ေနျပည္ေတာ္ တပ္ကုန္းၿမိဳ့၌ ဦးေခါင္းႏွစ္လုံးပါသည့္ ကေလးတစ္ဦးေမြးဖြား

Zaw Gyi

အောက်တွင် Unicode နှင့်

ဖတ်ရှု့နိုင်ပါသည်

ေနျပည္ေတာ္ တပ္ကုန္းၿမိဳ့၌

ဦးေခါင္းႏွစ္လုံးပါသည့္

ကေလးတစ္ဦးေမြးဖြား

တပ္ကုန္း စက္တင္ဘာ ၁၇

ေနျပည္ေတာ္ တပ္ကုန္းၿမိဳ့နယ္ ေရြးစုေက်းရြာအုပ္စု၊

ေတာင္ေရြးစုေက်းရြာေန

ဦးသိန္းထိုက္၏ဇနီး မေအးစႏၵာျမင့္၊

အသက္(၂၉)ႏွစ္သည္ ကေလး မီးဖြားရန္အတြက္

တပ္ကုန္းၿမိဳ့ ခုတင္ (၁၀၀)ျပည္သူ႔ ေဆး႐ုံတြင္ ေဆးကုသလ်က္ရွိရာ

ယမန္ေန႔ (စက္တင္ဘာ ၁၆ ) ည ၈ နာရီအခ်ိန္တြင္

ၿမိဳ့နယ္ဆရာဝန္ႀကီး ေဒါက္တာထြန္းထြန္း ႀကီးၾကပ္၍

လက္ေထာက္ဆရာဝန္ ေဒါက္ တာမင္းထက္ေမာင္ေမာင္ (သားဖြားႏွင့္မီးယပ္) အဖြဲ႕ က

အေရးေပၚခြဲစိတ္ေမြးဖြားေပးခဲ့ရာ ဦးေခါင္းႏွစ္လုံးပါသည့္

ကေလးငယ္ (ေယာက္်ားေလး)တစ္ဦး ေမြးဖြားခဲ့ေၾကာင္း သိရသည္။

အဆိုပါကေလးအား တပ္ကုန္းၿမိဳ့နယ္ ခုတင္(၁၀၀)ျပည္သူ႔ေဆး႐ုံ ကေလးအထူးကုဆရာဝန္က

လိုအပ္ သည္မ်ားကို လုပ္ေဆာင္ေပးၿပီး၊

ေနျပည္ေတာ္ခုတင္ (၅၀၀) ကေလးအထူးကုေဆး႐ုံသို့ဆက္လက္လႊဲေျပာင္း ေပးပို့ခဲ့ေၾကာင္း သိရသည္။

News Credit – တင္စိုးလြင္ Via MOI

The Ladies News

Unicode

နေပြည်တော် တပ်ကုန်းမြို့၌

ဦးခေါင်းနှစ်လုံးပါသည့် ကလေးတစ်ဦးမွေးဖွား

တပ်ကုန်း စက်တင်ဘာ ၁၇

နေပြည်တော် တပ်ကုန်းမြို့နယ် ရွေးစုကျေးရွာအုပ်စု၊

တောင်ရွေးစုကျေးရွာနေ ဦးသိန်းထိုက်၏ဇနီး မအေးစန္ဒာမြင့်၊

အသက်(၂၉)နှစ်သည် ကလေး မီးဖွားရန်အတွက်

တပ်ကုန်းမြို့ ခုတင် (၁၀၀)ပြည်သူ့ ဆေးရုံတွင် ဆေးကုသလျက်ရှိရာ

ယမန်နေ့ (စက်တင်ဘာ ၁၆ ) ည ၈ နာရီအချိန်တွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းထွန်း ကြီးကြပ်၍

လက်ထောက်ဆရာဝန် ဒေါက် တာမင်းထက်မောင်မောင် (သားဖွားနှင့်မီးယပ်) အဖွဲ့ က

အရေးပေါ်ခွဲစိတ်မွေးဖွားပေးခဲ့ရာ ဦးခေါင်းနှစ်လုံးပါသည့်

ကလေးငယ် (ယောက်ျားလေး)တစ်ဦး မွေးဖွားခဲ့ကြောင်း သိရသည်။

အဆိုပါကလေးအား တပ်ကုန်းမြို့နယ် ခုတင်(၁၀၀)ပြည်သူ့ဆေးရုံ

ကလေးအထူးကုဆရာဝန်က

လိုအပ် သည်များကို လုပ်ဆောင်ပေးပြီး၊ နေပြည်တော်ခုတင် (၅၀၀) ကလေးအထူးကုဆေးရုံသို့ဆက်လက်လွှဲပြောင်း ပေးပို့ခဲ့ကြောင်း သိရသည်။

News Credit – တင်စိုးလွင် Via MOI

The Ladies News