ချို့တဲ့သူတွေကိုလှူတန်းခဲ့တဲ့ ထီလက်မှတ်တွေကနေ ထီဆုတွေအများကြီးဆွတ်ခူးနိုင်ခဲ့လို့ ပျော်မဆုံးဖြစ်နေရတဲ့ ယုန်လေး

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်










Unicode

ပရဟိတအလုပ်တွေကို အားကြိုးမာန်တက်လုပ်လေ့ရှိတဲ့ယုန်လေးတစ်ယောက် ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ချို့တဲ့သူတွေကို အခြေခံလိုအပ်တာတွေအပြင် ထီလက်မှတ်တွေပါ ဝယ်ယူလှူတန်းခဲ့ပါတယ်။

ဒီနေ့ (၁) ရက်နေ့ဟာ ထီဖွင့်တဲ့နေဖြစ်တာမို့သူလှူခဲ့တဲ့ ထီလက်မှတ်လေးတွေကို တိုက်ပေးရင်း ဘယ်လောက်ဆုပေါက်သလဲဆိုတာကို ပျော်ပျော်ကြီး တိုက်ပေးနေခဲ့ပါတယ်။

လတ်တလောမှာတော့ ငါးသောင်းဆုတွေတစ်သိန်းဆုတွေအများကြီးကံထူးထားပြီဖြစ်ပြီး နောက်ထပ်ထီဆုအကြီးကြီးတွေ

ဆွတ်ခူးနိုင်ဖို့လည်း မျှော်လင့်နေခဲ့ပါတယ်။ ဘယ်လောက်ဆုပဲ ပေါက်ပေါက် ချို့တဲ့သူတွေအတွက်တော့ အတော်လေးကို အထောက်အကူဖြစ်မှာအသေအချာ ပါပဲ။

အစောင်ရေ (၇၀၀) တောင်ဆိုတော့ နောက်ထပ်အစောင်တွေမှာ ထီဆုတွေထပ်မံဆွတ်ခူး

နိုင်ဖို့ မျှော်လင့်ပါတယ်။ ပျော်ရတဲ့အကြောင်းလေးကို ” ဆုကြီး မပါပေမယ့် ပီတိဖြစ်ပါတယ် အစောကြီးထဲကလည်း ဆုကြီးတွေ မမှန်းထားပါဘူး လိုက်လှူတဲ့ထဲက အခု ၅ သောင်းဆု ၁၅ ဆုကျော်ပါနေပါပြီ ။

၁သိန်းဆု တစ်ဆုပါနေပါပြီ . ၃ စောင်တွဲလုံးမှာ ၃ စောင်လုံးပေါက်တာ ၃ ယောက်ရှိပြီ နောက်အစောင် ၇၀၀ ကျော်ကျန်သေးလို့ ထပ်တိုက်နေပါတယ်

. ပေါက်တဲ့ နံပါတ်တွေ အားလုံးတိုက်ပြီးရင် တင်ပေးပါမယ် ဘာပဲဖြစ်ဖြစ် ထီလက်မှတ်လိုက်ဝေထားတာ တကယ်လိုအပ်တဲ့သူတွေကြီးပဲဖြစ်လို့

၅ သောင်း ၁ သိန်းလည်း သူတို့ပျော်ကြမှာပါ။ ထပ်ပြီးတော့ ၅သိန်း ၁၀ သိန်း လောက်လေး တစ်ယောက်ယောက်ထပ်ပါရင်ပိုကောင်းမယ်ဗျာ ကျန်တဲ့ အစောင် ၇၀၀ ကျော်ကို ရင်ခုန်စွာစောင့်ဆိုင်း အားလုံး Peace ” ဆိုပြီး ဝေမျှခဲ့ပါတယ်။