇူလိုင္လထုတ္၊ ဒုတိယအႀကိမ္ စာ- ၇၄)

ကင္ဆာေရာဂါႏွင့္ ေရေႏြးေသာက္ျခင္း

ကင္ဆာေရာဂါအတြက္ဟု ဆိုရာတြင္ ကင္ဆာေရာဂါကို ႀကိဳတင္ကာကြယ္လိုသည့္ သေဘာျဖင့္ နံနက္အိပ္ယာထတြင္ ေရေႏြးပူပူေသာက္ျခင္းသည္သင့္မသင့္ႏွင့္

ေနာက္အျခားတစ္ခ်က္အေနျဖင့္ ကင္ ဆာေရာဂါ သံသယရွိသူ ျဖစ္ပြားေနသူမ်ားတြင္ ထိုေရာဂါကို ဟန႔္တားေစရန္ (သို႔မဟုတ္) ေပ်ာက္ကင္းေစ ရန္ ထို႔ထက္ပို၍ ကင္ဆာေရာဂါကုသေနေသာ ေဆးမ်ားပိုမိုအစြမ္းထက္ ထိေရာက္ေစရန္

ေရာဂါအျမန္ သက္သာေစရန္ အေထာက္အကူအျဖစ္ နံနက္အိပ္ယာထတြင္ ေရေႏြးပူပူေသာက္ျခင္းသည္ သင့္မသင့္ အက်ိဳးရွိမရွိဟူေသာ အခ်က္မ်ားကို စဥ္းစားသုံးသပ္ရန္ျဖစ္ပါသည္။

စာေရးသူ၏ ေလ့လာခဲ့ဖူးသမွ် ေဆးပညာအျမင္အရ နံနက္ေစာေစာ အိပ္ယာထခ်ိန္တြင္ ၾကည္ လင္လန္းဆန္းေစရန္အတြက္ ေရေအးျဖင့္ မ်က္ႏွာသစ္ရသည္။

ေရေအးျဖင့္ပင္ သြားတိုက္ျခင္း၊ အာလုတ္ က်င္းျခင္းျပဳလုပ္၍ အာခံတြင္းမွ အပုပ္ႏွင့္ အပူအခိုးအေငြ႕မ်ားကို စင္ၾကယ္ေစရသည္။

ညအိပ္ေပ်ာ္ေနစဥ္ အစာသစ္အိမ္ႏွင့္ အစာေရၿမိဳတစ္ေလွ်ာက္ တက္ေနေသာ ဝမ္းတြင္းေအာင္း အပူအခိုးအေငြ႕မ်ားကို ၿငိမ္းေစ ရန္အတြက္ ၾကည္လင္ေအးခ်မ္ေသာ ေရ၊ သန႔္စင္ေသာ ေရကို ေသာက္သုံးရမည္ျဖစ္သည္။

နံနက္ အိပ္ ယာထတြင္ ေအးေသာေရကို ေသာက္သုံးျခင္းျဖင့္ ႏွလုံးကိုလည္း ခ်မ္းေျမ့ေစသည္။ ပူေလာင္မႈကင္းေစ သည္ဟု ဆိုသည္။

ဥတုေဘာဇနက်မ္းတြင္ ေရေအး၏ အစြမ္းကို ေဖာ္ျပထားရာ၌ ေရေအးသည္ ေသအရက္ ယစ္မူး ျခင္း၊ မူးေဝမိန္းေမာျခင္းတို႔ကိုႏိုင္၏။

ေအာ့အန္ျခင္း၊ သည္းေျခဖ်ားျခင္းတို႔ကို ႏိုင္၏။ ပင္ပန္းျခင္း၊ ေရငတ္ ျခင္း၊ ပူေလာင္ျခင္းတို႔္ကို ႏိုင္၏။ အဆိပ္သင့္ျခင္းတို႔ကိုႏိုင္၏ဟု ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ လူငယ္လူ႐ြယ္ႏွင့္ လူလတ္အ႐ြယ္ ပကတိက်န္းမာေနသူမ်ားသည္ နံနက္ေစာေစာအိပ္ ယာထတြင္ ေရေအးကိုသာ ေသာက္သုံးသင့္သည္ဟု စာေရးသူအေနျဖင့္ သုံးသပ္မိပါသည္။

မည္သူမ်ားက ေရေႏြးကို ေသာက္သုံးသင့္ပါသနည္းဟုဆိုလွ်င္ ေရာဂါေဝဒနာျဖစ္ရန္ လမ္းစေပၚ ေနသူ အသက္အ႐ြယ္ရလာၿပီး

