ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသွားတဲ့ လူနာအမှတ် (1023) အကြောင်းကိုပြောပြလာတဲ့ ဝေဠုကျော်
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
Unicode
တစ်ကမ္ဘာလုံးသေဆုံးသူအများအပြားရှိနေတဲ့ ကိုဗစ်ကပ်ရောဂါဆိုး ကြီးကြောင့် မြန်မာနိုင်ငံမှာလည်း သေဆုံးသူ(၇) ယောက်အထိရှိလာပြီဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက စနစ်တကျကိုင်တွယ်နိုင်ခဲ့တာကြောင့် ကိုဗစ်ပထမလှိုင်းမှာ
ကူးစက်မှုအနည်းငယ်နဲ့ သေဆုံးသူ(၆) ယောက်သာရှိခဲ့ပြီး အခုဒုတိယလှိုင်းစတင်ချိန်မှာတော့ စိုးရိမ်စရာ ကောင်းလောက်အောင် ကူးစက်မှုများပြားလာရုံမက မနေ့ညကတော့ ပိုးတွေ့လူနာတစ်ယောက်ဆုံးပါးခဲ့ပြီ ဖြစ်ပါတယ်။ ဒီလူနာရဲ့ သေဆုံးမှုနဲ့
ပတ်သက်ပြီး ဝေဠုကျော် ကတော့ သူသိထားတာလေးကို မျှဝေပေး ခဲ့ပါတယ်။ “Case(1023) သေဆုံး ဝေဘာဂီ အထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အသက် (၄၆)နှစ်အရွယ် အရေပြားလေးဖက်နာ ရောဂါအခံရှိသူ ကိုဗစ်ရာဂါ
ဓာတ်ခွဲအတည်ပြုလူနာ (Case 1023) သည် နောက်ဆုံးအဆင့် ကျောက်ကပ်ပျက်စီးခြင်းနှင့် ရုတ်တရက် နှလုံးစည်းချက် မမှန်ဖြစ်ပြီး နှလုံးအမောဖောက်ခြင်းကြောင့် (၃-၉-၂၀၂၀) ရက်နေ့၊ ည (၁၀:၃၀) နာရီအချိန်တွင် သေဆုံးသွားပါသည်”
ဆိုပြီး မျှဝေခဲ့ပါတယ်။ လူနာအမှတ်(၁၀၂၃) ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်မှာ နေထိုင်တဲ့အမျိုးသမီးတစ်ဦးဖြစ်ပြီး ဝေဘာဂီဆေးရုံမှာ ဆေးကုသမှုခံယူနေသူပါ။
အသက်(၆၀) ကျော်အရွယ်လူကြီးတွေနဲ့ရောဂါအခံ ရှိသူတွေကတော့
ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးနိုင်ခြေမြင့်သူတွေဖြစ်ပြီး လူနာအမှတ်(၁၀၂၃) ကတော့ ရောဂါအခံကြောင့် အခုလို သေဆုံးခဲ့တာပါ။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့ရှိသူ(၁၁၃၃) ဦးနဲ့ သေဆုံးသူ(၇) ဦးရှိနေပြီ ဖြစ်ပါတယ် ပရိသတ်ကြီးရေ။Crd