ငိုအားထက္ ရီအားသန္ရတဲ့ ဆိုင္ဝမွာ လက္သန႔္ၿပီးမွ ေ႐ႊဆိုင္ကို တိုက္တဲ့ဓားျပ အဖြဲ႕
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
ေ႐ႊဆိုင္ထဲဝင္ရင္လက္ေဆးလက္သန႔္ပါကို အမွန္အကန္လိုက္နာတဲ့
Covid ဓားျပ ေတြေၾကာင္းကို ေျပာျပခ်င္ပါတယ္ေနာ္။
အိႏၵိယႏိုင္ငံ အူတာပရာဒက္ရွ္ျပည္နယ္က
ေ႐ႊေငြရတနာဆိုင္တစ္ဆိုင္ထဲကို ဓားျပသုံးေယာက္ဟာ
mask တပ္ၿပီးဝင္ေရာက္လာခဲ့တာပါ။
ဓားျပသုံးေယာက္ဟာ လက့္သန႔္ေဆးရည္နဲ႔ လက္ကို ေဆးလိုက္ေသးတာပါ။
ဓားျပေတြကေတာ့ ေအးေဆးလက္ကို
လက္သန႔္ေဆးရည္နဲ႔ ေဆးလိုက္ပါေသးတယ္။
လက္ကို သန႔္ၿပီးမွ ခါးၾကားထဲက သနတ္ထုတ္ၿပီးေတာ့
ဓားျပတိုက္ေတာ့တာပါဘဲေနာ္။ ပိုးကူးမွာကို မစိုးရိမ္ရေတာ့ဘူးေနာ္။
အဲ့ဒီ အျဖစ္ပ်က္ကေတာ့
ၿပီးခဲ့တဲ့ ေသာၾကာေန႔ ေန႔လည္ ၂ နာရီေလာက္က ျဖစ္သြားတာပါ။
ဓားျပေတြထဲကို အိႏၵိယေငြ သိန္း ၄၀ ဖိုးေလာက္ပါသြားတယ္လို႔ဆိုပါတယ္။
အိႏၵိယရဲကေတာ့ ဓားျပေတြကို ျမန္ျမန္အမိဖမ္းမယ္လို႔ဆိုပါတယ္ေနာ္။
အိႏၵိယမွာလည္း အဲ့ CCTV ဗီဒီယိုကိုၾကည့္ၿပီး ငိုအားထက္ရယ္အားသန္ေနၾကတာဘဲျဖစ္ပါတယ္။
ဘာပဲေျပာေျပာ Mask တပ္ပါ၊
လက္ေဆးပါဆိုတဲ့ Mask-up-and-sanitise culture
ယဥ္ေက်းမႈကို ဓားျပေတာင္ လိုက္နာလာတာေတာ့ အားရစရာပါဘဲေနာ္။
ပစၥည္းေတြလညိး အျမန္ျပန္ရပါေစေနာ္။
ရဲကေတာ့ ဘယ္သူမွန္း ၂ ေယာက္ကို ေဖာ္ႏိုင္ခဲ့ၿပီး
အျမန္ရေအာင္ဖမ္းမယ္လို႔ ဆိုပါတယ္။
ဓားျပေတြဟာ ႏွာေခါင္းကိုေတာင္ လုံေအာင္မအုပ္ထားၾကလို႔ ျဖစ္ပါလိမ့္မယ္။
အိႏၵိယေတြက ႏွာေခါင္းပဲႀကီးတဲ့ အတြက္ ႏွာေခါင္းကိုလုံေအာင္မဖုံးၾကတာဘဲ ျဖစ္မွာပါေနာ္။
source:Richard Myo Thant
Unicode
ရွှေဆိုင်ထဲဝင်ရင်လက်ဆေးလက်သန့်ပါကို အမှန်အကန်လိုက်နာတဲ့ Covid ဓားပြ တွေကြောင်းကို ပြောပြချင်ပါတယ်နော်။
အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ်ပြည်နယ်က ရွှေငွေရတနာဆိုင်တစ်ဆိုင်ထဲကို ဓားပြသုံးယောက်ဟာ
mask တပ်ပြီးဝင်ရောက်လာခဲ့တာပါ။ဓားပြသုံးယောက်ဟာ လက့်သန့်ဆေးရည်နဲ့ လက်ကို ဆေးလိုက်သေးတာပါ။
ဓားပြတွေကတော့ အေးဆေးလက်ကို လက်သန့်ဆေးရည်နဲ့ ဆေးလိုက်ပါသေးတယ်။
လက်ကို သန့်ပြီးမှ ခါးကြားထဲက သနတ်ထုတ်ပြီးတော့ ဓားပြတိုက်တော့တာပါဘဲနော်။ ပိုးကူးမှာကို မစိုးရိမ်ရတော့ဘူးနော်။
အဲ့ဒီ အဖြစ်ပျက်ကတော့ ပြီးခဲ့တဲ့ သောကြာနေ့ နေ့လည် ၂ နာရီလောက်က ဖြစ်သွားတာပါ။
ဓားပြတွေထဲကို အိန္ဒိယငွေ သိန်း ၄၀ ဖိုးလောက်ပါသွားတယ်လို့ဆိုပါတယ်။ အိန္ဒိယရဲကတော့ ဓားပြတွေကို မြန်မြန်အမိဖမ်းမယ်လို့ဆိုပါတယ်နော်။
အိန္ဒိယမှာလည်း အဲ့ CCTV ဗီဒီယိုကိုကြည့်ပြီး ငိုအားထက်ရယ်အားသန်နေကြတာဘဲဖြစ်ပါတယ်။
ဘာပဲပြောပြော Mask တပ်ပါ၊ လက်ဆေးပါဆိုတဲ့ Mask-up-and-sanitise culture
ယဉ်ကျေးမှုကို ဓားပြတောင် လိုက်နာလာတာတော့ အားရစရာပါဘဲနော်။
ပစ္စည်းတွေလညိး အမြန်ပြန်ရပါစေနော်။
ရဲကတော့ ဘယ်သူမှန်း ၂ ယောက်ကို ဖော်နိုင်ခဲ့ပြီး အမြန်ရအောင်ဖမ်းမယ်လို့ ဆိုပါတယ်။
ဓားပြတွေဟာ နှာခေါင်းကိုတောင် လုံအောင်မအုပ်ထားကြလို့ ဖြစ်ပါလိမ့်မယ်။
အိန္ဒိယတွေက နှာခေါင်းပဲကြီးတဲ့ အတွက် နှာခေါင်းကိုလုံအောင်မဖုံးကြတာဘဲ ဖြစ်မှာပါနော်။
source:Richard Myo Thant