ဖိုးသက္ရွည္တို႔မွ်ေဝခဲ့တဲ့ ေမြ႕ေလ်ာ္ဖြယ္ဘဝအျမင္ (၆)မ်ိဳး
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
ဖိုးသက္ရွည္တို႔မွ်ေဝခဲ့တဲ့ ေမြ႕ေလ်ာ္ဖြယ္ဘဝအျမင္ (၆) မ်ိဳး။
လူ႔သက္တမ္းေစ့ ေနသြားၾကရင္းနဲ႔ ဘဝကို ေက်နပ္ေပ်ာ္႐ႊင္စြာ ျဖတ္သန္းဖို႔ဆိုတာ တကယ့္ကုသိုလ္ပါပဲ။
သိပၸံပညာရွင္ေတြဟာ အသက္ရွည္ျခင္းရဲ႕
လ်ွိဳ႕ဝွက္ခ်က္ကို ရွာေနရင္းနဲ႔ အသက္လည္းရွည္/ ေနလို႔လည္းေပ်ာ္တဲ့ ဘဝတစ္ခုကို လႊမ္းမိုးေနတဲ့ ေနာက္ကြယ္က ဘဝအသိအျမင္တစ္ခ်ိဳ႕ပါ သိခဲ့ၾကပါတယ္။
သူတို႔ရဲ႕ မွ်ေဝမႈကို ၾကည့္လိုက္ရေအာင္ပါ။
(၁) ေပ်ာ္႐ႊင္မႈဆိုတာ ကိုယ္လုပ္တဲ့အရာေတြက လာတာပါ
အသက္ႀကီးသြားတဲ့ ပုဂၢိဳလ္ေတြအတြက္ ေရွ႕မွာေသမင္းရဲ႕ တံခါးဝအဆုံးပဲ က်န္ေတာ့တယ္ဆိုတာ လက္ခံၿပီးသားပါ။
ဒီေတာ့ သူတို႔အတြက္ အတိတ္ကလုပ္ရပ္ေတြနဲ႔ ျဖတ္သန္းမႈ အေတြ႕အႀကဳံေတြ စားၿမဳံ႕ျပန္ေတြးေတာဖို႔ပဲ က်န္ေတာ့တာမ်ိဳးပါ။
အရင္က ကိုယ္လုပ္သင့္တာေတြလုပ္ခ်င္ခဲ့တာေတြ လုပ္ခဲ့သူဟာ ကိုယ့္ကိုယ္ကိုယ္ အၿမဲေက်နပ္ရပါတယ္။
အ႐ြယ္တစ္ခုေရာက္လာလို႔ အသက္ႀကီးသြားတဲ့အခါမွာ ေပ်ာ္႐ႊင္စရာမွတ္ဉာဏ္နဲ႔ ထိုက္တန္ခဲ့တဲ့ စြန႔္စားခန္းေတြက သူတို႔ရဲ႕ မ်က္ေမွာက္ေန႔ရက္ေတြကို ေက်နပ္ေစနိုင္ေတာ့တာ ျဖစ္ပါတယ္။
(၂) အေကာင္းျမင္တဲ့ သေဘာတရားေတြေၾကာင့္ ေပ်ာ္ရတယ္
အသက္ရာေက်ာ္ ရွည္တဲ့သူေတြမွာ တူညီတဲ့အခ်က္က ဘဝကို အေကာင္းဘက္က ၾကည့္တတ္ျခင္းပဲ ျဖစ္ပါတယ္။
ကိုယ့္ကိုယ္ကိုယ္ ေက်နပ္ေပ်ာ္ေမြ႕ေစတဲ့အရာဟာလည္း အေကာင္းျမင္မႈပဲ ျဖစ္ပါတယ္။ ဘဝဆိုတာ ေကာင္းမြန္တဲ့ အေျပာင္းအလဲေလးေတြပါလားလို႔ လက္ခံတတ္ရင္ ဘဝမွာေနရတာ ပိုၿပီးေပ်ာ္စရာေကာင္းလာမွာ အမွန္ပါပဲ။
(၃) လက္ငင္းပစၥဳပၸန္မွာ ေနတတ္မွ ေပ်ာ္မွာပါ
