သံရိုက္ရင္ေတာင္ လာေမးတဲ့စည္ပင္က ဝန္ထမ္း တရာေက်ာ္ရွိတဲ့ ေကတီဗီႀကီးပိုင္ရွင္ကို မသိေသာအခါ

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

သံရိုက္ရင္ေတာင္ လာေမးတဲ့စည္ပင္က ဝန္ထမ္း တရာေက်ာ္ရွိတဲ့ ေကတီဗီႀကီးပိုင္ရွင္ကို မသိေသာအခါ

လမ္းထဲမွာ သံရိုက္ရင္ေတာင္ လာေမးတဲ့စည္ပင္က ဝန္ထမ္း တရာေက်ာ္ရွိတဲ့ ေကတီဗီႀကီးပိုင္ရွင္ကို မသိေသာအခါ

ေဘာလီေဘာ ပုတ္တမ္း ကစားၾကမယ္ေနာ္။

ေနျပည္ေတာ္ ဒုၿမိဳ႕ေတာ္ဝန္လည္းျဖစ္ ရန္ကုန္တိုင္း စီမံဘ႑ာဝန္ႀကီးလည္းျဖစ္တဲ့ ဦးရဲမင္းဦးက မဇၩိမသတင္းဌာနရဲ့ အင္တာဗ်ဴးတခုမွာ သူ႔အေတြ႕အၾကဳံကို ေျပာျပသြားတယ္။

သူတို႔ဆီကို လူငယ္တေယာက္က ကြန္တိန္နာေတြကို ေနျပည္ေတာ္ လမ္းေထာင့္တခ်ိဳ႕ေနရာေတြမွာခ်ၿပီး အေပါက္ေတြေဖာက္ၿပီး ဆိုင္ခန္းေလးေတြ လုပ္ခ်င္တယ္ Convenience Store ေတြလိုေပါ့။

လိုအပ္တဲ့ ပစၥည္းေလးေတြကို အဆင္ေျပေျပ ဝယ္ယူနိုင္ေအာင္ ဆိုင္ခန္းခြဲေလးမ်ား ခ်ထားၿပီး လုပ္ခ်င္ေၾကာင္း ေလၽွာက္ထားလာတယ္။ သူ႔အေနနဲ႔ ဒီလူငယ္ရဲ့ ပရိုပိုဆယ္ကို ဖတ္ၾကည့္ၿပီး သိပ္ႀကိဳက္သြားတယ္။

ဒါေပမဲ့ သူ႔မွာ ဒီလူငယ္ရဲ့ အစီအစဥ္ ဘယ္ေလာက္ေကာင္းေကာင္း အတည္ျပဳေပးနိုင္တဲ့ အာဏာမရွိဘူး။

အစိုးရအဖြဲ႕အေနနဲ႔ အစည္းအေဝး ထိုင္ရမယ္၊ စည္ပင္အေနနဲ႔ ဘယ္လိုသေဘာထားမလဲ ဒီကြန္တိန္နာေတြကို ခ်ထားဖို႔ ေျမေနရာ ဘယ္လိုေပးမလဲ၊ ဘယ္လို စီးပြါးေရး လုပ္ငန္းလို႔ ထည့္သြင္းမလဲ စတဲ့အဆင့္ဆင့္ သေဘာတူညီမွုေတြ လိုေနတဲ့အတြက္ ၃ လ ေလာက္ၾကာေနၿပီ

ဆုံးျဖတ္ခ်က္ မရနိုင္ေသးဘူးလို႔ ဆိုတယ္။ အဓိပၸါယ္က စီးပြားေရးလုပ္ငန္းေတြလုပ္ဖို႔ ဘာမွ ထိထိေရာက္ေရာက္ စီစဥ္ထားတာ မရွိဘူး။ ႀကိဳးနီစနစ္ေတြက တုတ္ေႏွာင္ထားတယ္ဆိုတဲ့ သေဘာေပါ့။

