ရန္ကုန္မွ ရခိုင္သို႔ လူနာတင္ယာဥ္အသုံးျပဳကာ ခရီးသည္ ခိုးပို႔ေနေသာကားအား ဖမ္းဆီး

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ရန္ကုန္မွ သံတြဲၿမိဳ႕သို႔ လူနာတင္ကားျဖင့္ခရီးသည္ပို႔ေဆာင္မႈကို ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သံတြဲၿမိဳ႕မစခန္းမႉး ဒုရဲမႉးရဲမင္းစိုးက ေျပာသည္။

စက္တင္ဘာ ၂၃ ရက္က သံတြဲၿမိဳ႕ ပူးေပါင္းစစ္ေဆးေရးဂိတ္၌ ေဇယ်မဂၢင္အသင္းတံဆိပ္ပါ ေမာ္ေတာ္ယာဥ္ကို တားဆီးစစ္ေဆးစဥ္ လူအမ်ားအျပားပါရွိသျဖင့္

မသကၤာ၍ စစ္ေဆးရာ အခေၾကးေငြယူ၍ သယ္ေဆာင္မႈကို ေဖာ္ထုတ္ႏိုင္ခဲ့ျခင္းျဖစ္သည္ဟု ၎က ဆိုသည္။

“သူတို႔က ရန္ကုန္ လသာၿမိဳ႕နယ္ကေနလာတာ။

ခရီးသည္ ငါးေယာက္။

ယာဥ္ေမာင္း ယာဥ္ေနာက္လိုက္ တစ္ေယာက္”ဟု ဒုရဲမႉး ရဲမင္းစိုးက ေျပာသည္။

ခရီးသည္တစ္ဦးလွ်င္ က်ပ္ ၇၀,၀၀၀ စင္းလုံးငွား သုံးသိန္းခြဲျဖင့္ ရန္ကုန္မွ သံတြဲၿမိဳ႕သို႔ ပို႔ေဆာင္ျခင္းျဖစ္ ေၾကာင္းထြက္ဆိုထားၿပီး

၎တို႔ကို ေဘးစီမံဥပေဒျဖင့္ အမႈဖြင့္ရန္ေဆာင္႐ြက္ေနသည္ဟု ၎က ရွင္းျပသည္။

“ဥဇင္းတို႔ မေန႔က သိသေလာက္က ခိုးဝင္လာတာလို႔ပဲသိရတာ။

အေၾကာင္းဆုံးစုံစမ္းသိရေတာ့ သူတို႔က ငပလီေဈး ေတာေဒသခံေတြ။

ရန္ကုန္မွာ လုပ္ကိုင္စားဖို႔ အခက္အခဲျဖစ္ေနေတာ့ ျပန္ဆင္းလာၾကတာ။

ေနာက္ၿပီး ေက်း႐ြာအုပ္ခ်ဳပ္ေရးအဖြဲ႕ေတြကိုအေၾကာင္းၾကားထားတယ္လို႔ သိရတယ္။ ခ်ိတ္ဆက္မႈအား နည္းသြားေတာ့ အေရးယူခံရမယ္လို႔ ၾကားေနရတယ္”ဟု

စစ္ေဆးမႈျဖစ္စဥ္အနီးတြင္ ရွိခဲ့သည့္ သိမ္ကုန္း ဆရာေတာ္ ဥဴးေတဇိန္ဒက မိန႔္သည္။

လက္ရွိတြင္ အဆိုပါခုႏွစ္ဦးကို ငပလီစာသင္ေက်ာင္း၌ အသြားအလာကန႔္သတ္မႈေဆာက္႐ြက္ထားၿပီး သတ္မွတ္ရက္ျပည့္ပါက ႐ုံးတင္စစ္ေဆးသြားမည္ဟု ဒုရဲမႉးရဲမင္းစိုးက ေျပာသည္။

