မ်က္ျမင္ကိုယ္ေတြ႕သိလိုက္ရလို႔ ကိုဗစ္ဘယ္ေလာက္ေၾကာက္ဖို႔ေကာင္းတယ္ဆိုတာ ေျပာျပလာတဲ့ သ႐ုပ္ေဆာင္ ေမာင္

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

သ႐ုပ္ေဆာင္ နႏၵာလႈိင္ရဲ႕ညီမ မေႏြးေႏြးလႈိင္၏ ခင္ပြန္းျဖစ္သူ

ဦးေငြေဇာ္ အသက္ (၆၀) ႏွစ္ဟာ

ယေန႔မနက္ပိုင္းမွာပဲ Covid-19 ေရာဂါေၾကာင့္ ကြယ္လြန္သြားေၾကာင္း

စိတ္မေကာင္းစြာ ၾကားသိရပါတယ္။

အဆိုပါေရာဂါဟာ ဘယ္ေလာက္ျမန္ဆန္ၿပီး ေၾကာက္စရာ‌ေကာင္းေၾကာင္း ျပည္သူေတြ သတိျပဳဆင္ျခင္ႏိုင္ဖို႔

မိသားစုဝင္တစ္ဦးျဖစ္တဲ့ သ႐ုပ္ေဆာင္ “ေမာင္” က သူ႔ရဲ႕ ခံစားခ်က္ကို ေရးသားခဲ့တာ ေတြ႕ရပါတယ္။

“COVID 19 ဘယ္ေလာက္ေၾကာက္ဖို႔ေကာင္းလဲဆိုတာ ကြၽန္ေတာ္မ်က္ျမင္ကိုယ္ေတြ႕သိလိုက္ရတဲ့အခ်ိန္မွာ ေတာ္ေတာ္ေနာက္က်သြားပါၿပီ။

ငယ္လဲငယ္ က်န္းမာေရးလဲေကာင္းေနေတာ့ သိပ္ၿပီးအေလးမထားခဲ့ဘူး။

ကြၽန္ေတာ့္ အစ္မ မေႏြးရဲ႕အမ်ိဳးသားစျဖစ္ေတာ့ သူမ်ားေတြလိုျပန္သက္သာလာမယ္ပဲထင္ေနခဲ့တာပါ။

အစ္မကလဲ Positive မို႔လို႔ ကေလးေတြနဲ႔တူတူ ေနလို႔မရလို႔

ဟိုတယ္ Q ကိုတူ/တူမ သုံးေယာက္နဲ႔ကြၽန္ေတာ္ စဝင္ၿပီးေနာက္တစ္ေန႔မနက္မွာပဲ အစ္မအမ်ိဳးသားဆုံးၿပီဆိုတာသိရတယ္။

ေအာက္ဆီဂ်င္က်လို႔ေဆး႐ုံတင္ထားတာ ၄ ရက္နဲ႔ Swab Test နဲ႔စစ္လို႔ Positive မွန္းသိတာ ၁ရက္ပဲရွိပါေသးတယ္။

တစ္ျခားေရာဂါေတြနဲ႔မတူတာက အဆက္အသြယ္ဘယ္ေလာက္ရွိရွိ ေဆးပညာအေၾကာင္းဘယ္လိုပဲနားလည္နားလည္ ေရာဂါဆိုးလာၿပီဆို ထိုင္ဆုေတာင္ယုံကလြဲၿပီးဘာမွ လုပ္လို႔မရပါဘူး။

ေက်းဇူးျပဳၿပီး ဂ႐ုစိုက္ၾကပါ”လို႔ လူမူကြန္ယက္မွာ အသိေပးေရးသားခဲ့ပါတယ္။

Swelsone News

Unicode

သရုပ်ဆောင် နန္ဒာလှိုင်ရဲ့ညီမ မနွေးနွေးလှိုင်၏ ခင်ပွန်းဖြစ်သူ ဦးငွေဇော် အသက် (၆၀) နှစ်ဟာ

ယနေ့မနက်ပိုင်းမှာပဲ Covid-19 ရောဂါကြောင့် ကွယ်လွန်သွားကြောင်း စိတ်မကောင်းစွာ ကြားသိရပါတယ်။

အဆိုပါရောဂါဟာ ဘယ်လောက်မြန်ဆန်ပြီး ကြောက်စရာ‌ကောင်းကြောင်း ပြည်သူတွေ သတိပြုဆင်ခြင်နိုင်ဖို့

မိသားစုဝင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် “မောင်” က သူ့ရဲ့ ခံစားချက်ကို ရေးသားခဲ့တာ တွေ့ရပါတယ်။

“COVID 19 ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ

ကျွန်တော်မျက်မြင်ကိုယ်တွေ့သိလိုက်ရတဲ့အချိန်မှာ တော်တော်နောက်ကျသွားပါပြီ။

ငယ်လဲငယ် ကျန်းမာရေးလဲကောင်းနေတော့ သိပ်ပြီးအလေးမထားခဲ့ဘူး။

ကျွန်တော့် အစ်မ မနွေးရဲ့အမျိုးသားစဖြစ်တော့ သူများတွေလိုပြန်သက်သာလာမယ်ပဲထင်နေခဲ့တာပါ။

အစ်မကလဲ Positive မို့လို့ ကလေးတွေနဲ့တူတူ နေလို့မရလို့ ဟိုတယ် Q ကိုတူ/တူမ သုံးယောက်နဲ့ကျွန်တော် စဝင်ပြီးနောက်တစ်နေ့မနက်မှာပဲ အစ်မအမျိုးသားဆုံးပြီဆိုတာသိရတယ်။

အောက်ဆီဂျင်ကျလို့ဆေးရုံတင်ထားတာ ၄ ရက်နဲ့ Swab Test နဲ့စစ်လို့ Positive မှန်းသိတာ ၁ရက်ပဲရှိပါသေးတယ်။

တစ်ခြားရောဂါတွေနဲ့မတူတာက အဆက်အသွယ်ဘယ်လောက်ရှိရှိ ဆေးပညာအကြောင်းဘယ်လိုပဲနားလည်နားလည် ရောဂါဆိုးလာပြီဆို ထိုင်ဆုတောင်ယုံကလွဲပြီးဘာမှ လုပ်လို့မရပါဘူး။

ကျေးဇူးပြုပြီး ဂရုစိုက်ကြပါ”လို့ လူမူကွန်ယက်မှာ အသိပေးရေးသားခဲ့ပါတယ်။

Swelsone News