ေဟာအခု ရန္ကုန္မွာ ကိုဗစ္ႀကီးက သေဘာက်ၿပီး ေကာင္မေလးေတြစုတဲ့ ေကတီဗီေတြမွာ သြားေရာက္ ေပ်ာ္ပါးေတာ့ အဲ့ဒီေကတီဗီေတြကို ပိတ္ခိုင္းတယ္။

နိုင္ငံေတာ္အတိုင္ပင္ခံႀကီးကလည္း ဖြင့္တဲ့သူေတြကို အေရးယူမယ္လို႔ ဆိုထားတဲ့ ၾကားက သကၤန္းကၽြန္း ျမဴးဇစ္ဇုန္ေကတီဗီ က ဆက္ဖြင့္ထားတဲ့အတြက္ ပိုးကူးစက္သူ အမ်ားစုဟာ အဲဒီေနရာကေန ကူးတာျဖစ္ေၾကာင္း ေပၚလာတဲ့အခါ အစိုးရက အေရးယူဖို႔ ျဖစ္လာတယ္။

ဒါေၾကာင့္ ဒီ ျမဴးဇစ္ဇုန္ေကတီဗီက ဘယ္သူပိုင္သလဲလို႔ စုးစမ္းတဲ့အခါ ပိုင္ရွင္မသိ ျဖစ္ေနတယ္။ စည္ပင္မွာလည္း ပိုင္ရွင္ဘယ္သူလဲဆိုတာ မရွိ၊ မသိ ျဖစ္ေနတယ္။

ဒီလို ႀကီးက်ယ္ ခန္းနားတဲ့ အေဆာက္အအုံႀကီး ေဆာက္ၿပီး ဝန္ထမ္း ၁၀၀ ေက်ာ္နဲ႔ လုပ္ေနတဲ့ အခိုင္အမာ လုပ္ငန္းႀကီးမ်ိဳးေတြ ရန္ကုန္မွာ အမ်ားအျပား ရွိပါတယ္။

တကယ္တမ္း အေရးယူမယ္ဆိုေတာ့ စည္ပင္ကလည္း ခြင့္ျပဳမထားဘူးတဲ့။ သူတို႔မွာ ခြင့္ျပဳပိုင္ခြင့္ မရွိဘူးတဲ့။ ေနာက္အႏုပညာအသင္းကေန ေထာက္ခံစာ ထုတ္ေပးတာေၾကာင့္ ဖြင့္သလိုလို ဟိုလိုလို ဒီလိုလိုနဲ႔ ပိုင္ရွင္မဲ့ ျဖစ္ေနတယ္။

ဦးရဲမင္းဦး ေျပာသလို ေနျပည္ေတာ္မွာ ကြန္တိန္နာေလး တလုံးေလာက္ ခ်ၿပီး အေရာင္းစာေရး တေယာက္ေလာက္နဲ႔ ဆိုင္ေလးဖြင့္ဖို႔ေတာင္ တိုင္ပတ္ေနၿပီး

အဆင္ဆင့္ အစည္းအေဝး ထိုင္ေနရတာဆိုေတာ့ ဒီလို စီးပြားေရးလုပ္ငန္းႀကီး တခုျဖစ္တဲ့ အခိုင္အခန႔္ အေဆာက္အအုံႀကီးကို တည္ေဆာက္ၿပီး ဝန္ထမ္းရာေက်ာ္နဲ႔ လုပ္ကိုင္ေနတဲ့ လုပ္ငန္းႀကီးကို စည္ပင္ကေတာင္ မသိဘူး၊

သူတို႔က လုပ္ခြင့္ ေပးမထားဘူးဆိုရင္ တာဝန္ရွိသူေတြအားလုံး ထုတ္ပစ္သင့္တယ္။ စည္ပင္ကိုကိုင္တဲ့ ၿမိဳ႕ေတာ္ဝန္မွာ တာဝန္အရွိဆုံးလို႔ ေျပာလိုတယ္။

