မိမိရဲ႕ က်န္းမာေရးကို ေစာင့္ေရွာက္ဖို႔ အတြက္ မျဖစ္မေန သိထားသင့္တဲ့ အခ်က္ ( ၄ ) ခ်က္

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

က်န္းမာျခင္းသည္ လာဘ္တစ္ပါးလို႔ ဆိုၾကတဲ့ အတိုင္း က်န္းမာ ေနတယ္ဆိုတာ လုံးဝကို အဖိုးျဖတ္လို႔ မရႏိုင္တဲ့ လက္ေဆာင္ တစ္ခုပဲျဖစ္ပါတယ္ ။

အခုလို ခက္ခဲ ေနတဲ့ အခ်ိန္မွာဆိုရင္ က်န္းမာေရးက ဘယ္ေလာက္ အေရးပါသလဲဆို တာကို သိၾကမွာပဲျဖစ္ပါတယ္ ။

အရင္ကေတာ့ မသိလိုက္ မသိဘာသာ ေနထိုင္ခဲ့ၾကရာက အခုအခ်ိန္မွာေတာ့ က်န္းမာေရးက ဘယ္ေလာက္ အေရးပါတဲ့ အရာေတြ ဆိုတာသိလာခဲ့ၾကပါၿပီ ။

မိမိရဲ႕ က်န္းမာေရးကို ေစာင့္ေရွာက္ဖို႔ အတြက္ သိထားသင့္တဲ့ အခ်က္ ( ၄ ) ခ်က္ကို ေဖာ္ျပေပးလိုက္ ပါတယ္ ။

၁- မိမိရဲ႕ ေသြးအမ်ိဳးအစား

လူတိုင္း လူတိုင္းက မိမိ ေသြးရဲ႕ အမ်ိဳးအစားကို သိဖို႔ လိုအပ္လွပါတယ္ ။ မိမိရဲ႕ ေသြးအမ်ိဳးအစားက A၊ B၊ AB နဲ႔ Oလားဆိုတာေလာက္ သိထားသင့္ပါတယ္ ။

ဘာေၾကာင့္မိမိရဲ႕ ေသြးအမ်ိဳးအစားကိုသိထားဖို႔ လိုအပ္ေနသလဲ ဆိုေတာ့ ေသြးလႉခါနီး အခ်ိန္မွာပဲျဖစ္ျဖစ္ ၊

တကယ့္လို႔ ကိုယ္အေရးေပၚ ႀကဳံလို႔ ေသြးသြင္း ရခ်ိန္မွာျဖစ္ျဖစ္ မိမိရဲ႕ ေသြးအမ်ိဳးအစားက ဘာလဲဆိုတာကို သိထားသင့္ရင္ မျဖစ္သင့္တဲ့ အရာေတြ လုံးဝကို မျဖစ္လာေတာ့တာ အမွန္ပါပဲ ။

၂- မိသားစုရဲ႕ က်န္းမာေရးရာဇဝင္

ကိုယ္ ဆင္းသက္လာရာ မိသားစုရဲ႕ ေနာက္ခံ က်န္းမာေရးရာဇဝင္ကို သိထားသူ တစ္ေယာက္က အင္မတန္ ျပင္းထန္တဲ့ အေရးေပၚ နာမက်န္းျဖစ္ခ်ိန္ တို႔မွာ မိသားစု ရာဇဝင္မသိထားသူနဲ႔ ယွဥ္ရင္ ျမန္ျမန္ သက္သာ ေပ်ာက္ကင္းေစမွာပါ ။

ဘာေၾကာင့္လဲဆိုေတာ့ တခ်ိဳ႕ေရာဂါေတြက မ်ိဳး႐ိုးလိုက္တတ္တဲ့ ေရာဂါေတြျဖစ္ၿပီး ေရာဂါသိရင္ အေျဖရွာဖို႔လည္း ပိုလြယ္ကူလို႔ပါပဲ။

ဒါ့အျပင္ ကိုယ့္ မိသားစုထဲက လူေတြက ဘာေရာဂါ အျဖစ္မ်ားတယ္ဆိုတာကို သိထားရင္ ကိုယ္လည္း အဲဒီေရာဂါေတြမျဖစ္ေအာင္ ေရွာင္ရွားထားလို႔ရပါေသးတယ္ ။

၃- ေသြးေပါင္ခ်ိန္အေျခအေန

လူတိုင္းလူတိုင္းက အသက္အ႐ြယ္တစ္ခုအထိ ေရာက္လာခ်ိန္မွာ ေသြးတိုး-ေသြးက် အေျခအေနေတြဆိုတာ ႀကဳံလာတတ္ပါတယ္ ။

ကိုယ္က ေသြးတိုးေလ့ရွိတဲ့လူတစ္ေယာက္လား ဒါမွမဟုတ္ ေသြးက်ေနတဲ့ လူလားဆိုတာကို သိထားသင့္ပါတယ္ ။

