မနက္အိပ္ယာႏိုးႏိုးခ်င္း ေရေသာက္ေပးျခင္းေၾကာင့္ ခံစားရရွိလာမယ့္ အက်ိဳးေက်းဇူးမ်ား

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

မနက္အိပ္ယာႏိုးႏိုးခ်င္း ေရေသာက္ေပးျခင္းေၾကာင့္ ခံစားရရွိလာမယ့္ အက်ိဳးေက်းဇူးမ်ား

မနက္မိုးလင္း အိပ္ယာကႏိုးႏိုးခ်င္း ဗိုက္ထဲအစာမရွိခ်ိန္မွာ

ေရႏွစ္ခြက္အဝေသာက္ေပးျခင္းျဖင့္

မေရမတြက္ႏိုင္တဲ့ ေရာဂါေတြ၊

ကင္ဆာေရာဂါေတြရဲ႕ ရန္မွ ကာကြယ္ေပးႏိုင္မွာျဖစ္သလို အျခားေသာ အက်ိဳးေက်းဇူးမ်ားကိုလည္း ခံစားရရွိေစႏိုင္ပါတယ္။

ေရအသက္ တစ္မနက္ဆိုတဲ့ ဆိုရိုးစကားအတိုင္းပဲ လူသားေတြခႏၶာကိုယ္အတြက္ မရွိမျဖစ္လိုအပ္တဲ့ ေရကို

မနက္ႏိုးတာနဲ႔ ေသာက္သံုးေပးသင့္တယ္ဆုိတာကို အခုေဖာ္ျပေပးမယ့္ အေၾကာင္းအရင္းေလးေတြဖတ္ရင္း နားလည္သေဘာေပါက္ႏိုင္ၾကပါေစ။

၁။ ေရဓာတ္ကုန္ခမ္းသြားတဲ့ခႏၶာကိုယ္ကို ေရဓာတ္ျပန္ျဖည့္ေပးျခင္း

Source: thoughtco.com

အခ်ိန္အၾကာႀကီး အိပ္စက္ၿပီးတဲ့ေနာက္မွာ ခႏၶာကိုယ္ဟာ သဘာဝအေလွ်ာက္ ေရဓာတ္ခမ္းေျခာက္သြားပါတယ္။

မအိပ္ခင္မွာ ဘယ္ေလာက္ပဲေရေသာက္ထားတယ္ပဲေျပာေျပာ

အိပ္ေနခ်ိန္မွာ ေသာက္ထားသမွ် ေရေတြကို အကုန္သံုးလိုက္ၿပီျဖစ္တာေၾကာင့္ ျပန္လည္ျဖည့္တင္းေပးဖို႔ လိုအပ္လာပါၿပီ။

ေရဓာတ္ျပန္လည္ျဖည့္တင္းေပးျခင္းျဖင့္ ခါတိုင္းရက္ေတြထက္ ပိုၿပီးလန္းဆန္းေနျခင္း၊

အားအင္ျပည့္ဝေနျခင္း၊ ပိုမိုက်န္းမာေပ်ာ္ရႊင္လာျခင္း စတဲ့ ေကာင္းက်ိဳးေတြကို ခံစားရရွိရမွာျဖစ္ပါတယ္။

၂။ အဆိပ္အေတာက္မ်ားဖယ္ရွားေပးျခင္း

Source: Medical News Today

ဆဲလ္ေတြကို အာဟာရျပန္လည္ျဖည့္တင္းၿပီးေနာက္

မနက္အိပ္ယာႏိုးလို့ ေရတန္းၿပီးေသာက္ျခင္းျဖင့္ ခႏၶာကိုယ္အတြင္းက မလိုလားအပ္တဲ့ အဆိပ္အေတာက္ေတြကို ဖယ္ရွားပစ္ရာေရာက္ပါတယ္။

ထိုမွတဆင့္ အသားအေရလည္း ပိုၿပီးၾကည္လင္လွပလာမွာျဖစ္ပါတယ္။

၃။ ဦးေႏွာက္ကို ေလာင္စာျဖည့္ေပးျခင္း

Source: The Water Cooler Company

ဦးေႏွာက္ဟာ ေရဓာတ္ ၇၅ ရာခိုင္ႏႈန္းနဲ႔ ဖြဲ႕စည္းထားတာျဖစ္တဲ့အတြက္ေၾကာင့္

မနက္ခင္းမွာ ေရလံုလံုေလာက္ေလာက္ေသာက္သံုးေပးပါက

တစ္ေန့တာလံုး ေတြးေခၚရတာထက္ျမက္ၿပီး ၾကည္လင္ျပတ္သားေနမွာျဖစ္ပါတယ္။

၄။ ဝမ္းခ်ဳပ္ျခင္း ကင္းေဝးကာ ဝမ္းမွန္ေစျခင္း

Source: That’s Life

ဝမ္းခ်ဳပ္ရတဲ့ အဓိကအေၾကာင္းအရင္းက ေရဓာတ္ခမ္းေျခာက္ျခင္းျဖစ္တဲ့အတြက္ေၾကာင့္ အိပ္ယာႏိုးခ်ိန္ ေရေသာက္သံုးျခင္းဟာ

