သစၥာစကားေၾကာင့္ေသေဘးမွလြတ္ခဲ့ေသာအမ်ိဳးသမီး
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
ေနာက္ဆုံးအခ်ိန္ ရဲ႕ ေနာက္ဆုံးအခြင့္အ၂-၂-၂၀ ေန႔ ည နာရီ၈ ခြဲခန္႔ တြင္
ကြၽန္ေတာ့္အမ်ိဳးသမီးဟာ ေနရတာတစ္မ်ိဳးျဖစ္ေနတာေၾကာင့္ တရားရႈ႕မွတ္မယ္လို႔ေျပာၿပီး သြားပါ၏
ည ၉ နာရီ၁၅ ခန္႔မွာ သားျဖစ္သူက ကြၽန္ေတာ္ကိုလွမ္းေခၚလို႔အိမ္ေပၚသို႔တက္လိုက္စဥ္
အမ်ိဳးသမီးမွာ မတ္ရပ္လည္းမရပ္ႏိူင္ ထိုင္လို႔လည္းမရဘဲ ကုန္းကုန္းႀကီးျဖစ္ေနၿပီး
ရင္ထဲက စုပ္ဆြဲထားသလို ျဖစ္ၿပီး အသက္ရႈၾကပ္ေနကာ ေမာေနသလိုျဖစ္ေနပါ၏။
ေဆးခန္းသြားျပဘို႔ ဝန္ေလးေနေသာ သူက အခုေဆးခန္းျပခ်င္တယ္လို႔ေျပာေန၍
နီးရာေဆးခန္းကို အျမန္သြားျပရာ ဆရာဝန္က ေသြးေပါင္ခ်ိန္ၾကည့္ၿပီး သူ႔၏ႏွလုံးေရာဂါအေၾကာင္းကိုသိေန၍ အားျခင္း
ကြၽန္ေတာ့္အား ခင္ဗ်ားမိန္းမ ႏွလုံးအရမ္းေအာင့္ေနတယ္
ေနာက္ၿပီးေသြးေပါင္ ၁၆၀ / ၁၀၀ျဖစ္ေနလို႔ ကြၽန္ေတာ္ဘာမွမလုပ္ႏိူင္ပါအေကာင္းဆုံးက
အိမ္ကိုမျပန္ေတာ့ဘဲ အခုခ်က္ျခင္း ေဆး႐ုံႀကီး အေရးေပၚကို အျမန္ဆုံးသြားကာ သူ႔အသက္ ကို ကယ္ပါေတာ့လို႔ေျပာပါတယ္။
ကြၽန္ေတာ္လည္း ရပ္ကြက္ထဲက အေရးေပၚလူနာတင္ယာဥ္(AMBULANCE ကား)ျဖင့္ အျမန္ဆုံးသြားရပါသည္
အေရးေပၚဌာနသို႔ ည၁၀ နာရီ ခန္႔မွာေရာက္သြားၿပီး ဆရာဝန္သုံးဉီးက ႀကိဳးစားၾကပါ၏
အမ်ိဳးသမီးခင္ဗ်ာမွာ အသက္ရႈ႕ကမဝ ေတာ့ခ်ိန္ျဖစ္ေနၿပီး စိတ္ေယာက္ယက္ခပ္ေနသျဖင့္ သူ႔ကိုသတိေပးရပါသည္
မင္းရဲ႕ စိတ္ကို ၿငိမ္ေအာင္ထားေယာက္ယက္မခတ္ပါေစနဲ႔ မင္းလည္းတရားေတြအားထုတ္ထားတာဘဲ
ခႏၶာရေနရင္ ဒီအတိုင္းလာၾကမွာေလ ေနရတယ္ မေနရတယ္ မင္းလုပ္လို႔မရပါဘူး ကံစီမံရာျဖစ္မွာပါ
အခု ေဆး႐ုံႀကီးရဲ႕ အေရးႀကီးဆုံးေနရာ အေရးေပၚအခန္းထဲမွာ မင္းေရာက္ေနၿပီ အစြမ္းထက္ဆုံးေဆးဝါးကုသမႈ႕ေတြနဲ႔ ဆရာဝန္ တို႔လည္းႀကိဳးစားေနၾကၿပီ သူတို႔အလုပ္ သူတို႔လုပ္ေနပါတယ္
