သတိျပဳရမည့္ ႏို(လ္)အပူပိုင္း မုန္တိုင္းအႏၲရာယ္ႏွင့္ျမန္မာႏိုင္ငံမွ ၿမိဳ႕ႀကီးမ်ား

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

အပူပိုင္းမုန္တိုင္း“ႏို(လ္)”(NOUL)အေျခအေနနဲ႔ပတ္သက္ၿပီး မိုးေလဝသနဲ႔ဇလေဗဒက တိုင္းထြာခ်က္မ်ားအရ ေတာင္တ႐ုတ္ပင္လယ္ျပင္ တြင္ ျဖစ္ေပၚေနေသာ

အပူပိုင္းမုန္တိုင္း”ႏို(လ္)”(NOUL)သည္ ဗီယက္နမ္ႏိုင္ငံ၊ ဒါနန္းၿမိဳ႕(Danang) ၏ အေရွ႕ေတာင္ဘက္ မိုင္(၈၀)ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနတယ္လို႔ သိရပါတယ္။

အဆိုပါ အပူပိုင္း မုန္တိုင္း”ႏို(လ္)”(NOUL)သည္ အေနာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားၿပီး၊ ေန႔လယ္ပိုင္း တြင္ ဗီယက္နမ္ႏိုင္ငံ၊ ဒါနန္းၿမိဳ႕(Danang)အနီးမွ ျဖတ္ေက်ာ္ဝင္ေရာက္ႏိုင္ကာ

ကုန္းတြင္းသို႔ ဝင္ေရာက္ၿပီးေနာက္ တစ္ျဖည္းျဖည္းအားေလ်ာ့သြား ကာ အေနာက္-အေနာက္ေျမာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားၿပီး ၁၉ရက္ေန႔မွာ ျမန္မာႏိုင္ငံအေရွ႕ေတာင္ပိုင္းေဒသမ်ားသို႔ ေလေပြလႈိင္းအျဖစ္ ေရာက္ရွိႏိုင္မယ္လို႔ မိုးဇလက ခန႔္မွန္းထားပါတယ္။

အပူပိုင္းမုန္တိုင္း”ႏို(လ္)”(NOUL)ရဲ႕ အရွိန္ေၾကာင့္ ယခုလ ၁၈ရက္ေန႔မွ စတင္ကာ ၂၂ရက္ေန႔အရက္ေန႔အထိ ေနျပည္ေတာ္၊ မႏၲေလးတိုင္းေဒသႀကီး၊

မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္(ေတာင္ ပိုင္း)၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္၊

ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ေဒသအလိုက္မိုးႀကီးျခင္းနဲ႔ ေနရာကြက္၍ မိုးႀကီးျခင္းမ်ား ျဖစ္ေပၚႏိုင္တယ္လို႔ သိရပါတယ္။

မုန္တိုင္းရဲ႕အရွိန္ေၾကာင့္ မိုးသည္းထန္စြာထစ္ခ်ဳန္း ႐ြာသြန္း ျခင္းနဲ႔အတူ ေလျပင္းတိုက္ခတ္ျခင္း၊ လွ်ပ္တစ္ျပက္ေရႀကီးျခင္း၊ ေျမၿပိဳျခင္းမ်ား ျဖစ္ေပၚႏိုင္တဲ့အတြက္

ကုန္းျမင့္ေဒသအနီးတြင္ ေနထိုင္သူမ်ားအေနနဲ႔ ေျမၿပိဳမႈအႏၲရာယ္ကိုလည္းေကာင္း၊ ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ားအနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေရႀကီး၊ ေရလွ်ံမႈမ်ား ျဖစ္ေပၚႏိုင္ ေသာေၾကာင့္ ႀကိဳတင္သတိျပဳေနထိုင္ၾကဖို႔ မိုးဇလအႀကံျပဳထားပါတယ္။

အဲဒီရက္ပိုင္းအတြင္းမွာ လွ်ပ္တျပတ္ေရႀကီးမႈေတြေၾကာင့္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးနဲ႔ ဆည္ေျမာင္းဝန္ႀကီးဌာန လက္ေအာက္မွာရွိတဲ့ သက္ဆိုင္ရာေဒသေတြက

