မိခင္အေပၚဆက္ဆံပုံကိုၾကည့္ၿပီး မဂၤလာဦးည၌ပင္ ကြာရွင္းျပတ္စဲျခင္း
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
မဂၤလာဦးညတြင္ မဂၤလာဦးေမာင္ႏွံအတြက္ ညစာစားဖို႔လင္ဗန္းအႀကီးတစ္ခု၌ အလြန္ေကာင္းၿပီး အနံ႔အရသာေတြနဲ႔ျပည့္ေနတဲ့ အစားအေသာက္မ်ားကို စားသုံးဖို႔အခန္းတစ္ခုမွာအဆင္သင့္ ျပင္ဆင္ထားေပးတယ္။
သတို႔သားက သတို႔သမီးကိုစားေသာက္ဖို႔ေခၚေတာ့ သတို႔သမီးကေမးတယ္ ရွင့္အေမေကာ မစားဘူးလား ေခၚလိုက္ပါ
အတူတူ တစ္ေပါင္းတစ္စည္းတည္း စားလိုက္ၾကရေအာင္ သတို႔သားက အေမ အိပ္သြားၿပီးထားလိုက္ပါ။
ငါတို႔ႏွစ္ေယာက္ပဲ စားလိုက္ၾကရေအာင္ ဇနီးက ထပ္ေျပာတယ္။ ကြၽန္မသိတယ္ ရွင့္အေမလည္း ထမင္းမစားရေသးဘူး ေခၚလိုက္ပါ အတူစားရေအာင္ေျပာေတာ့ အိပ္ပါေစ ထားလိုက္ပါကြာဟုေျပာတယ္။
ထိုအခါ သတို႔သမီးက ထပ္ဖန္တလဲလဲအေမကိုေခၚဖို႔ ေျပာေပမယ့္သတို႔သားကလည္း ထပ္ဖန္တလဲလဲ ျငင္းဆိုရာကေန ေနာက္ဆုံး သတို႔သမီးက သူမကိုကြာရွင္းေပးဖို႔ ေတာင္းဆိုလိုက္တယ္၊ ႏွစ္ေယာက္သား
အခ်င္းမ်ားရာကေန ကြာရွင္းျပတ္စဲလိုက္ၾကတဲ့အေျခသို႔ဆိုက္ေရာက္ခဲ့တယ္။ လမ္းခြဲၾကၿပီးေနာက္ သူတို႔ႏွစ္ဦးဟာကိုယ္စီ ေနာက္အိမ္ေထာင္ ထူေထာင္လိုက္ၾကတယ္။ အမ်ိဳးသမီးက သူမရဲ႕သားသမီးေတြနဲ႔
ေပ်ာ္႐ႊင္ၾကည္ႏူးစရာေကာင္းတဲ့ မိသားစုဘဝေလး ပိုင္ဆိုင္ျဖတ္သန္းေနတယ္။ ႏွစ္ ၃၀ ၾကာၿပီးေနာက္တစ္ေန႔မွာ သူမက ေနရပ္ကိုျပန္လာေတာ့သားသမီးေတြက လာေရာက္ႀကိဳဆိုၾကၿပီး အိမ္ျပန္လာၾကတယ္။
လမ္းခုလတ္တေနရာမွာ လူတစ္ေယာက္ဟာ ေဟာင္းႏြမ္းစုတ္ျပတ္တဲ့အဝတ္အစား ဝတ္ဆင္လ်က္ အလြန္ဆာေလာင္မြတ္သိပ္စြာ ေတာင္းရမ္းေနတဲ့သူတစ္ေယာက္ကိုေတြ႕ေတာ့ အမ်ိဳးသမီးက သားေတြကိုေျပာတယ္။
အဲ့လူကို ထူလိုက္ပါ ေျခလက္မ်က္ႏွာေဆးၿပီး ထမင္းေကြၽးလိုက္ပါ။ အမ်ိဳးသမီးက အဆိုပါ လူကိုေသခ်ာၾကည့္လိုက္ေတာ့ သူမရဲ႕ပထမခင္ပြန္းျဖစ္ေနတယ္။ အမ်ိဳးသမီးကေမးတယ္။ ဘာေၾကာင့္ဒီလိုဆိုး႐ြားတဲ့
