ရခိုင္ျပည္နယ္ရွိ အိမ္ေထာင္စု (၁၅၀) အတြက္ ေငြက်ပ္ (၃၇)သိန္းေက်ာ္ တန္ဖိုးရွိ စားနပ္ရိကၡာမ်ား လႉဒါန္းခဲ့တဲ့ ေျပတီဦးတို႔ဇနီးေမာင္ႏွံ

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ရခိုင္ျပည္နယ္ရွိ အိမ္ေထာင္စု (၁၅၀) အတြက္ ေငြက်ပ္ (၃၇)သိန္းေက်ာ္ တန္ဖိုးရွိ စားနပ္ရိကၡာမ်ား လႉဒါန္းခဲ့တဲ့ ေျပတီဦးတို႔ဇနီးေမာင္ႏွံ

သ႐ုပ္ေဆာင္ ေျပတီဦးတို႔ဇနီးေမာင္ႏွံ ကိုယ္တိုင္ ဦးေဆာင္ၿပီး COVID-19 ကူးစက္ေရာဂါအမ်ားဆုံးခံစားေနရတဲ့ ရခိုင္တိုင္းရင္းသားေတြ အတြက္ ေငြက်ပ္ (၃၇)သိန္းေက်ာ္ တန္ဖိုးရွိ စားနပ္ရိကၡာမ်ား လႉဒါန္းခဲ့တာ ျဖစ္ပါတယ္။


Photo:Eaindra Kyaw Zin

သ႐ုပ္ေဆာင္ ေျပတီဦး နဲ႔ အိျႏၵာေက်ာ္ဇင္တို႔ကေတာ့ Covid ကာလအတြင္းမွာ ေျပတီဦးေဖာင္ေဒးရွင္းကေနတဆင့္ အလႉအတန္းေတြ လုပ္ေနတာကို ေတြ႕ရပါတယ္။ လက္ရွိမွာလည္း အလိုေတာ္ျပည့္ဆရာေတာ္ကေနတဆင့္ ရခိုင္ျပည္နယ္အတြက္ စားနပ္ရိကၡာေတြ လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။

COVID-19 ေရာဂါမကူးစက္ေစဖို႔ ဂ႐ုစိုက္ၾကပါဆိုတဲ့ ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္

” ေျပတီဦး ပညာေရးေဖာင္ေဒးရွင္း မိသားစုတို႔က – အိမ္ေထာင္စု(၁၅၀)စုအတြက္(၃,၇၅၀,၀၀၀) သိန္းက်ပ္ကို – ရခိုင္ျပည္နယ္တြင္ျဖစ္ေပၚေနတဲ့ Covid-19 ကာလအတြင္း အေျခခံျပည္သူမ်ားအတြက္ –

အေျခခံစားေသာက္ကုန္(၁၈)မ်ိဳးပါဝင္တဲ့၊ တစ္ဗူးကိုတစ္အိမ္ေထာင္အတြက္ က်ပ္ (၂၅.၀၀၀) တန္းဖို႔ရွိၿပီ။

အေျခခံျပည္သူမ်ားအတြက္ – ဒီကေန႔ ရန္ကုန္ၿမိဳ႕ တာေမြၿမိဳ႕နယ္ အလိုေတာ္ျပည့္ေက်ာင္းတိုက္ အသွ်င္ကုမာရ ထံသို႔ ေပးအပ္လႉဒါန္းခဲ့ပါတယ္။

အလိုေတာ္ျပည့္ပါေစ” ဆိုၿပီးေတာ့ စက္တင္ဘာလ (၆) ရက္ေန႔ ညေန (၃) နာရီခြဲေက်ာ္က ဆရာေတာ္ရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ ေရးသားခဲ့တာပါ။


Photo:Eaindra Kyaw Zin

ေျပတီဦးေဖာင္ေဒးရွင္းရဲ႕ ကုသိုလ္အလႉအတြက္ ဒါ႐ိုက္တာ ေက်ာ္ေဇာလင္း(အေတြးပုံရိပ္)၊ ဒါ႐ိုက္တာ ေမာင္မ်ိဳးမင္း(ရင္တြင္းျဖစ္) နဲ႔ စိန္ေဌး႐ုပ္ရွင္ထုတ္လုပ္ေရးမွ