အတိတ္ဟာ အတိတ္ပါပဲ။ ဘယ္သူမွ အတိတ္ကို ျပန္သြားၿပီး ေျပာင္းလဲလို႔ မရေတာ့ဘူးေလ။ ေျပာင္းလဲမရတဲ့ အတိတ္မွာ စိတ္ကိုခ်မ္းသာေအာင္ သြားထားလို႔ မရပါဘူး။
လက္ရွိေတြ႕ႀကဳံျဖတ္သန္းေနရတဲ့ ကာလတိုေလးေတြ တစ္ခုခ်င္းစီမွာ ေက်နပ္စြာ ေနတတ္ျခင္းဟာ အေကာင္းဆုံးေနနည္းျဖစ္ပါတယ္။ အဂၤလိပ္လိုေတာ့ Live Now လို႔ ဆိုနိုင္ပါတယ္။
(၄) သဘာဝအသီးအႏွံေတြ စားပါ။ လႈပ္လႈပ္ရွားရွားေနပါ။
က်န္းမာမွ ေပ်ာ္ေပ်ာ္ေနနိုင္မွာပါ။ ဒါ့ေၾကာင့္ က်န္းမာဖို႔ လတ္ဆတ္တဲ့ သဘာဝအသီးအႏွံေတြ စားေပးပါ။ စိတ္ေရာကိုယ္ပါ လႈပ္လႈပ္ရွားရွား သြားသြားလာလာ ေနထိုင္ပ။ အလြန္အကြၽံမစားဘဲ မွ်တစြာစားေသာက္ပါ။
(၅) ေလ့လာေနပါ
အသက္ရွည္ရွည္ ေပ်ာ္ေပ်ာ္ေနနိုင္သူေတြဟာ ေလ့လာမႈမျပတ္လုပ္ေနသူေတြ ျဖစ္ပါတယ္။ ကိုယ့္အ႐ြယ္အလိုက္ ေတြ႕ႀကံဳ ျဖတ္သန္းေနရတဲ့ ေလာကႀကီးအေၾကာင္းနဲ႔ စိတ္ဝင္စားဖြယ္ အသိဉာဏ္တစ္ခ်ိဳ႕အေၾကာင္းကို ဆက္လက္ေလ့လာေနသူေတြဟာ ေနရတဲ့ဘဝေလးမွာ ေက်နပ္ေပ်ာ္႐ႊင္ၾကပါတဘ္။
(၆) သတိစိုက္တဲ့ တရားမ်ိဳး ေလ့က်င့္ပါ
Mindfulness လို႔ေခၚတဲ့ သတိပဌာန္တရားဟာ ဒီေန႕မွာ အလြန္ကို လက္ေတြ႕က်ၿပီး လိုအပ္တဲ့ ပညာရပ္တစ္ခု ျဖစ္လာပါတယ္။ သတိပဌာန္ကို ေလ့က်င့္လိုက္စားသူေတြဟာ ေနာင္တပူပန္မႈ စိတ္ႏွလုံး မသာယာမႈနဲ႔
စိတ္ရႈပ္ေထြးဖိစီးမႈေတြကေန သက္သာရာရပါတယ္။ စိတ္ခံစားခ်က္ ျမင့္မားလာၿပီး ၾကည္လင္ၿငိမ္သက္လာမယ္။ ေပ်ာ္႐ႊင္မႈဆိုတာထက္ ပိုၿပီးေလးနက္စစ္မွန္တဲ့ ပီတိရသနဲ႕ ၾကည္ၾကည္ႏူးႏူးေနလာနိုင္ပါမယ္။ ေန႕စဥ္
ႀကဳံေတြ႕ေနရတဲ့ အာ႐ုံနဲ႔ အျဖစ္အပ်က္အားလုံးကို ၿငိမ္းခ်မ္းတဲ့ စိတ္နဲ႔ ေက်ာ္လႊားနိုင္လာပါလိမ့္မယ္။ ေအးခ်မ္းတဲ့ စိတ္ႏွလုံးနဲ႔ ႐ႊင္႐ႊင္ၿပဳံးၿပဳံးေနနိုင္သူဟာ ရခဲလွတဲ့ဘဝမွာ အခ်မ္းသာဆုံး ေနနိုင္သူပဲ မဟုတ္လား။ ခရက္ဒစ္
