အြန္လိုင္းေပၚမွာ ေျပာတာနဲ႔ တျခားစီ ျဖစ္ေနတဲ့ ေဖာင္ႀကီးေဆး႐ုံရဲ့ တကယ့္အေျခအေန (လူနာကိုယ္ေတြ႕)

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

အြန္လိုင္းေပၚမွာ ေျပာတာနဲ႔ တျခားစီ ျဖစ္ေနတဲ့ ေဖာင္ႀကီးေဆး႐ုံရဲ့ တကယ့္အေျခအေန (လူနာကိုယ္ေတြ႕)

ကၽြန္ေတာ္ ေဖာင္ႀကီးရာမညေဆာင္မွာ လက္ရွိတက္ေနတဲ့ လူနာတေယာက္ပါ ေဖာင္ႀကီးနဲ႔ပတ္သက္ၿပီး အျမင္မွားေနတဲ့လူေတြ ရွိရင္ရွိမယ္

ဒါေပမဲ့ ကၽြန္ေတာ္ျမင္ရတဲ့ အေျခအေနကို ေျပာျပခ်င္ပါတယ္ တခ်ိဳ႕အတၱႀကီးတဲ့လူေတြအဖို႔ သူတို႔ဆႏၵျပည့္ဝဘို႔ဆိုတာမလြယ္ပါဘူး တခ်ိဳ႕အဆိုးျမင္သမားေတြအဖို႔ေတာ့ ဘယ္ေတာ့မွ အျမင္မွန္ဘို႔ မလြယ္ပါဘူ:

၁။ အသုံးအေဆာင္ပစၥည္းမ်ား

၁၃-၉-၂၀၂၀ ကိုးနာရီေက်ာ္ေလာက္မွာ ရန္ကုန္အေနာက္ပိုင္းခရိုင္ေဆး႐ုံႀကီးကေန စထြက္လာပါတယ္ လမ္းမွာ ေဆး(၂)ကုသေဆာင္မွာ လူထပ္တင္ပါတယ္ လူေတာ့ နဲနဲက်ပ္ပါတယ္ ကားနဲနဲႀကီးရင္ပိုအဆင္ေျပပါမယ္ေဖာင္ႀကီးကို ည ၁၂:၀၀ေက်ာ္ေက်ာ္ေလာက္ေရာက္ပါတယ္

အဲဒီေရာက္ ေတာ့ အိပ္ယာ အိပ္ယာခင္း ျခင္ေထာင္ေခါင္းအုန္း ေစာင္ သြားပြတ္တန္ သြားတိုက္ေဆး ဆပ္ျပာ ဆပ္ျပာခြက္ေခါင္းေလၽွာ္ေရ ေရေမႊး Hand Gel ပုတီး Maskက အစ လိုေလေသးမရွိေအာင္ နိင္ငံေတာ္ကျဖည့္ဆည္းေပးထားတာေတြ႕လို႔ အံ့ၾသမိပါတယ္

ေရာဂါကူးစက္တဲ့သူေတြမ်ားလာလို႔ တေယာက္ခန္းေတာ့ မရေတာ့ပါဘူး Hall ထဲမွာတေယာက္နဲ႔တေယာက္ခန္႔မွန္း7ေပေလာက္ျခားထားေပးပါတယ္ စားပြဲတလုံးေပးပါတယ္အားလုံးဘယ္ညာကုတင္26လုံးရွိပါတယ္.

၂။ အစားအေသာက္

ေရာက္တဲ့ညမွာ တေယာက္ခ်င္းစီ ဖုန္းဆက္ၿပီး ဘာေတြမစားဘူးလဲဆိုတာ ေမးပါတယ္ ေနာက္ေန႔ မနက္စာ ေခါက္ဆြဲေၾကာ္ ေန႔လည္ ငါးဖယ္ကုန္းေဘာင္ေက်ာ္ အာလူးဟင္းငပိ သခြါးသီး ညစာ ငါးအရိုးလြတ္ ကန္စြန္းရြက္ေက်ာ္ ခ်ဥ္ေပါင္ေက်ာ္ စုံပါတယ္

အစၥလာမ္ဘာသာဝင္ေတြအတြက္ ဟာလာ သက္သက္လြတ္သမားေတြအတြက္ အသီးအရြက္ ထမင္းဘူးကအပိုေတြ ပို႔ထားေပးပါတယ္ တခ်ိဳ႕လူငယ္ေတြ အစားႀကီးရင္ ထပ္စားရေအာင္ပါ .တေန႔ ၃ နပ္ေကၽြးပါတယ္ အဆင္ေျပပါတယ္ ေဆးကေတာ့ အိုရာမင္းစီ ေပးပါတယ္။