မင္းလည္း တျခားဘဝကိုသြားရရင္ေတာင္မွ ခႏၶာႀကီးကိုစြဲတဲ့
အကုသိုလ္ေတြနဲ႔ မသြားပါနဲ႔ မင္းအလုပ္ကို မင္းလုပ္ပါေတာ့ လို႔ ေျပာလိုက္တာကို သူ ၾကားႏိူင္ မၾကားႏိူင္ ကြၽန္ေတာ္လည္းမသိပါ
နားနားကပ္ေျပာေနသျဖင့္ အကုန္မၾကားရင္ေတာင္ အနည္းငယ္ၾကားႏိူင္ပါသည္
သူ႔ကိုေျပာၿပီးကြၽန္ေတာ္လည္း သူ႔ကိုစိတ္၌ ဥေပကၡာျပဳကာ ကြၽန္ေတာ့္၏ သစၥာျပဳျခင္းအလုပ္ကို ကြၽန္ေတာ္ လုပ္ပါေတာ့သည္။
ကြၽန္ပ္သည္ ျမတ္စြာဘုရား၏တရားေတာ္ျမတ္ကိုသိလည္းသိပါ၏ က်င့္လည္းက်င့္ပါ၏
ရသင့္သေလာက္လည္းရေနပါ၏ တရားတကယ္လိုခ်င္သူနားမလည္သူတို႔ကိုလည္း နားလည္ေအာင္ အေသးစိတ္ရွင္းျပခဲ့ပါ၏
ဤစကားသည္ မွန္ကန္ပါ၏ ဤမွန္ကန္ေသာသစၥာစကားေၾကာင့္ ကြၽန္ေတာ့္၏ပါရမီျဖည့္ဘက္ဇနီးသည္
တြင္က်ေရာက္ေနေသာ ေရာဂါတို႔သည္ အျမန္ဆုံးသက္သာပါေစသတည္း
တရားေတာ္ျမတ္ ေစာင့္ေရွာက္ပါေစသတည္းနတ္ေကာင္း နတ္ျမတ္တို႔ ေစာင့္ေရွာက္ၾကပါေစသတည္း လို႔
သစၥာျပဳတိုင္တည္ၿပီး မ်က္ေစ့ဖြင့္အၾကည့္မွာ ဇနီးသည္မွာ ၿငိမ္၍ ေနေနပါသည္။
ဆရာဝန္ေတြလည္းသူတို႔ လုပ္စရာရွိတာလုပ္ေနၾကသျဖင့္ ခပ္လွမ္းလွမ္းကသာၾကည့္ေနမိပါသည္ေနာက္၁၅ မိႏွစ္ခန္႔မွာ ကြၽန္ေတာ့္အိမ္နီးခ်င္းမိတ္ေဆြႏွစ္ေယာက္ေရာက္လာၿပီး
တစ္ေယာက္ကဇနီးသည္၏ ေမးေစ့ကိုကိုင္ၿပီး လႈပ္ႏိုးေနရာ ကြၽန္ေတာ္တားခ်ိန္မရလိုက္ေတာ့ပါ ခဏအၾကာမွာဇနီးသည္ မ်က္ေစ့ဖြင့္ၾကည့္ၿပီး ေခါင္းၿငိမ့္ျပ၍
ဘယ္လိုေနေသးလဲေမးၾကည့္ရာ ဘာမွမျဖစ္ေတာ့ဘူး သက္သာသြားပါၿပီ လို႔ ေျပာသံၾကားရသျဖင့္ဝမ္းသာရၿပီး ဒီတစ္ခါ သားသမီးေတြ ဖုန္းဆက္ေမးလာရင္ သက္သာသြားၿပီလို႔ ေျပာျပႏိူင္ပါၿပီ။
အေရးေပၚေရာက္ခ်ိန္မွ သူ သက္သာလာခ်ိန္ ၄၅မိႏွစ္ခန္႔ ၾကာၿပီး ေနာက္ပိုင္းမွာ ကုသေဆာင္ သို႔ပို႔ေပးပါ၏ ေနာက္ႏွစ္ရက္ခန္႔အၾကာမွာ သူက ကြၽန္ေတာ့္ကို အေရးေပၚအခန္းက အျဖစ္အပ်က္ကိုေမးေလ၏
