မီးမီးခဲေရးေပးတဲ့ သီးခ်င္းေလးထြက္တဲ့ေန႔မွာပဲ မီးမီးခဲဆုံးသြားလို႔ ဝမ္းနည္းမ်က္ရည္ေတြနဲ႔ ေျပာျပလာတဲ့ဂ်င္းနီ
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
အဆိုေတာ္ မီးမီးခဲကေတာ့ ဒီကေန႔ ေအာက္တိုဘာလ (၁၆) ရက္ေန႔မွာပဲ
သူမလက္ရွိ ေနထိုင္ရာ ၾသစေတးလ်ႏိုင္ငံ စံေတာ္ခ်ိန္ ည ၉ နာရီ ၃၁ မိနစ္အခ်ိန္မွာ ဘဝတစ္ပါးသို႔ ကူးေျပာင္း ကြယ္လြန္သြားခဲ့ၿပီပဲ ျဖစ္ပါတယ္။
ကင္ဆာ အဆင့္ (၄) ကို ေရာက္ရွိေနၿပီျဖစ္တဲ့ မီးမီးခဲက ဆရာဝန္ေတြကိုယ္တိုင္က
လက္ေလွ်ာ့ထားရတဲ့အေျခအေနျဖစ္ေပမယ့္ အၿပဳံးမပ်က္ပဲ ပရိသတ္ေတြေရွ႕မွာ ေနႏိုင္ခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။
အဆိုေတာ္ ဂ်င္းနီးကေတာ့ မီးမီးခဲ့အတြက္ ဝမ္းနည္းမ်က္ရည္ေတြနဲ႔ စိတ္မေကာင္းေၾကာင္းေျပာလာခဲ့ပါတယ္။
ဂ်င္းနီက “”သူ အရမ္း စိတ္သေဘာထား ေကာင္းတယ္။ အရမ္း နားလည္ေပးတတ္တယ္။ သူ႔ရင္ထဲမွာ ရွိတာေတြ ေတာ္ေတာ္မ်ားမ်ားကိုလည္း ရင္ဖြင့္ဖူးတယ္။ သူ နဲ႔ ေတာ္ေတာ္ မ်ားမ်ား စကားေတြ ေျပာခဲ့ဖူးတယ္။
သူက ဘုရားကို အရမ္း ခ်စ္ပါတယ္.. ဘုရားကို ခ်စ္တဲ့ သူက ေကာင္းတဲ့ ေနရာမွာပဲ ရွိေနမွာပါ” လို႔ သူငယ္ခ်င္း မီးမီးခဲ အတြက္ ဝမ္းနည္း အမွတ္တရစကား ေျပာလာခံပါတယ္။
မီးမီးခဲဆုံးၿပီးဆိုတဲ့သတင္းၾကားရေတာ့ မယုံႏိုင္ေအာက္ျဖစ္ခဲ့ရတဲ့ ဂ်င္းနီက “စိတ္မေကာင္းလိုက္တာ မမီးမီးခဲရယ္ တကယ္ပါ ဒီသတင္း အမွန္ျဖစ္သြားတာ အခုထိမယုံႏိုင္ေသးဘူး
ဟိုတစ္ပတ္ကေလးတင္ အမသီခ်င္းေလးအေခ်ာၿပီးၿပီ ေနာက္လ ဂ်ဲရဲ႕ေမြးေန႔မွာ ထြက္မယ္ဆိုၿပီး သီခ်င္းေပးနားေထာင္တုန္းကေတာင္ စကားေတြအမ်ားႀကီး ေျပာျဖစ္ၾကေသးတယ္။
အဲ့တုန္းကတည္းက “သီခ်င္းေလးကိုနားေထာင္ရတာေက်နပ္လိုက္တာ ဂ်ဲနီရယ္ ေနာက္လမဟုတ္ဘဲ အမရွိတုန္းေလးအျမန္ဆုံးထြက္ေပးပါလား” လို႔ ေျပာခဲ့ေပမယ့္ ဒီေလာက္ထိခံစားေနရလိမ့္မယ္လို႔ မထင္ထားမိဘူး
အမရယ္အခုလိုမ်ိဳး တိုက္တိုက္ဆိုင္ဆိုင္ အမေရးေပးတဲ့ သီခ်င္းေလး ထြက္တဲ့ေန႔မွာပဲ
အမက အားလုံးကို ႏႈတ္ဆက္သြားခဲ့တယ္ဆိုေတာ့ သီခ်င္းေလးနားေထာင္ရင္းပဲ အမကို လြမ္းေနရေတာ့မွာေပါ့
ေနာက္ထပ္ ဘဝအဆက္ဆက္မွာလည္း ဒီလိုေဝဒနာဆိုးႀကီး မခံစားရပါေစနဲ႔။