အေဆာက္အဦ၊ စက္ယႏၲရား၊ တာတမံတို႔နဲ႔ ဆက္စပ္တာေတြ ထိခိုက္ပ်က္စီးမႈ မရွိေစဖို႔ ေဘးအႏၲရာယ္ႀကိဳတင္စီမံခ်က္ေတြအညီ အထူးအေလးထားေဆာင္႐ြက္ဖို႔ လိုအပ္ပါတယ္။

လက္ရွိတြင္ မႏၲေလးတိုင္းေဒသႀကီးနဲ႔ကခ်င္ျပည္နယ္တြင္ ေနရာကြက္၍မိုးႀကီးေနၿပီး ၿမိဳ႕နယ္အခ်ိဳ႕မွာ ေရေဘးႀကဳံေတြ႕ေနရပါတယ္။ ႏိုလ္မုန္တိုင္းအ ရွိန္ေၾကာင့္ ေဒသအမ်ားအျပား မိုးသည္းထန္စြာ ႐ြာသြန္းပါက ေရေဘးအႏၲရာယ္ ႀကိဳတင္သတိ ျပဳရန္ လိုအပ္ေနတာျဖစ္ပါတယ္။

ဒါ့အျပင္ေရလႊမ္းမိုးမႈသည္မိုးရာသီတြင္အမ်ားဆုံးျဖစ္ပြားေလ့ရွိၿပီးဇြန္လမွေအာက္တိုဘာလအတြင္း ေရ လႊမ္းမႈ ဒဏ္အားႀကဳံေတြ႕ရႏိုင္ၿပီ

းဩဂုတ္လတြင္မုတ္သုံမိုးအမ်ားဆုံး႐ြာေသာအခ်ိန္ျဖစ္၍ေရလႊမ္းမိုးမႈအျဖစ္မ်ားဆုံးအ ခ်ိန္ရာသီလည္းျဖစ္ေၾကာင္းမိုးေလဝသနဲ႔ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ သိရပါတယ္။

သဘာဝေဘးေၾကာင့္ ကယ္ဆယ္ေရးစခန္းမ်ားမွာ ယာယီေျပာင္းေ႐ႊ႕ေနထိုင္ၾကရတဲ့အခါ COVID – 19 စည္းကမ္းေတြကို မျဖစ္မေန လိုက္နာၾကဖို႔ လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက အထူး သတိေပး ေျပာၾကားလိုက္ပါတယ္။

“COVID – 19 ကပ္ေရာဂါရဲ႕ ကူးစက္ျပန႔္ႏွံ႔မႈကို ကာကြယ္၊ ထိန္းခ်ဳပ္ ၊ ရင္ဆိုင္ ေက်ာ္လႊားေနခ်ိန္၊ ၂၀၂၀ ႏိုဝင္ဘာလ၊ ေ႐ြးေကာက္ပြဲေအာင္ျမင္စြာ က်င္းပႏိုင္ေရး ေဆာင္႐ြက္ရာမွာ

COVID – 19 စည္းကမ္းခ်က္မ်ားနဲ႔အတူ ျပည္သူမ်ားရဲ႕ က်န္းမာေရးကို အေလးထားရခ်ိန္မွာ တားဆီးလို႔မရတဲ့ သဘာဝေဘးကိုလည္း သတိမျပဳလို႔ မရပါဘူး။”လို႔ ေဒါက္တာဝင္းျမတ္ေအးက ေျပာပါတယ္။

သဘာဝေဘးေၾကာင့္ ကယ္ဆယ္ေရးစခန္းမ်ားမွာ ယာယီေျပာင္းေ႐ႊ႕ ေနထိုင္ၾကရတဲ့အခါ COVID – 19 စည္းကမ္းမ်ားကို မျဖစ္မေန လိုက္နာၾကဖို႔ အထူး သတိေပးလိုေၾကာင္း၊

