Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
Unicode
(၁၈) နှစ်အရွယ်ကတည်းက လက်ထပ်ပေါင်းသင်းခဲ့တဲ့ ချစ်ဇနီးလေးအတွက် ရိုးရှင်းတဲ့ မွေးနေ့ဆုတောင်းလေး တောင်းပေးခဲ့တဲ့ မင်းမော်ကွန်း၊ အကယ်ဒမီ ဇင်ဝိုင်းရဲ့
သားဖြစ်သူ မင်းမော်ကွန်းကတော့ ဖခင်ဖြစ်သူရဲ့ ခြေရာကိုနင်းပြီး ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်
မင်းမော်ကွန်းက မြေပဲယိုအဖွဲ့ရဲ့ ပင်တိုင်အဆိုတော်တစ်ယောက်လည်းဖြစ်ပြီး အကယ်ဒမီရမင်းသားတစ်လက်အဖြစ် မိန်းကလေးပရိသတ်တွေကြားမှာ
ရေပန်းစားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မင်းမော်ကွန်းက သူအောင်မြင်နေဆဲအချိန် အသက် (၁၈)နှစ်အရွယ်မှာ အိမ်ထောင်ကျခဲ့ပြီး အိမ်ထောင်ရှင်မင်းသားတစ်ယောက်အဖြစ်
ရပ်တည်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့ စက်တင်ဘာလ (၉) ရက်နေ့ကတော့ မင်းမော်ကွန်းရဲ့ချစ်ဇနီး မသင်ဇာလှိုင်ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်၊ မင်းမော်ကွန်းက
ချစ်ဇနီးအတွက် “Happy birthday ပါ မေမေ၊ အမြဲပြုံးပျော်အေးချမ်း ကျန်းမာစွာ ရှိပါစေ။ ချစ်သော ဖေဖေ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ရိုးရိုးရှင်းရှင်း
မွေးနေ့ဆုတောင်းစကားလေး ပြောခဲ့ပါတယ် မင်းမော်ကွန်းကတော့ အိမ်ထောင်သက်တွေအများကြီးကြာပြီး သားသမီးသုံးယောက် ထွန်းကားသည့်တိုင် ချစ်ဇနီးလေးကို
ချစ်နေဆဲဆိုတာကတော့ စကားတွေအများကြီးမပြောလည်း အားလုံးက သိပြီးသားပါပဲ၊ မင်းမော်ကွန်းတို့ မိသားစုလေး ဒီထက်မက ပျော်ရွှင်အေးချမ်းမှုတွေ
ရရှိပိုင်ဆိုင်နိုင်ပါစေနော်၊ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ခရက်ဒစ်