အေျခအေနကို ေရာက္ေနတာလဲ။ ထိုအမ်ိဴးသမီးရဲ႕ ပထမခင္ပြန္းက ေျပာတယ္ ငါ့သားသမီးေတြဟာ ငါ့အေပၚမေကာင္းၾကဘူး။ ငါ့ကိုဂ႐ုမစိုက္ၾကဘူး ငါ့အေပၚတန္ဖိုးမထားၾကဘူး ငါ့ကို ေထာက္ပံ့မႈမျပဳၾကဘူး
ငါ့ကိုျပစ္ထားၾကတယ္ ငါဟာငါ့ဝမ္းစာအတြက္ ေတာင္းရမ္းစားေသာက္ေနရတယ္။ အခု မင္းျမင္တဲ့အတိုင္းပါပဲ။ အမ်ိဳးသမီးကေျပာတယ္ ေအး အဲ့ဒါဘာေၾကာင့္လဲဆိုတာရွင္သိလား။ ရွင္ဟာ ရွင့္အေဖ၊ အေမအေပၚမွာ
မေကာင္းခဲ့ဘူး၊ တာဝန္မေၾကခဲ့ဘူး ရွင့္အေဖအေမအေပၚ ရွင္ဘယ္လိုဆက္ဆံလဲ ရွင့္သားသမီးေတြကလည္း ရွင့္ကိုအဲဒီလိုဆက္ဆံတာပါ။ အသင္တို႔ မိမိတိုရဲ႕မိဘေတြအေပၚေကာင္းစြာ ဆက္ဆံၾကကုန္။
သို႔မွသာ အသင္တို႔ရဲ႕သားသမီးေတြက အသင္တို႔ကို ေကာင္းစြာဆက္ဆံလိမ့္မည္။ ကြၽန္မသိလိုက္တယ္။ အဲ့(မဂၤလာဦးည)ကတည္းက မိခင္အေပၚဆက္ဆံပုံကိုၾကည့္ၿပီး ကြၽန္မေၾကာက္သြားတယ္။
ရွင့္ဟာမိဘအေပၚ မေကာင္းတဲ့အတြက္ ရွင္နဲ႔ရတဲ့ကေလးေတြလည္း ကြၽန္မကိုသိတတ္မွာမဟုတ္ဘူး။ အခုၾကည့္ပါ။ ရွင့္အေရွ႕က ကြၽန္မရဲ႕သားေတြဟာ အေမရဲ႕ ေဝယ်ာဝစၥအရာရာကိုေဆာင္႐ြက္ေပး႐ုံမကဘူး။
အေမဝတ္ၿပီးသားထမိန္ကိုပါ ေလွ်ာ္ဖြတ္ၿပီး မီးပူတိုက္ေပးၾကတယ္။ ဒီပို႔စ္ေလးေရးတဲ့ကြၽန္မသတိေပးခ်င္တာက မိမိသားသမီးေတြရဲ႕ျပဳစုယုယမႈလိုခ်င္လွ်င္ မိမိအေဖ အေမမ်ားကို ျပဳစုယုယၾကပါလို႔။ အစဥ္ေလးစားလွ်က္။
ဗုဒၶက “ခ်စ္သား ခ်စ္သမီးတို႔ အလႉခံပုဂၢိဳလ္ကို အေဝးႀကီး မရွာပါနဲ႔ မိဘႏွစ္ပါးသည္ သားသမီးမ်ားအတြက္အေကာင္းဆုံးအလႉခံပါ။” မိဘကိုလုပ္ေကြၽးေသာသားသမီးတိုင္းလက္ေတြ႕ခံစားရမည့္အက်ိဳးတရား (၁၂)ပါး –
(၁) လူတိုင္းခ်ီးမႊမ္းမႈကိုခံရသည္။ (၂) အသိလိမၼာဉာဏ္ပညာတိုးပြားမယ္။ (၃) လူအမ်ားတို႔၏ ၾကည္ၿငိဳပူေဇာ္မႈခံရမည္။ (၄) အေခြၽအရံေပါမ်ားမည္။ (၅) ေက်ာ္ေဇာထင္ရွားမည္။ (၆) စီးပြားဥစၥာရတနာေမ့တိုင္ တိုးတက္မည္။ (၇) ေရာဂါေဘးအႏၲရာယ္ကင္းမည္။
(၈) က်က္သေရမဂၤလာေန႔တိုင္းတိုးမည္။ (၉) အသက္ရာေက်ာ္ေနရမည္။ (၁၀) နတ္တို႔ခ်စ္ခင္ေစာင့္ေရွာက္မည္။ (၁၁) ေလာက၏အျမင့္ဆုံးခ်မ္းသာက္ိုခံစားရမည္။ (၁၂) တမလြန္ဘဝတြင္ နတ္ခ်မ္းသာကိုခံစားရမည္။ သားသမီးတိုင္းမိဘေက်းဇူး အထူးဆပ္ႏႈိင္ၾကပါေစ။ ခရက္ဒစ္