၃။ က်န္းမာေရးေစာင့္ေရွာက္မွု

အားလုံးသုံးဘို႔ ေသြးေပါင္တိုင္းစက္ အဖ်ားတိုင္းကရိယာ ေအာက္စီဂ်င္ ႏွလုံးခုန္ႏွန္းတိုင္းတဲ့စက္ေလးေတြ ထားေပးပါတယ္ မနက္ ၆ နာရီဆို စပီကာနဲ႔ အားလုံးေသြးတိုင္း အဖ်ားတိုင္း ေအာက္စီဂ်င္တိုင္းၿပီးရင္ တာဝန္က်ဆရာဝန္ဆီ ဗိုင္ဘာ နဲ႔ပို႔ရပါတယ္

အေျဖၾကည့္ၿပီး လိုအပ္တဲ့လူနာကို တိုက္ရိုက္ ေမးပါတယ္။ ေဆးပို႔ေပးပါတယ္ အေရးေပၚျဖစ္ရင္ေတာ့ PPE ဝတ္ၿပီးကားနဲ႔လာေခၚပါတယ္။ အခ်ိန္ေတာ့ နဲနဲေစာင့္ရပါတယ္။ ၁၆-၉-၂၀၂၀မွာ အေပၚထပ္က တေယာက္ ေသြးေပါင္က်လို႔ အေဆာင္ေျပာင္းေပးပါတယ္။

ၿပီးေတာ့ ေနေကာင္းသြားၿပီဆိုတဲ့ အေၾကာင္းျပန္ေျပာျပပါတယ္

ရန္ကုန္ေဆး႐ုံႀကီးက ဗိုက္ခြဲလူနာ ဆန္ျပဳတ္စားခ်င္တယ္ဆိုလို႔ ဆန္ျပဳတ္ပို႔ေပးပါတယ္ မီဒီယာမွာေရးသလို အဆင္မေျပတာမဟုတ္ပါ သူတို႔အားလုံး အဆင္ေျပတယ္ ေျပာပါတယ္

ေန႔စဥ္ ရီပို႔ ေတြၾကည့္ၿပီး ဆရာဝန္ေတြေဆးေပးတယ္ ကိုယ္ခံစားတာေျပာၿပီးလိုအပ္တဲ့ေဆးေတြေတာင္းလို႔ရပါတယ္ ၁၆-၉-၂၀၂၀ ေန႔ကဘဲ အမ်ိဳးသမီးလူနာ ၃ ေယာက္အေဆာင္ေျပာင္းဘို႔လာေခၚသြားပါတယ္

ရာမညေဆာင္မွာေတာ့ အေရးေပၚျပဳစုဘို႔မရွိပါ လိုအပ္ရင္ျပည့္စုံတဲ့ အေဆာင္ကိုေရႊ႕ပါတယ္ အေနာက္ပိုင္းခရိုင္ ေဆး႐ုံႀကီးမွာေတာ့ လိုအပ္ခ်က္ အနည္းငယ္ရွိပါတယ္ ေနာက္မွေရးပါအုန္းမယ္။

Soe Min

Unicode

အွန်လိုင်းပေါ်မှာ ပြောတာနဲ့ တခြားစီ ဖြစ်နေတဲ့ ဖောင်ကြီးဆေးရုံရဲ့ တကယ့်အခြေအနေ (လူနာကိုယ်တွေ့)

ကျွန်တော် ဖောင်ကြီးရာမညဆောင်မှာ လက်ရှိတက်နေတဲ့ လူနာတယောက်ပါ ဖောင်ကြီးနဲ့ပတ်သက်ပြီး အမြင်မှားနေတဲ့လူတွေ ရှိရင်ရှိမယ်

ဒါပေမဲ့ ကျွန်တော်မြင်ရတဲ့ အခြေအနေကို ပြောပြချင်ပါတယ် တချို့အတ္တကြီးတဲ့လူတွေအဖို့ သူတို့ဆန္ဒပြည့်ဝဘို့ဆိုတာမလွယ်ပါဘူး တချို့အဆိုးမြင်သမားတွေအဖို့တော့ ဘယ်တော့မှ အမြင်မှန်ဘို့ မလွယ်ပါဘူ:

၁။ အသုံးအဆောင်ပစ္စည်းများ

၁၃-၉-၂၀၂၀ ကိုးနာရီကျော်လောက်မှာ ရန်ကုန်အနောက်ပိုင်းခရိုင်ဆေးရုံကြီးကနေ စထွက်လာပါတယ် လမ်းမှာ ဆေး(၂)ကုသဆောင်မှာ လူထပ်တင်ပါတယ် လူတော့ နဲနဲကျပ်ပါတယ် ကားနဲနဲကြီးရင်ပိုအဆင်ပြေပါမယ်ဖောင်ကြီးကို ည ၁၂:၀၀ကျော်ကျော်လောက်ရောက်ပါတယ်