အစာမေၾကသည့္ ေဝဒနာရွိေနသူ အျခား ေဝဒနာႀကီးမ်ားျဖစ္သည့္ ႏွလုံး၊ ေသြးတိုး၊ ဆီးခ်ိဳ၊ ေက်ာက္ကပ္ စသည့္ ကိုယ္တြင္းအဂၤါမ်ားတြင္ အားနည္းခ်က္ရွိေနသူမ်ား

ကင္ဆာ (ျမစ္ပြားနာ) ျဖစ္ပြားသည္ဟု သံသယရွိေနသူမ်ား နံနက္ေစာေစာအိပ္ယာထတြင္ ေရေႏြးပူေသာက္သုံးျခင္း သည္ ေကာင္းက်ိဳးျဖစ္ႏိုင္သည္ဟု ယူဆရပါသည္။

ဥတုေဘာဇနက်မ္းတြင္ ေဖာ္ျပခ်က္အရ ေရေႏြးႏွင့္သင့္သူမ်ားမွာ ေဘးထိုးရင္ၾကပ္ရွိသူ၊ ႏွာေစး ေသာသူ၊ ေလနာရွိေသာသူ၊ ကုတ္ခိုင္ေတာင့္ေသာသူ၊ ဝမ္းေရာင္ေသာသူ၊ ၾကက္မ်က္သင့္ေသာသူ၊ ဝမ္း သက္ေသာသူ၊ အဖ်ားသစ္ရွိေသာသူ၊ ရႉဟိုက္ေသာအနာရွိေသာသူ (ေမာဟိုက္ေသာသူ)၊

ဆီေထာပတ္ မ်ားစြာစားေသာသူ၊ သလိပ္နာရွိေသာသူ၊ ဝမ္းကိုက္ေသာသူ၊ ဂူနာရွိေသာသူ(ကင္ဆာကဲ့သို႔ ဝမ္းတြင္း အလုံးအက်ိတ္မ်ိဳးကို ဆိုသည္။) ေခ်ာင္းဆိုးနာပန္းနာ ရွိေသာသူ၊ ႏႈတ္မၿမိန္ေသာသူ၊ အမာေပါက္ေသာ သူတို႔သည္ ေရေအးကို ၾကဥ္ေရွာင္အပ္ကုန္၏။

ထိုသူတို႔သည္ ေရေအးေသာက္ျခင္း၊ ခ်ိဳးျခင္းကို မျပဳအပ္ ကုန္၊ ေရေႏြးကိုသာ သုံးေဆာင္အပ္ကုန္၏။

အဆိပ္ႏွင့္ေသာ ေရေႏြးႏွစ္မ်ိဳး

စာေရးသူ၏ လက္ဝယ္ရွိေသာ ေရွးေဟာင္းက်မ္းတစ္ဆူျဖစ္သည့္ “စတုသာရသေခၤပ၊ ဆႏၵသဂၤဟ ေဘသဇၨ” ေဆးက်မ္းတြင္ ေရေႏြးအေၾကာင္းကို စုံလင္စြာေဖာ္ျပထားသည္။

(ထိုက်မ္းဝဇၨကမၼပေဘဒနယ က႑၊ ေရေႏြးအက်ိဳးရွစ္ပါး၊ အဆိပ္ျဖစ္သည့္ ေရခ်က္ပုံ၊ ဥတုအားေလ်ာ္စြာေရခ်က္ပုံ)။

ေရခ်က္နည္းဥပေဒသ။ ။ ေရေႏြးဟူ၍ပင္ဆိုေသာ္လည္း မီးျဖင့္ေရကိုပူ႐ုံေႏြး႐ုံသာ ခ်က္ေသာေရသည္ ေဆးျဖစ္ေသာေရေႏြးမဟုတ္ပါ။

ရွစ္ခြက္တစ္ခြက္၊ ေလးခြက္တစ္ခြက္၊ ႏွစ္ခြက္တစ္ခြက္တင္ ေအာင္ခ်က္ၿပီး ေသာ ေရသည္သာလွ်င္ ေဆးျဖစ္ေသာေရေႏြးဟု မွတ္သားရမည္။

အဆိပ္ျဖစ္သည့္ေရျဖစ္ပုံ။ ။ ဤသို႔စီရင္က်ိဳခ်က္ေသာေရေႏြးသည္ ေဆးျဖစ္သည္ဟုဆိုေသာ္လည္း ေရေႏြးမွန္သမွ်ကိုမမွတ္အပ္။

