ႏွစ္ေပါင္း ၅၀ ေက်ာ္အတြင္း ပထမဦးဆုံး ပိဋကတ္တစ္ပုံေဆာင္ အမ်ိဳးသမီး(သို႔မဟုတ္) အာဂဓမၼခရီးသည္ ….
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
ဒီေက န႔ ၅၂ႀကိမ္ေျမာက္ အဘိဓမၼစာေတာ္ျပန္ပြဲ ဘြဲ႕ႏွင္းသဘင္ဟာ ထူးျခားမႈေတြနဲ႔ ျပည့္နက္ေနပါတယ္။
ႏွစ္ေပါင္း ၅၀ ေက်ာ္ အတြင္း ပထမဦးဆုံး ပိဋကတ္ တစ္ပုံေဆာင္ အမ်ိဳးသမီး တစ္ဦး ထြက္ေပၚလာခဲ့ပါတယ္။
အမ်ိဳးသမီးေတြအတြက္ေတာ့ တကယ္ အားတက္စရာပါပဲ။ ဒါဟာ အမ်ိဳးသမီးေတြလည္း လုပ္ခြင့္ရွိတယ္၊လုပ္ႏိုင္တယ္ဆိုတာကို သက္ေသျပသြားခဲ့တာ ျဖစ္ပါတယ္။
အ စိုးရစစ္ တိပိဋက ေ႐ြးခ်ယ္ေရး စာေမးပြဲေတြမွာ ပိဋကတ္ေတြ ေဆာင္ဖို႔ဆိုတာ အမ်ိဳးသား ရဟန္းေတာ္မ်ားမွာသာ အခြင့္အေရးရွိပါတယ္။
အဘိဓမၼာျပန္႔ပြားေရးအသင္းႀကီးက က်င္းပတဲ့အဘိဓမၼစာေတာ္ျပန္ပြဲမွာေတာ့ က်ား/မ မေ႐ြး ေျဖဆိုခြင့္ျပဳထားတာမို႔ အခြင့္အေရး တန္းတူပါပဲ။
တကယ္ေတာ့ အဘိဓမၼပိဋကတ္ဟာ ပိဋကတ္ ၃ပုံအနက္ အက်ယ္ဆုံးနဲ႔ အခက္ဆုံးလို႔ ေျပာလို႔ရပါတယ္။
အထူးသျဖင့္ အာဂုံထက္ သေဘာေရးေျဖ စားေမးပြဲေတြဟာ ဉာဏ္သက္ဝင္ဖို႔ အလြန္ခက္ပါတယ္။
အဘိဓမၼာ အထက္ပိုင္းျဖစ္တဲ့ ယမိုက္ ပ႒ာန္းေတြမွာ သာ၍ ခက္ခဲပါတယ္။
အဘိဓမၼာ ရက်မ္း၊ စာအုပ္ေရ ၁၂အုပ္၊ စာမ်က္ႏွာေပါင္း ၄၉၈ရကို အာဂုံလည္း
အလြတ္႐ြတ္ဖတ္ႏိုင္ဖို႔ လိုသလို၊ သေဘာေရးေျဖ ကိုလည္း ေကာင္းစြာ ေျဖဆိုႏိုင္ဖို႔ လိုပါတယ္။
လူပုဂၢိဳလ္မ်ားအဖို႔ ဒါကို ေျဖခြင့္မရမီ အေျခခံ အဆင့္ကို အရင္ ျဖတ္ေက်ာ္ရပါတယ္။
က်မ္းအစိတ္အပိုင္း ၁၅ပိုင္းကို ဦးစြာ ေျဖဆိုေအာင္ျမင္ၿပီးကာမွ အထက္ေဖာ္ျပပါ စာမ်က္ႏွာ ၄၉၈ရကို ေျဖဆိုခြင့္ရွိပါတယ္။
အေျခခံအဆင့္မွာတင္ပဲ ၅ႏွစ္ ၆ႏွစ္ အခ်ိန္ယူရေလ့ရွိတာမို႔ အလြန္ရွည္လ်ားတဲ့ ဓမၼခရီးလို႔ ဆိုရမွာ ျဖစ္ပါတယ္။
အထက္ပါခရီးရွည္ႀကီးကို ဆရာမႀကီး (ေဒၚလွလွဝင္း)ကေတာ့ ပညာ သဒၶါ ဝီရိယေတြနဲ႔ အေကာင္းဆုံး ျဖတ္ေက်ာ္ႏိုင္ခဲ့ပါၿပီ။