သူ အဲဒီတုံးက သတိေမ့သြားေသးလားအိပ္ေပ်ာ္သြားတာလား အကိုသိလားတဲ့ ဟင္ ဘယ္လိုျဖစ္လို႔လဲ
မင္းေျပာစမ္းပါအုံးဟ လို႔ေမးေတာ့အဲဒီညက အကိုေျပာတာ ခႏၶာႀကီးကိုစြဲၿပီး ေနာက္ဘဝကို အကုသိုလ္နဲ႔မျဖတ္ဘို႔ ကို ညီမေလးၾကားလိုက္ၿပီး
ဟယ္ ဟုတ္ပါရဲ႕ ငါ ဘယ္မွမတက္ႏိူင္ေတာ့ဘူး ေသေတာ့မွာပါလား ဆိုၿပီးျဖတ္ကနဲအသိဝင္လာကာ လက္ရွိဘဝခႏၶာႀကီးဟာ ဘယ္လိုမွ ႀကိဳးစားအသက္ရႈေနတာမရေတာ့ပါလား ဆိုၿပီးကဲ ေသခ်င္ေသပါေတာ့ လက္ရွိဘဝနဲ႔ပက္သက္မွ် ခႏၶာကအစ အရာအားလုံးကို ေမ်ာ္လင့္ခ်က္ မဲ့စြာနဲ႔ ျဖတ္ခ်စိတ္ေလ်ာ့လိုက္ရာ
နာက်င္ ေအာင့္ၾကပ္ေနတာေတြ ဘာတစ္ခုမရွိေတာ့ဘဲ သိေနတာေလးတစ္ခုသာက်န္ေနၿပီး ထိုသိေနတာေလးလဲ ပါးပါး ၿပီးသြားကာ ေနာက္ေတာ့ ဘာမွ မသိေတာ့ပါအိမ္နီးျခင္းက အကိုက လႈပ္ႏိုးေနတာလဲ
တျဖည္းျဖည္းနဲ႔ သိလာသလိုျဖစ္ေပမဲ့ မ်က္ေစ့ခ်က္ျခင္းဖြင့္မရႏိူင္ဘဲ အသိေတြ အားေကာင္းလာမွ မ်က္ေစ့လည္းဖြင့္လို႔ရလာပါတယ္ ေနာက္ၿပီး အကိုက ဘယ္လိုေနေသးလဲေမးေတာ့မွ သတိရသြားၿပီးေဝဒနာေတြ ျပန္စစ္ေဆးလိုက္ရာ ဘာမွ မျဖစ္သလိုျဖစ္ေနတာ
အေတာ့္ကို ညီမေလး အံၾသေနတာေလအဲဒါကို အခုအထိ အေျဖမထြက္ေသးဘူး ဆရာဝန္
ေတြကေတာ့ေျပာတယ္ ႏွလုံးေသြးေၾကာပိတ္ေနတယ္ ႏွလုံးလည္းမေကာင္းဘူးေျပာေနေပမဲ့
ညီမေလးကေတာ့ ေမာလည္းမေမာေတာ့ဘူးအသက္ရႈလည္းမၾကပ္ ေအာင့္လည္းမေအာင့္ေတာ့တာ ဟိုေန႔က အေရးေပၚအခန္းထဲက စၿပီးအခုအထိဘဲ အဲဒါဘယ္လိုျဖစ္တာလည္းဟင္ အကိုေျပာျပပါအုံးလို႔ ေျပာလည္းေျပာ ေမးလည္းေမးေလ၏
ညီမ အဲဒါ မင္းရဲ႕ တရားတက္လာတာကြ လို႔ အားရစြာေျပာလိုက္မိပါသည္ေၾသာ္ ဇနီးသည္တစ္ေယာက္ ပါရမီျဖည့္ဘက္တစ္ေယာက္ ေနာက္ဆုံးအခ်ိန္ မွာ လက္ရွိဘဝရဲ႕ခႏၶာႀကီးကို ေမ်ာ္လင့္ခ်က္မဲ့စြာ လြတ္ခ်ႏိူင္ခဲ့လို႔ေနာက္ဆုံးအခြင့္အေရး နဲ႔ အတူ လူ႔ဘဝရဲ႕ ေနထိုင္ခြင့္ အပိုဆုေလး ကို ပါ ရလိုက္ပါေတာ့သည္ ။