အခ်ိဳ႕ေသာေရေႏြးသည္ ေဆးမျဖစ္သည့္အျပင္ ေဘးျဖစ္ေစတတ္ေသာ အဆိပ္ပင္ျဖစ္ပါေသးသည္ဟု အထူးသျဖင့္ မွတ္ယူထားရမည္။

၁။ ေအးေသာေရေႏြးကို ပူေအာင္တစ္ဖန္ျပန္၍ ေႏႊးေသာက္ေသာေရေႏြး။

၂။ ဆူပြက္ေအာင္ မက်ိဳခ်က္ဘဲ ပူ႐ုံေႏြး႐ုံသာခ်က္ထားေသာေရေႏြး။

သို႔ေသာ္ အဆိပ္ႏွင့္တူသည့္ေရေႏြးကိုလည္း သတိထား၍ မွတ္သားထားရမည္။ (စတုသာရ သေခၤပေဆးက်မ္း၊ ဆရာႀကီးဦးပ႑ဝ(ေခၚ) ဆရာခင္ ၁၃၁၇ ခု)

အထက္ပါ အခ်က္အလက္မ်ားကို ေထာက္ရႈျခင္းျဖင့္ နံနက္ေစာေစာအိပ္ယာထတြင္ လူငယ္ႏွင့္ က်န္းမာေနသူမ်ားသည္ ေရေအးကိုသာ ေသာက္သင့္ၿပီး ကိုယ္တြင္းေရာဂါတစ္စုံတစ္ရာ စြဲကပ္ေနသူ သံသ ယရွိသူမ်ားသာ ေရေႏြးပူကို ေသာက္သုံးသင့္သည္ဟု သုံးသပ္မိပါသည္။

ၾကည္လြင္ျမင့္ (မုျဒာ)

ရတနာပုံသတင္းစာ။ ၆.၇.၂၀၁၉ စေနေန႔၊ စာ.၁၄

က်န္းမာေပ်ာ္႐ႊင္ေသာဘဝကိုပိုင္ဆိုင္ၾကပါေစရွင္

ခ်စ္ခင္ေလးစားလွ်က္ …

#Sein_Minn_Tha Mee

Credit …Kyi Lwin Myint – Mudra’

Unicode

ရောဂါစုံပျောက်သည်ဟု ရေပန်းစားလာသော ရေနွေး

ကင်ဆာရောဂါ (မြစ်ပွားနာ)နှင့် ပတ်သက်၍ ကာကွယ်ကုသနိုင်သော ဆေးဖက်ဝင်အပင်၊ အသီး၊ အရွက်များ အကြောင်း ရေးသားနေရာမှ အကြောင်းတိုက်ဆိုင်သဖြင့် “ရေနွေး” အကြောင်း ကြားဖြတ်အနေ ဖြင့် တင်ပြလိုပါသည်။

မိတ်ဆွေတစ်ဦးက ဖုန်းဆက်၍ မေးလာပါသည်။ “ခုတလော ဖေ့စ်ဘုတ်ကတစ်ဆင့် လူပြောများ လာတဲ့ မနက်အိပ်ယာထချိန်မှာ ရေနွေးအဖြူ ပူပူလေးသောက်ပေးရင် အစာအိမ်ကသန့်ရှင်းပြီး ရောဂါကြီး တွေတောင် ပျောက်ကင်းနိုင်တယ်ဆိုတာ ဟုတ်ပါသလား…” ဟု မေးလားသည်။

ထိုမိတ်ဆွေ၏ မိခင်ကြီးသည် လွန်ခဲ့သောနှစ်ကပင် အစာအိမ်ကင်ဆာရောဂါဖြင့် ကွယ်လွန်သွား သည်ကို အမှတ်ရနေမိသည်။

ထိုမိတ်ဆွေသည် မျိုးရိုးတွင် တစ်ဦးကင်ဆာဖြစ်လျှင် သားစဉ်မြေးဆက် ဖြစ် တတ်သည်ဟု စိတ်စွဲလန်းနေသူ ဖြစ်သည်။ အစားအသောက်ကို အထူးဆင်ခြင်စားသောက်သည်။

