ယုံယုံၾကည္ၾကည္နဲ႔လာအပ္သြားတဲ့ HIV ေရာဂါသည္ကေလးေလးကို တတ္ႏိုင္သမွ်ကူညီေစာင့္ေရွာက္ေပးသြားမယ္ဆိုတဲ့ ခိုင္ႏွင္းေဝ
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
မိဘမဲ့ရင္ေသြးေလးမ်ားေဂဟာဖြင့္ကာ ကေလးေတြကို ရင္အုပ္မကြာေစာင့္ေရွာက္ေပးေနတဲ့ခိုင္ႏွင္းေဝကေတာ့ ကေလးေတြကို ထပ္ၿပီးလက္မခံေသးဖို႔ ဆုံးျဖတ္ထားေပမယ့္
မၾကာေသးခင္က မိခင္ကိုယ္တိုင္လာအပ္တဲ့ကေလးတစ္ေယာက္ကို လက္ခံခဲ့ရတဲ့အျပင္
အခုတစ္ေခါက္မွာလည္း HIV ေရာဂါပိုးရွိတဲ့ကေလးငယ္တစ္ေယာက္ကို ေစာင့္ေရွာက္ဖို႔ ထပ္မံလက္ခံခဲ့ေၾကာင္း မွ်ေဝခဲ့ပါတယ္။
” အေဖနဲ႔ အေမကေတာ့ HIV ကူးစက္ေရာဂါနဲ႔ပဲ ဆုံးပါးသြားၿပီး.
.ကေလး အေမ မေသခင္ က်မဆီ ဖုန္းဆက္လက္ထဲ အပ္ခဲ့လို႔ မိခင္ ရက္လည္အၿပီးမွာပဲ သြားေခၚျဖစ္ခဲ့ပါတယ္..
ကံဆိုးလြန္းတဲ့ သမီးေလးမွာလဲ + ျဖစ္ေနလို႔ စိတ္မေကာင္းစြာနဲ႔ပဲ HIVကူညီ ကယ္ဆယ္တဲ့ အသင္း “ဆည္းဆာ ေရာင္ျခည္”ဆီမွာ ပို႔ထားရပါတယ္..
ကေလးအတြက္ ေဆး ရရွိေရး..က်န္းမာေရး ျပန္ေကာင္းဖို႔ တတ္ႏိုင္သမွ် ႀကိဳးစားေပးၿပီး
က်န္းမာလို႔ ေက်ာင္းတက္အ႐ြယ္ ေရာက္တဲ့ အထိ က်မ တာဝန္ယူ ေစာင့္ေရွာက္ေပးသြားပါမယ္ ရွင္” ဆိုၿပီးေရးသားမွ်ေဝခဲ့ပါတယ္။
ဒါ့အျပင္ ခိုင္ႏွင္းေဝကေတာ့ က်န္ရစ္တဲ့ အဘြားျဖစ္သူအတြက္လည္း တတ္ႏိုင္သေလာက္ ဆန္၊ဆီ၊ မုန္႔ ၊ ေငြေၾကးကူညီ ေထာက္ပံ့ေပးခဲ့ပါေသးတယ္။
ဒီကေလးေလးကို ေတြ႕ၿပီးေနာက္မွာေတာ့
က်န္းမာတဲ့ ကေလးေတြသာမက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကူးစက္ေရာဂါခံစားေနရတဲ့
ကေလးေတြအတြက္ပါ ကယ္တင္ ေစာင့္ေရွာက္ေပးႏိုင္ဖို႔ အရိပ္ တစ္ေနရာ ဖန္တီးခ်င္စိတ္ ျပင္းပ်ေနတဲ့အေၾကာင္း မွ်ေဝခဲ့ပါတယ္။
ဒါ့အျပင္ ဒီသမီးေလးကိုၾကည့္ရင္း ထပ္မံႀကိဳးစားဖို႔အတြက္ စိတ္ခြန္အားေတြလည္း ရရွိခဲ့ပါတယ္တဲ့.