Unicode
နောက်ဆုံးအချိန် ရဲ့ နောက်ဆုံးအခွင့်အ၂-၂-၂၀ နေ့ ည နာရီ၈ ခွဲခန့် တွင် ကျွန်တော့်အမျိုးသမီးဟာ နေရတာတစ်မျိုးဖြစ်နေတာကြောင့် တရားရှု့မှတ်မယ်လို့ပြောပြီး သွားပါ၏
ည ၉ နာရီ၁၅ ခန့်မှာ သားဖြစ်သူက ကျွန်တော်ကိုလှမ်းခေါ်လို့အိမ်ပေါ်သို့တက်လိုက်စဉ် အမျိုးသမီးမှာ မတ်ရပ်လည်းမရပ်နိူင် ထိုင်လို့လည်းမရဘဲ ကုန်းကုန်းကြီးဖြစ်နေပြီး ရင်ထဲက စုပ်ဆွဲထားသလို ဖြစ်ပြီး အသက်ရှုကြပ်နေကာ မောနေသလိုဖြစ်နေပါ၏။
ဆေးခန်းသွားပြဘို့ ဝန်လေးနေသော သူက အခုဆေးခန်းပြချင်တယ်လို့ပြောနေ၍ နီးရာဆေးခန်းကို အမြန်သွားပြရာ ဆရာဝန်က သွေးပေါင်ချိန်ကြည့်ပြီး သူ့၏နှလုံးရောဂါအကြောင်းကိုသိနေ၍ အားခြင်း
ကျွန်တော့်အား ခင်ဗျားမိန်းမ နှလုံးအရမ်းအောင့်နေတယ် နောက်ပြီးသွေးပေါင် ၁၆၀ / ၁၀၀ဖြစ်နေလို့ ကျွန်တော်ဘာမှမလုပ်နိူင်ပါအကောင်းဆုံးက အိမ်ကိုမပြန်တော့ဘဲ အခုချက်ခြင်း ဆေးရုံကြီး အရေးပေါ်ကို အမြန်ဆုံးသွားကာ သူ့အသက်
ကို ကယ်ပါတော့လို့ပြောပါတယ်။
ကျွန်တော်လည်း ရပ်ကွက်ထဲက အရေးပေါ်လူနာတင်ယာဉ်(AMBULANCE ကား)ဖြင့် အမြန်ဆုံးသွားရပါသည်အရေးပေါ်ဌာနသို့ ည၁၀ နာရီ ခန့်မှာရောက်သွားပြီး ဆရာဝန်သုံးဉီးက ကြိုးစားကြပါ၏
အမျိုးသမီးခင်ဗျာမှာ အသက်ရှု့ကမဝ တော့ချိန်ဖြစ်နေပြီး စိတ်ယောက်ယက်ခပ်နေသဖြင့် သူ့ကိုသတိပေးရပါသည် မင်းရဲ့ စိတ်ကို ငြိမ်အောင်ထားယောက်ယက်မခတ်ပါစေနဲ့ မင်းလည်းတရားတွေအားထုတ်ထားတာဘဲ ခန္ဓာရနေရင် ဒီအတိုင်းလာကြမှာလေ နေရတယ် မနေရတယ် မင်းလုပ်လို့မရပါဘူး ကံစီမံရာဖြစ်မှာပါ
အခု ဆေးရုံကြီးရဲ့ အရေးကြီးဆုံးနေရာ အရေးပေါ်အခန်းထဲမှာ မင်းရောက်နေပြီ အစွမ်းထက်ဆုံးဆေးဝါးကုသမှု့တွေနဲ့ ဆရာဝန် တို့လည်းကြိုးစားနေကြပြီ သူတို့အလုပ် သူတို့လုပ်နေပါတယ်