အရက် ဆိုလျှင် ဝေလာဝေး … ကင်ဆာတွင် အထူးသဖြင့် အစားအသောက် စားမဝင်တော့သည့် အစာရေမျိုနှင့် အစာအိမ်ကင်ဆာကို အကြောက်ဆုံးဖြစ်ကြောင်း သူကပြောဖူးပါသည်။

ယခု သူမေးသည့် မေးခွန်းမှာလည်း နံနက်စောစော ရေနွေးအဖြူ သောက်ပေးလျှင် ရောဂါကြီးများ ပျောက်ကင်းနိုင်သည် တစ်နည်း ကာကွယ်နိုင်သည်ဆိုခြင်းမှာ အဓိကအားဖြင့် သူ့မိခင်ကြီးဖြစ်ခဲ့သည့် အစာ အိမ်ကင်ဆာရောဂါကို ရည်ရွယ်ပြောဆိုကြောင်း စာရေးသူက ရိပ်မိပါသည်။

ယခုတစ်လောတွင် မည်သူက စ၍ရေးသားပြီး တင်လိုက်သည်မသိ။ ဖေစ့်ဘုတ်ပေါ်မှ အကြောင်း အရာအချို့သည် ကူးစက်ပြန့်နှံ့လွယ်သည်ကို တွေ့ရသည်။ လူတိုင်းလူတိုင်း ထုံးစံအားဖြင့် နံနက်အိပ်ယာ ထ မျက်နှာသစ်ပြီးလျှင် ရေအေးတစ်ခွက် သောက်လေ့ရှိကြသည်။

အိပ်ယာဝင် အိပ်ယာထ ရေအေးတစ် ဖန်ခွက်သောက်ပါဟု ကျန်းမာရေးအတွက် ရှေးဆရာအဆက်ဆက်ကလည်း လမ်းညွှန်ခဲ့ပါသည်။

ယခု မည် သည့် အကြောင်းကို သက်သေပြုပြီး ကောင်းကြောင်း ညွှန်းလိုက်သည်မသိ။ အိပ်ယာထချိန်တွင် အစာမ စားမီ ရေနွေးတစ်ခွက် ပူပူနွေးနွေး သောက်သုံးပေးခြင်းသည်

ကျန်းမာရေးအတွက် အထောက်အကူပြုရုံ သာမက အစာအိမ်၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်စသည်တို့မှ အဆိပ်အတောက်များကို ဖယ်ရှားပြီးကင် ဆာ ကဲ့သို့ ရောဂါဆိုးကိုပင် မပြန့်ပွားအောင် ရပ်တန့်သွားအောင် ပြုလုပ်နိုင်သည်ဟု ရည်ညွှန်းပြောဆိုရေး သားထားကြောင်း ဖတ်ရှုရပါသည်။

နံနက်အိပ်ယာထ စိတ်လက်ကြည်သာ အေးချမ်းနေချိန်တွင် အစာမစားမီ ရေနွေးပူပူတစ်ခွက် သောက်ရမည်ဆိုသည်မှာ အရသာအားဖြင့်တော့ မကောင်းလှပါ။ သို့သော် အမှန်တစ်ကယ် ထူးခြားသော အကျိုးအာနိသင် ရှိသည်ဆိုလျှင်တော့ သောက်သင့်လျှင် သောက်ရပါလိမ့်မည်။

ထိုကဲ့သို့ သောက်သုံးသူ အတော်များများမှာ မည်ကဲ့သို့ ထူးခြားချက် ရှိသည်ကို နှစ်နှင့်ချီပြီးစောင့်ကြည့် သုတေသနပြုဖို့ လိုအပ်ပါ လိမ့်မည်။

စာရေးသူသည် လွန်ခဲ့သော နှစ်အနည်းငယ်က “ရေနွေးညသိပ် အဆိပ်ထက်ပြင်း” ဟု စာတစ်အုပ် ရေးသားဖူးပါသည်။

ထိုစာအုပ်မှာ ညကတည်ထားပြီး ဓာတ်ဘူးတွင် ထည့်သိမ်းထားသည့် ရေနွေး(သို့မ ဟုတ်)လက်ဖက်ခြောက်ခပ်ထားသည့် ရေနွေးကြမ်းကို နံနက်စာစား လက်ဖက်ရည်၊ ကော်ဖီသောက်သည့် အခါ

ထိုရေနွေးဖြင့် ဖျော်ခြင်း၊ ညကနှပ်ထားသော ရေနွေးကြမ်းအဖန်ရည်ကို သောက်ခြင်းတို့ကြောင့် အစာ အိမ်ဖောက်ပြန်ရာမှ အဆိပ်သင့်သောရောဂါများ ဖြစ်လာနိုင်ခြင်းကို ရေးသားထားသောစာအုပ်ဖြစ်ပါ သည်။