ျပည္သူမ်ားအေနနဲ႔ မိုးေလဝသ သတင္းမ်ားကို ဂ႐ုျပဳနားေထာင္ဖို႔လိုအပ္ၿပီး သက္ဆိုင္ရာ ေဒသအလိုက္ သဘာဝေဘး အႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈအဖြဲ႕ တာဝန္ရွိသူမ်ားရဲ႕

အႀကံေပးခ်က္၊ ၫႊန္ၾကားခ်က္မ်ားကို လိုက္နာ ပါဝင္ ေဆာင္႐ြက္ေပးၾကဖို႔ကိုလည္း တိုက္တြန္းလိုေၾကာင္း ေျပာၾကားထားပါတယ္။

မႏၲေလးတိုင္းေဒသႀကီး မိုးကုတ္ၿမိဳ႕နယ္မွာ မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေျမၿပိဳမႈျဖစ္ပြားခဲ့တာေၾကာင့္ လူ ေလးဦးေသဆုံးမႈျဖစ္ေပၚခဲ့ပါတယ္။

မႏွစ္ကလည္း မိုးမ်ားၿပီး ေရႀကီးေရလွ်ံကာ ေျမၿပိဳမႈေတြ ျဖစ္ပြားခဲ့မႈေၾကာင့္ လူေသဆုံးမႈေတြ ရွိခဲ့ပါတယ္။

မြန္ျပည္နယ္ဟာ ေရႀကီးမႈေၾကာင့္ လူေသဆုံးမႈ အမ်ားဆုံး ရင္ဆိုင္ခဲ့ရတဲ့ ျပည္နယ္တစ္ခုျဖစ္ၿပီး လူေပါင္းရာနဲ႔ခ်ီေသဆုံးခဲ့ရတာ ျဖစ္ပါတယ္။

ဒါ့ေၾကာင့္အခုလို မုတ္သုံကာလေတြမွာ ေရႀကီးကာေျမၿပိဳမႈအႏၲရာယ္ကို အထူးဂ႐ုျပဳရမွာျဖစ္ပါတယ္။

Photo Crd-Myanmar fire Services Department

Unicode

အပူပိုင်းမုန်တိုင်း“နို(လ်)”(NOUL)အခြေအနေနဲ့ပတ်သက်ပြီး မိုးလေဝသနဲ့ဇလဗေဒက တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင် တွင် ဖြစ်ပေါ်နေသော

အပူပိုင်းမုန်တိုင်း”နို(လ်)”(NOUL)သည် ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့(Danang) ၏ အရှေ့တောင်ဘက် မိုင်(၈၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ သိရပါတယ်။

အဆိုပါ အပူပိုင်း မုန်တိုင်း”နို(လ်)”(NOUL)သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ နေ့လယ်ပိုင်း တွင် ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့(Danang)အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကာ

ကုန်းတွင်းသို့ ဝင်ရောက်ပြီးနောက် တစ်ဖြည်းဖြည်းအားလျော့သွား ကာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ၁၉ရက်နေ့မှာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသများသို့ လေပွေလှိုင်းအဖြစ် ရောက်ရှိနိုင်မယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

အပူပိုင်းမုန်တိုင်း”နို(လ်)”(NOUL)ရဲ့ အရှိန်ကြောင့် ယခုလ ၁၈ရက်နေ့မှ စတင်ကာ ၂၂ရက်နေ့အရက်နေ့အထိ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊

မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင် ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးခြင်းနဲ့ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

မုန်တိုင်းရဲ့အရှိန်ကြောင့် မိုးသည်းထန်စွာထစ်ချုန်း ရွာသွန်း ခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်တဲ့အတွက်

ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေနဲ့ မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင် သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလအကြံပြုထားပါတယ်။

အဲဒီရက်ပိုင်းအတွင်းမှာ လျှပ်တပြတ်ရေကြီးမှုတွေကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ သက်ဆိုင်ရာဒေသတွေက