Unicode
ဖိုးသက်ရှည်တို့မျှဝေခဲ့တဲ့ မွေ့လျော်ဖွယ်ဘဝအမြင် (၆) မျိုး။ လူ့သက်တမ်းစေ့ နေသွားကြရင်းနဲ့ ဘဝကို ကျေနပ်ပျော်ရွှင်စွာ ဖြတ်သန်းဖို့ဆိုတာ တကယ့်ကုသိုလ်ပါပဲ။
သိပ္ပံပညာရှင်တွေဟာ အသက်ရှည်ခြင်းရဲ့
လျှို့ဝှက်ချက်ကို ရှာနေရင်းနဲ့ အသက်လည်းရှည်/ နေလို့လည်းပျော်တဲ့ ဘဝတစ်ခုကို လွှမ်းမိုးနေတဲ့ နောက်ကွယ်က ဘဝအသိအမြင်တစ်ချို့ပါ သိခဲ့ကြပါတယ်။
သူတို့ရဲ့ မျှဝေမှုကို ကြည့်လိုက်ရအောင်ပါ။
(၁) ပျော်ရွှင်မှုဆိုတာ ကိုယ်လုပ်တဲ့အရာတွေက လာတာပါ
အသက်ကြီးသွားတဲ့ ပုဂ္ဂိုလ်တွေအတွက် ရှေ့မှာသေမင်းရဲ့ တံခါးဝအဆုံးပဲ ကျန်တော့တယ်ဆိုတာ လက်ခံပြီးသားပါ။
ဒီတော့ သူတို့အတွက် အတိတ်ကလုပ်ရပ်တွေနဲ့ ဖြတ်သန်းမှု အတွေ့အကြုံတွေ စားမြုံ့ပြန်တွေးတောဖို့ပဲ ကျန်တော့တာမျိုးပါ။
အရင်က ကိုယ်လုပ်သင့်တာတွေလုပ်ချင်ခဲ့တာတွေ လုပ်ခဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် အမြဲကျေနပ်ရပါတယ်။
အရွယ်တစ်ခုရောက်လာလို့ အသက်ကြီးသွားတဲ့အခါမှာ ပျော်ရွှင်စရာမှတ်ဉာဏ်နဲ့ ထိုက်တန်ခဲ့တဲ့ စွန့်စားခန်းတွေက သူတို့ရဲ့ မျက်မှောက်နေ့ရက်တွေကို ကျေနပ်စေနိုင်တော့တာ ဖြစ်ပါတယ်။
(၂) အကောင်းမြင်တဲ့ သဘောတရားတွေကြောင့် ပျော်ရတယ်
အသက်ရာကျော် ရှည်တဲ့သူတွေမှာ တူညီတဲ့အချက်က ဘဝကို အကောင်းဘက်က ကြည့်တတ်ခြင်းပဲ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပျော်မွေ့စေတဲ့အရာဟာလည်း အကောင်းမြင်မှုပဲ ဖြစ်ပါတယ်။ ဘဝဆိုတာ ကောင်းမွန်တဲ့ အပြောင်းအလဲလေးတွေပါလားလို့ လက်ခံတတ်ရင် ဘဝမှာနေရတာ ပိုပြီးပျော်စရာကောင်းလာမှာ အမှန်ပါပဲ။
(၃) လက်ငင်းပစ္စုပ္ပန်မှာ နေတတ်မှ ပျော်မှာပါ