ထိုစာအုပ်သည် စိတ်ဝင်စားသူများသဖြင့် အုပ်ရေ သောင်းကျော်အထိ အကြိမ်ကြိမ် ရိုက်နှိပ်ထုတ်ဝေခဲ့ရပါ သည်။

ဥတုဘောဇနသင်္ဂဟကျမ်းလာ ရေနွေးနှင့် ရေကျက်အေး

ရေနွေးနှင့် ရေကျက်အေးဟူ၍ နှစ်မျိုးရှိရာ ရေနွေးဟူသည်မှာ အဘယ်နည်း။ ရေကျက်အေး ဟူ သည်မှာ အဘယ်နည်း ဟု သိရှိထားရန်လိုပါသည်။ ရေနွေးဟူသည်မှာ ရေအစိမ်းကို မီးဖြင့်ဆူပွက်အောင် ကျက် အောင် ကျိုချက်ထားသော ရေကို ဆိုလိုပါသည်။

ရေကျက်အေးဆိုသည်မှာ ထိုသို့ ဆူပွက်အောင် ကျိုချက်ပြီး ရေနွေးကိုအအေးခံ၍ သောက်သုံးခြင်းဖြစ်ပါသည်။

ဥတုဘောဇနသင်္ဂဟကျမ်း အလိုအရ … ရေကျက်အေးသည် ဒေါသသုံးပါးလုံးကိုနိုင်၏။ အေး၏။ သွေးလေအရသာကြောတို့ မလေးလံစေတတ်။ နွမ်းနယ်ခြင်း၊ ရေငတ်ခြင်း၊ အဖျားတို့ကို နိုင်၏။ ကြေလွယ် ၏။ ပေါ့၏ ဟု ဆိုထားပါသည်။

ထိုကျမ်း၌ ဆက်၍ ဖော်ပြသည်မှာ ရေကျက်ဟူသည်လည်း နေ့၌ချက်သောရေကို နေ့ု၌သာ သောက်ကောင်းသည်။ ညဉ့်၌ ချက်သော ရေကို ညဉ့်၌ သာသောက်ကောင်းသည်။

နေ့၌ ချက်သောရေကို ညဉ့်၊ ညဥ့်၌ ချက်သောရေကို နေ့ ဤကဲ့သို့အေးအောင်ထား၍ သောက်လျှင် ထိုရေ၌တေဇောဓာတ် ညံ့ သောကြောင့် ကြေခဲ၏။ ဝမ်းမီးချက်၍ ကျက်လျှင်ချဉ်၏။ ဝမ်းချုပ်၏။ ဒေါသသုံးပါးလုံးကို ပျက်စေတတ် ၏။

ရောဂါခပ်သိမ်းတို့၌ မသင့်။ ရေကျက်အေးကို တစ်ဖန်ရေနွေးလုပ်၍ သောက်လျှင် မသင့်၊ အဆိပ်နှင့် အတူ ဖြစ်၏။ (ဥတုဘောဇနသင်္ဂဟကျမ်း- ရေတို့၏ဂုဏ်ကိုပြခြင်း၊ ဥတုအားလျော်စွာ ရေနွေးသောက်ခြင်း အကျိုးမှ ကောက်နုတ်ချက်)

သိမ်ဖြူဆရာတော်၏ အမြင်ရှုထောင့်

မြန်မာ့အာယုဗေဒ ဆေးသိပ္ပံဆရာတော် အရှင်နာဂသေနာဘိဝံသ(သိမ်ဖြူဆရာတော်) ပြုစုသော အခြေခံကျန်းမာရေးသင်တန်း စာအုပ်တွင် ဖော်ပြထားသည်မှာ …

ရေနွေး၏ ဂုဏ်သတ္တိ။ ။ ကောင်းစွာကျိုချက်ထားသော (မပူလွန်းသော) ရေနွေးသည် ဆီးကို ရွှင်စေ၏။ ဝမ်းမီးကို တောက်စေ၏။ အစာကို ကြေစေကုန်၏။ လည်ချောင်း၌ရှိသော အပြစ်ဒေါသတို့ကို သန့်ရှင်းစေ တတ်၏။ ပေါ့ပါးသွက်လက်စေ၏။ ဆီးအိမ်အညစ်အကြေးများကို သုတ်သင်တတ်၏။

