ေဆး႐ုံ(၄)႐ုံမွာ ေစာင့္ၾကည့္လူနာေတြထားႏိုင္ဖို႔ ေငြက်ပ္သိန္း(၈၀၀) လႉခဲ့တဲ့ ခ်စ္သုေဝ
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
ခ်စ္သုေဝကေတာ့ Covid ေစာင့္ၾကည့္လူနာေတြ ထားႏိုင္ဖို႔ ေဆး႐ုံ(၄) ႐ုံမွာ
သိန္း(၂၀၀)တန္ဖိုးရွိ Tent ေတြ လႉဒါန္းသြားမယ္လို႔ ဆိုပါတယ္။
ခ်စ္သုေဝကေတာ့ ေခတ္သစ္ေဖာင္ေဒးရွင္းကေန တဆင့္ Covid ကာလအတြင္း အလႉအတန္းေတြ လုပ္ေနတာကို ေတြ႕ရပါတယ္။
ေဖာင္ေဒးရွင္း အေနနဲ႔ အထိေရာက္ဆုံး အလႉတစ္ခုျဖစ္ဖို႔ကိုလည္း ႀကိဳးစားေနတယ္လို႔ ဆိုပါတယ္။
” COVID ဒုတိယလႈိင္းမွာေခတ္သစ္ ေဖာင္ေဒးရွင္းအေနနဲ႔ အထိေရာက္ဆုံးလႉႏိုင္ဖို႔ ေဆးတကၠသိုလ္ 1 ပါေမာကၡ ေဒါက္တာ ေဇာ္ေဝစိုး ပါေမာကၡေဒါက္တာျမင့္ျမင့္ၿငိမ္း တို႔နဲ႔တိုင္ပင္အႀကံ ဉာဏ္ရယူခဲ့ပါတယ္။
မ်ားျပားလာတဲ့ Case ေတြအတြက္ အစိုးရေဆး႐ုံေတြရဲ႕ဝန္ကို တစ္ဖက္တစ္လမ္းမွ ကူညီႏိုင္ဖို႔ ယာယီ Tent (4) လုံး ( ေရ၊ မီး၊ airconနဲ႔တကြ light partition နဲ႔ တစ္လုံးလွ်င္ လူနာ 30 ဆံတဲ့ tentေတြပါ) လႉဒါန္းဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ ဖ်ားနာ၊ ေခ်ာင္းဆိုး၊ အနံေပ်ာက္ COVID-19 သံသယရွိေစာင့္ၾကည့္
လူနာေတြ (PUI) ကို swab ယူရပါတယ္။ ဒီအခ်ိန္တြင္းမွာ ေစာင့္ၾကည့္လူနာေတြကိုထားရမယ့္ေနရာပါ”ဆိုၿပီးေတာ့ စက္တင္ဘာလ(၁၅) ရက္ေန႔ ည (၈) နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့တာ ျဖစ္ပါတယ္။
Covid ေစာင့္ၾကည့္လူနာမ်ား ထားလို႔ရမယ့္ ေဆး႐ုံ(၄) ႐ုံစာအတြက္ Tent (၄) လုံးအျပင္၊ ငွားရမ္းခ(၂)လစာအတြက္ ကိုပါ ေငြက်ပ္သိန္း(၈၀၀) လႉဒါန္းသြားမယ္လို႔ ခ်စ္သုေဝက ဆိုပါတယ္။
“လူနာမ်ားထားႏိုင္ေသာ ေဆး႐ုံ (၄) ႐ုံအတြက္ Tent (၄) လုံး ငွားရမ္းခမွာ (၂) လတာအတြက္ သိန္း (၈၀၀) က်ပ္က်သင့္မွာျဖစ္ပါတယ္။ က်သင့္သည့္ သိန္း (၈၀၀) က်ပ္အား ေခတ္သစ္ေဖာင္ေဒးရွင္းမွ ေစတနာရွင္မ်ားနဲ႔ပူးေပါင္းကာ လႉဒါန္းသြားပါ့မယ္။
ရန္ကုန္ေဆး႐ုံႀကီးဝန္းအတြင္းမွာ တည္ေဆာက္ေနတဲ့ ေစာင့္ၾကည့္လူနာမ်ားထားရန္ Tent တစ္လုံးစာ သိန္း (၂၀၀) က်ပ္အား ကနဦးအလႉအျဖစ္ ရန္ကုန္ေဆး႐ုံအုပ္ႀကီးအား လႉဒါန္းခဲ့ပါတယ္။
ထပ္မံၿပီး လိုအပ္ေနေသာ Tent မ်ားအား ဆက္လက္ေဆာက္လုပ္လႉဒါန္းသြားမည္ျဖစ္ပါသျဖင့္ ေခတ္သစ္ေဖာင္ေဒးရွင္သို႔ နည္းမ်ားမဆိုပါဝင္လႉဒါန္းႏိုင္ပါတယ္”လို႔လည္း ဆက္လက္ ေျပာျပထားပါေသးတယ္။
သမီးေလး ႏွစ္ေယာက္နာမည္နဲ႔ ” ေခတ္သစ္ေဖာင္ေဒးရွင္း” ကိုလည္း ထူေထာင္ထားကာ ေမြးရာပါ ႏွလုံးေရာဂါပါရွိတဲ့ ကေလးငယ္ေတြကို အဓိကထား ခြဲစိတ္ကုသစာရိတ္ေထာက္ပံ့ေပးေနသလို ကေလးေတြရဲ႕ ပညာေရးအတြက္ပါ ေဆာင္႐ြက္ေပးေနတာ ေတြ႕ရပါတယ္။