ယခုျဖစ္စဥ္ကို နမႈနာယူ၍ COVID-19ကူးစက္ျပန႔္ပြားမႈ ထိန္းခ်ဳပ္ေရးအတြက္ အစိုးရ၏ အမိန႔္ၫႊန္ၾကားခ်က္ မ်ားကို လိုက္နာရန္လိုအပ္ၿပီး

ပူးေပါင္းေဆာင္႐ြက္မႈမရွိပါက အေရးယူမႈျဖစ္စဥ္မ်ားရွိလာမည္ဟု ၎က သတိေပးသည္။

သိမ္ကုန္းဆရာေတာ္

Swelsone News

Unicode

ရန်ကုန်မှ သံတွဲမြို့သို့ လူနာတင်ကားဖြင့်ခရီးသည်ပို့ဆောင်မှုကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သံတွဲမြို့မစခန်းမှူး ဒုရဲမှူးရဲမင်းစိုးက ပြောသည်။

စက်တင်ဘာ ၂၃ ရက်က သံတွဲမြို့ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဇေယျမဂ္ဂင်အသင်းတံဆိပ်ပါ မော်တော်ယာဉ်ကို တားဆီးစစ်ဆေးစဉ် လူအများအပြားပါရှိသဖြင့်

မသင်္ကာ၍ စစ်ဆေးရာ အခကြေးငွေယူ၍ သယ်ဆောင်မှုကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“သူတို့က ရန်ကုန် လသာမြို့နယ်ကနေလာတာ။

ခရီးသည် ငါးယောက်။

ယာဉ်မောင်း ယာဉ်နောက်လိုက် တစ်ယောက်”ဟု ဒုရဲမှူး ရဲမင်းစိုးက ပြောသည်။

ခရီးသည်တစ်ဦးလျှင် ကျပ် ၇၀,၀၀၀ စင်းလုံးငှား သုံးသိန်းခွဲဖြင့် ရန်ကုန်မှ သံတွဲမြို့သို့ ပို့ဆောင်ခြင်းဖြစ် ကြောင်းထွက်ဆိုထားပြီး

၎င်းတို့ကို ဘေးစီမံဥပဒေဖြင့် အမှုဖွင့်ရန်ဆောင်ရွက်နေသည်ဟု ၎င်းက ရှင်းပြသည်။

“ဥဇင်းတို့ မနေ့က သိသလောက်က ခိုးဝင်လာတာလို့ပဲသိရတာ။

အကြောင်းဆုံးစုံစမ်းသိရတော့ သူတို့က ငပလီဈေး တောဒေသခံတွေ။

ရန်ကုန်မှာ လုပ်ကိုင်စားဖို့ အခက်အခဲဖြစ်နေတော့ ပြန်ဆင်းလာကြတာ။

နောက်ပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကိုအကြောင်းကြားထားတယ်လို့ သိရတယ်။ ချိတ်ဆက်မှုအား နည်းသွားတော့ အရေးယူခံရမယ်လို့ ကြားနေရတယ်”ဟု

စစ်ဆေးမှုဖြစ်စဉ်အနီးတွင် ရှိခဲ့သည့် သိမ်ကုန်း ဆရာတော် ဥူးတေဇိန်ဒက မိန့်သည်။

လက်ရှိတွင် အဆိုပါခုနှစ်ဦးကို ငပလီစာသင်ကျောင်း၌ အသွားအလာကန့်သတ်မှုဆောက်ရွက်ထားပြီး သတ်မှတ်ရက်ပြည့်ပါက ရုံးတင်စစ်ဆေးသွားမည်ဟု ဒုရဲမှူးရဲမင်းစိုးက ပြောသည်။

ယခုဖြစ်စဉ်ကို နမှုနာယူ၍ COVID-19ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် အစိုးရ၏ အမိန့်ညွှန်ကြားချက် များကို လိုက်နာရန်လိုအပ်ပြီး

ပူးပေါင်းဆောင်ရွက်မှုမရှိပါက အရေးယူမှုဖြစ်စဉ်များရှိလာမည်ဟု ၎င်းက သတိပေးသည်။

သိမ်ကုန်းဆရာတော်

Swelsone News