ဦးဝင္းၾကည္တို႔က ေျပတီဦးတို႔ ဇနီးေမာင္ႏွံ ကိုယ္စား အလိုေတာ္ျပည့္ ဆရာေတာ္ထံသို႔ အလႉေငြမ်ား လႉဒါန္းခဲ့တာ ျဖစ္ပါတယ္။

ဒီအလႉအတြက္ သ႐ုပ္ေဆာင္ အိျႏၵာေက်ာ္ဇင္ကလည္း စက္တင္ဘာလ (၆) ရက္ေန႔ ည ၇ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ပရိသတ္အတြက္ ျပန္လည္ မွ်ေဝခဲ့တာ ေတြ႕ရပါတယ္။

” ေျပတီဦးပညာေရးေဖာင္ေဒးရွင္း”အဖြဲ႕ဝင္မ်ားမွရခိုင္ျပည္နယ္ရွိ အိမ္ေထာင္စု (၁၅၀)အတြက္ Food Package ၃၇၅၀၀၀၀/-(သုံးဆယ့္ခုႏွစ္သိန္းႏွင့္ငါးေသာင္းက်ပ္တိတိ)ကို

တာေမြအလိုေတာ္ျပည့္ေက်ာင္းမွ ဦးပၪၨင္းဘီလူးထံလႉဒါန္းခဲ့ပါသည္။ ျပည္သူျပည္သားမ်ားအားလုံးေဘးအႏၲရာယ္ကင္းရွင္းၾကပါေစ” လို႔ ဆက္လက္ ေရးသားထားပါတယ္။

Photo:Eaindra Kyaw Zin

ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္တို႔ ဇနီးေမာင္ႏွံဟာ ဧၿပီလတုန္းကလည္း COVID-19 ကာလမွာ စားဝတ္ေနေရးအခက္အခဲႀကဳံေနရတဲ့ ပရိသတ္ေတြအတြက္ We Love Yangon ကေနတဆင့္ ေငြက်ပ္(၁၀) သိန္းကို လႉဒါန္းခဲ့ပါေသးတယ္။

ေမလ တုန္းကလည္း ဝါရင့္အႏုပညာရွင္ႀကီးေတြ ဖြဲ႕စည္းထားတဲ့ အေမမ်ား အဖြဲ႕ အတြက္ကိုလည္း ေငြက်ပ္(၁၀)သိန္း လႉဒါန္းခဲ့ပါေသးတယ္။

အလႉအတန္းနဲ႔ ပတ္သက္လာရင္ လက္မေႏွးၾကသူေတြ ျဖစ္သလို လက္ရွိမွာလည္း ေျပတီဦးဟာ ေျပတီဦးေဖာင္ေဒးရွင္း ကို ဦးေဆာင္ေနသူ ျဖစ္ၿပီး အိျႏၵာေက်ာ္ဇင္ကေတာ့ ေဖာင္ေဒးရွင္းနဲ႔ ပတ္သက္တဲ့ ကိစၥအဝဝကို ေဘးကေန လိုက္ပါေဆာင္႐ြက္ေပးေနတာကိုလည္း ေတြ႕ရပါတယ္။
Crd- Cele Yetkwat

Unicode

ရခိုင်ပြည်နယ်ရှိ အိမ်ထောင်စု (၁၅၀) အတွက် ငွေကျပ် (၃၇)သိန်းကျော် တန်ဖိုးရှိ စားနပ်ရိက္ခာများ လှူဒါန်းခဲ့တဲ့ ပြေတီဦးတို့ဇနီးမောင်နှံ

သရုပ်ဆောင် ပြေတီဦးတို့ဇနီးမောင်နှံ ကိုယ်တိုင် ဦးဆောင်ပြီး COVID-19 ကူးစက်ရောဂါအများဆုံးခံစားနေရတဲ့ ရခိုင်တိုင်းရင်းသားတွေ အတွက် ငွေကျပ် (၃၇)သိန်းကျော် တန်ဖိုးရှိ စားနပ်ရိက္ခာများ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
Photo:Eaindra Kyaw Zin

သရုပ်ဆောင် ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင်တို့ကတော့ Covid ကာလအတွင်းမှာ ပြေတီဦးဖောင်ဒေးရှင်းကနေတဆင့် အလှူအတန်းတွေ လုပ်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာလည်း အလိုတော်ပြည့်ဆရာတော်ကနေတဆင့် ရခိုင်ပြည်နယ်အတွက် စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