မင်းလည်း တခြားဘဝကိုသွားရရင်တောင်မှ ခန္ဓာကြီးကိုစွဲတဲ့ အကုသိုလ်တွေနဲ့ မသွားပါနဲ့ မင်းအလုပ်ကို မင်းလုပ်ပါတော့ လို့ ပြောလိုက်တာကို သူ ကြားနိူင် မကြားနိူင် ကျွန်တော်လည်းမသိပါ
နားနားကပ်ပြောနေသဖြင့် အကုန်မကြားရင်တောင် အနည်းငယ်ကြားနိူင်ပါသည် သူ့ကိုပြောပြီးကျွန်တော်လည်း သူ့ကိုစိတ်၌ ဥပေက္ခာပြုကာ ကျွန်တော့်၏ သစ္စာပြုခြင်းအလုပ်ကို ကျွန်တော် လုပ်ပါတော့သည်။
ကျွန်ပ်သည် မြတ်စွာဘုရား၏တရားတော်မြတ်ကိုသိလည်းသိပါ၏ ကျင့်လည်းကျင့်ပါ၏ ရသင့်သလောက်လည်းရနေပါ၏ တရားတကယ်လိုချင်သူနားမလည်သူတို့ကိုလည်း နားလည်အောင် အသေးစိတ်ရှင်းပြခဲ့ပါ၏
ဤစကားသည် မှန်ကန်ပါ၏ ဤမှန်ကန်သောသစ္စာစကားကြောင့် ကျွန်တော့်၏ပါရမီဖြည့်ဘက်ဇနီးသည် တွင်ကျရောက်နေသော ရောဂါတို့သည် အမြန်ဆုံးသက်သာပါစေသတည်း
တရားတော်မြတ် စောင့်ရှောက်ပါစေသတည်းနတ်ကောင်း နတ်မြတ်တို့ စောင့်ရှောက်ကြပါစေသတည်း လို့ သစ္စာပြုတိုင်တည်ပြီး မျက်စေ့ဖွင့်အကြည့်မှာ ဇနီးသည်မှာ ငြိမ်၍ နေနေပါသည်။
ဆရာဝန်တွေလည်းသူတို့ လုပ်စရာရှိတာလုပ်နေကြသဖြင့် ခပ်လှမ်းလှမ်းကသာကြည့်နေမိပါသည်နောက်၁၅ မိနှစ်ခန့်မှာ ကျွန်တော့်အိမ်နီးချင်းမိတ်ဆွေနှစ်ယောက်ရောက်လာပြီး
တစ်ယောက်ကဇနီးသည်၏ မေးစေ့ကိုကိုင်ပြီး လှုပ်နိုးနေရာ ကျွန်တော်တားချိန်မရလိုက်တော့ပါ ခဏအကြာမှာဇနီးသည် မျက်စေ့ဖွင့်ကြည့်ပြီး ခေါင်းငြိမ့်ပြ၍
ဘယ်လိုနေသေးလဲမေးကြည့်ရာ ဘာမှမဖြစ်တော့ဘူး သက်သာသွားပါပြီ လို့ ပြောသံကြားရသဖြင့်ဝမ်းသာရပြီး ဒီတစ်ခါ သားသမီးတွေ ဖုန်းဆက်မေးလာရင် သက်သာသွားပြီလို့ ပြောပြနိူင်ပါပြီ။
အရေးပေါ်ရောက်ချိန်မှ သူ သက်သာလာချိန် ၄၅မိနှစ်ခန့် ကြာပြီး နောက်ပိုင်းမှာ ကုသဆောင် သို့ပို့ပေးပါ၏ နောက်နှစ်ရက်ခန့်အကြာမှာ သူက ကျွန်တော့်ကို အရေးပေါ်အခန်းက အဖြစ်အပျက်ကိုမေးလေ၏