ဒီလိုမ်ိဳး ေသြးေပါင္ခ်ိန္ေျပာင္းလဲတတ္တာေတြက စိတ္ေပၚမွာလည္း မူတည္ေနတတ္ၿပီး အ႐ြယ္ေရာက္ခ်ိန္မွာ ဖိစီးမႈေတြ ဆက္တိုက္ျဖစ္လာတတ္တာမို႔လည္း မလြဲမေသြ ႀကဳံေတြ႕လာရမွာ အေသအခ်ာပါပဲ ။

ေသြးတိုးေရာဂါဆိုတာ အသံလုံးဝမထြက္ဘဲ ေရာဂါလကၡဏာေတြ မျပဘဲ လူတစ္ေယာက္ရဲ႕ က်န္းမာေရးကို အလြန္ထိခိုက္ေစႏိုင္တဲ့ ေရာဂါတစ္ခုျဖစ္တာေၾကာင့္ ကိုယ့္ရဲ႕ ေသြးေပါင္ခ်ိန္ အေျခအေနကို သိထားတာက မမွားတဲ့အရာပဲျဖစ္ပါတယ္ ။

၄- ခါး႐ိုးအေျခအေန

လူတစ္ေယာက္ အ႐ြယ္ေရာက္ လာခ်ိန္မွာ အရင္ဆုံးစၿပီး ဇရာရဲ႕ လကၡဏာကို စသိရမယ့္ အရာကေတာ့ေနာက္ေက်ာနာမယ့္ ျပႆနာပဲျဖစ္ပါတယ္ ။

ငယ္႐ြယ္စဥ္သန္ျမန္စဥ္အခ်ိန္တုန္းကေတာ့ မိမိရဲ႕ ခါး႐ိုးေတြကို ဂ႐ုမစိုက္ဘဲ အၾကမ္းပတ္းေနထိုင္ခဲ့သမွ်အားလုံးက အသက္အ႐ြယ္ေရာက္လာခ်ိန္မွာေတာ့ ဒဏ္ျဖစ္လာတတ္ၾကပါတယ္ ။

ဒါေၾကာင့္လည္း အသက္အ႐ြယ္အတိုင္းအတာတစ္ခုအထိ ေရာက္လာတဲ့သူေတြမွာ ခါးနာတဲ့ ဒဏ္ကို အမ်ားဆုံးခံစားၾကရတာပါ ။

ဒီလိုမ်ိဳး အေျခအေနေတြကေနမျဖစ္ေအာင္ ေလွ်ာ့ခ်ဖို႔အတြက္ မိမိရဲ႕ ခါး႐ိုးရဲ႕ က်န္းမာေရးကို အထူးဂ႐ုစိုက္ကာ ေနထိုင္သင့္ပါတယ္ ။

ခါး႐ိုးကို အသုံးျပဳရတဲ့ ကိစၥတခ်ိဳ႕ေတြ ၊ အေလးအပင္ေတြကို ႐ုတ္တရက္ မလိုက္တာမ်ိဳးေတြကို သတိကပ္ကာ ဂ႐ုတစိုက္ရွိသင့္ပါတယ္ ။

Ye Yint Kyaw

Unicode

ကျန်းမာခြင်းသည် လာဘ်တစ်ပါးလို့ ဆိုကြတဲ့ အတိုင်း ကျန်းမာ နေတယ်ဆိုတာ လုံးဝကို အဖိုးဖြတ်လို့ မရနိုင်တဲ့ လက်ဆောင် တစ်ခုပဲဖြစ်ပါတယ် ။

အခုလို ခက်ခဲ နေတဲ့ အချိန်မှာဆိုရင် ကျန်းမာရေးက ဘယ်လောက် အရေးပါသလဲဆို တာကို သိကြမှာပဲဖြစ်ပါတယ် ။

အရင်ကတော့ မသိလိုက် မသိဘာသာ နေထိုင်ခဲ့ကြရာက အခုအချိန်မှာတော့ ကျန်းမာရေးက ဘယ်လောက် အရေးပါတဲ့ အရာတွေ ဆိုတာသိလာခဲ့ကြပါပြီ ။

မိမိရဲ့ ကျန်းမာရေးကို စောင့်ရှောက်ဖို့ အတွက် သိထားသင့်တဲ့ အချက် ( ၄ ) ချက်ကို ဖော်ပြပေးလိုက် ပါတယ် ။

၁- မိမိရဲ့ သွေးအမျိုးအစား

လူတိုင်း လူတိုင်းက မိမိ သွေးရဲ့ အမျိုးအစားကို သိဖို့ လိုအပ်လှပါတယ် ။ မိမိရဲ့ သွေးအမျိုးအစားက A၊ B၊ AB နဲ့ Oလားဆိုတာလောက် သိထားသင့်ပါတယ် ။

ဘာကြောင့်မိမိရဲ့ သွေးအမျိုးအစားကိုသိထားဖို့ လိုအပ်နေသလဲ ဆိုတော့ သွေးလှူခါနီး အချိန်မှာပဲဖြစ်ဖြစ် ၊

