ဝန်ထမ်းတွေမသိခင်မှာ ကျားရဲ့မဖွယ်မရာကိုကိုင်ပြီး ဓာတ်ပုံရိုက်ခဲ့တဲ့အမျိုးသမီး

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်














Unicode

သူများထက်ထူးထူးဆန်းဆန်းလုပ်ချင်တဲ့စိတ်ရှိတဲ့ သူတွေကတော့ လုပ်လို့မရဘူးထင်ရင်ပိုလုပ်ချင်လေပါ။

ဒီထဲမှာမှ ကျားတကောင်ရဲ့အင်္ဂါကိုကိုင်ပြီး ဓာတ်ပုံရိုက်ချင်စိတ်ရှိနေတဲ့အမျိုးသမီးမျိုးလည်းပါပါတယ်။

လူတွေနဲ့ယဉ်နေတဲ့ ကျားကို ဓာတ်ပုံအတူတွဲရိုက်ချိန်မှာ ဆယ်လီဖြစ်ချင်စိတ်နဲ့ ဝှေးစေ့ကို သေချာကိုင်၊ ဓာတ်ပုံရိုက်ခဲ့တာဖြစ်ပါတယ်။

တိရစ္ဆာန်ရုံက ထိုင်းနိုင်ငံ၊ မြောက်ပိုင်းချင်းမိုင်က ကျားတိရစ္ဆာန်ရုံပါ။ တိုးရစ်တွေက လူတွေနဲ့ယဉ်ပါးနေတဲ့ကျားတွေနဲ့ ဓာတ်ပုံရိုက်ဖို့ မပြတ်လာနေပါတယ်။

တိရစ္ဆာန်ရုံကလည်း အဲဒီအချက်နဲ့ပဲ ခရီးသွားတွေကို စွဲဆောင်ထားရတဲ့အတွက် အန္တရာယ်တစုံတခုမဖြစ်ဖို့ အထူးဂရုပြုရပါတယ်။

ဝန်ထမ်းတွေကတော့ အထူးလေ့ကျင့်ပေးထားတဲ့အတွက် ကျားတွေအတွက် အာမခံပေးထားပါတယ်။

အဲဒီအချိန်မှာ အမျိုးသမီးတဦးကတော့ သူများထက်ထူးခဲ့ပါတယ်။ ဓာတ်ပုံရိုက်ချိန်မှာ ဝှေးစေ့ကိုကိုင်ထားပြီး၊ ကျားတွေက အင်မတန်ကိုယဉ်ပါးတဲ့အကြောင်းပြချင်ခဲ့ပါတယ်။

ရုံစောင့်ဝန်ထမ်းတွေ မသိခင်မှာ ရိုက်ခဲ့တဲ့အတွက် လူတွေမသိလိုက်ပါဘူး။ ဆိုရှယ်မီဒီယာပေါ်တင်လိုက်ချိန်မှာတော့ အမျိုးသမီးရဲ့လုပ်ရပ်ကို ဝေဖန်ခဲ့ကြပါတော့တယ်။

အခုလိုလုပ်တာဟာ တိရစ္ဆာန်ကသာ အန္တရာယ်ပြန်ပြုခဲ့ရင် အမျိုးသမီးရဲ့အပြစ်ပဲလို့ဝေဖန်ခဲ့ကြတာပါ။ ပို့စ်က ရှဲလ်တဲ့သူတွေများလာချိန်မှာတော့ တိရစ္ဆာန်ရုံတာဝန်ရှိသူတွေက သိသွားခဲ့ကြပါတယ်။

သူတို့အနေနဲ့ ကျားကို ကြိုက်သလိုကိုင်တွယ်ဖို့ ခွင့်ပြုထားသလို ဝန်ထမ်းတွေနဲ့အတူ စောင့်ရှောက်ထားတဲ့အတွက် အန္တရာယ်တော့မပြုပါဘူးလို့ အာမခံခဲ့ပါတယ်။

ဒါပေမဲ့ အင်္ဂါကိုကိုင်တာမျိုးကိုတော့ လုံးဝခွင့်ပြုမှာမဟုတ်ပါဘူးလို့ စည်းကမ်းထုတ်ခဲ့ရပါတယ်။

အမျိုးသမီးရဲ့လုပ်ရပ်က ကြမ်းတမ်းခဲ့ရင် ကျားဒေါသထွက်သွားနိုင်သလို တိရစ္ဆာန်ရုံကိုလာတဲ့ဧည့်သည်တွေအတွက်လည်း အတော်လေးကို ပြဿနာရှိလာနိုင်လို့ပါ။ အတော်လေးကို လက်ဆော့ခဲ့တဲ့အမျိုးသမီးပါပဲ။

Thu Yay – AwesomeMyanmar