Unicode
မင်္ဂလာဦးညတွင် မင်္ဂလာဦးမောင်နှံအတွက် ညစာစားဖို့လင်ဗန်းအကြီးတစ်ခု၌ အလွန်ကောင်းပြီး အနံ့အရသာတွေနဲ့ပြည့်နေတဲ့ အစားအသောက်များကို စားသုံးဖို့အခန်းတစ်ခုမှာအဆင်သင့် ပြင်ဆင်ထားပေးတယ်။
သတို့သားက သတို့သမီးကိုစားသောက်ဖို့ခေါ်တော့ သတို့သမီးကမေးတယ် ရှင့်အမေကော မစားဘူးလား ခေါ်လိုက်ပါ အတူတူ တစ်ပေါင်းတစ်စည်းတည်း စားလိုက်ကြရအောင် သတို့သားက အမေ အိပ်သွားပြီးထားလိုက်ပါ။
ငါတို့နှစ်ယောက်ပဲ စားလိုက်ကြရအောင် ဇနီးက ထပ်ပြောတယ်။ ကျွန်မသိတယ် ရှင့်အမေလည်း ထမင်းမစားရသေးဘူး ခေါ်လိုက်ပါ အတူစားရအောင်ပြောတော့ အိပ်ပါစေ ထားလိုက်ပါကွာဟုပြောတယ်။
ထိုအခါ သတို့သမီးက ထပ်ဖန်တလဲလဲအမေကိုခေါ်ဖို့ ပြောပေမယ့်သတို့သားကလည်း ထပ်ဖန်တလဲလဲ ငြင်းဆိုရာကနေ နောက်ဆုံး သတို့သမီးက သူမကိုကွာရှင်းပေးဖို့ တောင်းဆိုလိုက်တယ်၊ နှစ်ယောက်သား
အချင်းများရာကနေ ကွာရှင်းပြတ်စဲလိုက်ကြတဲ့အခြေသို့ဆိုက်ရောက်ခဲ့တယ်။ လမ်းခွဲကြပြီးနောက် သူတို့နှစ်ဦးဟာကိုယ်စီ နောက်အိမ်ထောင် ထူထောင်လိုက်ကြတယ်။ အမျိုးသမီးက သူမရဲ့သားသမီးတွေနဲ့
ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေး ပိုင်ဆိုင်ဖြတ်သန်းနေတယ်။ နှစ် ၃၀ ကြာပြီးနောက်တစ်နေ့မှာ သူမက နေရပ်ကိုပြန်လာတော့သားသမီးတွေက လာရောက်ကြိုဆိုကြပြီး အိမ်ပြန်လာကြတယ်။
လမ်းခုလတ်တနေရာမှာ လူတစ်ယောက်ဟာ ဟောင်းနွမ်းစုတ်ပြတ်တဲ့အဝတ်အစား ဝတ်ဆင်လျက် အလွန်ဆာလောင်မွတ်သိပ်စွာ တောင်းရမ်းနေတဲ့သူတစ်ယောက်ကိုတွေ့တော့ အမျိုးသမီးက သားတွေကိုပြောတယ်။
အဲ့လူကို ထူလိုက်ပါ ခြေလက်မျက်နှာဆေးပြီး ထမင်းကျွေးလိုက်ပါ။ အမျိုးသမီးက အဆိုပါ လူကိုသေချာကြည့်လိုက်တော့ သူမရဲ့ပထမခင်ပွန်းဖြစ်နေတယ်။ အမျိုးသမီးကမေးတယ်။ ဘာကြောင့်ဒီလိုဆိုးရွားတဲ့
အခြေအနေကို ရောက်နေတာလဲ။ ထိုအမျိူးသမီးရဲ့ ပထမခင်ပွန်းက ပြောတယ် ငါ့သားသမီးတွေဟာ ငါ့အပေါ်မကောင်းကြဘူး။ ငါ့ကိုဂရုမစိုက်ကြဘူး ငါ့အပေါ်တန်ဖိုးမထားကြဘူး ငါ့ကို ထောက်ပံ့မှုမပြုကြဘူး