အဲဒီရောက် တော့ အိပ်ယာ အိပ်ယာခင်း ခြင်ထောင်ခေါင်းအုန်း စောင် သွားပွတ်တန် သွားတိုက်ဆေး ဆပ်ပြာ ဆပ်ပြာခွက်ခေါင်းလျှော်ရေ ရေမွှေး Hand Gel ပုတီး Maskက အစ လိုလေသေးမရှိအောင် နိင်ငံတော်ကဖြည့်ဆည်းပေးထားတာတွေ့လို့ အံ့သြမိပါတယ်

ရောဂါကူးစက်တဲ့သူတွေများလာလို့ တယောက်ခန်းတော့ မရတော့ပါဘူး Hall ထဲမှာတယောက်နဲ့တယောက်ခန့်မှန်း7ပေလောက်ခြားထားပေးပါတယ် စားပွဲတလုံးပေးပါတယ်အားလုံးဘယ်ညာကုတင်26လုံးရှိပါတယ်.

၂။ အစားအသောက်

ရောက်တဲ့ညမှာ တယောက်ချင်းစီ ဖုန်းဆက်ပြီး ဘာတွေမစားဘူးလဲဆိုတာ မေးပါတယ် နောက်နေ့ မနက်စာ ခေါက်ဆွဲကြော် နေ့လည် ငါးဖယ်ကုန်းဘောင်ကျော် အာလူးဟင်းငပိ သခွါးသီး ညစာ ငါးအရိုးလွတ် ကန်စွန်းရွက်ကျော် ချဉ်ပေါင်ကျော် စုံပါတယ်

အစ္စလာမ်ဘာသာဝင်တွေအတွက် ဟာလာ သက်သက်လွတ်သမားတွေအတွက် အသီးအရွက် ထမင်းဘူးကအပိုတွေ ပို့ထားပေးပါတယ် တချို့လူငယ်တွေ အစားကြီးရင် ထပ်စားရအောင်ပါ .တနေ့ ၃ နပ်ကျွေးပါတယ် အဆင်ပြေပါတယ် ဆေးကတော့ အိုရာမင်းစီ ပေးပါတယ်။

၃။ ကျန်းမာရေးစောင့်ရှောက်မှု

အားလုံးသုံးဘို့ သွေးပေါင်တိုင်းစက် အဖျားတိုင်းကရိယာ အောက်စီဂျင် နှလုံးခုန်နှန်းတိုင်းတဲ့စက်လေးတွေ ထားပေးပါတယ် မနက် ၆ နာရီဆို စပီကာနဲ့ အားလုံးသွေးတိုင်း အဖျားတိုင်း အောက်စီဂျင်တိုင်းပြီးရင် တာဝန်ကျဆရာဝန်ဆီ ဗိုင်ဘာ နဲ့ပို့ရပါတယ်

အဖြေကြည့်ပြီး လိုအပ်တဲ့လူနာကို တိုက်ရိုက် မေးပါတယ်။ ဆေးပို့ပေးပါတယ် အရေးပေါ်ဖြစ်ရင်တော့ PPE ဝတ်ပြီးကားနဲ့လာခေါ်ပါတယ်။ အချိန်တော့ နဲနဲစောင့်ရပါတယ်။ ၁၆-၉-၂၀၂၀မှာ အပေါ်ထပ်က တယောက် သွေးပေါင်ကျလို့ အဆောင်ပြောင်းပေးပါတယ်။

ပြီးတော့ နေကောင်းသွားပြီဆိုတဲ့ အကြောင်းပြန်ပြောပြပါတယ်

ရန်ကုန်ဆေးရုံကြီးက ဗိုက်ခွဲလူနာ ဆန်ပြုတ်စားချင်တယ်ဆိုလို့ ဆန်ပြုတ်ပို့ပေးပါတယ် မီဒီယာမှာရေးသလို အဆင်မပြေတာမဟုတ်ပါ သူတို့အားလုံး အဆင်ပြေတယ် ပြောပါတယ်

နေ့စဉ် ရီပို့ တွေကြည့်ပြီး ဆရာဝန်တွေဆေးပေးတယ် ကိုယ်ခံစားတာပြောပြီးလိုအပ်တဲ့ဆေးတွေတောင်းလို့ရပါတယ် ၁၆-၉-၂၀၂၀ နေ့ကဘဲ အမျိုးသမီးလူနာ ၃ ယောက်အဆောင်ပြောင်းဘို့လာခေါ်သွားပါတယ်

ရာမညဆောင်မှာတော့ အရေးပေါ်ပြုစုဘို့မရှိပါ လိုအပ်ရင်ပြည့်စုံတဲ့ အဆောင်ကိုရွှေ့ပါတယ် အနောက်ပိုင်းခရိုင် ဆေးရုံကြီးမှာတော့ လိုအပ်ချက် အနည်းငယ်ရှိပါတယ် နောက်မှရေးပါအုန်းမယ်။

Soe Min