ပဲခူး႐ိုးမရွိ တိရိစာၦန္ေလးေတြေသာက္သုံးဖို႔ ေသာက္ေရကန္နဲ႔သစ္ပင္စိုက္ပ်ိဳးရန္အတြက္ အလႉေငြမ်ားလႉဒါန္းေပးခဲ့တဲ့ ေဒါင္း

ရင့္က်က္တည္ၿငိမ္ၿပီး ညႇိဳ႕မ်က္ဝန္းေတြကို ပိုင္ဆိုင္ထားတဲ့ မင္းသားေခ်ာ ေဒါင္းက မိန္းကေလးပရိသတ္အမ်ားအျပားရဲ႕ အားေပးမႈကို ရရွိပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။ ေဒါင္းဟာ

အေနေအးသူတစ္ေယာက္ျဖစ္ၿပီး သူ႔ရဲ႕ဘဝကို ႐ိုး႐ိုးရွင္းရွင္းသာ ျဖတ္သန္းတတ္သူတစ္ေယာက္ ျဖစ္ပါတယ္။ ေဒါင္းက အလႉအတန္းေတြကိုလည္း မၾကာခဏျပဳလုပ္တတ္ၿပီး

မ်ားေသာအားျဖင့္ေတာ့ လူေတြရဲ႕ အာ႐ုံစိုက္ျခင္း မခံရဖို႔ သူ႔ရဲ႕ ေဖ့စ္ဘုတ္မွာ မွ်ေဝေလ့မရွိပါဘူး။ ဒီကေန႔မွာလည္း ေဒါင္းက ပဲခူး႐ိုးမေရငန္ေတာင္ စိမ္းလန္းစိုေျပေစရန္ ရည္႐ြယ္ၿပီး

ဘကေက်ာင္းမွာ တိရစာၦန္ေလးေတြအတြက္ ၄၀၀၀၀ က်ပ္ ကုန္က်မယ့္ ေသာက္ေရကန္ နဲ႔ သစ္ပင္ (၇၄)ပင္ စိုက္ပ်ိဳးဖို႔ ကုန္က်ေငြ (၃၆၀၀၀၀) က်ပ္၊ စုစုေေပါင္း ၄၀၀၀၀၀ က်ပ္တိတိကို

သူနဲ႔ ပရိသတ္ေတြရဲ႕ နာမည္တပ္ၿပီး လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။ ေဒါင္းကေတာ့ ဆင္းရဲခ်ိဳ႕တဲ့တဲ့ ျပည္သူေတြကို မွ်ေဝလႉဒါန္းေပးေနတဲ့အျပင္ တိရစာၦန္ေလးေတြနဲ႔ သဘာဝပတ္ဝန္းက်င္ႀကီး

စိမ္းလန္းစိုျပည္ဖို႔ရန္ ရည္႐ြယ္ၿပီး လႉဒါန္းေပးေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ၾကင္နာတတ္တဲ့ ေဒါင္းရဲ႕ အလႉေလးအတြက္ ဝမ္းေျမာက္စြာ သာဓုေခၚေပးၾကပါဦးေနာ္။

Unicode

ရင့်ကျက်တည်ငြိမ်ပြီး ညှို့မျက်ဝန်းတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသားချော ဒေါင်းက မိန်းကလေးပရိသတ်အများအပြားရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ဒေါင်းဟာ

အနေအေးသူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဘဝကို ရိုးရိုးရှင်းရှင်းသာ ဖြတ်သန်းတတ်သူတစ်ယောက် ဖြစ်ပါတယ်။ ဒေါင်းက အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်တတ်ပြီး

များသောအားဖြင့်တော့ လူတွေရဲ့ အာရုံစိုက်ခြင်း မခံရဖို့ သူ့ရဲ့ ဖေ့စ်ဘုတ်မှာ မျှဝေလေ့မရှိပါဘူး။ ဒီကနေ့မှာလည်း ဒေါင်းက ပဲခူးရိုးမရေငန်တောင် စိမ်းလန်းစိုပြေစေရန် ရည်ရွယ်ပြီး

ဘကကျောင်းမှာ တိရစ္ဆာန်လေးတွေအတွက် ၄၀၀၀၀ ကျပ် ကုန်ကျမယ့် သောက်ရေကန် နဲ့ သစ်ပင် (၇၄)ပင် စိုက်ပျိုးဖို့ ကုန်ကျငွေ (၃၆၀၀၀၀) ကျပ်၊ စုစုေပေါင်း ၄၀၀၀၀၀ ကျပ်တိတိကို

သူနဲ့ ပရိသတ်တွေရဲ့ နာမည်တပ်ပြီး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒေါင်းကတော့ ဆင်းရဲချို့တဲ့တဲ့ ပြည်သူတွေကို မျှဝေလှူဒါန်းပေးနေတဲ့အပြင် တိရစ္ဆာန်လေးတွေနဲ့ သဘာဝပတ်ဝန်းကျင်ကြီး

စိမ်းလန်းစိုပြည်ဖို့ရန် ရည်ရွယ်ပြီး လှူဒါန်းပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကြင်နာတတ်တဲ့ ဒေါင်းရဲ့ အလှူလေးအတွက် ဝမ်းမြောက်စွာ သာဓုခေါ်ပေးကြပါဦးနော်။