ဒီဆရာမႀကီးဟာ ခက္ေပ့ဆိုတဲ့ ပ႒ာန္းက်မ္း ေရးေျဖေတြမွာ ထူးခြၽန္စြာ ေျဖဆိုႏိုင္လို႔
(အဂၢ ဝီရ ပ႒ာနနယ သာဂရဝိဓူ)ဆိုတဲ့ ဘြဲ႕ထူးကိုလည္း တိပိဋကဓရ ေယာဆရာေတာ္ဘုရားႀကီးက ထပ္ဆင့္ ဂုဏ္ျပဳခ်ီးက်ဴး ခဲ့ရပါတယ္။
ဒါ့အျပင္ အဘိဓမၼာျပန္႔ပြားေရးအသင္းႀကီးကလည္း ဆရာမႀကီးကို ခ်ီးျမႇင့္ေငြ သိန္း(၁၀၀) ခ်ီးျမႇင့္ ေပးအပ္ခဲ့ေၾကာင္း ဝမ္းေျမာက္ဖြယ္ ၾကားသိရပါတယ္
ဒါေၾကာင့္မို႔ လူဝတ္ေၾကာင္ အမ်ိဳးသား အမ်ိဳးသမီးမ်ားအဖို႔ ဆရာမႀကီး ေဒၚလွလွဝင္းကို
ဂုဏ္ယူ သာဓုေခၚၿပီး အတုယူ သာသနာျပဳႏိုင္ပါေစေၾကာင္း ဝမ္းေျမာက္စြာ ေဖာ္ျပလိုက္ရပါသည္။
ေဒၚလွလွဝင္း(မဟာအာဘိဓမၼိက ကလ်ာဏဉာဏဓဇ၊ မဟာအာဘိဓမၿမိက အဂျဂဝိသာရဒ ဉာဏိနီ၊အဂၢ ဝီရ ပ႒ာနနယ သာဂရဝိဓူ)အား ဂုဏ္ျပဳ၍ေမတၱာျဖင့္၊
ေမာင္ေစာ(25-12-2019)(ဆရာမႀကီးသည္ ရန္ကုန္တိုင္း အလုံၿမိဳ႕နယ္တြင္ ေနထိုင္လ်က္ရွိၿပီး တရားဓမၼမ်ား ျဖန္႔ေဝသင္ၾကားလ်က္ ရွိပါသည္။
Unicode
ဒီကေ န့ ၅၂ကြိမ်မြောက် အဘိဓမ္မစာတော်ပြန်ပွဲ ဘွဲ့နှင်းသဘင်ဟာ ထူးခြားမှုတွေနဲ့ ပြည့်နက်နေပါတယ်။
နှစ်ပေါင်း ၅၀ ကျော် အတွင်း ပထမဦးဆုံး ပိဋကတ် တစ်ပုံဆောင် အမျိုးသမီး တစ်ဦး ထွက်ပေါ်လာခဲ့ပါတယ်။
အမျိုးသမီးတွေအတွက်တော့ တကယ် အားတက်စရာပါပဲ။ ဒါဟာ အမျိုးသမီးတွေလည်း လုပ်ခွင့်ရှိတယ်၊လုပ်နိုင်တယ်ဆိုတာကို သက်သေပြသွားခဲ့တာ ဖြစ်ပါတယ်။
အ စိုးရစစ် တိပိဋက ရွေးချယ်ရေး စာမေးပွဲတွေမှာ ပိဋကတ်တွေ ဆောင်ဖို့ဆိုတာ အမျိုးသား ရဟန်းတော်များမှာသာ အခွင့်အရေးရှိပါတယ်။
အဘိဓမ္မာပြန့်ပွားရေးအသင်းကြီးက ကျင်းပတဲ့အဘိဓမ္မစာတော်ပြန်ပွဲမှာတော့ ကျား/မ မရွေး ဖြေဆိုခွင့်ပြုထားတာမို့ အခွင့်အရေး တန်းတူပါပဲ။
တကယ်တော့ အဘိဓမ္မပိဋကတ်ဟာ ပိဋကတ် ၃ပုံအနက် အကျယ်ဆုံးနဲ့ အခက်ဆုံးလို့ ပြောလို့ရပါတယ်။