ရောဂါအနေဖြင့် ဝေဖန်ရသော် သလိပ်ဖျား၊ လေဖျား၊ ချောင်းဆိုး၊ ပန်းနာ၊ လေနာ၊ အစာမကြေ ရောဂါ၊ အဆီခဲနာ၊ ကြို့ထိုးရောဂါ၊ ဝမ်းရောင်၊ ဝမ်းသက်၊ ဝမ်းကိုက်၊ ကြက်မျက်သင့်ရောဂါ၊ ဂူလုံးနာ၊ နုတ်မမြိန်၊ ဘေးထိုးရင်ကြပ်၊ နှာစေးရောဂါများအတွက် ရေနွေးကို အသုံးပြုသင့်၏။

ရေနွေးကို ချမ်းဖျား၊ တုန်ဖျား ဖျားသောအခါ၌သာ ပူလောင်သောရေနွေးကို သောက်သင့်၏။ အခြားသောရောဂါ ဝေဒနာတစ်စုံတရာကြောင့် သောက်ရာ၌ အပူလျော့သော ရေနွေးကိုသောက်သင့်၏။ အေးသွားသော ရေနွေးသည် ရေကျက်အေးဖြစ်၍ ၎င်းသည် ရေနွေးကဲ့သို့ပင် အကျိုးရှိနိုင်၏။

သို့သော် ညသိပ်ရေနွေးသည် အဆိပ်ကဲ့သို့ အပြစ်ရှိသည်ဟု ဆေးကျမ်းများတွင် ဆိုထားခြင်းကြောင့် ညသိပ်ရေနွေးကို မည်သည့်အခါမျှ မသောက်သင့်ချေ။ အလားတူပင် ည၌ ကျိုချက်သောရေနွေးကို နေ့မသောက်သင့်။ အဘယ်ကြောင့်နည်းဟူမူ နေ့နှင့်ည ဥတုပြောင်းလဲ ပြိုင်ဆိုင်မှုသည် ထိုရေနွေး၌ ပါဝင်ကိန်းအောင်းလာ သောကြောင့်တည်း။

အထူးသဖြင့် မအေးသော နွေးနွေးရှိသော ရေနွေးသည် အသင့်သုံးဖြစ်၏။ ကြာရှည် စွာ နွေးနွေးရရန် မြေအိုးကြွေအိုးတို့ဖြင့် လုံမြဲစွာထားခြင်းသည် အကောင်းဆုံးဖြစ်၏။ လက်ဖက်ခြောက်ခပ် ပြီးသောရေနွေးကို ကြွေအိုး၌လည်းကောင်း၊ ဓာတ်ဘူး၌လည်းကောင်း (၄)နာရီခန့်ထားပြီးသည့် နောက် ထိုရေနွေးအရောင်ကို ကြည့်ခြင်းအားဖြင့် ကွာခြားမှုကို သိနိုင်ပေမည်။

ထို့ကြောင့် မြေအိုးကြွေအိုးတို့ကိုသာ သုံး၍ သတ္တုအိုး၊ ဒန်အိုး၊ ဓာတ်ဘူးတို့ကို လုံးဝမသုံးသင့်ပေ။ (သိမ်ဖြူ အခြေခံကျန်းမာရေးသင်တန်း စာ အုပ်၊ ၁၉၆၉ ဇူလိုင်လထုတ်၊ ဒုတိယအကြိမ် စာ- ၇၄)

ကင်ဆာရောဂါနှင့် ရေနွေးသောက်ခြင်း

ကင်ဆာရောဂါအတွက်ဟု ဆိုရာတွင် ကင်ဆာရောဂါကို ကြိုတင်ကာကွယ်လိုသည့် သဘောဖြင့် နံနက်အိပ်ယာထတွင် ရေနွေးပူပူသောက်ခြင်းသည်သင့်မသင့်နှင့်

နောက်အခြားတစ်ချက်အနေဖြင့် ကင် ဆာရောဂါ သံသယရှိသူ ဖြစ်ပွားနေသူများတွင် ထိုရောဂါကို ဟန့်တားစေရန် (သို့မဟုတ်) ပျောက်ကင်းစေ ရန် ထို့ထက်ပို၍ ကင်ဆာရောဂါကုသနေသော ဆေးများပိုမိုအစွမ်းထက် ထိရောက်စေရန်