ျမဴးဇစ္ဇုန္ေကတီဗီ တြင္ က်ား ၇၅ ဦးႏွင့္ မ ၄၄ ဦး၊ စုစုေပါင္း ၀န္ထမ္း ၁၁၉ ဦးရွိၿပီး ယင္းထဲမွ ၉၂ ဦးတြင္ ေရာဂါပိုးစစ္ေဆးေတြ႕ရွိထားသည္။

ထြန္းေအာင္ေက်ာ္ (၇၄ မ်ိဳးဆက္)

Unicode

သံရိုက်ရင်တောင် လာမေးတဲ့စည်ပင်က ဝန်ထမ်း တရာကျော်ရှိတဲ့ ကေတီဗီကြီးပိုင်ရှင်ကို မသိသောအခါ

လမ်းထဲမှာ သံရိုက်ရင်တောင် လာမေးတဲ့စည်ပင်က ဝန်ထမ်း တရာကျော်ရှိတဲ့ ကေတီဗီကြီးပိုင်ရှင်ကို မသိသောအခါ

ဘောလီဘော ပုတ်တမ်း ကစားကြမယ်နော်။

နေပြည်တော် ဒုမြို့တော်ဝန်လည်းဖြစ် ရန်ကုန်တိုင်း စီမံဘဏ္ဍာဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲမင်းဦးက မဇ္ဈိမသတင်းဌာနရဲ့ အင်တာဗျူးတခုမှာ သူ့အတွေ့အကြုံကို ပြောပြသွားတယ်။

သူတို့ဆီကို လူငယ်တယောက်က ကွန်တိန်နာတွေကို နေပြည်တော် လမ်းထောင့်တချို့နေရာတွေမှာချပြီး အပေါက်တွေဖောက်ပြီး ဆိုင်ခန်းလေးတွေ လုပ်ချင်တယ် Convenience Store တွေလိုပေါ့။

လိုအပ်တဲ့ ပစ္စည်းလေးတွေကို အဆင်ပြေပြေ ဝယ်ယူနိုင်အောင် ဆိုင်ခန်းခွဲလေးများ ချထားပြီး လုပ်ချင်ကြောင်း လျှောက်ထားလာတယ်။ သူ့အနေနဲ့ ဒီလူငယ်ရဲ့ ပရိုပိုဆယ်ကို ဖတ်ကြည့်ပြီး သိပ်ကြိုက်သွားတယ်။

ဒါပေမဲ့ သူ့မှာ ဒီလူငယ်ရဲ့ အစီအစဉ် ဘယ်လောက်ကောင်းကောင်း အတည်ပြုပေးနိုင်တဲ့ အာဏာမရှိဘူး။

အစိုးရအဖွဲ့အနေနဲ့ အစည်းအဝေး ထိုင်ရမယ်၊ စည်ပင်အနေနဲ့ ဘယ်လိုသဘောထားမလဲ ဒီကွန်တိန်နာတွေကို ချထားဖို့ မြေနေရာ ဘယ်လိုပေးမလဲ၊ ဘယ်လို စီးပွါးရေး လုပ်ငန်းလို့ ထည့်သွင်းမလဲ စတဲ့အဆင့်ဆင့် သဘောတူညီမှုတွေ လိုနေတဲ့အတွက် ၃ လ လောက်ကြာနေပြီ

ဆုံးဖြတ်ချက် မရနိုင်သေးဘူးလို့ ဆိုတယ်။ အဓိပ္ပါယ်က စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့ ဘာမှ ထိထိရောက်ရောက် စီစဉ်ထားတာ မရှိဘူး။ ကြိုးနီစနစ်တွေက တုတ်နှောင်ထားတယ်ဆိုတဲ့ သဘောပေါ့။