ေရဓာတ္ခမ္းေျခာက္ျခင္းကို ကုသရံုသာမကဘဲ ေနာက္ဆက္တြဲျပႆနာ ဝမ္းခ်ဳပ္ျခင္းကိုလည္း သက္သာေစမွာျဖစ္ပါတယ္။

နာက်င္ဗိုက္ရစ္ျခင္းမရွိဘဲ ဝမ္းပံုမွန္သြားေစမွာျဖစ္လို့ ယံုယံုၾကည္ၾကည္နဲ႔ ေသာက္သံုးလိုက္ပါ။

Featured Image Source: Video Blocks

Unicode

မနက်အိပ်ယာနိုးနိုးချင်း ရေသောက်ပေးခြင်းကြောင့် ခံစားရရှိလာမယ့် အကျိုးကျေးဇူးများ

မနက်မိုးလင်း အိပ်ယာကနိုးနိုးချင်း ဗိုက်ထဲအစာမရှိချိန်မှာ ရေနှစ်ခွက်အဝသောက်ပေးခြင်းဖြင့် မရေမတွက်နိုင်တဲ့ ရောဂါတွေ၊

ကင်ဆာရောဂါတွေရဲ့ ရန်မှ ကာကွယ်ပေးနိုင်မှာဖြစ်သလို အခြားသော အကျိုးကျေးဇူးများကိုလည်း ခံစားရရှိစေနိုင်ပါတယ်။

ရေအသက် တစ်မနက်ဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲ လူသားတွေခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ရေကို

မနက်နိုးတာနဲ့ သောက်သုံးပေးသင့်တယ်ဆိုတာကို အခုဖော်ပြပေးမယ့် အကြောင်းအရင်းလေးတွေဖတ်ရင်း နားလည်သဘောပေါက်နိုင်ကြပါစေ။

၁။ ရေဓာတ်ကုန်ခမ်းသွားတဲ့ခန္ဓာကိုယ်ကို ရေဓာတ်ပြန်ဖြည့်ပေးခြင်း

Source: thoughtco.com

အချိန်အကြာကြီး အိပ်စက်ပြီးတဲ့နောက်မှာ ခန္ဓာကိုယ်ဟာ သဘာဝအလျှောက် ရေဓာတ်ခမ်းခြောက်သွားပါတယ်။

မအိပ်ခင်မှာ ဘယ်လောက်ပဲရေသောက်ထားတယ်ပဲပြောပြော

အိပ်နေချိန်မှာ သောက်ထားသမျှ ရေတွေကို အကုန်သုံးလိုက်ပြီဖြစ်တာကြောင့် ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်လာပါပြီ။

ရေဓာတ်ပြန်လည်ဖြည့်တင်းပေးခြင်းဖြင့် ခါတိုင်းရက်တွေထက် ပိုပြီးလန်းဆန်းနေခြင်း၊

အားအင်ပြည့်ဝနေခြင်း၊ ပိုမိုကျန်းမာပျော်ရွှင်လာခြင်း စတဲ့ ကောင်းကျိုးတွေကို ခံစားရရှိရမှာဖြစ်ပါတယ်။

၂။ အဆိပ်အတောက်များဖယ်ရှားပေးခြင်း

Source: Medical News Today

ဆဲလ်တွေကို အာဟာရပြန်လည်ဖြည့်တင်းပြီးနောက်

မနက်အိပ်ယာနိုးလို့ ရေတန်းပြီးသောက်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်းက မလိုလားအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပစ်ရာရောက်ပါတယ်။

ထိုမှတဆင့် အသားအရေလည်း ပိုပြီးကြည်လင်လှပလာမှာဖြစ်ပါတယ်။

၃။ ဦးနှောက်ကို လောင်စာဖြည့်ပေးခြင်း

Source: The Water Cooler Company

ဦးနှောက်ဟာ ရေဓာတ် ၇၅ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်ကြောင့်

မနက်ခင်းမှာ ရေလုံလုံလောက်လောက်သောက်သုံးပေးပါက

တစ်နေ့တာလုံး တွေးခေါ်ရတာထက်မြက်ပြီး ကြည်လင်ပြတ်သားနေမှာဖြစ်ပါတယ်။

၄။ ဝမ်းချုပ်ခြင်း ကင်းဝေးကာ ဝမ်းမှန်စေခြင်း

Source: That’s Life

ဝမ်းချုပ်ရတဲ့ အဓိကအကြောင်းအရင်းက ရေဓာတ်ခမ်းခြောက်ခြင်းဖြစ်တဲ့အတွက်ကြောင့် အိပ်ယာနိုးချိန် ရေသောက်သုံးခြင်းဟာ

ရေဓာတ်ခမ်းခြောက်ခြင်းကို ကုသရုံသာမကဘဲ နောက်ဆက်တွဲပြဿနာ ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေမှာဖြစ်ပါတယ်။

နာကျင်ဗိုက်ရစ်ခြင်းမရှိဘဲ ဝမ်းပုံမှန်သွားစေမှာဖြစ်လို့ ယုံယုံကြည်ကြည်နဲ့ သောက်သုံးလိုက်ပါ။

Featured Image Source: Video Blocks