ရောဂါအမြန် သက်သာစေရန် အထောက်အကူအဖြစ် နံနက်အိပ်ယာထတွင် ရေနွေးပူပူသောက်ခြင်းသည် သင့်မသင့် အကျိုးရှိမရှိဟူသော အချက်များကို စဉ်းစားသုံးသပ်ရန်ဖြစ်ပါသည်။

စာရေးသူ၏ လေ့လာခဲ့ဖူးသမျှ ဆေးပညာအမြင်အရ နံနက်စောစော အိပ်ယာထချိန်တွင် ကြည် လင်လန်းဆန်းစေရန်အတွက် ရေအေးဖြင့် မျက်နှာသစ်ရသည်။

ရေအေးဖြင့်ပင် သွားတိုက်ခြင်း၊ အာလုတ် ကျင်းခြင်းပြုလုပ်၍ အာခံတွင်းမှ အပုပ်နှင့် အပူအခိုးအငွေ့များကို စင်ကြယ်စေရသည်။

ညအိပ်ပျော်နေစဉ် အစာသစ်အိမ်နှင့် အစာရေမြိုတစ်လျှောက် တက်နေသော ဝမ်းတွင်းအောင်း အပူအခိုးအငွေ့များကို ငြိမ်းစေ ရန်အတွက် ကြည်လင်အေးချမ်သော ရေ၊ သန့်စင်သော ရေကို သောက်သုံးရမည်ဖြစ်သည်။

နံနက် အိပ် ယာထတွင် အေးသောရေကို သောက်သုံးခြင်းဖြင့် နှလုံးကိုလည်း ချမ်းမြေ့စေသည်။ ပူလောင်မှုကင်းစေ သည်ဟု ဆိုသည်။

ဥတုဘောဇနကျမ်းတွင် ရေအေး၏ အစွမ်းကို ဖော်ပြထားရာ၌ ရေအေးသည် သေအရက် ယစ်မူး ခြင်း၊ မူးဝေမိန်းမောခြင်းတို့ကိုနိုင်၏။

အော့အန်ခြင်း၊ သည်းခြေဖျားခြင်းတို့ကို နိုင်၏။ ပင်ပန်းခြင်း၊ ရေငတ် ခြင်း၊ ပူလောင်ခြင်းတို့်ကို နိုင်၏။ အဆိပ်သင့်ခြင်းတို့ကိုနိုင်၏ဟု ဖော်ပြထားသည်။

ထို့ကြောင့် လူငယ်လူရွယ်နှင့် လူလတ်အရွယ် ပကတိကျန်းမာနေသူများသည် နံနက်စောစောအိပ် ယာထတွင် ရေအေးကိုသာ သောက်သုံးသင့်သည်ဟု စာရေးသူအနေဖြင့် သုံးသပ်မိပါသည်။

မည်သူများက ရေနွေးကို သောက်သုံးသင့်ပါသနည်းဟုဆိုလျှင် ရောဂါဝေဒနာဖြစ်ရန် လမ်းစပေါ် နေသူ အသက်အရွယ်ရလာပြီး

အစာမကြေသည့် ဝေဒနာရှိနေသူ အခြား ဝေဒနာကြီးများဖြစ်သည့် နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် စသည့် ကိုယ်တွင်းအင်္ဂါများတွင် အားနည်းချက်ရှိနေသူများ

ကင်ဆာ (မြစ်ပွားနာ) ဖြစ်ပွားသည်ဟု သံသယရှိနေသူများ နံနက်စောစောအိပ်ယာထတွင် ရေနွေးပူသောက်သုံးခြင်း သည် ကောင်းကျိုးဖြစ်နိုင်သည်ဟု ယူဆရပါသည်။

ဥတုဘောဇနကျမ်းတွင် ဖော်ပြချက်အရ ရေနွေးနှင့်သင့်သူများမှာ ဘေးထိုးရင်ကြပ်ရှိသူ၊ နှာစေး သောသူ၊ လေနာရှိသောသူ၊ ကုတ်ခိုင်တောင့်သောသူ၊ ဝမ်းရောင်သောသူ၊ ကြက်မျက်သင့်သောသူ၊ ဝမ်း သက်သောသူ၊ အဖျားသစ်ရှိသောသူ၊ ရှူဟိုက်သောအနာရှိသောသူ (မောဟိုက်သောသူ)၊