ဟောအခု ရန်ကုန်မှာ ကိုဗစ်ကြီးက သဘောကျပြီး ကောင်မလေးတွေစုတဲ့ ကေတီဗီတွေမှာ သွားရောက် ပျော်ပါးတော့ အဲ့ဒီကေတီဗီတွေကို ပိတ်ခိုင်းတယ်။

နိုင်ငံတော်အတိုင်ပင်ခံကြီးကလည်း ဖွင့်တဲ့သူတွေကို အရေးယူမယ်လို့ ဆိုထားတဲ့ ကြားက သင်္ကန်းကျွန်း မြူးဇစ်ဇုန်ကေတီဗီ က ဆက်ဖွင့်ထားတဲ့အတွက် ပိုးကူးစက်သူ အများစုဟာ အဲဒီနေရာကနေ ကူးတာဖြစ်ကြောင်း ပေါ်လာတဲ့အခါ အစိုးရက အရေးယူဖို့ ဖြစ်လာတယ်။

ဒါကြောင့် ဒီ မြူးဇစ်ဇုန်ကေတီဗီက ဘယ်သူပိုင်သလဲလို့ စုးစမ်းတဲ့အခါ ပိုင်ရှင်မသိ ဖြစ်နေတယ်။ စည်ပင်မှာလည်း ပိုင်ရှင်ဘယ်သူလဲဆိုတာ မရှိ၊ မသိ ဖြစ်နေတယ်။

ဒီလို ကြီးကျယ် ခန်းနားတဲ့ အဆောက်အအုံကြီး ဆောက်ပြီး ဝန်ထမ်း ၁၀၀ ကျော်နဲ့ လုပ်နေတဲ့ အခိုင်အမာ လုပ်ငန်းကြီးမျိုးတွေ ရန်ကုန်မှာ အများအပြား ရှိပါတယ်။

တကယ်တမ်း အရေးယူမယ်ဆိုတော့ စည်ပင်ကလည်း ခွင့်ပြုမထားဘူးတဲ့။ သူတို့မှာ ခွင့်ပြုပိုင်ခွင့် မရှိဘူးတဲ့။ နောက်အနုပညာအသင်းကနေ ထောက်ခံစာ ထုတ်ပေးတာကြောင့် ဖွင့်သလိုလို ဟိုလိုလို ဒီလိုလိုနဲ့ ပိုင်ရှင်မဲ့ ဖြစ်နေတယ်။

ဦးရဲမင်းဦး ပြောသလို နေပြည်တော်မှာ ကွန်တိန်နာလေး တလုံးလောက် ချပြီး အရောင်းစာရေး တယောက်လောက်နဲ့ ဆိုင်လေးဖွင့်ဖို့တောင် တိုင်ပတ်နေပြီး

အဆင်ဆင့် အစည်းအဝေး ထိုင်နေရတာဆိုတော့ ဒီလို စီးပွားရေးလုပ်ငန်းကြီး တခုဖြစ်တဲ့ အခိုင်အခန့် အဆောက်အအုံကြီးကို တည်ဆောက်ပြီး ဝန်ထမ်းရာကျော်နဲ့ လုပ်ကိုင်နေတဲ့ လုပ်ငန်းကြီးကို စည်ပင်ကတောင် မသိဘူး၊

သူတို့က လုပ်ခွင့် ပေးမထားဘူးဆိုရင် တာဝန်ရှိသူတွေအားလုံး ထုတ်ပစ်သင့်တယ်။ စည်ပင်ကိုကိုင်တဲ့ မြို့တော်ဝန်မှာ တာဝန်အရှိဆုံးလို့ ပြောလိုတယ်။

မြူးဇစ်ဇုန်ကေတီဗီ တွင် ကျား ၇၅ ဦးနှင့် မ ၄၄ ဦး၊ စုစုပေါင်း ဝန်ထမ်း ၁၁၉ ဦးရှိပြီး ယင်းထဲမှ ၉၂ ဦးတွင် ရောဂါပိုးစစ်ဆေးတွေ့ရှိထားသည်။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)