တကယ့်လို့ ကိုယ်အရေးပေါ် ကြုံလို့ သွေးသွင်း ရချိန်မှာဖြစ်ဖြစ် မိမိရဲ့ သွေးအမျိုးအစားက ဘာလဲဆိုတာကို သိထားသင့်ရင် မဖြစ်သင့်တဲ့ အရာတွေ လုံးဝကို မဖြစ်လာတော့တာ အမှန်ပါပဲ ။

၂- မိသားစုရဲ့ ကျန်းမာရေးရာဇဝင်

ကိုယ် ဆင်းသက်လာရာ မိသားစုရဲ့ နောက်ခံ ကျန်းမာရေးရာဇဝင်ကို သိထားသူ တစ်ယောက်က အင်မတန် ပြင်းထန်တဲ့ အရေးပေါ် နာမကျန်းဖြစ်ချိန် တို့မှာ မိသားစု ရာဇဝင်မသိထားသူနဲ့ ယှဉ်ရင် မြန်မြန် သက်သာ ပျောက်ကင်းစေမှာပါ ။

ဘာကြောင့်လဲဆိုတော့ တချို့ရောဂါတွေက မျိုးရိုးလိုက်တတ်တဲ့ ရောဂါတွေဖြစ်ပြီး ရောဂါသိရင် အဖြေရှာဖို့လည်း ပိုလွယ်ကူလို့ပါပဲ။

ဒါ့အပြင် ကိုယ့် မိသားစုထဲက လူတွေက ဘာရောဂါ အဖြစ်များတယ်ဆိုတာကို သိထားရင် ကိုယ်လည်း အဲဒီရောဂါတွေမဖြစ်အောင် ရှောင်ရှားထားလို့ရပါသေးတယ် ။

၃- သွေးပေါင်ချိန်အခြေအနေ

လူတိုင်းလူတိုင်းက အသက်အရွယ်တစ်ခုအထိ ရောက်လာချိန်မှာ သွေးတိုး-သွေးကျ အခြေအနေတွေဆိုတာ ကြုံလာတတ်ပါတယ် ။

ကိုယ်က သွေးတိုးလေ့ရှိတဲ့လူတစ်ယောက်လား ဒါမှမဟုတ် သွေးကျနေတဲ့ လူလားဆိုတာကို သိထားသင့်ပါတယ် ။

ဒီလိုမျိုး သွေးပေါင်ချိန်ပြောင်းလဲတတ်တာတွေက စိတ်ပေါ်မှာလည်း မူတည်နေတတ်ပြီး အရွယ်ရောက်ချိန်မှာ ဖိစီးမှုတွေ ဆက်တိုက်ဖြစ်လာတတ်တာမို့လည်း မလွဲမသွေ ကြုံတွေ့လာရမှာ အသေအချာပါပဲ ။

သွေးတိုးရောဂါဆိုတာ အသံလုံးဝမထွက်ဘဲ ရောဂါလက္ခဏာတွေ မပြဘဲ လူတစ်ယောက်ရဲ့ ကျန်းမာရေးကို အလွန်ထိခိုက်စေနိုင်တဲ့ ရောဂါတစ်ခုဖြစ်တာကြောင့် ကိုယ့်ရဲ့ သွေးပေါင်ချိန် အခြေအနေကို သိထားတာက မမှားတဲ့အရာပဲဖြစ်ပါတယ် ။

၄- ခါးရိုးအခြေအနေ

လူတစ်ယောက် အရွယ်ရောက် လာချိန်မှာ အရင်ဆုံးစပြီး ဇရာရဲ့ လက္ခဏာကို စသိရမယ့် အရာကတော့နောက်ကျောနာမယ့် ပြဿနာပဲဖြစ်ပါတယ် ။

ငယ်ရွယ်စဉ်သန်မြန်စဉ်အချိန်တုန်းကတော့ မိမိရဲ့ ခါးရိုးတွေကို ဂရုမစိုက်ဘဲ အကြမ်းပတ်းနေထိုင်ခဲ့သမျှအားလုံးက အသက်အရွယ်ရောက်လာချိန်မှာတော့ ဒဏ်ဖြစ်လာတတ်ကြပါတယ် ။

ဒါကြောင့်လည်း အသက်အရွယ်အတိုင်းအတာတစ်ခုအထိ ရောက်လာတဲ့သူတွေမှာ ခါးနာတဲ့ ဒဏ်ကို အများဆုံးခံစားကြရတာပါ ။

ဒီလိုမျိုး အခြေအနေတွေကနေမဖြစ်အောင် လျှော့ချဖို့အတွက် မိမိရဲ့ ခါးရိုးရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ကာ နေထိုင်သင့်ပါတယ် ။

ခါးရိုးကို အသုံးပြုရတဲ့ ကိစ္စတချို့တွေ ၊ အလေးအပင်တွေကို ရုတ်တရက် မလိုက်တာမျိုးတွေကို သတိကပ်ကာ ဂရုတစိုက်ရှိသင့်ပါတယ် ။

Ye Yint Kyaw