အတိတ်ဟာ အတိတ်ပါပဲ။ ဘယ်သူမှ အတိတ်ကို ပြန်သွားပြီး ပြောင်းလဲလို့ မရတော့ဘူးလေ။ ပြောင်းလဲမရတဲ့ အတိတ်မှာ စိတ်ကိုချမ်းသာအောင် သွားထားလို့ မရပါဘူး။
လက်ရှိတွေ့ကြုံဖြတ်သန်းနေရတဲ့ ကာလတိုလေးတွေ တစ်ခုချင်းစီမှာ ကျေနပ်စွာ နေတတ်ခြင်းဟာ အကောင်းဆုံးနေနည်းဖြစ်ပါတယ်။ အင်္ဂလိပ်လိုတော့ Live Now လို့ ဆိုနိုင်ပါတယ်။
(၄) သဘာဝအသီးအနှံတွေ စားပါ။ လှုပ်လှုပ်ရှားရှားနေပါ။
ကျန်းမာမှ ပျော်ပျော်နေနိုင်မှာပါ။ ဒါ့ကြောင့် ကျန်းမာဖို့ လတ်ဆတ်တဲ့ သဘာဝအသီးအနှံတွေ စားပေးပါ။ စိတ်ရောကိုယ်ပါ လှုပ်လှုပ်ရှားရှား သွားသွားလာလာ နေထိုင်ပ။ အလွန်အကျွံမစားဘဲ မျှတစွာစားသောက်ပါ။
(၅) လေ့လာနေပါ
အသက်ရှည်ရှည် ပျော်ပျော်နေနိုင်သူတွေဟာ လေ့လာမှုမပြတ်လုပ်နေသူတွေ ဖြစ်ပါတယ်။ ကိုယ့်အရွယ်အလိုက် တွေ့ကြုံ ဖြတ်သန်းနေရတဲ့ လောကကြီးအကြောင်းနဲ့ စိတ်ဝင်စားဖွယ် အသိဉာဏ်တစ်ချို့အကြောင်းကို ဆက်လက်လေ့လာနေသူတွေဟာ နေရတဲ့ဘဝလေးမှာ ကျေနပ်ပျော်ရွှင်ကြပါတဘ်။
(၆) သတိစိုက်တဲ့ တရားမျိုး လေ့ကျင့်ပါ
Mindfulness လို့ခေါ်တဲ့ သတိပဌာန်တရားဟာ ဒီနေ့မှာ အလွန်ကို လက်တွေ့ကျပြီး လိုအပ်တဲ့ ပညာရပ်တစ်ခု ဖြစ်လာပါတယ်။ သတိပဌာန်ကို လေ့ကျင့်လိုက်စားသူတွေဟာ နောင်တပူပန်မှု စိတ်နှလုံး မသာယာမှုနဲ့
စိတ်ရှုပ်ထွေးဖိစီးမှုတွေကနေ သက်သာရာရပါတယ်။ စိတ်ခံစားချက် မြင့်မားလာပြီး ကြည်လင်ငြိမ်သက်လာမယ်။ ပျော်ရွှင်မှုဆိုတာထက် ပိုပြီးလေးနက်စစ်မှန်တဲ့ ပီတိရသနဲ့ ကြည်ကြည်နူးနူးနေလာနိုင်ပါမယ်။ နေ့စဉ်
ကြုံတွေ့နေရတဲ့ အာရုံနဲ့ အဖြစ်အပျက်အားလုံးကို ငြိမ်းချမ်းတဲ့ စိတ်နဲ့ ကျော်လွှားနိုင်လာပါလိမ့်မယ်။ အေးချမ်းတဲ့ စိတ်နှလုံးနဲ့ ရွှင်ရွှင်ပြုံးပြုံးနေနိုင်သူဟာ ရခဲလှတဲ့ဘဝမှာ အချမ်းသာဆုံး နေနိုင်သူပဲ မဟုတ်လား။ ခရက်ဒစ်