ကၽြန္တကၽြန္းလံုးကို တညလံုးငွားမွ ျမန္မာေငြ ၅ ေသာင္းခြဲပဲက်မယ့္ကၽြန္း
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
အင္တာေနရွင္နယ္ခရီးေတြသြားရတာမွ ၾကိဳက္တဲ့ ခရီးသြားေတြအတြက္ အခုေျပာျပမယ့္ကၽြန္းေလးက စိတ္၀င္စားဖို႔ ကောင္းမွာပါ။
တကၽြန္းလံုးကိုငွားလို႔ရမွာျဖစ္သလို ေစ်းလည္းအင္မတန္သက္သာတဲ့ႏႈန္းထားနဲ႔ရွိေနပါတယ္။
အီတလီႏိုင္ငံကိုအရင္ေရာက္ေအာင္သြားျပီးမွ သြားရမွာျဖစ္တဲ့အတြက္ အီတလီခရီးစဥ္ေတြကိုရည္ရြယ္ထားခဲ့ရင္ ေရာက္ေအာင္သြားဖို႔ရည္ညြန္းခ်င္ပါတယ္။
ကၽြန္းနာမည္က Falconera (ဖယ္ကြန္နာရာ)လို႔ ေခၚပါတယ္။ ဂူးဂဲလ္ေျမပံုမွာ ရိုက္ရွာလိုက္ရင္ အီတလီရဲ႕ ကာဗယ္လီႏို-ထရီေပါ့တီဆိုတဲ့ ျမိဳ႕ေလးအနားမွာရွိပါတယ္။
ကုိယ္ပိုင္ကၽြန္းျဖစ္တဲ့အတြက္ ကၽြန္းေလးကို လာအပန္းေျဖမယ့္သူဟာ တညငွားလုိက္တာနဲ႔ တကၽြန္းလံုးကို တညလံုးပိုင္သြားမွာျဖစ္ပါတယ္။ ကၽြန္းေပၚမွာ လူေနမယ့္ အိမ္ေလးရွိပါတယ္။
အိပ္ခန္းေျခာက္ခန္း၊ မီးဖိုေခ်ာင္တခန္းနဲ႔၊ ေရခ်ိဳးခန္းသံုးခန္းပါပါမယ္။ လူ (၁၆)ေယာက္အထိ အုပ္စုလိုက္ခရီးထြက္လာလို႔ရသလို ကိုယ့္ဘာသာတေယာက္တည္းလည္း လာတည္းလို႔ရပါတယ္။
ကၽြန္းကိုလာမယ့္ ခရီးစဥ္ကိုစီစဥ္ပေးတာကေတာ့ Airbnb ဆိုတဲ့ ေဒသခံခရီးသြားေအဂ်င္စီကပါ။ တညကို ၅၀၉ ေပါင္က်သင့္မယ္လို႔ ဆိုထားပါတယ္။
၁၆ ေယာက္တည္းလို႔ရတဲ့အတြက္ တေယာက္ကို ၃၂ ေပါင္ပဲက်သင့္မွာပါ။ ျမန္မာေငြ ၅၅၀၀၀ ေလာက္ရွိတဲ့ပမာဏပါ။ အကယ္လို႔ ကိုယ္ကတေယာက္တည္းသမားဆုိရင္ေတာ့ ၇၁ ေပါင္အထိေပးရမွာျဖစ္ပါတယ္။
တေယာက္တည္းလာရင္ေတာ့ လာတည္းတဲ့ခရီးသြားေဖာ္ေတြမရွိရင္ အေတာ္ေလးကိုပ်င္းစရာေကာင္းမွာေသခ်ာသေလာက္ရွိေနပါတယ္။ ပိုင္ရွင္ကေတာ့ သူ႕ရဲ႕ကၽြန္းေလးကိုလာတဲ့သူေတြအတြက္ အေကာင္းဆံုးဧည္႔ခံမႈေတြေပးမယ္လို႔ညြန္းထားပါတယ္။
ကၽြန္းေပၚမွာေတာ့ ပ်ားရည္ေတြကို သဘာ၀အတုိင္းေသာက္ရမွာျဖစ္တဲ့အျပင္ အနီးအနားကိုေလွစီးျပီးလည္း ေလွ်ာက္သြားလို႔ရပါေသးတယ္။ အီတလီလိုႏုိင္ငံမ်ိဳးမွာေတာ့ တကူးတကကိုလာရတဲ့ေနရာပါ။
ျမန္မာႏုိင္ငံမွာေတာ့ ကၽြန္းခရီးစဥ္ေတြကမ်ားေနတဲ့အတြက္ မဆန္းေတာ့ပါဘူး။ ဒါေပမဲ့ တညလံုးကိုငါးေသာင္းခြဲေလာက္နဲ႔ ကၽြန္းပိုင္ရွင္ဘ၀ကို ခဏေရာက္သြားမယ့္ခံစားခ်က္ကေတာ့ ဖယ္ကြန္နာရာကၽြန္းကပဲေပးစြမ္းႏုိင္ဖို႔ရွိေနပါတယ္။
