” ခါးနာ ဒူးနာ သူများ နှင့် ” လေမဖြတ်စေရန် အတွက် ” တန်ဖိုးကြီးတဲ့ ဘဲဥပြုတ်ဆေးနည်း
” လေမဖြတ်စေရန် အတွက် ”
ဒါကြောင့် တသက်လုံးလေမဖြတ်အောင် ဆေးနည်းလေးလမ်းညွှန်ပါ၏ ယုံကြည်စွာလုပ်ကိုင်ဆောင်ရွက်ကြပါ လပြည့်နေ့မှာ ဘဲဥပြုတ် သကြားများများနဲ့ တို့တို့စားပါ။ ၄ လဆက်တိုက်စားရပါမည်။
ယူနီကုဒ်ဖြင့် ဖတ်ရန်
” ခါးနာ ဒူးနာ သူများ နှင့် ” လေမဖြတ်စေရန် အတွက် ”
ဘဲဥကိုပွက်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့်ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ ။ ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့်လိုက်ပါ စားကောင်းစေရန် သကြားအနည်းငယ် သင် စားကောင်းစေလောက် သည့် အနေအထားသို့ထည့်ပြီး ခေါက်စားလိုက်ပါ ။
တခြားမည်သည် အရာမှ ရောစပ်ပြီး မစားရပါ ဘဲဥတလုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည် ။ တနေ့ကို ဘဲဥတလုံးကို ကုန်အောင်စားရပါလိမ့်မည်
ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တဝက် အလုံးရေအထိ စားသုံးရမည် ။
( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလုံးရေ (၂၀ ) စားသုံးရမည် ။ ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည် ဘဲဥစားသုံးခြင်းသည် လိုအပ်သော ခြင်ဆီဓာတ်အတွက် ပြန်လည်ဖြစ်ပေါ်စေရန်ဖြစ်ပါသည်။
ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မည်။
” လေမဖြတ်စေရန် အတွက် ”
လေဖြတ် ရောဂါသည် ကြောက်စရာအလွန်ကောင်း၏ တစ်ခါထဲသေသွားရင် ဘာမှမဖြစ်သော်လည်း နာတာရှည်မလုပ်နိုင် မကိုင်နိုင်ဘဝသည် သေတာထက်ဆိုး၏ လုပ်ကိုင်ပေးရသော မိသားစုသည်လည်း ကြာလာတော့ငြိုငြင်လာတက်သည်။
ဒါကြောင့် တသက်လုံးလေမဖြတ်အောင် ဆေးနည်းလေးလမ်းညွှန်ပါ၏ ယုံုကြည်စွာလုပ်ကိုင်ဆောင်ရွက်ကြပါ လပြည့်နေ့မှာ ဘဲဥပြုတ် သကြားများများနဲ့ တို့တို့စားပါ။ ၄ လဆက်တိုက်စားရပါမည်။
လေးလမှာ လပြည့်နေ့တိုင်းစားရမည်ဖြစ်သည် တအိမ်သားလုံးစားပါ တစ်ယောက်တစ်လုံးကျသာစားပါ အကယ်၍လပြည့်နေ့ တစ်ရက် ပျက်ခဲ့သော် အစကပြန်စားရပါမည်။ ၄ လဆက်တိုက် မပျက်မကွက်လုပ်ဆောင် အောင်မြင်သော် လေဖြတ်ရောဂါ တသက်လုံးမဖြစ်တော့ပေ။
ဆေးနည်းဒါန ဝေမျှရသော ကုသိုလ် အကျိုးကြောင့် မိမိအေးချမ်းသာယာ သလို လောကသားအားလုံး အေးချမ်း သာယာပါစေ အသိမှန်အမြင်မှန်များ ဖြင့် ကျန်ရှိသောဘဝကိုလှပစွာဖြတ်သန်းနိုင်ကြပါစေ။
ဤဂမ္ဘီရ ဆေးနည်းတဖုံနှင့် လေဖြတ်ရောဂါကင်းဝေးကြပါစေ။(လေးစားမှုဖြင့် ခရက်ဒစ်)