ငါ့ကိုပြစ်ထားကြတယ် ငါဟာငါ့ဝမ်းစာအတွက် တောင်းရမ်းစားသောက်နေရတယ်။ အခု မင်းမြင်တဲ့အတိုင်းပါပဲ။ အမျိုးသမီးကပြောတယ် အေး အဲ့ဒါဘာကြောင့်လဲဆိုတာရှင်သိလား။ ရှင်ဟာ ရှင့်အဖေ၊ အမေအပေါ်မှာ
မကောင်းခဲ့ဘူး၊ တာဝန်မကြေခဲ့ဘူး ရှင့်အဖေအမေအပေါ် ရှင်ဘယ်လိုဆက်ဆံလဲ ရှင့်သားသမီးတွေကလည်း ရှင့်ကိုအဲဒီလိုဆက်ဆံတာပါ။ အသင်တို့ မိမိတိုရဲ့မိဘတွေအပေါ်ကောင်းစွာ ဆက်ဆံကြကုန်။
သို့မှသာ အသင်တို့ရဲ့သားသမီးတွေက အသင်တို့ကို ကောင်းစွာဆက်ဆံလိမ့်မည်။ ကျွန်မသိလိုက်တယ်။ အဲ့(မင်္ဂလာဦးည)ကတည်းက မိခင်အပေါ်ဆက်ဆံပုံကိုကြည့်ပြီး ကျွန်မကြောက်သွားတယ်။
ရှင့်ဟာမိဘအပေါ် မကောင်းတဲ့အတွက် ရှင်နဲ့ရတဲ့ကလေးတွေလည်း ကျွန်မကိုသိတတ်မှာမဟုတ်ဘူး။ အခုကြည့်ပါ။ ရှင့်အရှေ့က ကျွန်မရဲ့သားတွေဟာ အမေရဲ့ ဝေယျာဝစ္စအရာရာကိုဆောင်ရွက်ပေးရုံမကဘူး။
အမေဝတ်ပြီးသားထမိန်ကိုပါ လျှော်ဖွတ်ပြီး မီးပူတိုက်ပေးကြတယ်။ ဒီပို့စ်လေးရေးတဲ့ကျွန်မသတိပေးချင်တာက မိမိသားသမီးတွေရဲ့ပြုစုယုယမှုလိုချင်လျှင် မိမိအဖေ အမေများကို ပြုစုယုယကြပါလို့။ အစဉ်လေးစားလျှက်။
ဗုဒ္ဓက “ချစ်သား ချစ်သမီးတို့ အလှူခံပုဂ္ဂိုလ်ကို အဝေးကြီး မရှာပါနဲ့ မိဘနှစ်ပါးသည် သားသမီးများအတွက်အကောင်းဆုံးအလှူခံပါ။” မိဘကိုလုပ်ကျွေးသောသားသမီးတိုင်းလက်တွေ့ခံစားရမည့်အကျိုးတရား (၁၂)ပါး –
(၁) လူတိုင်းချီးမွှမ်းမှုကိုခံရသည်။ (၂) အသိလိမ္မာဉာဏ်ပညာတိုးပွားမယ်။ (၃) လူအများတို့၏ ကြည်ငြိုပူဇော်မှုခံရမည်။ (၄) အချွေအရံပေါများမည်။ (၅) ကျော်ဇောထင်ရှားမည်။ (၆) စီးပွားဥစ္စာရတနာမေ့တိုင် တိုးတက်မည်။ (၇) ရောဂါဘေးအန္တရာယ်ကင်းမည်။
(၈) ကျက်သရေမင်္ဂလာနေ့တိုင်းတိုးမည်။ (၉) အသက်ရာကျော်နေရမည်။ (၁၀) နတ်တို့ချစ်ခင်စောင့်ရှောက်မည်။ (၁၁) လောက၏အမြင့်ဆုံးချမ်းသာကိုခံစားရမည်။ (၁၂) တမလွန်ဘဝတွင် နတ်ချမ်းသာကိုခံစားရမည်။ သားသမီးတိုင်းမိဘကျေးဇူး အထူးဆပ်နှိုင်ကြပါစေ။ ခရက်ဒစ်