Thu Yay – AwesomeMyanmar
Unicode
အင်တာနေရှင်နယ်ခရီးတွေသွားရတာမှ ကြိုက်တဲ့ ခရီးသွားတွေအတွက် အခုပြောပြမယ့်ကျွန်းလေးက စိတ်ဝင်စားဖို့ ကောင်းမှာပါ။
တကျွန်းလုံးကိုငှားလို့ရမှာဖြစ်သလို ဈေးလည်းအင်မတန်သက်သာတဲ့နှုန်းထားနဲ့ရှိနေပါတယ်။ အီတလီနိုင်ငံကိုအရင်ရောက်အောင်သွားပြီးမှ သွားရမှာဖြစ်တဲ့အတွက် အီတလီခရီးစဉ်တွေကိုရည်ရွယ်ထားခဲ့ရင် ရောက်အောင်သွားဖို့ရည်ညွန်းချင်ပါတယ်။
ကျွန်းနာမည်က Falconera (ဖယ်ကွန်နာရာ)လို့ ခေါ်ပါတယ်။ ဂူးဂဲလ်မြေပုံမှာ ရိုက်ရှာလိုက်ရင် အီတလီရဲ့ ကာဗယ်လီနို-ထရီပေါ့တီဆိုတဲ့ မြို့လေးအနားမှာရှိပါတယ်။
ကိုယ်ပိုင်ကျွန်းဖြစ်တဲ့အတွက် ကျွန်းလေးကို လာအပန်းဖြေမယ့်သူဟာ တညငှားလိုက်တာနဲ့ တကျွန်းလုံးကို တညလုံးပိုင်သွားမှာဖြစ်ပါတယ်။ ကျွန်းပေါ်မှာ လူနေမယ့် အိမ်လေးရှိပါတယ်။
အိပ်ခန်းခြောက်ခန်း၊ မီးဖိုချောင်တခန်းနဲ့၊ ရေချိုးခန်းသုံးခန်းပါပါမယ်။ လူ (၁၆)ယောက်အထိ အုပ်စုလိုက်ခရီးထွက်လာလို့ရသလို ကိုယ့်ဘာသာတယောက်တည်းလည်း လာတည်းလို့ရပါတယ်။
ကျွန်းကိုလာမယ့် ခရီးစဉ်ကိုစီစဉ်ပေးတာကတော့ Airbnb ဆိုတဲ့ ဒေသခံခရီးသွားအေဂျင်စီကပါ။ တညကို ၅၀၉ ပေါင်ကျသင့်မယ်လို့ ဆိုထားပါတယ်။
၁၆ ယောက်တည်းလို့ရတဲ့အတွက် တယောက်ကို ၃၂ ပေါင်ပဲကျသင့်မှာပါ။ မြန်မာငွေ ၅၅၀၀၀ လောက်ရှိတဲ့ပမာဏပါ။ အကယ်လို့ ကိုယ်ကတယောက်တည်းသမားဆိုရင်တော့ ၇၁ ပေါင်အထိပေးရမှာဖြစ်ပါတယ်။
တယောက်တည်းလာရင်တော့ လာတည်းတဲ့ခရီးသွားဖော်တွေမရှိရင် အတော်လေးကိုပျင်းစရာကောင်းမှာသေချာသလောက်ရှိနေပါတယ်။ ပိုင်ရှင်ကတော့ သူ့ရဲ့ကျွန်းလေးကိုလာတဲ့သူတွေအတွက် အကောင်းဆုံးဧည့်ခံမှုတွေပေးမယ်လို့ညွန်းထားပါတယ်။
ကျွန်းပေါ်မှာတော့ ပျားရည်တွေကို သဘာဝအတိုင်းသောက်ရမှာဖြစ်တဲ့အပြင် အနီးအနားကိုလှေစီးပြီးလည်း လျှောက်သွားလို့ရပါသေးတယ်။ အီတလီလိုနိုင်ငံမျိုးမှာတော့ တကူးတကကိုလာရတဲ့နေရာပါ။
မြန်မာနိုင်ငံမှာတော့ ကျွန်းခရီးစဉ်တွေကများနေတဲ့အတွက် မဆန်းတော့ပါဘူး။ ဒါပေမဲ့ တညလုံးကိုငါးသောင်းခွဲလောက်နဲ့ ကျွန်းပိုင်ရှင်ဘဝကို ခဏရောက်သွားမယ့်ခံစားချက်ကတော့ ဖယ်ကွန်နာရာကျွန်းကပဲပေးစွမ်းနိုင်ဖို့ရှိနေပါတယ်။
Thu Yay – AwesomeMyanmar