သူ အဲဒီတုံးက သတိမေ့သွားသေးလားအိပ်ပျော်သွားတာလား အကိုသိလားတဲ့ ဟင် ဘယ်လိုဖြစ်လို့လဲ မင်းပြောစမ်းပါအုံးဟ လို့မေးတော့အဲဒီညက အကိုပြောတာ ခန္ဓာကြီးကိုစွဲပြီး နောက်ဘဝကို အကုသိုလ်နဲ့မဖြတ်ဘို့ ကို ညီမလေးကြားလိုက်ပြီး
ဟယ် ဟုတ်ပါရဲ့ ငါ ဘယ်မှမတက်နိူင်တော့ဘူး သေတော့မှာပါလား ဆိုပြီးဖြတ်ကနဲအသိဝင်လာကာ လက်ရှိဘဝခန္ဓာကြီးဟာ ဘယ်လိုမှ ကြိုးစားအသက်ရှုနေတာမရတော့ပါလား ဆိုပြီးကဲ သေချင်သေပါတော့ လက်ရှိဘဝနဲ့ပက်သက်မျှ ခန္ဓာကအစ အရာအားလုံးကို မျော်လင့်ချက် မဲ့စွာနဲ့ ဖြတ်ချစိတ်လျော့လိုက်ရာ
နာကျင် အောင့်ကြပ်နေတာတွေ ဘာတစ်ခုမရှိတော့ဘဲ သိနေတာလေးတစ်ခုသာကျန်နေပြီး ထိုသိနေတာလေးလဲ ပါးပါး ပြီးသွားကာ နောက်တော့ ဘာမှ မသိတော့ပါအိမ်နီးခြင်းက အကိုက လှုပ်နိုးနေတာလဲ
တဖြည်းဖြည်းနဲ့ သိလာသလိုဖြစ်ပေမဲ့ မျက်စေ့ချက်ခြင်းဖွင့်မရနိူင်ဘဲ အသိတွေ အားကောင်းလာမှ မျက်စေ့လည်းဖွင့်လို့ရလာပါတယ် နောက်ပြီး အကိုက ဘယ်လိုနေသေးလဲမေးတော့မှ သတိရသွားပြီးဝေဒနာတွေ ပြန်စစ်ဆေးလိုက်ရာ ဘာမှ မဖြစ်သလိုဖြစ်နေတာ
အတော့်ကို ညီမလေး အံသြနေတာလေအဲဒါကို အခုအထိ အဖြေမထွက်သေးဘူး ဆရာဝန်
တွေကတော့ပြောတယ် နှလုံးသွေးကြောပိတ်နေတယ် နှလုံးလည်းမကောင်းဘူးပြောနေပေမဲ့
ညီမလေးကတော့ မောလည်းမမောတော့ဘူးအသက်ရှုလည်းမကြပ် အောင့်လည်းမအောင့်တော့တာ ဟိုနေ့က အရေးပေါ်အခန်းထဲက စပြီးအခုအထိဘဲ အဲဒါဘယ်လိုဖြစ်တာလည်းဟင် အကိုပြောပြပါအုံးလို့ ပြောလည်းပြော မေးလည်းမေးလေ၏
ညီမ အဲဒါ မင်းရဲ့ တရားတက်လာတာကွ လို့ အားရစွာပြောလိုက်မိပါသည်သြော် ဇနီးသည်တစ်ယောက် ပါရမီဖြည့်ဘက်တစ်ယောက် နောက်ဆုံးအချိန် မှာ လက်ရှိဘဝရဲ့ခန္ဓာကြီးကို မျော်လင့်ချက်မဲ့စွာ လွတ်ချနိူင်ခဲ့လို့နောက်ဆုံးအခွင့်အရေး နဲ့ အတူ လူ့ဘဝရဲ့ နေထိုင်ခွင့် အပိုဆုလေး ကို ပါ ရလိုက်ပါတော့သည် ။