ေႁမြတစ္ေကာင္က မိမိကိုတစ္လအတြင္း ရွစ္ႀကိမ္ေပါက္သည္ဟုဆိုကာ ထိတ္လန႔္တုန္လႈပ္ေနေသာ လူငယ္ေလး
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
အိႏၵိယႏိုင္ငံ ဥတာပရာေဒ့ရွ္ျပည္ နယ္တြင္
ေနထိုင္သည့္
အသက္ ၁၇ ႏွစ္ အ႐ြယ္ လူငယ္ေလးက
၎ကို ေႁမြတစ္ေကာင္တည္းက
တစ္လတည္းအတြင္း
ရွစ္ႀကိမ္တိုင္တိုင္ ေပါက္သည္ဟုဆိုကာ
အႀကီးအက်ယ္ထိတ္လန႔္တုန္လႈပ္ေနသည္။
ထိုေႁမြက အဘယ္ေၾကာင့္ ထို လူငယ္ေလးကိုသာ ပစ္မွတ္ထားၿပီး ရန္မူေနရသနည္းဆိုသည္ကို မသိရေသးေပ။
မိမိသား၏အျဖစ္ကို သိလိုက္ၿပီးေနာက္ သားကို ေက်းလက္ေဆးခန္းရွိဆရာဝန္ ႏွင့္သြားျပကာ ကုသေပးခဲ့ေၾကာင္း၊
ေႁမြဖမ္းႏိုင္ရန္အတြက္ ေႁမြအလမၸာယ္ဆရာ မ်ားလည္း ေခၚၿပီး လုပ္ခဲ့ေသးေၾကာင္း
သို႔ ေသာ္လည္း မရေၾကာင္း ဖခင္ျဖစ္သူက ေျပာသည္။
သားျဖစ္သူ သုံးႀကိမ္ေျမာက္ ေႁမြေပါက္ခံရၿပီးေနာက္တြင္ မိသားစုက ၎င္းတို႔သားကို အနီးနား႐ြာရွိေဆြမ်ိဳးအိမ္ပို႔လိုက္သည္။
သို႔ေသာ္ ေႁမြက ထိုအိမ္အ ထိလိုက္ကာ လူငယ္ေလးကို ေပါက္ျပန္သည္။
ထို႔ေၾကာင့္ ေကာင္ေလးသည္ ေဆး႐ုံတက္ၿပီးကုရျပန္သည္။
ထိုလူငယ္ ေလးသည္ ၾသဂုတ္လ ၂၅ ရက္တြင္ ရွစ္ ႀကိမ္ေျမာက္အေပါက္ခံခဲ့ရသည္။
တစ္လ အတြင္း ရွစ္ႀကိမ္ဆက္တိုက္ ေႁမြေပါက္ခံ ရသျဖင့္ လူငယ္ေလးလည္း ထိတ္လန႔္ တုန္လႈပ္ေနၿပီျဖစ္ေၾကာင္းသိရသည္။
၎ကို ေပါက္သည့္ေႁမြသည္ တစ္ေကာင္ တည္းျဖစ္ေၾကာင္း လူငယ္ေလး မည္သို႔ သိသနည္းဆိုသည္ကို သတင္းတြင္ ထည့္ေဖာ္ျပမထားေပ။
အႀကိမ္ႀကိမ္ ေႁမြေပါက္ခံရေသာ္လည္း လူငယ္ေလး မေသသည္ကို ၾကည့္လွ်င္ ေပါက္သည့္ေႁမြသည္ အဆိပ္ ရွိသည့္ ေႁမြမဟုတ္ဟု ယူဆရသည္။
source : Pyi Myanmar
Unicode
အိန္ဒိယနိုင်ငံ ဥတာပရာဒေ့ရှ်ပြည် နယ်တွင် နေထိုင်သည့် အသက် ၁၇ နှစ် အရွယ် လူငယ်လေးက ၎င်းကို မြွေတစ်ကောင်တည်းက တစ်လတည်းအတွင်း ရှစ်ကြိမ်တိုင်တိုင် ပေါက်သည်ဟုဆိုကာ အကြီးအကျယ်ထိတ်လန့်တုန်လှုပ်နေသည်။
ထိုမြွေက အဘယ်ကြောင့် ထို လူငယ်လေးကိုသာ ပစ်မှတ်ထားပြီး ရန်မူနေရသနည်းဆိုသည်ကို မသိရသေးပေ။
မိမိသား၏အဖြစ်ကို သိလိုက်ပြီးနောက် သားကို ကျေးလက်ဆေးခန်းရှိဆရာဝန် နှင့်သွားပြကာ ကုသပေးခဲ့ကြောင်း၊ မြွေဖမ်းနိုင်ရန်အတွက် မြွေအလမ္ပာယ်ဆရာ များလည်း ခေါ်ပြီး လုပ်ခဲ့သေးကြောင်း သို့ သော်လည်း မရကြောင်း ဖခင်ဖြစ်သူက ပြောသည်။
သားဖြစ်သူ သုံးကြိမ်မြောက် မြွေပေါက်ခံရပြီးနောက်တွင် မိသားစုက ၎င်းင်းတို့သားကို အနီးနားရွာရှိဆွေမျိုးအိမ်ပို့လိုက်သည်။
သို့သော် မြွေက ထိုအိမ်အ ထိလိုက်ကာ လူငယ်လေးကို ပေါက်ပြန်သည်။ ထို့ကြောင့် ကောင်လေးသည် ဆေးရုံတက်ပြီးကုရပြန်သည်။
ထိုလူငယ် လေးသည် သြဂုတ်လ ၂၅ ရက်တွင် ရှစ် ကြိမ်မြောက်အပေါက်ခံခဲ့ရသည်။ တစ်လ အတွင်း ရှစ်ကြိမ်ဆက်တိုက် မြွေပေါက်ခံ ရသဖြင့် လူငယ်လေးလည်း ထိတ်လန့် တုန်လှုပ်နေပြီဖြစ်ကြောင်းသိရသည်။
၎င်းကို ပေါက်သည့်မြွေသည် တစ်ကောင် တည်းဖြစ်ကြောင်း လူငယ်လေး မည်သို့ သိသနည်းဆိုသည်ကို သတင်းတွင် ထည့်ဖော်ပြမထားပေ။
အကြိမ်ကြိမ် မြွေပေါက်ခံရသော်လည်း လူငယ်လေး မသေသည်ကို ကြည့်လျှင် ပေါက်သည့်မြွေသည် အဆိပ် ရှိသည့် မြွေမဟုတ်ဟု ယူဆရသည်။
source : Pyi Myanmar