အထူးသဖြင့် အာဂုံထက် သဘောရေးဖြေ စားမေးပွဲတွေဟာ ဉာဏ်သက်ဝင်ဖို့ အလွန်ခက်ပါတယ်။
အဘိဓမ္မာ အထက်ပိုင်းဖြစ်တဲ့ ယမိုက် ပဋ္ဌာန်းတွေမှာ သာ၍ ခက်ခဲပါတယ်။
အဘိဓမ္မာ ရကျမ်း၊ စာအုပ်ရေ ၁၂အုပ်၊ စာမျက်နှာပေါင်း ၄၉၈ရကို အာဂုံလည်း
အလွတ်ရွတ်ဖတ်နိုင်ဖို့ လိုသလို၊ သဘောရေးဖြေ ကိုလည်း ကောင်းစွာ ဖြေဆိုနိုင်ဖို့ လိုပါတယ်။
လူပုဂ္ဂိုလ်များအဖို့ ဒါကို ဖြေခွင့်မရမီ အခြေခံ အဆင့်ကို အရင် ဖြတ်ကျော်ရပါတယ်။
ကျမ်းအစိတ်အပိုင်း ၁၅ပိုင်းကို ဦးစွာ ဖြေဆိုအောင်မြင်ပြီးကာမှ အထက်ဖော်ပြပါ စာမျက်နှာ ၄၉၈ရကို ဖြေဆိုခွင့်ရှိပါတယ်။
အခြေခံအဆင့်မှာတင်ပဲ ၅နှစ် ၆နှစ် အချိန်ယူရလေ့ရှိတာမို့ အလွန်ရှည်လျားတဲ့ ဓမ္မခရီးလို့ ဆိုရမှာ ဖြစ်ပါတယ်။
အထက်ပါခရီးရှည်ကြီးကို ဆရာမကြီး (ဒေါ်လှလှဝင်း)ကတော့ ပညာ သဒ္ဓါ ဝီရိယတွေနဲ့ အကောင်းဆုံး ဖြတ်ကျော်နိုင်ခဲ့ပါပြီ။
ဒီဆရာမကြီးဟာ ခက်ပေ့ဆိုတဲ့ ပဋ္ဌာန်းကျမ်း ရေးဖြေတွေမှာ ထူးချွန်စွာ ဖြေဆိုနိုင်လို့
(အဂ္ဂ ဝီရ ပဋ္ဌာနနယ သာဂရဝိဓူ)ဆိုတဲ့ ဘွဲ့ထူးကိုလည်း တိပိဋကဓရ ယောဆရာတော်ဘုရားကြီးက ထပ်ဆင့် ဂုဏ်ပြုချီးကျူး ခဲ့ရပါတယ်။
ဒါ့အပြင် အဘိဓမ္မာပြန့်ပွားရေးအသင်းကြီးကလည်း ဆရာမကြီးကို ချီးမြှင့်ငွေ သိန်း(၁၀၀) ချီးမြှင့် ပေးအပ်ခဲ့ကြောင်း ဝမ်းမြောက်ဖွယ် ကြားသိရပါတယ်
ဒါကြောင့်မို့ လူဝတ်ကြောင် အမျိုးသား အမျိုးသမီးများအဖို့ ဆရာမကြီး ဒေါ်လှလှဝင်းကို
ဂုဏ်ယူ သာဓုခေါ်ပြီး အတုယူ သာသနာပြုနိုင်ပါစေကြောင်း ဝမ်းမြောက်စွာ ဖော်ပြလိုက်ရပါသည်။
ဒေါ်လှလှဝင်း(မဟာအာဘိဓမ္မိက ကလျာဏဉာဏဓဇ၊ မဟာအာဘိဓမမြိက အဂဂြဝိသာရဒ ဉာဏိနီ၊အဂ္ဂ ဝီရ ပဋ္ဌာနနယ သာဂရဝိဓူ)အား ဂုဏ်ပြု၍မေတ္တာဖြင့်၊
မောင်စော(25-12-2019)(ဆရာမကြီးသည် ရန်ကုန်တိုင်း အလုံမြို့နယ်တွင် နေထိုင်လျက်ရှိပြီး တရားဓမ္မများ ဖြန့်ဝေသင်ကြားလျက် ရှိပါသည်။