ခရစ္ေတာ္မွာ ေဝဒနာကင္းစြာနဲ႔ ေကာင္းေကာင္းအနားယူပါေတာ့အမေရ”ဆုေတာင္းေပးထားတာပဲျဖစ္ပါတယ္။
Swelsone News
Unicode
အဆိုတော် မီးမီးခဲကတော့ ဒီကနေ့ အောက်တိုဘာလ (၁၆) ရက်နေ့မှာပဲ သူမလက်ရှိ နေထိုင်ရာ သြစတေးလျနိုင်ငံ စံတော်ချိန် ည ၉ နာရီ ၃၁ မိနစ်အချိန်မှာ ဘဝတစ်ပါးသို့ ကူးပြောင်း ကွယ်လွန်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။
ကင်ဆာ အဆင့် (၄) ကို ရောက်ရှိနေပြီဖြစ်တဲ့ မီးမီးခဲက ဆရာဝန်တွေကိုယ်တိုင်က လက်လျှော့ထားရတဲ့အခြေအနေဖြစ်ပေမယ့် အပြုံးမပျက်ပဲ ပရိသတ်တွေရှေ့မှာ နေနိုင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။
အဆိုတော် ဂျင်းနီးကတော့ မီးမီးခဲ့အတွက် ဝမ်းနည်းမျက်ရည်တွေနဲ့ စိတ်မကောင်းကြောင်းပြောလာခဲ့ပါတယ်။
ဂျင်းနီက “”သူ အရမ်း စိတ်သဘောထား ကောင်းတယ်။ အရမ်း နားလည်ပေးတတ်တယ်။ သူ့ရင်ထဲမှာ ရှိတာတွေ တော်တော်များများကိုလည်း ရင်ဖွင့်ဖူးတယ်။ သူ နဲ့ တော်တော် များများ စကားတွေ ပြောခဲ့ဖူးတယ်။
သူက ဘုရားကို အရမ်း ချစ်ပါတယ်.. ဘုရားကို ချစ်တဲ့ သူက ကောင်းတဲ့ နေရာမှာပဲ ရှိနေမှာပါ” လို့ သူငယ်ချင်း မီးမီးခဲ အတွက် ဝမ်းနည်း အမှတ်တရစကား ပြောလာခံပါတယ်။
မီးမီးခဲဆုံးပြီးဆိုတဲ့သတင်းကြားရတော့ မယုံနိုင်အောက်ဖြစ်ခဲ့ရတဲ့ ဂျင်းနီက “စိတ်မကောင်းလိုက်တာ မမီးမီးခဲရယ် တကယ်ပါ ဒီသတင်း အမှန်ဖြစ်သွားတာ အခုထိမယုံနိုင်သေးဘူး
ဟိုတစ်ပတ်ကလေးတင် အမသီချင်းလေးအချောပြီးပြီ နောက်လ ဂျဲရဲ့မွေးနေ့မှာ ထွက်မယ်ဆိုပြီး သီချင်းပေးနားထောင်တုန်းကတောင် စကားတွေအများကြီး ပြောဖြစ်ကြသေးတယ်။
အဲ့တုန်းကတည်းက “သီချင်းလေးကိုနားထောင်ရတာကျေနပ်လိုက်တာ ဂျဲနီရယ် နောက်လမဟုတ်ဘဲ အမရှိတုန်းလေးအမြန်ဆုံးထွက်ပေးပါလား” လို့ ပြောခဲ့ပေမယ့် ဒီလောက်ထိခံစားနေရလိမ့်မယ်လို့ မထင်ထားမိဘူး
အမရယ်အခုလိုမျိုး တိုက်တိုက်ဆိုင်ဆိုင် အမရေးပေးတဲ့ သီချင်းလေး ထွက်တဲ့နေ့မှာပဲ အမက အားလုံးကို နှုတ်ဆက်သွားခဲ့တယ်ဆိုတော့ သီချင်းလေးနားထောင်ရင်းပဲ အမကို လွမ်းနေရတော့မှာပေါ့
နောက်ထပ် ဘဝအဆက်ဆက်မှာလည်း ဒီလိုဝေဒနာဆိုးကြီး မခံစားရပါစေနဲ့။ခရစ်တော်မှာ ဝေဒနာကင်းစွာနဲ့ ကောင်းကောင်းအနားယူပါတော့အမရေ”ဆုတောင်းပေးထားတာပဲဖြစ်ပါတယ်။
Swelsone News