သဘာဝတရားကြီးကနေ တရုတ်ပြည်သူတွေကို သတိပေးလိုက်တဲ့ အနက်ရောင်မိုး

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်


















ခရက်ဒစ်

Unicode

ရုတ်တရက်ကြီးဘဲ လူတွေပေါ်ရွာချလာပြီးတော့ ကားတွေပေါ်မှာပါ ပေကျန်နေစေခဲ့တဲ့ ဒီအနက်ရောင်မိုးကြောင့် တရုတ်ပြည်သူတစ်ရပ်လုံး အံသြထိတ်လန့်ခဲ့ကြတာဖြစ်ပါတယ်။

တရုတ်ပြည်ကတော့ မကြာသေးမီအချိန်ကတည်းကနေ လေထုညစ်ညမ်းမှုနဲ့ ရင်ဆိုင်နေရပြီးတော့ ပြည်သူတွေဟာ အဆိုပါသဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းမှုရဲ့ နောက်ဆက်တွဲအနေနဲ့

ရောဂါတွေကို ခံစားနေရပြီးတော့ နှစ်စဉ် သေဆုံးလျက် ရှိနေတာဖြစ်ပါတယ်။ ဖွံဖြိုးတိုးတက်ပြီးတော့ တိုင်းပြည်ဖြစ်တဲ့ တရုတ်မှာ

မကြာသေးခင်က လေကောင်းလေသန့်ပါဝင်တဲ့ လေဘူးတွေကို ရှော့ပင်းစင်တာတွေမှာ ဝယ်ယူအသုံးပြု နေကြရတာ ဖြစ်ပါတယ်နော်။

မနက် ၈ နာရီခန့်က Hangzhou အရပ်မှာ နေထိုင်သူတွေဟာ ရုတ်တရက် အံသြခဲ့ကြရတာဖြစ်ပါတယ်။ ထိုအကြောင်းကတော့ အနက်ရောင်မိုး ရုတ်တရက် ရွာခဲ့လို့ပါပဲ။

လမ်းပေါ်မှာရှိမနေတဲ့ အိမ်ထဲက လူတွေဟာလဲ အပြင်မှာ ရပ်ထားတဲ့ သူတို့ရဲ့ ကားမှာပေကျံနေတဲ့ အနက်ရောင်ရည်တွေကို ကြည့်ပြီး အံအားသင့်ခဲ့ကြတာပါ။

အကြောင်းရင်းကတော့ အဆိုပါအရပ်အနီးမှာ ဆောက်လုပ်ထားတဲ့ စွန့်ပစ် စက်ရုံတစ်ရုံကို ဖြိုနေခဲ့တဲ့ အတွက်ကြောင့်ပါဘဲတဲ့။

စက္ကူထုတ်တဲ့ အဆိုပါစက်ရုံကို ဖြိုချနေတဲ့အချိန်မှာ မှင်တွေပါတဲ့ကန်ကို ဖြိုချခဲ့ပြီးနောက်

Raw Petroleum ပေါင်ဒါတွေဟာ လေထုထဲကိုပြန့်ခဲ့ပြီးတော့

အနက်ရောင်မိုး အနေနဲ့ ရွာချခဲ့တာပါ။ပတ်ဝန်းကျင် ထိန်းသိမ်းရေး စခန်းကလူတွေကတော့

အဆိုပါပေါင်ဒါဟာ အန္တရာယ် မရှိပါဘူးရယ်လို့ ထိတ်လန့်နေတဲ့ ပြည်သူတွေကို ပြောကြား ပေးခဲ့တာဘဲဖြစ်ပါတယ်။

ခရက်ဒစ်