.ပရိသတ္ႀကီးကိုလည္း သမီးေလး အသက္ရွင္ရပ္တည္သြားႏိုင္ဖို႔လည္း ဝိုင္းဝန္းဆုေတာင္းေမတၱာေလးေတြ နဲ႔ ဆုေတာင္းေပးၾကဖို႔ တိုက္တြန္းေရးသားခဲ့ပါတယ္။
Source – Khine Hnin Wai
Rainbow- Cele Gabar
Unicode
မိဘမဲ့ရင်သွေးလေးများဂေဟာဖွင့်ကာ ကလေးတွေကို ရင်အုပ်မကွာစောင့်ရှောက်ပေးနေတဲ့ခိုင်နှင်းဝေကတော့ ကလေးတွေကို ထပ်ပြီးလက်မခံသေးဖို့ ဆုံးဖြတ်ထားပေမယ့်
မကြာသေးခင်က မိခင်ကိုယ်တိုင်လာအပ်တဲ့ကလေးတစ်ယောက်ကို လက်ခံခဲ့ရတဲ့အပြင် အခုတစ်ခေါက်မှာလည်း HIV ရောဂါပိုးရှိတဲ့ကလေးငယ်တစ်ယောက်ကို စောင့်ရှောက်ဖို့ ထပ်မံလက်ခံခဲ့ကြောင်း မျှဝေခဲ့ပါတယ်။
” အဖေနဲ့ အမေကတော့ HIV ကူးစက်ရောဂါနဲ့ပဲ ဆုံးပါးသွားပြီး..ကလေး အမေ မသေခင် ကျမဆီ ဖုန်းဆက်လက်ထဲ အပ်ခဲ့လို့ မိခင် ရက်လည်အပြီးမှာပဲ သွားခေါ်ဖြစ်ခဲ့ပါတယ်..
ကံဆိုးလွန်းတဲ့ သမီးလေးမှာလဲ + ဖြစ်နေလို့ စိတ်မကောင်းစွာနဲ့ပဲ HIVကူညီ ကယ်ဆယ်တဲ့ အသင်း “ဆည်းဆာ ရောင်ခြည်”ဆီမှာ ပို့ထားရပါတယ်..
ကလေးအတွက် ဆေး ရရှိရေး..ကျန်းမာရေး ပြန်ကောင်းဖို့ တတ်နိုင်သမျှ ကြိုးစားပေးပြီး ကျန်းမာလို့ ကျောင်းတက်အရွယ် ရောက်တဲ့ အထိ ကျမ တာဝန်ယူ စောင့်ရှောက်ပေးသွားပါမယ် ရှင်” ဆိုပြီးရေးသားမျှဝေခဲ့ပါတယ်။
ဒါ့အပြင် ခိုင်နှင်းဝေကတော့ ကျန်ရစ်တဲ့ အဘွားဖြစ်သူအတွက်လည်း တတ်နိုင်သလောက် ဆန်၊ဆီ၊ မုန့် ၊ ငွေကြေးကူညီ ထောက်ပံ့ပေးခဲ့ပါသေးတယ်။
ဒီကလေးလေးကို တွေ့ပြီးနောက်မှာတော့ ကျန်းမာတဲ့ ကလေးတွေသာမက အကြောင်းအမျိုးမျိုးကြောင့် ကူးစက်ရောဂါခံစားနေရတဲ့ ကလေးတွေအတွက်ပါ ကယ်တင် စောင့်ရှောက်ပေးနိုင်ဖို့ အရိပ် တစ်နေရာ ဖန်တီးချင်စိတ် ပြင်းပျနေတဲ့အကြောင်း မျှဝေခဲ့ပါတယ်။
ဒါ့အပြင် ဒီသမီးလေးကိုကြည့်ရင်း ထပ်မံကြိုးစားဖို့အတွက် စိတ်ခွန်အားတွေလည်း ရရှိခဲ့ပါတယ်တဲ့..ပရိသတ်ကြီးကိုလည်း သမီးလေး အသက်ရှင်ရပ်တည်သွားနိုင်ဖို့လည်း ဝိုင်းဝန်းဆုတောင်းမေတ္တာလေးတွေ နဲ့ ဆုတောင်းပေးကြဖို့ တိုက်တွန်းရေးသားခဲ့ပါတယ်။
Source – Khine Hnin Wai
Rainbow- Cele Gabar