အဆောက်အဦ၊ စက်ယန္တရား၊ တာတမံတို့နဲ့ ဆက်စပ်တာတွေ ထိခိုက်ပျက်စီးမှု မရှိစေဖို့ ဘေးအန္တရာယ်ကြိုတင်စီမံချက်တွေအညီ အထူးအလေးထားဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တွင် နေရာကွက်၍မိုးကြီးနေပြီး မြို့နယ်အချို့မှာ ရေဘေးကြုံတွေ့နေရပါတယ်။ နိုလ်မုန်တိုင်းအ ရှိန်ကြောင့် ဒေသအများအပြား မိုးသည်းထန်စွာ ရွာသွန်းပါက ရေဘေးအန္တရာယ် ကြိုတင်သတိ ပြုရန် လိုအပ်နေတာဖြစ်ပါတယ်။

ဒါ့အပြင်ရေလွှမ်းမိုးမှုသည်မိုးရာသီတွင်အများဆုံးဖြစ်ပွားလေ့ရှိပြီးဇွန်လမှအောက်တိုဘာလအတွင်း ရေ လွှမ်းမှု ဒဏ်အားကြုံတွေ့ရနိုင်ပြီ

းဩဂုတ်လတွင်မုတ်သုံမိုးအများဆုံးရွာသောအချိန်ဖြစ်၍ရေလွှမ်းမိုးမှုအဖြစ်များဆုံးအ ချိန်ရာသီလည်းဖြစ်ကြောင်းမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

သဘာဝဘေးကြောင့် ကယ်ဆယ်ရေးစခန်းများမှာ ယာယီပြောင်းရွှေ့နေထိုင်ကြရတဲ့အခါ COVID – 19 စည်းကမ်းတွေကို မဖြစ်မနေ လိုက်နာကြဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အထူး သတိပေး ပြောကြားလိုက်ပါတယ်။

“COVID – 19 ကပ်ရောဂါရဲ့ ကူးစက်ပြန့်နှံ့မှုကို ကာကွယ်၊ ထိန်းချုပ် ၊ ရင်ဆိုင် ကျော်လွှားနေချိန်၊ ၂၀၂၀ နိုဝင်ဘာလ၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ရာမှာ

COVID – 19 စည်းကမ်းချက်များနဲ့အတူ ပြည်သူများရဲ့ ကျန်းမာရေးကို အလေးထားရချိန်မှာ တားဆီးလို့မရတဲ့ သဘာဝဘေးကိုလည်း သတိမပြုလို့ မရပါဘူး။”လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

သဘာဝဘေးကြောင့် ကယ်ဆယ်ရေးစခန်းများမှာ ယာယီပြောင်းရွှေ့ နေထိုင်ကြရတဲ့အခါ COVID – 19 စည်းကမ်းများကို မဖြစ်မနေ လိုက်နာကြဖို့ အထူး သတိပေးလိုကြောင်း၊

ပြည်သူများအနေနဲ့ မိုးလေဝသ သတင်းများကို ဂရုပြုနားထောင်ဖို့လိုအပ်ပြီး သက်ဆိုင်ရာ ဒေသအလိုက် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ တာဝန်ရှိသူများရဲ့

အကြံပေးချက်၊ ညွှန်ကြားချက်များကို လိုက်နာ ပါဝင် ဆောင်ရွက်ပေးကြဖို့ကိုလည်း တိုက်တွန်းလိုကြောင်း ပြောကြားထားပါတယ်။

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားခဲ့တာကြောင့် လူ လေးဦးသေဆုံးမှုဖြစ်ပေါ်ခဲ့ပါတယ်။

မနှစ်ကလည်း မိုးများပြီး ရေကြီးရေလျှံကာ မြေပြိုမှုတွေ ဖြစ်ပွားခဲ့မှုကြောင့် လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။

မွန်ပြည်နယ်ဟာ ရေကြီးမှုကြောင့် လူသေဆုံးမှု အများဆုံး ရင်ဆိုင်ခဲ့ရတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး လူပေါင်းရာနဲ့ချီသေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့ကြောင့်အခုလို မုတ်သုံကာလတွေမှာ ရေကြီးကာမြေပြိုမှုအန္တရာယ်ကို အထူးဂရုပြုရမှာဖြစ်ပါတယ်။

Photo Crd-Myanmar fire Services Department