Credit
Unicode
ချစ်သုဝေကတော့ Covid စောင့်ကြည့်လူနာတွေ ထားနိုင်ဖို့ ဆေးရုံ(၄) ရုံမှာ သိန်း(၂၀၀)တန်ဖိုးရှိ Tent တွေ လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
ချစ်သုဝေကတော့ ခေတ်သစ်ဖောင်ဒေးရှင်းကနေ တဆင့် Covid ကာလအတွင်း အလှူအတန်းတွေ လုပ်နေတာကို တွေ့ရပါတယ်။
ဖောင်ဒေးရှင်း အနေနဲ့ အထိရောက်ဆုံး အလှူတစ်ခုဖြစ်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။
” COVID ဒုတိယလှိုင်းမှာခေတ်သစ် ဖောင်ဒေးရှင်းအနေနဲ့ အထိရောက်ဆုံးလှူနိုင်ဖို့ ဆေးတက္ကသိုလ် 1 ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုး ပါမောက္ခဒေါက်တာမြင့်မြင့်ငြိမ်း တို့နဲ့တိုင်ပင်အကြံ ဉာဏ်ရယူခဲ့ပါတယ်။
များပြားလာတဲ့ Case တွေအတွက် အစိုးရဆေးရုံတွေရဲ့ဝန်ကို တစ်ဖက်တစ်လမ်းမှ ကူညီနိုင်ဖို့ ယာယီ Tent (4) လုံး ( ရေ၊ မီး၊ airconနဲ့တကွ light partition နဲ့ တစ်လုံးလျှင် လူနာ 30 ဆံတဲ့ tentတွေပါ) လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဖျားနာ၊ ချောင်းဆိုး၊ အနံပျောက် COVID-19 သံသယရှိစောင့်ကြည့်
လူနာတွေ (PUI) ကို swab ယူရပါတယ်။ ဒီအချိန်တွင်းမှာ စောင့်ကြည့်လူနာတွေကိုထားရမယ့်နေရာပါ”ဆိုပြီးတော့ စက်တင်ဘာလ(၁၅) ရက်နေ့ ည (၈) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။
Covid စောင့်ကြည့်လူနာများ ထားလို့ရမယ့် ဆေးရုံ(၄) ရုံစာအတွက် Tent (၄) လုံးအပြင်၊ ငှားရမ်းခ(၂)လစာအတွက် ကိုပါ ငွေကျပ်သိန်း(၈၀၀) လှူဒါန်းသွားမယ်လို့ ချစ်သုဝေက ဆိုပါတယ်။
“လူနာများထားနိုင်သော ဆေးရုံ (၄) ရုံအတွက် Tent (၄) လုံး ငှားရမ်းခမှာ (၂) လတာအတွက် သိန်း (၈၀၀) ကျပ်ကျသင့်မှာဖြစ်ပါတယ်။ ကျသင့်သည့် သိန်း (၈၀၀) ကျပ်အား ခေတ်သစ်ဖောင်ဒေးရှင်းမှ စေတနာရှင်များနဲ့ပူးပေါင်းကာ လှူဒါန်းသွားပါ့မယ်။
ရန်ကုန်ဆေးရုံကြီးဝန်းအတွင်းမှာ တည်ဆောက်နေတဲ့ စောင့်ကြည့်လူနာများထားရန် Tent တစ်လုံးစာ သိန်း (၂၀၀) ကျပ်အား ကနဦးအလှူအဖြစ် ရန်ကုန်ဆေးရုံအုပ်ကြီးအား လှူဒါန်းခဲ့ပါတယ်။
ထပ်မံပြီး လိုအပ်နေသော Tent များအား ဆက်လက်ဆောက်လုပ်လှူဒါန်းသွားမည်ဖြစ်ပါသဖြင့် ခေတ်သစ်ဖောင်ဒေးရှင်သို့ နည်းများမဆိုပါဝင်လှူဒါန်းနိုင်ပါတယ်”လို့လည်း ဆက်လက် ပြောပြထားပါသေးတယ်။
သမီးလေး နှစ်ယောက်နာမည်နဲ့ ” ခေတ်သစ်ဖောင်ဒေးရှင်း” ကိုလည်း ထူထောင်ထားကာ မွေးရာပါ နှလုံးရောဂါပါရှိတဲ့ ကလေးငယ်တွေကို အဓိကထား ခွဲစိတ်ကုသစာရိတ်ထောက်ပံ့ပေးနေသလို ကလေးတွေရဲ့ ပညာရေးအတွက်ပါ ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။
Credit