ဆီထောပတ် များစွာစားသောသူ၊ သလိပ်နာရှိသောသူ၊ ဝမ်းကိုက်သောသူ၊ ဂူနာရှိသောသူ(ကင်ဆာကဲ့သို့ ဝမ်းတွင်း အလုံးအကျိတ်မျိုးကို ဆိုသည်။) ချောင်းဆိုးနာပန်းနာ ရှိသောသူ၊ နှုတ်မမြိန်သောသူ၊ အမာပေါက်သော သူတို့သည် ရေအေးကို ကြဉ်ရှောင်အပ်ကုန်၏။

ထိုသူတို့သည် ရေအေးသောက်ခြင်း၊ ချိုးခြင်းကို မပြုအပ် ကုန်၊ ရေနွေးကိုသာ သုံးဆောင်အပ်ကုန်၏။

အဆိပ်နှင့်သော ရေနွေးနှစ်မျိုး

စာရေးသူ၏ လက်ဝယ်ရှိသော ရှေးဟောင်းကျမ်းတစ်ဆူဖြစ်သည့် “စတုသာရသင်္ခေပ၊ ဆန္ဒသင်္ဂဟ ဘေသဇ္ဇ” ဆေးကျမ်းတွင် ရေနွေးအကြောင်းကို စုံလင်စွာဖော်ပြထားသည်။

(ထိုကျမ်းဝဇ္ဇကမ္မပဘေဒနယ ကဏ္ဍ၊ ရေနွေးအကျိုးရှစ်ပါး၊ အဆိပ်ဖြစ်သည့် ရေချက်ပုံ၊ ဥတုအားလျော်စွာရေချက်ပုံ)။

ရေချက်နည်းဥပဒေသ။ ။ ရေနွေးဟူ၍ပင်ဆိုသော်လည်း မီးဖြင့်ရေကိုပူရုံနွေးရုံသာ ချက်သောရေသည် ဆေးဖြစ်သောရေနွေးမဟုတ်ပါ။

ရှစ်ခွက်တစ်ခွက်၊ လေးခွက်တစ်ခွက်၊ နှစ်ခွက်တစ်ခွက်တင် အောင်ချက်ပြီး သော ရေသည်သာလျှင် ဆေးဖြစ်သောရေနွေးဟု မှတ်သားရမည်။

အဆိပ်ဖြစ်သည့်ရေဖြစ်ပုံ။ ။ ဤသို့စီရင်ကျိုချက်သောရေနွေးသည် ဆေးဖြစ်သည်ဟုဆိုသော်လည်း ရေနွေးမှန်သမျှကိုမမှတ်အပ်။

အချို့သောရေနွေးသည် ဆေးမဖြစ်သည့်အပြင် ဘေးဖြစ်စေတတ်သော အဆိပ်ပင်ဖြစ်ပါသေးသည်ဟု အထူးသဖြင့် မှတ်ယူထားရမည်။

၁။ အေးသောရေနွေးကို ပူအောင်တစ်ဖန်ပြန်၍ နွှေးသောက်သောရေနွေး။

၂။ ဆူပွက်အောင် မကျိုချက်ဘဲ ပူရုံနွေးရုံသာချက်ထားသောရေနွေး။

သို့သော် အဆိပ်နှင့်တူသည့်ရေနွေးကိုလည်း သတိထား၍ မှတ်သားထားရမည်။ (စတုသာရ သင်္ခေပဆေးကျမ်း၊ ဆရာကြီးဦးပဏ္ဍဝ(ခေါ်) ဆရာခင် ၁၃၁၇ ခု)

အထက်ပါ အချက်အလက်များကို ထောက်ရှုခြင်းဖြင့် နံနက်စောစောအိပ်ယာထတွင် လူငယ်နှင့် ကျန်းမာနေသူများသည် ရေအေးကိုသာ သောက်သင့်ပြီး ကိုယ်တွင်းရောဂါတစ်စုံတစ်ရာ စွဲကပ်နေသူ သံသ ယရှိသူများသာ ရေနွေးပူကို သောက်သုံးသင့်သည်ဟု သုံးသပ်မိပါသည်။

ကြည်လွင်မြင့် (မုဒြာ)

ရတနာပုံသတင်းစာ။ ၆.၇.၂၀၁၉ စနေနေ့၊ စာ.၁၄

ကျန်းမာပျော်ရွှင်သောဘဝကိုပိုင်ဆိုင်ကြပါစေရှင်

ချစ်ခင်လေးစားလျှက် …

#Sein_Minn_Tha Mee

Credit …Kyi Lwin Myint – Mudra’