COVID-19 ရောဂါမကူးစက်စေဖို့ ဂရုစိုက်ကြပါဆိုတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်

” ပြေတီဦး ပညာရေးဖောင်ဒေးရှင်း မိသားစုတို့က – အိမ်ထောင်စု(၁၅၀)စုအတွက်(၃,၇၅၀,၀၀၀) သိန်းကျပ်ကို – ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေတဲ့ Covid-19 ကာလအတွင်း အခြေခံပြည်သူများအတွက် –

အခြေခံစားသောက်ကုန်(၁၈)မျိုးပါဝင်တဲ့၊ တစ်ဗူးကိုတစ်အိမ်ထောင်အတွက် ကျပ် (၂၅.၀၀၀) တန်းဖို့ရှိပြီ။

အခြေခံပြည်သူများအတွက် – ဒီကနေ့ ရန်ကုန်မြို့ တာမွေမြို့နယ် အလိုတော်ပြည့်ကျောင်းတိုက် အသျှင်ကုမာရ ထံသို့ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

အလိုတော်ပြည့်ပါစေ” ဆိုပြီးတော့ စက်တင်ဘာလ (၆) ရက်နေ့ ညနေ (၃) နာရီခွဲကျော်က ဆရာတော်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာပါ။


Photo:Eaindra Kyaw Zin

ပြေတီဦးဖောင်ဒေးရှင်းရဲ့ ကုသိုလ်အလှူအတွက် ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်)၊ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) နဲ့ စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးမှ

ဦးဝင်းကြည်တို့က ပြေတီဦးတို့ ဇနီးမောင်နှံ ကိုယ်စား အလိုတော်ပြည့် ဆရာတော်ထံသို့ အလှူငွေများ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ဒီအလှူအတွက် သရုပ်ဆောင် အိန္ဒြာကျော်ဇင်ကလည်း စက်တင်ဘာလ (၆) ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ပရိသတ်အတွက် ပြန်လည် မျှဝေခဲ့တာ တွေ့ရပါတယ်။

” ပြေတီဦးပညာရေးဖောင်ဒေးရှင်း”အဖွဲ့ဝင်များမှရခိုင်ပြည်နယ်ရှိ အိမ်ထောင်စု (၁၅၀)အတွက် Food Package ၃၇၅၀၀၀၀/-(သုံးဆယ့်ခုနှစ်သိန်းနှင့်ငါးသောင်းကျပ်တိတိ)ကို

တာမွေအလိုတော်ပြည့်ကျောင်းမှ ဦးပဉ္ဇင်းဘီလူးထံလှူဒါန်းခဲ့ပါသည်။ ပြည်သူပြည်သားများအားလုံးဘေးအန္တရာယ်ကင်းရှင်းကြပါစေ” လို့ ဆက်လက် ရေးသားထားပါတယ်။

Photo:Eaindra Kyaw Zin

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံဟာ ဧပြီလတုန်းကလည်း COVID-19 ကာလမှာ စားဝတ်နေရေးအခက်အခဲကြုံနေရတဲ့ ပရိသတ်တွေအတွက် We Love Yangon ကနေတဆင့် ငွေကျပ်(၁၀) သိန်းကို လှူဒါန်းခဲ့ပါသေးတယ်။

မေလ တုန်းကလည်း ဝါရင့်အနုပညာရှင်ကြီးတွေ ဖွဲ့စည်းထားတဲ့ အမေများ အဖွဲ့ အတွက်ကိုလည်း ငွေကျပ်(၁၀)သိန်း လှူဒါန်းခဲ့ပါသေးတယ်။

အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးကြသူတွေ ဖြစ်သလို လက်ရှိမှာလည်း ပြေတီဦးဟာ ပြေတီဦးဖောင်ဒေးရှင်း ကို ဦးဆောင်နေသူ ဖြစ်ပြီး အိန္ဒြာကျော်ဇင်ကတော့ ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့ ကိစ္စအဝဝကို ဘေးကနေ လိုက်ပါဆောင်ရွက်ပေးနေတာကိုလည်း တွေ့ရပါတယ်။
Crd- Cele Yetkwat